သတင်းစဉ်, Page 2 - Myanmar Centre for Responsible Business (MCRB)
You are here Home » သတင်းစဉ် » Page 2

သတင်းစဉ်

သတင်းစဉ်
မြန်မာနိုင်ငံအတွက် B2C ၀န်ဆောင်မှုနှင့်သက်ဆိုင်သော အထောက်အကူပြု နည်းပညာများအား မျှဝေခြင်း

ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် လုပ်ဆောင်နေသော ထုတ်ကုန်များနှင့်/ သို့မဟုတ် ဝန်ဆောင်မှုများကို ပိုမို အကျုံးဝင် လက်လှမ်းမီ အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အတွေ့အကြုံများအား မျှဝေရန် အွန်းလိုင်းဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ “တည်ဆောက်သော ပတ်ဝန်းကျင် (Built Environment)” အတွက်  “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်း (Dignity By Design) ” အား ထည့်သွင်း ဆွေးနွေးခြင်း

ဇန်နဝါရီလ ၁၂ ရက်နေ့ တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)နှင့် Construction & Infrastructure Advocacy Group(CIAG) တို့မှ မြန်မာနိုင်ငံအတွင်း အသစ်တည်ဆောက်ရေးစီမံကိန်းများ နှင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်မှုလုပ်ငန်းများအတွက် “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်းဆိုင်ရာမူဘောင်”အား လူအများ အတွက် အဆောက်အအုံများ၊ ပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် မည်ကဲ့သို့ ထည့်သွင်းအသုံးပြုနိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။

အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစီမံချက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများနှင့် အွန်လိုင်းဆွေးနွေးပွဲ

ဒီဇင်ဘာလ ၁၇ ရက်တွင် မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ “မြန်မာ့မြေဥပဒေများ - လက်ရှိပြသနာများ၊ အလားအလာရှိသော အဖြေများ” ခေါင်းစဥ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို(အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် နှစ်ချိန်ခွဲ၍) ပြုလုပ်ခဲ့ကြပါသည်။

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် uab  bank ဦးဆောင်

၂၀၂၀ ပြည့်နှစ်အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၂၆၀ ၏ ကော်ပိုရိတ်ဝဘ်ဆိုဒ်များမှ ထုတ်ဖော်ကြေငြာသည့် အချက်များ ကိုအကဲဖြတ်ခဲ့သည်။ယင်းတွင် စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ပြီး ပထမဆုံးအကြိမ်အဖြစ်ဘဏ်များ အားလုံးပါဝင်သည်။

တွင်းထွက်သယံဇာတကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများ အွန်လိုင်းစကားဝိုင်း

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် MCRB မှ အရပ်ဖက်အဖွဲ့အစည်းများနှင့် “တွင်းထွက်သယံဇာတ ကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများတွင် အားလုံးအကျုံးဝင်ပါဝင်မှုဆိုင်ရာ” ပထမဆုံး အွန်လိုင်း စကားဝိုင်း ဆွေးနွေးမှု အစီအစဥ်စီးရီးတွဲကို ကျင်းပခဲ့သည်။

မသန်စွမ်းသူများအား အဘယ်ကြောင့် အလုပ်ခန့်အပ်သင့်သနည်း။

နို၀င်ဘာလ (၂၄)ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ပထမအကြိမ်အနေဖြင့် အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းကို ချိတ်ဆက်သော (Transcontinental webinar) အွန်လိုင်းဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဥ်ကို ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံး၊ မြန်မာ-အစ္စရေး ကုန်သွယ်ရေး၊ စက်မှုနှင့်တီထွင်မှု ကုန်သည်ကြီးများအသင်း နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို ဦးဆောင်နေသော Access Israel အဖွဲ့အစည်းတို့နှင့် အတူတကွ ပြုလုပ်ခဲ့ပါသည်။

MCRBသည် အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာ မူကြမ်း၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန်ချက် မူကြမ်းတို့နှင့်စပ်လျဉ်း၍ သဘောထားသုံးသပ်ချက်များ ပေးပို့ခဲ့ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် သက်ဆိုင်ရာကိုယ်စားလှယ်များအကြား ပွင့်လင်းသော ဆွေးနွေးမှုများ ပေါ်ပေါက်လာအောင် ပြုလုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် UNCTAD တို့၏ စွမ်းဆောင်ချက်များအား ကြိုဆိုပါသည်။ ထိုလုပ်ဆောင်ချက်သည် ကျယ်ပြန့်၍ အချိန်နှင့်တစ်ပြေးညီဖြစ်သော အရေးပါသော လားရာများဆီသို့ ရောက်နိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်ချက်ပင် ဖြစ်ပါသည်။

ဆွေးနွေးမှု ရုပ်သံမှတ်တမ်း - “ကျွန်ုပ်တို့ ယုံကြည်ရသော ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက်ကာကွယ်ခြင်း”

အောက်တိုဘာလ (၂၁) ရက်နေ့တွင် ၂၀၂၀ခုနှစ် မြန်မာဆိုက်ဘာလုံခြုံရေးလ (Myanmar Cybersecurity Month 2020) #BeCyberSmart လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့် MCRBသည် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ အချက်အလက်ကာကွယ်မှုတို့နှင့် သက်ဆိုင်သည့် အွန်လိုင်းဆွေးနွေးပွဲအား ကျင်းပခဲ့ကာ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဒီဂျစ်တယ်အခွင့်အရေးနှင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု ပြဿနာများအကြောင်းကို အခြေခံ ဆွေးနွေးသွားခဲ့ပါသည်။

အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား MCRB မှ တင်သွင်းလိုက်ခြင်း

MCRBထံမှ သဘောထားသုံးသပ်ချက်များ တောင်းခံထားမှုအား တုံ့ပြန်သည့်အနေဖြင့် MCRBသည် အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့လိုက်ပါသည်။

စာတမ်းအသစ်နှင့် မကြာမီတွင် ကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ

ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်း အဖွဲ့အစည်းက ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို စက်တာဘာလ ၂၈ ရက်၊ တနလ်ာနေ့ ၊ ဥရောပအလယ်ပိုင်းစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဆိုပြုလွှာအသစ်

၂၀၂၀ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း (MTM) မှ “ကိုဗစ်-၁၉ လှိုင်းနှင့် မြန်မာ့ခရီးသွားလုပ်ငန်း”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကာ ထိုပွဲအား MCRB၏ အကြီးတန်းစီမံကိန်းတာဝန်ခံ ဦးဝင်းမင်းလည်း တက်ရောက်ခဲ့ပါသည်။

2G ဒီဂျစ်တယ်ဖြတ်တောက်မှုအား ရုတ်သိမ်းရန် MDRF တောင်းဆို

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)အပါအဝင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) မိတ်ဖက်အဖွဲ့ဝင်များသည် ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်စောင်အား ထုတ်ပြန်လိုက်ကာ မြန်မာနိုင်ငံတော်အစိုးရအား ရခိုင်မြို့နယ် (၇)ခု နှင့် ချင်းပြည်နယ်၏ ပလက်ဝမြို့နယ်တို့တွင် 3G နှင့် 4G အင်တာနက်ဝန်ဆောင်မှုများ

Responsible Investment – A Way Forward

Responsible Investment – A Way Forward

MCRB Deputy Director Hnin Wut Yee has had an Op-Ed published in Frontier Magazine which examines how Myanmar can take steps within the existing regulatory framework to make investment all responsible...

မြန်မာကုမ္ပဏီများ အတွက်   စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး လက်စွဲစာအုပ်ထွက်ရှိ

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူ ပြုဌာန(MCRB)က“ မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်” ကို ယနေ့ထုတ် ပြန်လိုက် သည်။

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၏ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အား ကျင်းပခြင်း

ကုလသမဂ္ဂ လမ်းညွှန်ချက်များ၏ တည်ရှိမှုသည် ဆယ်နှစ်အတွင်းသို့ရောက်ရှိလာပြီဖြစ်ကာ MCRB မှ “ရှေ့လာမည့်(၁၀)နှစ်”အတွက် စီမံကိန်းအား မိတ်ဆက်ခြင်းအား UNGP အား မိတ်ဆက်ဖော်ပြထားသော မြန်မာစာတန်းထိုးဗီဒီယိုအတို (၄) ခုကို ဖော်ပြကာ အသိအမှတ်ပြုဆင်နွှဲလိုက်ပါသည်။

မြန်မာနိုင်ငံ၏ Universal Periodic Review (ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်) ဒုတိယအကျော့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား  ပူးပေါင်းအဆိုပြု တင်သွင်းခြင်း

MCRB သည် အဖွဲ့အစည်းပေါင်း (၁၂) ခုတို့နှင့်အတူ မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ သတင်းအချက်အလက်များအား လွတ်လပ်စွာ ရယူနိုင် ခြင်း၊ လွတ်လပ်စွာစုဝေးနိုင်ခြင်းတို့နှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဖော်ပြထားသော အစီရင်ခံစာ တစ်စောင်အား ရေးသားပြုစုကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ မြန်မာနိုင်ငံအတွက် ဒုတိယအချီ Universal Periodic Review အား ပြုစုခြင်းမစမီအချိန်တွင် ပေးပို့ခဲ့ပါသည်။

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းသတ္တုတွင်းဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဥ်များ

ရေမဆေးကျောက်တူးဖော်လုပ်ကိုင်သူများအတွက်ပါ ထည့်သွင်းစဥ်းစားထားသော ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသများရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုဘေးအန္တရာယ် ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အလေ့အကျင့် ကောင်းများ ရရှိအောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များပါဝင်သည့် ဤအကြံပြုစာတမ်း (အင်္ဂလိပ် နှင့် မြန်မာဘာသာ)ကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် Coffey-Valentis တို့မှ လေ့လာ ပြုစုခဲ့ပါသည်။

ကမ္ဘာ့အကြာဆုံးသော အင်တာနက်ဖြတ်တောက်မှုအား အဆုံးသတ်သင့်ကြောင်း နှင့် အင်တာနက်ဖြတ်တောက် မှုသည်  ဒုတိယနှစ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း

MCRB နှင့် ၎င်းနှင့်အတူ မြန်မာဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်အား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းများ ဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)၊ “မြန်”အိုင်စီတီ (MIDO) နှင့် ဖန်တီးရာ (Phandeeyar)တို့သည် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းတို့နှင့်အတူ ရခိုင်နှင့်ချင်းပြည်နယ် တို့တွင် ဖြစ်ပွားလျက်ရှိသော မိုဘိုင်းဒေတာဖြတ် တောက်မှု၏ တစ်နှစ်ပြည့်ခြင်းအထိမ်းမှတ်အတွက် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်ခုအား ဇွန်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

Doing Good Index ၂၀၂၀တွင် မြန်မာနိုင်ငံ အဆင့် မြင့်တက်လာ

မကြာမီကထုတ်ပြန်လိုက်သော Doing Good Index (DGI) ၂၀၂၀အစီရင်ခံစာ တွင် မြန်မာနိုင်ငံက အဆင့် မြင့် တက်လာသည်။ ၂၀၁၈ခုနှစ်က “လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိ-Not Doing Enough” ဟူသော အနေအထားမှ “ဆောင်ရွက်မှုအဆင်ပြေလာသည်-Doing OK”ဟူသော အခြေအနေသို့ ရောက်ရှိ လာြခင်းဖြစ်သည်။ ယင်းမှာ အကျိုးအမြတ် မယူသော အဖွဲ့များ မှတ်ပုံတွင်ရေးတွင် တိုးတက်မှုရှိလာသလို ခြုံငုံကြည့်ပါကလည်း တိုးတက်မှုများရှိလာ၍ ဖြစ် သည်။

Can Yangon Air Quality Be ‘Built Back Better’?

On 13 June, MCRB sponsored local youth environmental campaigners Air Quality Yangon to hold a Burmese-language webinar on the causes and consequences of poor air quality in Yangon.

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business