မသန်စွမ်းသူများအား အဘယ်ကြောင့် အလုပ်ခန့်အပ်သင့်သနည်း။ - သတင်းစဉ်
You are here Home » သတင်းစဉ် » မသန်စွမ်းသူများအား အဘယ်ကြောင့် အလုပ်ခန့်အပ်သင့်သနည်း။

မသန်စွမ်းသူများအား အဘယ်ကြောင့် အလုပ်ခန့်အပ်သင့်သနည်း။

အွန်လိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူ ၈၅ ဦးရှိခဲ့ပြီး တက်ရောက်လာသူ အများစုမှာ အသေးစား၊  အလတ်စားကုမ္ပဏီများ နှင့် မသန်စွမ်းအခွင့်အရေးများကို လှုပ်ရှားနေသော အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
အွန်လိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူ ၈၅ ဦးရှိခဲ့ပြီး တက်ရောက်လာသူ အများစုမှာ အသေးစား၊ အလတ်စားကုမ္ပဏီများ နှင့် မသန်စွမ်းအခွင့်အရေးများကို လှုပ်ရှားနေသော အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

နို၀င်ဘာလ (၂၄)ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် ပထမအကြိမ်အနေဖြင့် အရှေ့တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းကို ချိတ်ဆက်သော (Transcontinental webinar) အွန်လိုင်းဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဥ်ကို ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးမြန်မာ-အစ္စရေး ကုန်သွယ်ရေး၊ စက်မှုနှင့်တီထွင်မှု ကုန်သည်ကြီးများအသင်း နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို ဦးဆောင်နေသော Access Israel အဖွဲ့အစည်းတို့နှင့် အတူတကွ ပြုလုပ်ခဲ့ပါသည်။

အွန်လိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူ ၈၅ ဦးရှိခဲ့ပြီး တက်ရောက်လာသူ အများစုမှာ အသေးစား၊  အလတ်စားကုမ္ပဏီများ နှင့် မသန်စွမ်းအခွင့်အရေးများကို လှုပ်ရှားနေသော အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ခြုံကြည့်သော် ဤအွန်လိုင်းဆွေးနွေးပွဲသည် မြန်မာဘာသာဖြင့် လက်သင်္ကေတပြ ဘာသာ စကားဖြင့် စကားပြန်ပေးခြင်း၊ အစ္စရေးဂီတပညာရှင်ဖြစ်သူ Nir Brand က “ကျွန်ုပ်၏လမ်း (ငါလုပ်နိုင်ခဲ့တယ်)” သီချင်းဖြင့် ဖျော်ဖြေခြင်း၊ ကွန်ပျူတာ နည်းပညာ အသုံးပြုသော Verbit နည်းပညာဖြင့် တစ်ပြိုင်နက်တည်း စာတန်း ထိုးခြင်းနှင့် အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အွန်လိုင်းဆွေးနွေးပွဲ သို့ တက်ရောက်ပေးသော ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒေါ် ပြုံးကေသီနိုင် အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဤအွန်လိုင်းဆွေးနွေးပွဲသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (MSWRR) လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (MFPD)၊ အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်း ဂျပန် (AAR Japan) တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ ထုတ်ဝေသော “မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်း၊ မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအတွက်လက်စွဲစာအုပ်” အပါအဝင် MCRB ၏ စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းခွင်များတွင် မသန်စွမ်းသူများ အကျုံးဝင်ရေး၊ ထည့်သွင်းခန့်အပ်ထားရှိရေး အတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ အပေါ်တွင် အခြေခံသည်။ ထို့အတူ ၂၀၁၉ ခုနှစ်၊ မတ်လ နှင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော စီးပွားရေးနှင့် မသန်စွမ်းမှုဆိုင်ရာ ပတ်သက်ဆက်နွယ်သူများအတွက် ဖိုရမ် (multistakeholder forum) နှစ်ခုအပေါ်တွင်လည်း အခြေခံပါသည်။ ထို့အပြင် Access Israel ၏ အစ္စရေးနိုင်ငံနှင့် နိုင်ငံတကာအတွေ့အကြုံ၊ အလုပ်အတွေ့အကြုံများနှင့် နိုင်ငံတကာ အွန်လိုင်းဆွေးနွေးပွဲများ၊ ကမ္ဘာအနှံ့ ကျွမ်းကျင်သူများ စုပေါင်း ပါ၀င်သည့် The Valuable 500 ကဲ့သို့သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု အတွေ့အကြုံများ အပေါ်တွင်လည်း အားပြုထားပါသည်။  ယနေ့ဆွေးနွေးပွဲတွင်လည်း နိုင်ငံတကာမှ ဟောပြောခဲ့သူများက မြန်မာနိုင်ငံနှင့် ပတ်သက်၍  အဓိကဦးတည် ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်ပါသည်။

The Valuable 500 ၏ တည်ထောင်သူ  Caroline Casey ၏ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းအတွက် စီးပွားရေးအကျိုးအမြတ်ရရှိခြင်း နှင့်ပတ်သတ်သော စိတ်အားတက်ကြွစေသည့် မိန်းခွန်းနှင့်အတူ မသန်းစွမ်းသူများဆိုင်ရာ စိုးရိမ်ဖွယ် ကောင်းသော ကိန်းဂဏန်းများကိုလည်းဝေမျှ မီးမောင်းထိုးပြခဲ့ပါသည်။ Caroline က ကမ္ဘာပေါ်ရှိလူဦးရေ၏ ၁.၃ ဘီလီယံ၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၅% သည် မသန်စွမ်းသူများ​ ဖြစ်ကြကြောင်း၊ ထိုလူဦးရေ သည် အမေရိကန် ဒေါ်လာ ၈ ထရီလီယံ တန်ဖိုးနှင့် ညီမျှသော ကမ္ဘာ့စားသုံးသူများလည်း ဖြစ်ကြောင်း ဖော်ြပခဲ့ ပါသည်။

အစ္စရေးနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး Mr. Ronen Gil-Or နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ၊ Ms. Vicky Bowman အသီးသီးတို့က အဖွင့်မိတ်ဆက်စကား ပြောကြားပြီးသည့်နောက် Access Israel ၏အမှုဆောင် အရာရှိချုပ် Ms. Michal Ramon က လက်ရှိ အစ္စရေးနိုင်ငံရှိ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။ သူမက အစ္စရေးနိုင်ငံတွင် ဝန်ဆောင်မှုပေးသော လုပ်ငန်းတိုင်းသည်  လက်လှမ်းမီရယူသုံးစွဲနိုင်ရေး ဆိုင်ရာ သင်တန်းများကို နှစ်စဉ် မဖြစ်မနေ ပြုလုပ်ရန်လိုအပ်ပြီး လိုက်နာမှု မရှိသော ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြစ်ဒဏ်များ ချမှတ်ထားကြောင်း ပြောကြားခဲ့ ပါသည်။ ထိုအချက်သည် လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် ကူညီလုပ်ဆောင်ပေးနေသော၊  မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရန် အတွက် ဆွေးနွေးနေသော ဝေပုံကျနှုန်းထားစနစ်ကို ကျင့်သုံးသင့်၊ မသင့်၊ အချိန်အခါနှင့်လည်း တိုက်ဆိုင်နေပါသည်။ Michal က အစ္စရေးနိုင်ငံ၏ အဓိက အတားအဆီးများသည် မြန်မာနိုင်ငံကဲ့သို့ပင် မသန်စွမ်းသူများ အတွက် လူမှုပတ်ဝန်းကျင်ကြောင့် ကြောက်စိတ်၊ရှက်စိတ်ဖြစ်စေခြင်း (social stigma)၊ အခြေခံအဆောက်အအုံ မရှိခြင်း (အထူးသဖြင့် မြို့ပြနေရာဟောင်းများ) နှင့် အစိုးရ၏ ဘတ်ဂျတ်သုံးစွဲမှု နည်းပါးခြင်းကြောင့် မသန်စွမ်းသူများအတွက် ပိုမိုလက်လှမ်းမီရယူသုံးစွဲရန်၊ အကျုံးဝင်နိုင်ရန် ခက်ခဲခြင်း ဖြစ်ကြောင်း မီးမောင်းထိုး ပြောြပပါသည်။

နောက်ဆုံးအနေဖြင့် အဖွဲ့လိုက်ဆွေးနွေးမှုကို ဒုတိယသမ္မတဦးဆောင်သော မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့် အရေးဆိုင်ရာ အမျိုးသားကော်မတီ၏ သုတေသန ဆပ်ကော်မတီ၏ အတွင်းရေးမှူး၊ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆွေးနွေးမေးမြန်းသူ အဖြစ်‌ဆောင်ရွက်ပြီး  Strategy First University ၏ အမှုဆောင်အရာရှိချုပ်/ တည်ထောင်သူ ဦးအောင်ချစ်ခင်နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံး call center ဖြစ်သည့် Blue Ocean Investment ၏ အမှုဆောင် အရာရှိချုပ်/ တည်ထောင်သူ ဦးထွန်းထွန်းနိုင်တို့က ဦးဆောင် ဆွေးနွေးခဲ့ ကြပါသည်။  ဦးဆောင်ဆွေးနွေးသူနှစ်ဦးစလုံးက အားလုံးအကျုံးဝင်သော အလုပ်အကိုင်အား မည်သို့မြှင့်တင်နေကြောင်း နှင့် မည်သို့သော ရည်ရွယ်ချက်များ ဖြင့် ဆောင်ရွက်ခဲ့ကြောင်းကို ဥပမာများ နှင့်တကွ အားတက်ဖွယ် မျှဝေခဲ့ပါသည်။ ဦးအောင်ချစ်ခင်က Strategy First တွင် သင်တန်းများပို့ချရာ၌ သင်ခန်းစာ အချက်အလက်များကို မသန်စွမ်းသူများ အပါအဝင် လူအများ ပိုမို လက်လှမ်းမီရယူနိုင်ရန် နှင့် အကျုံးဝင် ပညာသင်ကြားနိုင်ဖို့ ဆောင်ရွက်ရန်အတွက် စိတ်ပါဝင်စားကြောင်း ပြောကြားခဲ့ပါသည်။ ဦးထွန်းထွန်းနိုင်မှလည်း  မသန်စွမ်း ဝန်ထမ်းများ၏ အလုပ်အကိုင်အလားလားကို တိုင်းတာရာတွင် အလုပ်ခန့်အပ်သူများမှ မသန်စွမ်းဝန်ထမ်းများ၏ ကြောက်စိတ်၊ရှက်စိတ်များ (stigma) ကို ကျော်လွန်ကြည့်ရှုပြီး အလုပ် လုပ်ကိုင်နိုင်သည့်စွမ်းရည် နှင့် အလုပ်ကျင့်ဝတ်ကိုအဓိကထားရန် အရေးကြီးပုံကို ရှင်းလင်း တင်ပြခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် Intel Israel မှ Ms. Iris Kiryati-Moyal က အစ္စရေးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် လူတိုင်းအကျုံးဝင်သော ယဉ်ကျေးမှု အလေ့အထ (inclusive culture) နှင့် မတူညီသော စွမ်းဆောင်ရည်အမျိုးမျိုးကို လုပ်ငန်းခွင်တွင် လက်ခံကျင့်သုံးလာစေရေး အတွက် ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Intel Israel ၏ အလေ့အကျင့်ကောင်း တစ်ချို့ကိုလည်း မျှဝေခဲ့ပါသည်။

အင်္ဂလိပ်နှင့်မြန်မာနှစ်ဘာသာဖြင့် မကြာခင် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် အွန်လိုင်းဆွေးနွေးပွဲအား ရရှိနိုင်မှာ ဖြစ်ပါသည်။

Burmese

A YouTube video is embedded here. When you watch any YouTube video, Google may collect personal data and track your viewing behaviour, as described in their privacy policy.

© 2024 Myanmar Centre for Responsible Business