MCRB မှ မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအကြား ချိတ်ဆက်ဆောင်ရွက်မှုအား မြှင့်တင်ခြင်း (တတိယအကြိမ်) - သတင်းစဉ်
You are here Home » သတင်းစဉ် » MCRB မှ မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအကြား ချိတ်ဆက်ဆောင်ရွက်မှုအား မြှင့်တင်ခြင်း (တတိယအကြိမ်)

MCRB မှ မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအကြား ချိတ်ဆက်ဆောင်ရွက်မှုအား မြှင့်တင်ခြင်း (တတိယအကြိမ်)

အွန်လိုင်းဆွေးနွေးပွဲသို့ (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အွန်လိုင်းဆွေးနွေးပွဲသို့ (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့မှ ပူးတွဲကျင်းပပြုလုပ်သည့် လက်တွေ့ ကျပြီး ဂုဏ်သိက္ခာရှိသော အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်ဖြင့် မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ (တတိယ အကြိမ်)ကို ကျင်းပပြုလုပ် ခဲ့ပါသည်။

 MCRB မှ မသန်စွမ်းမှုရေးရာ ကျွမ်းကျင်သူ ဦးမြင့်နိုင်ကျော်က စာရင်း ပေးသွင်းသူများ၏ နောက်ခံအကြောင်းအရာအား ချုံငုံ ဖော်ပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်း)၊ ကချင်၊ ချင်း၊ မွန်ပြည်နယ် တို့မှ တက်ရောက်လာသူ (၇၀)ဦးခန့် ရှိပြီး အဓိကအားဖြင့် မသန်စွမ်းသူများ ဦးဆောင်/ ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အသေးစား ချေးငွေလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးမှုများ အဆင်ပြေချောမွေ့စေရန်၊ လက်သင်္ကေတပြဘာသာပြန်ခြင်းနှင့် အနှစ်ချုပ်စာတမ်း ထိုးခြင်းကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ထက်ထက်အောင်က တတိယအကြိမ်မြောက် မသန်စွမ်းသူများ ဦးဆောင်/ ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း၊ အွန်လိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြခဲ့ပါသည်။ ရည်ရည်ချက်မှာ -

  • တစ်ဦးကိုတစ်ဦး တိုက်တွန်းအားပေးပြီး အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား အတူတကွ ရှာဖွေရန်။

  • အတွေ့အကြုံများအား အပြန်အလှန် ဖလှယ်ရန်နှင့်

  • မသန်စွမ်းအသိုက်အဝန်းက ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြေရှင်းရာတွင် ကောင်းမွန်သော တိုးတက်မှု ဖြစ်စေရန် ကြားခံအဖြစ် ဆောင်ရွက်ရန်တို့ ဖြစ်ပါသည်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တည်ထောင်သူ/ဥက္ကဌ ဦးမြတ်သူဝင်းက အခမ်းအနားမှုး အဖြစ် ပါဝင်ပြီး ဟောပြောသူ (၃)ဦးက ဖော်ပြပါ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (သာပေါင်း)၏ အထွေထွေအတွင်းရေးမှူး၊ သံဂဟေဆက် လုပ်ငန်းပိုင်ရှင်၊ နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစား သမားဟောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးအောင်ကိုကိုက သူ၏မသန်စွမ်းမှုကြောင့် သူပြုလုပ်သော ပစ္စည်းများအပေါ် သုံးစွဲသူများမှ ယုံကြည်မှုကင်းမဲ့ခြင်း အပါအဝင် ကြုံတွေ့ခဲ့ ရသောစိန်ခေါ်မှုများနှင့် ၎င်းတို့အား မည်ကဲ့သို့ ကျော်ဖြတ်ခဲ့ပုံကိုလည်း မျှဝေခဲ့ပါသည်။ ၎င်း၏ အနာဂတ်အစီအစဉ်ဖြစ်သော မသန်စွမ်းသူများအား ကွန်ပျူတာသင်တန်း သင်ကြားပေးခြင်းမှ တဆင့် ရပ်ရွာအတွင်း မသန်စွမ်းသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ပါသည်။ နောင်ပြုလုပ်မည့် အွန်လိုင်းဆွေးနွေးပွဲများတွင် အမြင်အာရုံမသန်စွမ်းနှင့် အကြားအာရုံ မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်စေရန် ပံ့ပိုးပေးသင့်ကြောင်း ၎င်းက အကြံပြုခဲ့ပါသည်။

ILO- Licensed Global Master Trainer ဖြစ်သူ၊ SIYB Myanmar Association ၏ CEO ဖြစ်သူ၊ Coca Cola ၏ Senior Master Trainer နှင့် Program Coordinator ဖြစ်သူ၊ ဒေါ်နီမြစီ (ခ) Jenny Lao မှ လူတိုင်းတွင် အလားအလာရှိသော အရည်အချင်းများရှိပြီး ၎င်းတို့မှာ မည်သည့်အရည်အချင်းများဖြစ်သည်ကို ရှာဖွေဖော်ထုတ်ထားရန်နှင့် စီးပွားရေး အောင်မြင် တိုးတက်ရေးအတွက် ထိုဖော်ထုတ်ထားသော ကျွမ်းကျင်မှုများကို အသုံးပြုရမည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှပ်နှံထားရန် အရေးကြီးကြောင်းကိုလည်း  အလေးပေး ပြောကြားခဲ့ပါသည်။ ဇွဲလုံ့လ၊ သတ္တိနှင့် အသိပညာ ဗဟုသုတ အစရှိသည့် အရည်အချင်းများ ပါသော ကျွမ်းကျင်မှုများသည် လုပ်ငန်း ရည်မှန်းချက် အောင်မြင်စေရန် ကူညီပေးလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

မှော်ဘီမြို့နယ် မသန်စွမ်းသူများအသင်းမှ အဖွဲ့ဝင်ဖြစ်သူ၊ ပုံစံသစ် (New Style) ဆံပင်ညှပ်ဆိုင်များ၏ ပိုင်ရှင်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးအောင်သိုက်ဝင်းက အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေး အသင်း (AAR Japan) သင်တန်းက သူ၏မသန်စွမ်းသူများအပေါ် အမြင်သဘောထားများကို ပြောင်းလဲစေခဲ့ကြောင်းနှင့် ဆံသဆရာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန် အားပေးကူညီမှု ရရှိခဲ့ကြောင်း မျှဝေခဲ့ပါသည်။ ယခုအခါ  ဆံသဆိုင် (၃) ဆိုင်ကို ပိုင်ဆိုင်ထားပြီး အခြား မသန်စွမ်းသူများကိုလည်း လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။

သူသည် ဖောက်သည် (ဆံပင်ညှပ်သူ) များအကြား မသန်စွမ်းအကျုံးဝင်မှုဆိုင်ရာ အသိပညာ မြှင့်တင်ရန်အတွက် ပညာပေး စာစောင်များအား မျှဝေပြီး သူ၏ရပ်ရွာတွင် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ကို လက်ခံမည့်ဝန်းကျင်တစ်ခု ဖန်တီးနိုင်သော အစီအစဉ်တစ်ခု စတင်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သော အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများသည် စီးပွားရေးဆိုင်ရာ အသိပညာများ တိုးပွားစေပြီး ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများ စတင်နိုင်ရန်အတွက် မသန်စွမ်းသူများအား ပိုမို တွန်းအားဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။

အမေးအဖြေကဏ္ဍတွင် မန္တလေးမှ တက်ရောက်လာသည့် ဆိုင်ကယ်ပြင်ဆိုင်အား ဖွင့်လှစ် လုပ်ကိုင်လျက်ရှိသော ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦးက မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။ သူက ထိရောက်ပြီး ကျွမ်းကျင်သော သင်တန်းဆရာဖြစ်ရန် လိုအပ်သည့် အရည်အချင်းများအား သင်ယူလျက်ရှိပါသည်။

မြစ်ကြီးနားမြို့မှ တက်ရောက်သော ဒုတိယမေးမြန်းသူက ဆွေးနွေးသွားသူများအား စီးပွားရေးလုပ်ငန်းရှင်များသည် လုပ်ငန်းချဲ့ထွင်ရန်အတွက် ကနဦး မတည်ရင်းနှီးငွေနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအား မည်သည့်နေရာမှတဆင့် လက်ခံရရှိပါသနည်းဟု မေးမြန်းခဲ့သည်။ ဦးအောင်သိုက်ဝင်းက ကျိုးကြောင်းဆီလျော်သော စီးပွားရေးဆိုင်ရာ အတွေးအခေါ်သည်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး၊ နောက်တဆင့်အနေဖြင့် ဖြေရှင်းနည်းကိုပါ ရှာဖွေထားရပါမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူ၏ လုပ်ငန်းချဲ့ထွင်ခြင်း ဆိုင်ရာ အတွေ့အကြုံကိုလည်း ရှင်းပြခဲ့ပါသည်။ လုပ်ငန်းချဲ့ထွင်ရာတွင် Vision Fund Myanmar ၏ ချေးငွေမှတဆင့် လုပ်ငန်းချဲ့ထွင်ခဲ့ကြောင်း စသည်ဖြစ် ပြန်လည် ဖြေကြားခဲ့ပါသည်။

ဦးအောင်ကိုကိုက စုဆောင်းထားသော ငွေနှင့် သူ၏အိမ်တွင် ဆိုင်ဖွင့်ပြီး လုပ်ငန်းစတင်ခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။ သူ၏ လက်တွေ့ကျသော စျေးကွက်ရှာဖွေရေးနည်းလမ်းအနေဖြင့် သူပြုလုပ်ထားသော ဂဟေဆက်သံထည်ပစ္စည်းများအား သူ၏အိမ်တွင် လူအများ မြင်နိုင်စေရန် အသုံးပြု ပြသခြင်းဖြင့် စျေးကွက် စတင်ရှာဖွေခဲ့ကြောင်းပြောြကားခဲ့ပါသည်။

ဒေါ်နီမြစီ (ခ) Jenny Lao မှ လုပ်ငန်း ချဲ့ထွင်ရန် အချက် (၇) ချက် လိုအပ်ကြောင်း၊ ၎င်းတို့မှာ-

  1. ထုတ်ကုန်
  2. စျေးနှုန်း
  3. နေရာ
  4. စီးပွားရေးမြှင့်တင်ခြင်း (အွန်လိုင်း/ နှုတ်ဖြင့်)
  5. လုပ်ငန်းစဉ် {ဖောက်သည် (ဝယ်ယူ/ သုံးစွဲသူ) စိတ်ကျေနပ်မှုပေးစွမ်းနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှု}
  6. စီးပွားရေးလုပ်ငန်းဆိုင်ရာအကြောင်းအရာ
  7. လူ စသည်တို့ဖြစ်သည်ဟုဆိုပါသည်။

သူမက လက်တွေ့အသုံးပြုနိုင်သော ဤအချက် (၇)ချက်သည် လုပ်ငန်းများ ချဲ့ထွင်ရန်နှင့် စျေးကွက်ဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အထောက်အကူဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

မန္တလေးမှ ပါဝင်တက်ရောက်သူ တစ်ဦးကလည်း မန္တလေးရှိ မသန်စွမ်းအမျိုးသမီးများ အပါအဝင် အမျိုးသမီးများအတွက် အစားအသောက်ဆိုင်ရာ သင်တန်းများ ပို့ချပေးမည်ဖြစ်ပြီး ယနေ့ဆွေးနွေးမှုမှ ရရှိသောအသိပညာများကိုလည်း ပြန်လည်ဝေမျှသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမက အမျိုးသမီးများ အစဉ်တစ်စိုက် စိတ်အားထက်သန်မှုနှင့် လုပ်ငန်းများ ရေရှည်လည်ပတ်နိုင်စေရန်အတွက် မည်ကဲ့သို့ပြုလုပ်ရမည်ကိုလည်း မေးမြန်းခဲ့ပါသည်။

အခြေခံလိုအပ်ချက် (၃)ခု ရှိကြောင်း ဦးအောင်ကိုကိုမှပြန်လည် ရှင်းပြခဲ့ပါသည်။ နည်းပညာနှင့် ကျွမ်းကျင်မှုများ ပံ့ပိုးပေးကာ လုပ်ငန်းစတင်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးပေးပြီး စျေးကွက်သို့ လက်လှမ်းမီနိုင်ရန် ဖန်တီး ထောက်ပံ့ပေးရပါမည်ဟု ၎င်းကဆိုပါသည်။

ဦးအောင်သိုက်ဝင်းက ၎င်း၏ မသန်စွမ်းဝန်ထမ်းများအား လုပ်ငန်းလုပ်ကိုင်ပြီး(၂)နှစ်အကြာတွင် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်လုပ်ကိုင်နိုင်စေရန် တိုက်တွန်းအားပေးပြီး၊ ငွေကြေးများအား စီမံခန့်ခွဲတတ်စေရန်အတွက် ဝန်ထမ်းများအား စီမံခန့်ခွဲစေသည်ဟု ဆိုပါသည်။ ဤသို့ပြုလုပ်ခြင်းသည် စိတ်အားထက်သန်မှု ပိုမိုရရှိစေပြီး ကိုယ်ပိုင်ဆိုင်များ ဖွင့်လှစ်ခြင်းဖြင့် ငွေကြေးအရ အမှီအခိုကင်းလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

နောက်ဆုံးတွင် သက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ပို့ချပေးနေသည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ပါဝင်တက်ရောက်သူ တစ်ဦးက ကျေးဇူးတင်ကြောင်း၊ ထုတ်ဖော် ပြောကြားကာ သူမ၏ အထက်အရာရှိများနှင့်လည်း ယနေ့ဆွေးနွေးမှု အကြောင်းအရာအား မျှဝေသွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။

နောက်တစ်ကြိမ် ပြုလုပ်မည့် မသန်စွမ်းသူများ ဦးဆောင်/ပါဝင်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို လာမည့် ဩဂုတ်လ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး (၂)လ တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။ အခြားသော မသန်စွမ်းသူများဦးဆောင်/ ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ အသေးစားချေးငွေလုပ်ငန်းများ၊  ဘဏ်များနှင့် အရပ်ဘက် အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် လည်း ကျွန်ုပ်တို့ ကြိုဆိုပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business