MCRB မှ ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည် - သတင်းစဉ်
You are here Home » သတင်းစဉ် » MCRB မှ ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်

MCRB မှ ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်

MCRB သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN Office of the High Commissioner for Human Rights) မှဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (right to privacy) ဆိုင်ရာ အစီရင်ခံစာတွင် အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ MCRB မှ ထည့်သွင်းသည့် အကြံပြုချက်များသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်အပေါ် အထူးအဓိကထား၍ MCRB ၏ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက် အတွေ့အကြုံကို ထင်ဟပ်စေပါသည်။ ထိုအတွေ့အကြုံသည် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ လုပ်ဆောင်မှုမှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှင့် ၂၀၂၀ ခုနှစ်အတွင်း မြန်မာဒစ်ဂျစ်တယ် အခွင့်အရေးဖိုရမ် (MDRF) ကိုလေးကြိမ်တိုင်တိုင် ကျင်းပခဲ့ခြင်း အပါအဝင် ပတ်သက်ဆက်စပ်သူအားလုံးပါဝင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းတို့ပါဝင်ပါသည်။

MCRB သည် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းနှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ရှုထောင့်မှချဥ်းကပ်၍ ဤအကြံပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) သို့ထည့်သွင်းတင်ပြခဲ့သည်။ ၎င်းတွင် -

  • ဥပဒေမူဘောင်တွင် လူ့အခွင့်အရေး အကာအကွယ်များ ကင်းမဲ့ခြင်း

  • အစိုးရနှင့်ပြည်သူလူထုကြားတွင် ဒစ်ဂျစ်တယ် နားလည်တတ်မြောက်မှု (digital literacy) နှင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် အသိရှိမှု နှင့် အလေ့အကျင့်တို့ နည်းပါးခြင်း

  • ဒစ်ဂျစ်တယ် ID ကတ်များ၊ ဇီဝမှတ်တမ်း (Biometrics) နှင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း

  • ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့် ပတ်သက်သော လူ့အခွင့်အရေးဆိုင်ရာ နောက်ထပ်အန္တရာယ်များ စသည်တို့ကို ခြုံငုံထည့်သွင်းထားပါသည်။

ထိုအကြံပြုချက်သည် မကြာသေးမီက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) သို့ MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏လက်တွေ့ကျင့်သုံးမှုကို ထည့်သွင်းတင်ပြခဲ့သည့် အကြံပြုချက်ကို ဖြည့်စွက်ပေးပါသည်။

Latest ICT-Related News

MCRB သည် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းနှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ရှုထောင့်မှချဥ်းကပ်၍ ဤအကြံပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) သို့ထည့်သွင်းတင်ပြခဲ့သည်။

MCRB သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN Office of the High Commissioner for Human Rights) မှဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (right to privacy) ဆိုင်ရာ အစီရင်ခံစာတွင် အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။

Photo: Thor Jorgen Udvang

MCRB သည် နည်းပညာကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ၏ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ မဟာမင်းကြီး အစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ ယင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

အချက်အလက်ကာကွယ်ခြင်း၊    တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများအပေါ်    အခြေခံ၍ ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တစ်ရပ်သည် မြန်မာနိုင်ငံ၏    ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ဆက်သွယ်ရေး လိုင်စင်ကိုင်ဆောင်ထားသူများ၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံသို့ သဘောထား မှတ်ချက်ပေးရန် ဖြန့်ဝေအကြောင်းကြားထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်း၏ နောက်ဆုံး ပြင်ဆင်ချက်များ ပတ်သက်၍ အခြားသော သက်ဆိုင်သူများနှင့်အတူ MCRB မှလည်း စိုးရိမ်မှုများဖြစ်ရပါသည်။

© 2024 Myanmar Centre for Responsible Business