MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည် - သတင်းစဉ်
You are here Home » သတင်းစဉ် » MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်

MCRB မှ နည်းပညာကဏ္ဍအတွက် UNGPs ၏ လက်တွေ့ကျင့်သုံးမှုကို OHCHR သို့ အကြံပြုချက် ထည့်သွင်းတင်ပြသည်

Photo: Thor Jorgen Udvang
Photo: Thor Jorgen Udvang

MCRB သည် နည်းပညာကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ၏ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ မဟာမင်းကြီး အစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN Office of the High Commissioner on Human Rights) ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ ယင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

MCRB မှ အကြံပြုထည့်သွင်းထားသည့် စာတမ်းတွင် UNGPs ကို မူဘောင်အဖြစ် အသုံးပြုခဲ့သည့် ၂၀၁၄/၅ တွင် ပြုလုပ်ခဲ့သော အိုင်စီတီကဏ္ဍဆိုင်ရာ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ အပါအဝင် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရှစ်နှစ်အတွင်း ဤနယ်ပယ်၌ MCRB ၏ သုတေသနနှင့်  စည်းရုံးလှုံ့ဆော်ခြင်း (advocacy) ကို အကျဉ်းချုပ်ဖော်ပြထားသည်။ ထိုစာတမ်းတွင် MCRB ၏ မြန်မာအစိုးရနှင့် လွှတ်တော်အပေါ် စည်းရုံးလှုံ့ဆော်ခြင်း (advocacy) ဆောက်ရွက်မှု အတွေ့အကြုံအပေါ် အခြေခံ၍ ‘အစိုးရမှ ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်၊ သို့မဟုတ် စည်းမျဉ်းနှင့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများ’ ကို အထူးဖော်ပြထားပါသည်။ အခြားအစိုးရများမှ လူ့အခွင့်အရေးများကို လေးစားမှုရှိသော မူဝါဒနှင့် ဥပဒေများကို ပံ့ပိုးပေးခြင်းဖြင့် မည်သို့ပါဝင်နိုင်သည်ကို အကြံပြုချက်များပေးထားပါသည်။

Latest ICT-Related News

MCRB သည် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းနှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ရှုထောင့်မှချဥ်းကပ်၍ ဤအကြံပြုချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN OHCHR) သို့ထည့်သွင်းတင်ပြခဲ့သည်။

MCRB သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UN Office of the High Commissioner for Human Rights) မှဆောင်ရွက်သည့် ဒစ်ဂျစ်တယ်ခေတ်တွင် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့် (right to privacy) ဆိုင်ရာ အစီရင်ခံစာတွင် အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။

Photo: Thor Jorgen Udvang

MCRB သည် နည်းပညာကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UNGPs) ၏ လက်တွေ့ကျင့်သုံးမှုဆိုင်ရာ မဟာမင်းကြီး အစီရင်ခံစာနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ထံသို့ အကြံပြုချက် ထည့်သွင်းတင်ပြခဲ့ပါသည်။ ယင်းအစီရင်ခံစာကို ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် ၅၀ မြောက် အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

အချက်အလက်ကာကွယ်ခြင်း၊    တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများအပေါ်    အခြေခံ၍ ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တစ်ရပ်သည် မြန်မာနိုင်ငံ၏    ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးဌာနများ၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ဆက်သွယ်ရေး လိုင်စင်ကိုင်ဆောင်ထားသူများ၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများထံသို့ သဘောထား မှတ်ချက်ပေးရန် ဖြန့်ဝေအကြောင်းကြားထားသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်း၏ နောက်ဆုံး ပြင်ဆင်ချက်များ ပတ်သက်၍ အခြားသော သက်ဆိုင်သူများနှင့်အတူ MCRB မှလည်း စိုးရိမ်မှုများဖြစ်ရပါသည်။

© 2024 Myanmar Centre for Responsible Business