သတ္တုလုပ်ငန်း - Sectors
You are here Home » Sectors » သတ္တုလုပ်ငန်း

သတ္တုလုပ်ငန်း

မြန်မာနိုင်ငံရှိ ထုံးကျောက်၊ ရွှေနှင့် ခဲမဖြူ သတ္တုလုပ်ငန်းများအပေါ် ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) သည် ဖော်ပြပါ သတ္တုလုပ်ငန်း အမျိုးအစားများရှိ အလုပ်သမားများ၊ ဒေသခံ ရပ်ရွာအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများအား လေ့လာသုံးသပ်ထားပါသည်။ ဓာတ်ပုံ-lan M.Watkinson
မြန်မာနိုင်ငံရှိ ထုံးကျောက်၊ ရွှေနှင့် ခဲမဖြူ သတ္တုလုပ်ငန်းများအပေါ် ကဏ္ဍအလိုက်သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) သည် ဖော်ပြပါ သတ္တုလုပ်ငန်း အမျိုးအစားများရှိ အလုပ်သမားများ၊ ဒေသခံ ရပ်ရွာအသိုင်းအဝိုင်းများနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများအား လေ့လာသုံးသပ်ထားပါသည်။ ဓာတ်ပုံ-lan M.Watkinson

MCRB နှင့် DIHR မှ လုပ်ဆောင်ခဲ့သော သတ္တုတွင်းလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက်လေ့လာခြင်း (Mining SWIA) သည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော သတ္တုလုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံအတွင်း ထုံးကျောက်၊ ရွှေနှင့် ခဲမဖြူ သတ္တုတွင်းလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်းများအရ ထိုသတ္တုအမျိုးအစားများသည် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ဒေသခံရပ်ရွာအသိုင်းအဝန်းအပေါ် သက်ရောက်မှုများနှင့် အလုပ်သမားများအပေါ် သက်ရောက်မှုများကို လေ့လာသုံးသပ်ထားပါသည်။ ၎င်းလေ့လာတွေ့ရှိချက်များတွင် ကဏ္ဍအလိုက်သက်ရောက်မှုများ၊ ဆက်စပ်သက်ရောက်မှုများနှင့် စီမံကိန်းအဆင့် သက်ရောက်မှုများကို ခြုံငုံဖော်ပြထားပြီး၊ ထိုကဏ္ဍရှိ တရားဝင်ကဏ္ဍနှင့် တရား မဝင် စသည့် နှစ်ခုစလုံးကို ထည့်သွင်းစဉ်းစားထားပါသည်။

မြန်မာနိုင်ငံအစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အခြားသော သက်ဆိုင်သူများကို အကြံပြုချက်များ ပေးထားပြီး၊ ထိုအကြံပြုချက်များတွင် သတ္တုကဏ္ဍကြောင့် ဖြစ်ပေါ်သော ဆိုးကျိုးသက်ရောက်မှုများကို မည်သို့ ရှောင်ရှားသင့်ကြောင်းနှင့် ဖြေရှင်းနိုင်ကြောင်းများကို ဖော်ပြထားသကဲ့သို့၊ ကောင်းကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေရန် မည်သို့ လုပ်ဆောင်သင့်သည်များကိုလည်း ဖော်ပြထားပါသည်။ လေ့လာဆန်းစစ်ခြင်းအတွက် ကွင်းဆင်းလေ့လာမှုမှ ရရှိသော အဓိကတွေ့ရှိချက်မျာကို ဖော်ပြခြင်းနှင့် ကောင်းမွန်ကျစ်လစ်သော အကြံပြုချက်များကို ဖော်ပြခြင်းအားဖြင့်၊ ဖွံ့ဖြိုရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရေးနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍနှင့် ပတ်သက်ပြီး၊ စကားဝိုင်းဆွေးနွေးပွဲများ ဖော်ဆောင်ပေးနိုင်ရန်အတွက် လေ့လာတွေ့ရှိချက်များအား မျှဝေပေးနိုင်ရန် ဆန်းစစ်ခြင်း ဖြစ်ပါသည်။

အစီရင်ခံစာ အနှစ်ချုပ် (ဗမာ)
Document PDF, 3051 downloads, မတ် 08, 2018
Complete Mining SWIA
Document PDF, 7137 downloads, မတ် 08, 2018
Executive Summary and Recommendations (English)
Document PDF, 2661 downloads, မတ် 08, 2018

ယူကေအခြေစိုက် Institute for Human Rights and Business (IHRB) နှင့် ဒိန်းမတ်အခြေစိုက် Danish Institute for Human Rights (DIHR) တို့သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ co-founders များ ဖြစ်ကြပြီး၊ သက်ရောက်မှုများအား ကဏ္ဍအလိုက်ဆန်းစစ်လေ့လာခြင်း (SWIA) ဆိုင်ရာ ချဉ်းကပ်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ထို SWIA ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍတွင် ဖွံ့ဖြိုးလာသော ကဏ္ဍများတွင် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ အလေ့အကျင့်များနှင့် ပတ်သက်ပြီး အထောက်အပံ့ပေးရန် ဖြစ်ပါသည်။ SWIA သည် ကဏ္ဍ၏ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ခြင်းနှင့် လျော့ချခြင်းအပြင် ကဏ္ဍ၏ အပြုသဘောဆောင်သည့် သက်ရောက်မှုများကို ပိုမိုအားကောင်းစေရန်နှင့် တိုးတက်စေရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်သော ရှေ့ရှုသည့် အကဲဖြတ် ဆန်းစစ်မှု ဖြစ်သည်။

ကနဦးဖော်ဆောင်ရေးများ

သတ္တုလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) တွင် ဤဖြည့်စွက်ချက်သည် အစိုးရ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ ကနဦးဖော်ဆောင်နေမှုများကို ဖော်ပြရန် ရည်ရွယ်ပါသည်။

Download Press Statement (Burmese)Download Press Statement (Burmese)
Download Press Statement (English)Download Press Statement (English)
Meiti Map
ဆဋ္ဌမ ကြိမ်မြောက် (အကြာသေးမီ) မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) ၏ အစီရင်ခံစာမှ အချက်အလက်များကို အသုံးပြု၍ ၂၀၁၈-ခုနှစ်မှ သတ္တုလိုင်စင်များ၏ တည်နေရာပြ မြေပုံ (geospatial map) ကို www.meiti-map.org တွင် ကြည့်ရှုနိုင်ပါသည်။

မီဒီယာတွင်

မြန်မာ့သတ္တု တူးဖော်ရေး လုပ်ငန်းအတွက် ချဉ်းကပ်ပုံကို ပြန်လည် စဉ်းစားရန် လိုအပ်သည် - Myanmar Times, 9 March 2018

Mining SWIA report ကို ဒေါင်းလုတ် ရယူနိုင်ပါသည်

© 2024 Myanmar Centre for Responsible Business