မြန်မာနိုင်ငံ၏ “တည်ဆောက်သော ပတ်ဝန်းကျင် (Built Environment)” အတွက် “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်း (Dignity By Design) ” အား ထည့်သွင်း ဆွေးနွေးခြင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာနိုင်ငံ၏ “တည်ဆောက်သော ပတ်ဝန်းကျင် (Built Environment)” အတွက် “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်း (Dignity By Design) ” အား ထည့်သွင်း ဆွေးနွေးခြင်း

မြန်မာနိုင်ငံ၏ “တည်ဆောက်သော ပတ်ဝန်းကျင် (Built Environment)” အတွက် “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်း (Dignity By Design) ” အား ထည့်သွင်း ဆွေးနွေးခြင်း

ပါဝင်တက်ရောက်သူများက မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အာရှတိုက်၏ ရှေ့ပြေးစမ်းသပ် စီမံကိန်းအား ဖော်ထုတ်ရန် အလားအလာများအပါအဝင်၊ လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများ ရေးဆွဲခြင်း ဆိုင်ရာ မူဘောင် (Dignity By Design framework) အသုံးဝင်ပုံကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
ပါဝင်တက်ရောက်သူများက မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အာရှတိုက်၏ ရှေ့ပြေးစမ်းသပ် စီမံကိန်းအား ဖော်ထုတ်ရန် အလားအလာများအပါအဝင်၊ လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများ ရေးဆွဲခြင်း ဆိုင်ရာ မူဘောင် (Dignity By Design framework) အသုံးဝင်ပုံကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ကုန်သည်ကြီးများအသင်း (EuroCham) ၏ Construction & Infrastructure Advocacy Group(CIAG) တို့မှ “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်း ဆိုင်ရာ မူဘောင်”အား  လူအများအတွက် အဆောက်အအုံများ၊ ပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် မည်ကဲ့သို့ ထည့်သွင်းအသုံးပြုနိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။ ဤမူဘောင်ကို MCRB အား ပူးတွဲ တည်ထောင်ခဲ့သော Institute for Human Rights and Business (IHRB)မှ ရေးသားပြုစုထားခြင်းဖြစ်ပါသည်။

CIAG မှလည်း  EuroCham မှ ၂၀၂၀ခုနှစ် ဩဂုတ်လ တွင်ထုတ်ဝေသော EuroCham Myanmar’s August 2020 ‘White Book’ တွင်ဖော်ြပထားသော ဦးစားပေးရမည့်အချက်များကို တင်ပြခဲ့ပါသည် -

  • ဒီဇိုင်း၊ ကုန်ပစ္စည်းနှင့် လျှပ်စစ်ဆိုင်ရာ စံနှုန်းများ

  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှု

  • ရှေးဟောင်းအမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ခြင်း

  • ဆောက်လုပ်ရေးတွင် ဘေးကင်းလုံခြုံမှုရှိစေရေး

  • စာချုပ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် နိုင်ငံတကာစံနှုန်းများအား လိုက်နာဆောင်ရွက်ခြင်း

Institute for Human Rights and Business  (IHRB  – MCRB အားပူးတွဲတည်ထောင်သော အဖွဲ့အစည်း နှစ်ဖွဲ့ မှ တစ်ဖွဲ့ဖြစ်ပါသည်) မှ Annabel Short ကလည်း လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများ ရေးဆွဲခြင်းဆိုင်ရာ မူဘောင် (Dignity By Design framework) အကြောင်းရှင်းလင်းတင်ပြခဲ့ပြီး ဤမူဘောင်အား လူအများအတွက် အဆောက်အအုံများ၊ ပတ်ဝန်းကျင်များ တည်ဆောက်သော စီမံကိန်းများ (Built environment projects) ၏ ဖြစ်စဥ်တစ်လျှာက်လုံး အစမှအဆုံး (full lifecycle) အထိ လိုက်နာရန်လိုကြောင်း ကိုလည်း တင်ပြခဲ့ပါသည်။ ဤမူဘောင်တွင် ဖြစ်စဉ်အဆင့်ဆင့်တိုင်း အတွက် လိုက်နာရမည့် အချက်များ (မြေယာစီမံခြင်း နှင့် ဘဏ္ဍာရေး၊ ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း နှင့် အသုံးချခြင်း - ဖြိုဖျက်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း) အားလည်း အမေးအဖြေ ပုံစံများနှင့်တကွ လမ်းညွှန်ဖော်ြပထားပါသည်။ ဤမူဘောင်သည်လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အပေါ်တွင် အခြေခံရေးဆွဲထားခြင်းဖြစ်ပြီး စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) များနှင့် လည်း ရည်ညွှန်းချိတ်ဆက်ကာ၊  မူဘောင်ရေးဆွဲရာတွင်လူအများအတွက် အဆောက်အအုံများ၊ ပတ်ဝန်းကျင်များ တည်ဆောက်သော စီမံကိန်းများ (Built environment projects) ၏ ဖြစ်စဥ် တစ်လျှာက်လုံးတွင် ပါဝင်နေသူများအချင်းချင်း  ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်လည်း ရည်ရွယ်၍ ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။

သူမက IHRB အနေဖြင့် မူဝါဒနှင့် စည်းမျဉ်းများတွင်လည်း  လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများ ရေးဆွဲခြင်းအား  ပိုမိုထည့်သွင်းလာစေရေးအတွက် တွန်းအားပေးရန် ရည်ရွယ်ကြောင်းကို တင်ပြခဲ့ပြီး - EuroCham Myanmar CIAG ၏ “စံသတ်မှတ်ခြင်း - standardisation” ကို အဓိကထား၍ အသိပေးစည်းရုံးနေမှုကိုလည်း ထပ်ဟပ်စေပါသည်။ ထို့အပြင် ကနဦးစမ်းသပ် စီမံကိန်းများအား လက်တွေ့ အကောင်အထည်ဖော်ရာတွင်လည်း လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်း နည်းလမ်း (Dignity by Design approach) အားအသုံး ပြုခြင်းအားဖြင့် အတွေ့အကြုံမှလည်း သင်ခန်းစာများ ရရှိနိုင်ပါသည်။ နော်ဝေနိုင်ငံရှိ ဘာဂန်မြို့တွင် ပထမဦးဆုံး စီမံကိန်းကို စတင်နေပြီးဖြစ်ကာ ကနဦး ဒီဇိုင်းရေးဆွဲခြင်း အဆင့်မှ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း နှင့် ဆောက်လုပ်ခြင်းအဆင့်သို့ ပြောင်းလဲ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ကနဦး အဆင့်တွေ့ရှိချက်များနှင့် သုံးသပ်အကြံပြုချက်များတွင် စည်ပင်သာယာရေးဌာနများ၌ အသုံးပြုသော ပစ္စည်း/ဝန်ဆောင်မှု ဝယ်ယူရန် ဖြည့်စွက်ရသည့် ပုံစံများ (procurement templates) တွင် လူမှုရေး/ လူ့အခွင့်အရေး ဆိုင်ရာ စံသတ်မှတ်မျက်များ ပိုမို ခိုင်မာလာစေခြင်း နှင့် အမှန်တကယ် အသုံးပြုနေသူများ (end-users) ၏ အထူးလိုအပ်ချက်များကို ဒီဇိုင်းရေးဆွဲရာတွင် ထည့်သွင်း စဥ်းစားခြင်းတို့ ပါဝင်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ ဗစ်ကီဘိုမန် က လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်းဆိုင်ရာမူဘောင်သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ လုပ်ဆောင်နေမှုများနှင့် တူညီမှုများရှိကြောင်း တင်ပြခဲ့ပါသည်။ မသန်စွမ်းသူများ အကျုံးဝင်ပါဝင်ခြင်းနှင့် လက်လှမ်းမီခြင်းမြေယာဥပဒေအား  မြို့ပြများတွင် အသုံးပြုခြင်း၊ လူ့အခွင့်အရေးအား အကာအကွယ်ပေးခြင်း၊ လူအများ အတွက် အဆောက်အအုံများနှင့် ပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် နည်းပညာ၏ သက်ရောက်မှုများကို စောင့်ကြည့်ခြင်း၊ ဥပမာ - အဆင့်မြင့်မြို့ကြီးများတွင် လုံခြုံရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုမှုများ (surveillance in smart cities) တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး  နှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ၏ ပွင့်လင်းမြင်သာမှုနှင့် လူတိုင်းအကျုံးဝင်ပါဝင်မှုကို တွန်းအားပေးခြင်း စသည့်တို့ ပါဝင်ပါသည်။ MCRB နှင့် ဆက်စပ်သောနေ အခြားလုပ်ငန်းရပ်များတွင် မြန်မာနိုင်ငံ အများပြည်သူဆိုင်ရာ ဝယ်ယူမှု ဥပဒေ (မူကြမ်း) အတွင်း သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီမံအုပ်ချုပ်မှု (Environmental, Social and Governance - ESG) ပါဝင်ရန် အသိပေးစည်းရုံးနေခြင်း နှင့် ယေဘုယျအားဖြင့် ပွင့်လင်းမြင်သာမှုရှိစေရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ အားကောင်းလာစေရန် ဆောင်ရွက်ခြင်းတို့ပါဝင်သည်။

ဒို့အိမ် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း မှ Bev Salmon ကလည်း လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်းဆိုင်ရာ မူဘောင်သည် ၎င်းတို့၏ လက်ရှိလုပ်ငန်းများ နှင့် များစွာကိုက်ညီသည် ဟုဆိုသည်။ ဥပမာ- ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ဗိသုကာယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် စောင့်ရှောက်ရေးအတွက် နမူနာငွေကြေးတွက်ချက်ခြင်း (financial modelling) (အီတလီအစိုးရအတွက်)၊ (နယ်သာလန်မှ ထောက်ပံ့သော) သာကေတမြို့နယ်တွင် ရာသီဥတုဒဏ်ခံနိုင်သော သန့်ရှင်း၍လုံလောက်စွာ ရေရရှိရေး၊ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး FCDO)၏ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်မြို့ ကြီးများ စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော “Myoe Lan Tha inclusive public spaces project” နှင့် ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြား ၁၀၀ ကျော် အနက် ၁၂ ခုအား အများပြည်သူ နှင့်ပူးပေါင်း၍ အသက် ပြန်လည်သွင်းခဲ့၊ ပြီးစီးပြီးဖြစ်ပါသည်။ ရပ်ရွာလူထု၏ ပါဝင်မှုသည် အမြဲမရှိမဖြစ် လိုအပ်ပြီး ဆက်လက်၊ စီမံကိန်းများတွင် ထိန်းသိမ်းမှုနှင့် စီမံခန့်ခွဲမှုတို့ လုပ်ဆောင်နိုင်ရန် ထည့်သွင်းရေးဆွဲရန်  လိုအပ်ပါသည်။

Statement Architecture + Design မှ ဒေါ် ချောကလျာကလည်း လူနေအိမ်နှင့် စီးပွားရေးနှင့်ဆိုင်သော အဆောက်အအုံ ဗိသုကာစီမံကိန်းများကို လက်ရှိလုပ်ဆောင်လျှက်ရှိပါသည်။ ထိုစီမံကိန်းများတွင် ဗြိတိသျှကောင်စီ ရန်ကုန် သင်တန်းစင်တာ နှင့် မန္တလေး စာမေးပွဲ စင်တာ၊ Balance Fitness gyms, နှင့် ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံကိန်းများ - မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရုံး အဆောက်အအုံများ (Turquoise Mountain နှင့်အတူ)၊ ဦးသန့်နေအိမ်အား ပြန်လည်ပြုပြင်ခြင်း၊ ဩစတြေးလျသံအမတ်၏ နေအိမ်နှင့် ရန်ကုန် တက္ကသိုလ်၏ အသေးစိတ်မြေပုံ နှင့် လုပ်ငန်းစဥ် ရေးဆွဲခြင်း (ဗြိတိန်နိုင်ငံမှ KNA Architects နှင့်အတူ) တို့ပါဝင် ပါသည်။

သူမသည် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (၂၀၂၀) တွင်  ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အတွက် ကောင်းသောသက်ရောက်မှုများကို ဖန်တီးပေးပြီး၊ ဆိုးကျိုးသက်ရောက်မှုများအား လျော့ချခြင်း ဆိုင်ရာကဏ္ဍ (green building section) အပိုင်းအား ထည့်သွင်းရန် အကြံပြုခဲ့သော Myanmar Green Building Society တွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် Green building rating system အားလည်း ရေးဆွဲနေပါသည်။ ဒေါ်ချောကလျာသည် Asia Philanthropy Circle လူမှုရေးအသင်း၏ အထောက်အပံ့ဖြင့်  ကလောစျေးအား ပြုပြင်အသက်သွင်းရန် အတွက် လုပ်ငန်းစဥ် တစ်ခုဖြစ်သည့် ဖြစ်မြောက်နိုင်စွမ်းအားလေ့လာခြင်း (feasibility study)၏ တစ်စိတ်တစ်ဒေသ ဖြစ်သော စီမံကိန်းနှင့် ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းလုပ်ငန်းစဥ် မှ လေ့လာသင်ယူမှုများနှင့် အကျိုးကျေးဇူးများ အကျဉ်းချုပ်ကိုလည်း တင်ပြခဲ့ပါသည်။ ရည်ရွယ်ချက်များတွင် အမွေအနှစ်တန်ဖိုးကို ထိန်းသိမ်းထားရှိရန်နှင့် ဈေးနေရာအား ရပ်ရွာမှ အများပြည်သူ အသုံးပြုနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေရန် အပါအဝင် ဈေးနေရာအား ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်တို့ ဖြစ်ပါသည်။

ပါဝင်တက်ရောက်သူများကလည်း လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်းဆိုင်ရာ မူဘောင်အား မည်သို့အသုံးပြုနိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးရာတွင် ဖြစ်နိုင်ပါက အာရှတိုက်အတွင်း ပထမဆုံးသော စမ်းသပ်ပြုလုပ်မည့် မြန်မာနိုင်ငံတွင် သတ်မှတ် အကောင်အထည်ဖော်ရန်ကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့ပါသည်။ ကောင်းမွန်သော ဗိသုကာဒီဇိုင်းများ၏ စည်းကမ်းသတ်မှတ်ချက်များကို ကျင့်သုံးရာတွင်, အထူးသဖြင့် အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်သော စီမံကိန်းများ, တွေ့ကြုံရသော စိန်ခေါ်မှုများ အကြောင်းကိုလည်းဆွေးနွေးခဲ့ပါသည်။

တင်ပြဆွေးနွေးသူများ၏ မှတ်တမ်းများကိုလည်း စုစည်းထားပါသည်။


Latest News on the topic of Disability

အွန်လိုင်းဆွေးနွေးပွဲသို့ (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့မှ ပူးတွဲကျင်းပပြုလုပ်သည့် လက်တွေ့ ကျပြီး ဂုဏ်သိက္ခာရှိသော အလုပ်အကိုင် အခွ

အွန်းလိုင်းဆွေးနွေးပွဲသို့တက်ရောက်သူ (၇၀) တက်ရောက်ခဲ့ပြီးအများစုမှာ အသေးစားနှင့်အလတ်စား ကုမ္ပဏီများနှင့် မသန်စွမ်းအဖွဲ့အစည်းများ ဖြစ်ကြပါသည်။

ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် လုပ်ဆောင်နေသော ထုတ်ကုန်များနှင့်/ သို့မဟုတ် ဝန်ဆောင်မှုများကို ပိုမို အကျုံးဝင် လက်လှမ်းမီ အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အတွေ့အကြုံများအား မျှဝေရန် အွန်းလိုင်းဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ပါသည်။

ပါဝင်တက်ရောက်သူများက မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အာရှတိုက်၏ ရှေ့ပြေးစမ်းသပ် စီမံကိန်းအား ဖော်ထုတ်ရန် အလားအလာများအပါအဝင်၊ လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများ ရေးဆွဲခြင်း ဆိုင်ရာ မူဘောင် (Dignity By Design framework) အသုံးဝင်ပုံကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)နှင့် Construction & Infrastructure Advocacy Group(CIAG) တို့မှ မြန်မာနိုင်ငံအတွင်း အသစ်တည်ဆောက်ရေးစီမံကိန်းများ နှင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်မှုလုပ်ငန်းများအတွက် “လူ့ဂုဏ်သိက္ခာကို အလေးထားသော ဗိသုကာဒီဇိုင်းများရေးဆွဲခြင်းဆိုင်ရာမူဘောင်”အား လူအများ အတွက် အဆောက်အအုံများ၊ ပတ်ဝန်းကျင်များ တည်ဆောက်ရာတွင် မည်ကဲ့သို့ ထည့်သွင်းအသုံးပြုနိုင်မည်ကို ဆွေးနွေးခဲ့ကြပါသည်။

Vicky Bowman of MCRB noted that the Dignity by Design framework had particular resonance with several elements of MCRB’s work.
Annabel Short of the Institute for Human Rights and Business (IHRB - one of MCRB’s two co-founders) presented the Dignity by Design framework, which is intended to be applied to the full lifecycle of built environment projects.
© 2024 Myanmar Centre for Responsible Business