မညီမျှမှုများ ပိုမိုဆိုးရွားလာနေဟု Doing Good Index (DGI) ၂၀၂၂ ခုနှစ်အစီရင်ခံစာကဖော်ပြနေ - သတင်းစဉ်
You are here Home » သတင်းစဉ် » မညီမျှမှုများ ပိုမိုဆိုးရွားလာနေဟု Doing Good Index (DGI) ၂၀၂၂ ခုနှစ်အစီရင်ခံစာကဖော်ပြနေ

မညီမျှမှုများ ပိုမိုဆိုးရွားလာနေဟု Doing Good Index (DGI) ၂၀၂၂ ခုနှစ်အစီရင်ခံစာကဖော်ပြနေ

The Doing Good Index 2022 is the most comprehensive social impact index in Asia to date, highlighting the factors that drive or hinder private capital flowing towards social and economic challenges across 17 Asian economies.
The Doing Good Index 2022 is the most comprehensive social impact index in Asia to date, highlighting the factors that drive or hinder private capital flowing towards social and economic challenges across 17 Asian economies.

အာရှ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ လှူဒါန်းမှုများနှင့် ပုဂ္ဂလိကကဏ္ဍ လူမှု‌ရေးရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်နိုင်ခြေ ပတ်ဝန်းကျင်အပေါ်တွင် လေ့လာသည့် ၂၀၂၂ ခုနှစ် Doing Good Index အစီရင်ခံစာကို Centre for Asian Philanthropy and Society (CAPS)မှ ဇွန်လတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင် “လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိ - Not Doing Enough”မှ “ဆောင်ရွက်မှုအဆင်ပြေလာသည် - Doing OK” သို့ အဆင့်တက်လှမ်းနိုင်ခဲ့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၂ ခုနှစ်အစီရင်ခံစာ အတွက် စစ်တမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ ယင်းအစား MCRB နှင့် Yever တို့မှ ကျွမ်းကျင်ပညာရှင် နှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များလုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့(SDOs) ၂၀ ကျော်နှင့် ချိတ်ဆက်ကာ ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေများကြောင့် မြန်မာ့လူမှုရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေးအမြင်များကို ရယူခဲ့ပြီးဖြစ်သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံရှိ လူမှုရေး ကဏ္ဍ အခြေအနေသည် သိသိသာသာ ပျက်ယွင်းလာကြောင်းနှင့် လက်ရှိတွင်မရေမရာမှုများနှင့်အတူ ကြိုတင်စီမံကိန်းချဆောင်ရွက်၍ မရလောက်အောင် အခက်အခဲများ ကြုံတွေ့နေရကြောင်း လူမှုရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေကြသော အဖွဲ့ (SDOs)များအားလုံးက မီးမောင်းထိုးဖြေကြားသည်။ အစီရင်ခံစာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယေဘုယျအားဖြင့် ကမ္ဘာနှင့်အဝန်း ဆင်းရဲမှုနှုန်း အမြင့်တက်ဆုံးကာလဖြစ်ခဲ့ပြီး အာရှတလွားရှိ လူမှုရေးကဏ္ဍတွင် ရန်ပုံငွေထောက်ပံ့မှုများလည်း လျော့နည်းခဲ့ကြောင်း၊ ဒေသ၏ လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးဖြစ်နေသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံ အခြေအနေများရှိနေကြောင်း ရေးသားထားသည်။

ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံးပါဝင်၍ အရှည်သဖြင့်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုတစ်ရပ်ပေါ်ပေါက်လာရန် အာရှနိုင်ငံအသီးသီး၏ စီးပွားရေးကဏ္ဍများတွင် ရှင်းရှင်းလင်းလင်းနှင့် နည်းစနစ်တကျခိုင်မာစွာရှိသော မူဝါဒများ ဖော်ဆောင်ရန် လိုအပ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လူမှုရေးနယ်ပယ်ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရာတွင် လူမှုရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေကြသော အဖွဲ့ (SDOs)များနှင့် ၎င်းတို့ကိုပံ့ပိုးသူများ အနေဖြင့် ကြုံတွေ့ရမည့် ထပ်တိုးစိန်ခေါ်မှုတစ်ခုမှာ ပါဝင်ပတ်သက်နေသူအဖွဲ့များအကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်ဖြစ်သည်။ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်ငြားလည်း ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ရန်ပုံငွေဆိုင်းငံ့လိုက်သည့် အလှူရှင်အဖွဲ့အစည်းများထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သောကွက်လပ်မှာ လူမှုရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်နေကြသော အဖွဲ့ (SDOs)များနှင့် ပုဂ္ဂလိက ကဏ္ဍတို့အကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြည့်စွမ်းနိုင်မည့် လမ်းစတစ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

DGI ၂၀၂၂ အစီရင်ခံစာနှင့်ပတ်သက်၍ သိရှိလိုပါက CAPS မှလွှင့်တင်ထားသော ဤဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကာ DGI ၂၀၂၂ အစီရင်ခံစာ နှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေလေ့လာနိုင်ပါသည်။ အချက်အလက် အကျဉ်း စာမျက်နှာ တွင် ဝင်ရောက်ဖတ်ရှုသူများ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် ထဲထဲဝင်ဝင် လေ့လာ ဆန်းစစ် သုံးသပ် နိုင်ရန် နိုင်ငံအသီးသီး၏ နှစ်အလိုက် ပြောင်းလဲမှုများနှင့် စီးပွားရေးဆိုင်ရာအချက်အလက်များကို လည်း ဝေဝေဆာဆာဖော်ပြပေးထားပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business