MCRB ၏ စတုတ္ထအကြိမ်မြောက် UN Global Compact အစီရင်ခံစာ ထုတ်ပြန်မှု - သတင်းစဉ်
You are here Home » သတင်းစဉ် » MCRB ၏ စတုတ္ထအကြိမ်မြောက် UN Global Compact အစီရင်ခံစာ ထုတ်ပြန်မှု

MCRB ၏ စတုတ္ထအကြိမ်မြောက် UN Global Compact အစီရင်ခံစာ ထုတ်ပြန်မှု

MCRB ၏  စတုတ္ထအကြိမ်မြောက် ထိတွေ့ဆောင်ရွက်မှုအကြောင်းကြားအစီရင်ခံစာတွင် ကျွန်ုပ်တို့၏ UNGC လုပ်ငန်းစဥ်များအပေါ်ဆက်လက်ပံ့ပိုးလုပ်ဆောင်မှုများနှင့် UNGC ၏ စည်းမျဥ်း၁၀ခုနှင့်ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဖော်ပြထားပါသည်။
MCRB ၏ စတုတ္ထအကြိမ်မြောက် ထိတွေ့ဆောင်ရွက်မှုအကြောင်းကြားအစီရင်ခံစာတွင် ကျွန်ုပ်တို့၏ UNGC လုပ်ငန်းစဥ်များအပေါ်ဆက်လက်ပံ့ပိုးလုပ်ဆောင်မှုများနှင့် UNGC ၏ စည်းမျဥ်း၁၀ခုနှင့်ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဖော်ပြထားပါသည်။

MCRB သည် UNGC ၏ စည်းမျဥ်း၁၀ခုကို အထောက်အပံ့ပြုရန် ရည်ရွယ်ကာ ဆောင်ရွက်နေသည့် ၂၀၂၀ ဇူလိုင်လနှင့် ၂၀၂၂ ဇွန်လကြားကာလအတွင်းလုပ်ငန်းစဥ်များကို စတုတ္ထအကြိမ်မြောက် UN Global Compact ထိတွေ့ဆောင်ရွက်မှုအကြောင်းကြားအစီရင်ခံစာတွင် တင်ပြထားရှိပါသည်။

United Nations Global Compact သည် စီးပွားရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရှေ့ဆောင်လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် နည်းဗျူဟာများကို ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားသည့် စည်းမျဥ်း၁၀ခုနှင့်အညီ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ကို လေးစားလိုက်နာနိုင်ရန် အထောက်အကူပြုမည့် အားပေးပံ့ပိုးမှုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၈၉ ခုက လက်မှတ်ထိုးပူးပေါင်းပါဝင်ထားကြပါသည်။ ပူးပေါင်းပါဝင်မှုလိုအပ်ချက်တစ်ခုအနေဖြင့် ကုမ္ပဏီများသည် တစ်ဦးချင်းစီ၏ နှစ်စဥ် လုပ်ငန်းတိုးတက်မှုအစီရင်ခံစာကို တင်ပြရန်လိုအပ်ပြီး MCRBကဲ့သို့ အဖွဲ့အစည်းများမှာမူ ထိတွေ့ဆောင်ရွက်မှုအကြောင်းကြားအစီရင်ခံစာကို တင်ပြရန်လိုအပ်ပါသည်။

MCRB ၏ စတုတ္ထအကြိမ်မြောက် ထိတွေ့ဆောင်ရွက်မှုအကြောင်းကြားအစီရင်ခံစာတွင် ကျွန်ုပ်တို့၏ UNGC လုပ်ငန်းစဥ်များအပေါ်ဆက်လက်ပံ့ပိုးလုပ်ဆောင်မှုများနှင့် UNGC ၏ စည်းမျဥ်း၁၀ခုနှင့်ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိသည့် လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဖော်ပြထားပါသည်။ ထို့အပြင် လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း(ဇူလိုင် ၂၀၂၀ မှ ဇွန် ၂၀၂၂)တွင် စည်းမျဥ်း၁၀ခုကို ပေါင်းစပ်ထည့်သွင်းကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျွန်ုပ်တို့၏ လုပ်ငန်းရပ်များ၏ တိုးတက်မှုအခြေအနေများကိုလည်း တင်ပြထားပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business