Statement on the Arrest of Vicky Bowman - သတင်းစဉ်
You are here Home » သတင်းစဉ် » Statement on the Arrest of Vicky Bowman

Statement on the Arrest of Vicky Bowman

၎င်းတို့အား ချက်ချင်းလွှတ်ပေးရန် ဒါရိုက်တာများမှ တောင်းဆိုပါသည်။
၎င်းတို့အား ချက်ချင်းလွှတ်ပေးရန် ဒါရိုက်တာများမှ တောင်းဆိုပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန၏ အမှုဆောင်ဒါရိုက်တာ Vicky Bowman နှင့်အတူ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့မှာ ၂၀၂၂-ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရကြောင်းကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာများမှ အတည်ပြုနိုင်ပါသည်။

၎င်းတို့အား ချက်ချင်းလွှတ်ပေးရန် ဒါရိုက်တာများမှ တောင်းဆိုပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အကာအကွယ်ရရှိနိုင်စေရန် ကျွန်ုပ်တို့မှ ကြိုးစားနေပါသည်။ လတ်တလောတွင် မည်သည့်မှတ်ချက်ကိုမျှ ကျွန်ုပ်တို့မှ ပေးနိုင်မည်မဟုတ်ပါ။

အယ်ဒီတာူများအတွက် ရှင်းလင်းချက်- မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကို အားပေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Institute for Human Rights and Business IHRB နှင့် Danish Institute for Human Rights DIHR တို့မှ ပူးပေါင်း တည်ထောင်ထားပါသည်။ Vicky Bowman သည် ၂၀၁၃-ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော MCRB ၏ တည်ထောင်သူ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည်။

© 2024 Myanmar Centre for Responsible Business