မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာများမှ သတင်းထုတ်ပြန်ချက် - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာများမှ သတင်းထုတ်ပြန်ချက်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာများမှ သတင်းထုတ်ပြန်ချက်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ဒါရိုက်တာများမှ သတင်းထုတ်ပြန်ချက်

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ဒါရိုက်တာများ အနေဖြင့် ကျွန်ုပ်တို့၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘိုမန် နှင့် ၄င်း၏ခင်ပွန်း ဦးထိန်လင်းတို့အား ယနေ့တွင် ရန်ကုန်မြို့ရှိ တရားရုံးမှ ပြစ်ဒဏ်များချမှတ်ခဲ့သည့် အတွက် အံသြတုန်လှုပ်မိပါသည်။

ဗစ်ကီသည် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၄င်းဘဝ၏ နှစ်များစွာကို မြှုပ်နှံခဲ့သူလည်း ဖြစ်ပါသည်။ ၂၀၁၃ခုနှစ် မှစ၍ MCRB ၏အကြီးအကဲတစ်ဦး အနေဖြင့် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများမှ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူမှုရှိစေရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။

ဗစ်ကီသည် မိခင်တစ်ဦး၊ ဇနီးသည်တစ်ဦး နှင့် ညီမတစ်ဦးလည်းဖြစ်ပါသည်။ ၄င်း၏ မိသားစုဝင်များနှင့် ယူကေနိုင်ငံတွင် အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ရန်လည်း ကျွန်ုပ်တို့ မျှော်လင့်နေပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယခုကဲ့သို့ ခက်ခဲသောအချိန်ကာလတွင် ၄င်း၏ မိသားစုဝင်များအတွက် ဆက်လက်၍ အကူအညီများ ပေးသွားမည်ဖြစ်ပါသည်။

လတ်တလောတွင် ကျွန်ုပ်တို့အနေဖြင့် အခြားမှတ်ချက်များ ထပ်မံပေးမည် မဟုတ်ပါ။

MCRB: 

© 2024 Myanmar Centre for Responsible Business