MCRBသည် အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာ မူကြမ်း၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန်ချက် မူကြမ်းတို့နှင့်စပ်လျဉ်း၍ သဘောထားသုံးသပ်ချက်များ ပေးပို့ခဲ့ပါသည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် သက်ဆိုင်ရာကိုယ်စားလှယ်များအကြား ပွင့်လင်းသော ဆွေးနွေးမှုများ ပေါ်ပေါက်လာအောင် ပြုလုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် UNCTAD တို့၏ စွမ်းဆောင်ချက်များအား ကြိုဆိုပါသည်။ ထိုလုပ်ဆောင်ချက်သည် ကျယ်ပြန့်၍ အချိန်နှင့်တစ်ပြေးညီဖြစ်သော အရေးပါသော လားရာများဆီသို့ ရောက်နိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော ဆောင်ရွက်ချက်ပင် ဖြစ်ပါသည်။
MCRB သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာမူကြမ်း (ပုံစံ - ၁၊ ၂၀၂၀ခုနှစ် ဇွန်လ)အတွက် သဘောထားသုံးသပ်ချက်များ ပေးပို့ခဲ့ကာ ၂၀၂၀ခုနှစ် အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန်ချက်များအား အများပြည်သူကြည့်ရှုနိုင်ရန် ထားရှိထားမှုနှင့်ပတ်သတ်၍လည်း ဖော်ပြခဲ့ပါသည်။
MCRBမှ ပြုစုထားသော ICT ကဏ္ဍတွင် သက်ရောက်မှုများ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (SWIA) သည် မြန်မာ့ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် အကျုံးဝင်ဆဲဖြစ်သော စိန်ခေါ်မှုများအား ဖော်ပြထားပါသည်။ ထိုအရာများထဲတွင် အင်တာနက်ရယူသုံးစွဲနိုင်မှု၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့် အချက်အလက်များ ကာကွယ်မှု နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှုတို့ ပါဝင်ပါသည်။
ပေးပို့ထားသော သဘောထားသုံးသပ်ချက်များတွင် အချက်အလက်ကာကွယ်ရေးဆိုင်ရာ ဥပဒေလိုအပ်ကြောင်း၊ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွင် မသန်စွမ်းများ ပါဝင်နိုင်ရေးနှင့်အ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍအား ထောက်ပံ့ပေးရေးတို့ကို ထည့်သွင်းထားပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက
- မြန်မာနိုင်ငံ၏ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူဘောင်အား နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန် လိုအပ်သည်
- အချက်အလက်ကာကွယ်ခြင်း (Data Protection) ဘာကြောင့် အရေးပါသလဲ၊ သင်ဝေမျှသည့်အရာကို သိရှိပါ!
- ဆွေးနွေးမှု ရုပ်သံမှတ်တမ်း - “ကျွန်ုပ်တို့ ယုံကြည်ရသော ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် အချက်အလက်ကာကွယ်ခြင်း”
- Lift the Restrictions on Internet Access
- MCRB provides initial comments to government on the draft cybersecurity framework, and discusses cybersecurity with MPs
- Third Myanmar Digital Rights Forum Ends With Call for Better Regulated, Freer, Safer Online Space, Emphasises Need For Consultation