စာတမ်းအသစ်နှင့် မကြာမီတွင် ကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ - သတင်းစဉ်
You are here Home » သတင်းစဉ် » စာတမ်းအသစ်နှင့် မကြာမီတွင် ကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ

စာတမ်းအသစ်နှင့် မကြာမီတွင် ကျင်းပပြုလုပ်မည့် ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ

လူ့အခွင့်အရေးသက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်းအစီအရင်ခံစာအား အဂ်လိပ်ဘာသာဖြင့် ရယူနိုင်ပြီး နှင့်ယင်းအစီရင်ခံစာအနှစ်ချုပ်အား မြန်မာဘာသာဖြင့်ရယူနိုင်ပါသည်။
လူ့အခွင့်အရေးသက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်းအစီအရင်ခံစာအား အဂ်လိပ်ဘာသာဖြင့် ရယူနိုင်ပြီး နှင့်ယင်းအစီရင်ခံစာအနှစ်ချုပ်အား မြန်မာဘာသာဖြင့်ရယူနိုင်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထာက်အကူပြု ဌာန ( Myanmar Centre for Responsible Business – MCRB)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးဝင်းမင်းသည် ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်း (Roundtable – Human Rights in Tourism) က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော လူ့အခွင့်အရေးသက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း (Human Rights Impact Assessment – HRIA) (၂၀၁၉) တွင် ပါဝင်ခဲ့ပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့အခွင့်အရေးဆိုင်ရာ စကားဝိုင်း (Roundtable – Human Rights in Tourism) သည် ကိုယ်ကျိုးစီးပွားမရှာသော ဂျာမန်အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံတကာရှိသက်ဆိုင်ရာကိုယ်စားလှယ်များမှ ပါဝင်ထားဆောင်ရွက်သော ကွန်ရက်မှ ဆောင်ရွက်လျက်ရှိသော ပူးပေါင်းဆောင်ရွက်ချက်တစ်ခုပင်ဖြစ်ပါသည်။

ထိုကွန်ရက်သည် ခရီးသွားလုပ်ငန်းများအား လူ့အခွင့်အရေးကို လေးစားလိုက်နာဆောင်ရွက်ရန် ပံ့ပိုးပေးလျက်ရှိပါသည်။ HRIA ၏ ရည်ရွယ်ချက်မှာ ခရီသွားလုပ်ငန်းဆောင်ရွက်သူများအား ယင်းတို့၏ လုပ်ငန်းနယ်ပယ်အတွင်းရှိ ဘေးအန္တရာယ်ရှိသော၊ ဦးစားပေးရမည်ဖြစ်သော နယ်ပယ်များအား သတ်မှတ်နိုင်ရန်နှင့် ယင်းကိစ္စရပ်များအား လျော့ပါးသွားအောင် ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သော လူ့အခွင့်အရေး သတင်းအချက်အလက်များ ပံ့ပိုးပေးသွားရန်ဖြစ်ပါသည်။ စာတမ်းအား အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုနိုင်ပြီး စာတမ်းအကျဉ်းအား မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။ ၂၀၁၅ခုနှစ်တွင် ကျွန်ပ်တို့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထာက်အကူပြု ဌာန ( Myanmar Centre for Responsible Business – MCRB)က ပြုစုခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍအလိုက်သက်ရောက်မှု လေ့လာဆန်းစစ်သုံးသပ်ခြင်း (SWIA) တွင် ဖော်ပြထားသော အချက်အလက်အများစုအားလည်း HRIA ထဲတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်နိုင်ပါသည်။

စကားဝိုင်းသည် စက်တင်ဘာလ (၂၈) ရက်နေ့ (တနင်္လာနေ့) တွင် အွန်လိုင်းစာတမ်းဖတ်ပွဲတစ်ခုအား နံနက် (၁၀) နာရီမှ နေ့ခင်း (၄) နာရီ (ဥရောပအလယ်ပိုင်းဒေသ စံတော်ချိန် - CET) အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်းတွင် ဆောင်ရွက်ရမည့် လူ့အခွင့်အရေးအခြေပြုဆောင်ရွက်ချက်များအကြောင်းကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ပါသည်။  တက်ရောက်လိုပါက ဤ link တွင် စားရင်းပေးနိုင်ပါသည်။

မကြာသေးမီအချိန်ကပင်မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထာက်အကူပြု ဌာန ( Myanmar Centre for Responsible Business – MCRB) သည် မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ခြင်းအသင်း၊ Hanns Seidel Foundation၊ မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်းအဖွဲ့တို့နှင့်အတူ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်များ ဟူသည့် အဆိုပြုလွှာကိုလည်း ရေးသားပြုစုခဲ့ပါသေးသည်။ ယင်းစာတမ်းအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာစလုံးဖြင့် ဖတ်ရှုနိုင်ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business