မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဆိုပြုလွှာအသစ် - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဆိုပြုလွှာအသစ်

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အဆိုပြုလွှာအသစ်

၂၀၂၀ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း (MTM) မှ “ကိုဗစ်-၁၉ လှိုင်းနှင့် မြန်မာ့ခရီးသွားလုပ်ငန်း”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကာ ထိုပွဲအား MCRB၏ အကြီးတန်းစီမံကိန်းတာဝန်ခံ ဦးဝင်းမင်းလည်း တက်ရောက်ခဲ့ပါသည်။

ထိုဆွေးနွေးပွဲတွင် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို အစိုးရအရာရှိများ၊ INGO နှင့် ပုဂ္ဂလိကကဏ္ဍမှ ခေါင်းဆောင်များမှ ယင်းတို့၏ အမြင်သဘောထားများနှင့် အကြံပြုချက်များအား ဖော်ပြကာ ဝင်ရောက်ဆွေးနွေးခဲ့ကြပါသည်။

MCRB သည် Hanns Seidel Foundation၊ MRTI တို့နှင့်အတူ MTMအတွက် ပြုစုသော အဆိုပြုလွှာအတွက် ဆောင်ရွက်ခဲ့သော ဆွေးနွေးမှုများကို ကောက်နှုတ်သုံးသပ်ခဲ့ကြပါသည်။ ထိုအဆိုပြုလွှာသည် ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ၌ အသုံးပြုနိုင်မည့် အကြံပြုချက်များအား ဖော်ပြထားပါသည်။ ယင်းအား ယခုပြင်ဆင်လျက်ရှိသော ခရီးသွားလုပ်ငန်း Master Plan အသစ်အတွက်လည်း အသုံးပြုနိုင်ပါသည်။

လက်ရှိနှင့်အနာဂတ်တွင် ခရီးသွားများသည် လူမထူထပ်သောနေရာများကို ရှာဖွေသွားလာလိမ့်မည်ဖြစ်ကြောင်းနှင့် ယင်းအချက်သည် မြန်မာ့ခရီးသွားလုပ်ငန်းအတွင် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်းကို ဤ အဆိုပြုလွှာမှ မီးမောင်းထိုးဖော်ပြထားပါသည်။ အဆိုပြုလွှာမှ အကြံပြုထားသည်များမှာ -

  1. ၁။ ဘေးကင်းလုံခြုံမှုအား ပထမဦးစားပေးအနေဖြင့် ထားရှိခြင်း။

  2. ၂။ ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်း။

  3. ၃။ အပြည်ပြည်ဆိုင်ရာအရီးသွားများအား ပြန်လည်ဖွင့်လှစ် ဖိတ်ခေါ်ရန် ချည်းကပ်သင့်သည့်အချက်များ ချမှတ်ခြင်း။

  4. ၄။ ခရီးစဉ်ဒေသ စီမံခန့်ခွဲခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းအပိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း။

  5. ၅။ ဈေးကွက်မြှင့်တင်ခြင်းဆိုင်ရာ လက်ရှိချည်းကပ်မှုများကို ပြန်လည်သုံးသပ်ခြင်း။

  6. ၆။ ပံ့ပိုးကူညီနိုင်စွမ်းအား မြင့်မားသော စီးပွားရေးနယ်ပယ် တည်ဆောက်ခြင်း။

  7. ၇။ လူ့စွမ်းအားအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ စီမံခန့်ခွဲခြင်းတို႔ပင်ဖြစ်ပါသည်။

အဆိုပြုလွှာအား ဖော်ပြပါ link များတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။

White Paper on Tourism in Myanmar

White Paper on Tourism in Myanmar

© 2024 Myanmar Centre for Responsible Business