2G ဒီဂျစ်တယ်ဖြတ်တောက်မှုအား ရုတ်သိမ်းရန် MDRF တောင်းဆို - သတင်းစဉ်
You are here Home » သတင်းစဉ် » 2G ဒီဂျစ်တယ်ဖြတ်တောက်မှုအား ရုတ်သိမ်းရန် MDRF တောင်းဆို

2G ဒီဂျစ်တယ်ဖြတ်တောက်မှုအား ရုတ်သိမ်းရန် MDRF တောင်းဆို

Access to 2G is not access to the internet.
Access to 2G is not access to the internet.

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)အပါအဝင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) မိတ်ဖက်အဖွဲ့ဝင်များသည် ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်စောင်အား ထုတ်ပြန်လိုက်ကာ မြန်မာနိုင်ငံတော်အစိုးရအား ရခိုင်မြို့နယ် (၇)ခု နှင့် ချင်းပြည်နယ်၏ ပလက်ဝမြို့နယ်တို့တွင်   3G နှင့် 4G အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးရန် နှင့် အနာဂတ်တွင်လည်း အဆိုပါ ဒေသများသော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် အခြားဒေသများအပါအဝင်  ကျန်ဒေသများတွင်သော်လည်းကောင်း လာမည့် မဲဆွယ်စည်းရုံးရေးကာလများ အထူးသဖြင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသော၊ ပဋိပက္ခဖြစ်ပွားနေသော ကာလအတွင်းတွင် ယခုကဲ့သို့ အင်တာနက်ရရှိမှုနှင့် မြန်နှုန်းကန့်သတ်ပိတ်ဆို့မှုများအား ထပ်မံကန့်သတ်ဖြတ်တောက်ခြင်းများ (လုံးဝ) မပြုလုပ်ရန်ကိုလည်း တောင်းဆိုထားပါသည်။

၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့တွင် မြန်မာ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) သည် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရောတာများအား ရခိုင်ပြည်နယ်ရှိ မြို့နယ် (၇)ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁)ခုတို့တွင် 3G နှင့် 4G ဝန်ဆောင်မှုများအား ဆက်လက်ကန့်သတ်ပိတ်ဆို့သွားရန် ညွှန်ကြားခဲ့ပါသည်။ 3G နှင့် 4G ဝန်ဆောင်မှုများအား ကန့်သတ်ပိတ်ဆို့ခြင်းသည်မြန်မာ့ရွေးကောက်ပွဲမစတင်မီ တစ်ပတ်အလို ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပါသည်။

2G ကိုသာ အသုံးပြုခွင့်ရခြင်းသည် အင်တာနက်အသုံးပြုခွင့်ရခြင်း မဟုတ်ပါ။ သြဂုတ်လ (၁၅) ရက်နေ့တွင် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၃၀) တို့သည် သဘောထားထုတ်ပြန်ချက်တစ်စောင်အား ထုတ်ပြန်လိုက်ကာ 2G ဝန်ဆောင်မှုနှင့်ပတ်သတ်၍ ယင်းတို့ကြုံတွေ့နေရသော အခက်အခဲများအား မီးမောင်းထိုး ဖော်ပြလိုက်ကြပါသည်။ အင်တာနက်သုံးစွဲရန်အတွက် မလုံလောက်သော 2G ဝန်ဆောင်မှုများကြောင့် ယင်းတို့သည် အီးမေးလ်နှင့် မက်ဆေ့ချ်များပို့ရာတွင် (သို့) ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်များအသုံးပြုရာတွင် အခက်အခဲများ ကြုံတွေ့နေရပါသည်။ မြန်မာမီဒီယာများသည်လည်း ရွေးကောက်ပွဲကာလအတွင်းတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသော အဖွဲ့များနှင့် ဒေသခံလူထုအနေဖြင့် အင်တာနက်မရရှိပါက ရွေးကောက်ပွဲလုပ်ဆောင်ချက်များအပေါ်တွင် ကျရောက်လာမည့် စိန်ခေါ်မှုများ နှင့် လူ့အခွင့်အရေးအခြေအနေများကို အစီရင်ခံတင်ပြလျက်ရှိပါသည်။

ရခိုင်ဒေသသည် မြန်မာနိုင်ငံ၏ ကိုဗစ်ဖြစ်ပွားမှု ဦးတည်ချက်နေရာဖြစ်လာနေပြီး ထိုအခြေအနေကို တိုက်ထုတ်ရန်အတွက် ယင်းဒေသတွင်နေထိုင်သော လူတုအနေဖြင့် မှန်ကန်သော အွန်လိုင်းသတင်းအချက်အလက်များ ရရှိရန် လိုအပ်ပါသည်။ Asia Foundation နှင့် SaferWorld တို့မှ ဆောင်ရွက်ခဲ့သော ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် ကိုဗစ်၏ သက်ရောက်မှုများနှင့် ပတ်သတ်သည့်  ကနဦးသုတေသနဆန်းစစ်ချက်များအရ ကိုဗစ်ကျန်းမာရေးဆောင်ရွက်မှုများသည် ပဋိပက္ခဖြစ်ပွားနေသော ရှမ်းနှင့် ကချင်တို့ကဲ့သို့သော ဒေသများထက် မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသများတွင် ပိုမိုအောင်မြင်ကြောင်းတွေ့ရှိခဲ့ရကာ ရခိုင်ဒေသတွင် ဆောင်ရွက်နေသော ကျန်းမာရေးစွမ်းဆောင်မှုများသည် အကျိုးသက်ရောက်မှု (လုံးဝ) မရှိကြောင်း တွေ့ရှိရသည်။

MDRF၏ ယခုသဘောထားထုတ်ပြန်ချက်သည် ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ (၇၇) နှင့် (၇၈)တို့အား ပြန်လည်သုံးသပ်ရန်နှင့် ယင်းတို့အား နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သော ယခင်ကထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်များအား ထပ်မံညွှန်းဆိုထားပါသည်။ ထိုအချင်းအရာများ နှင့် ဥပဒေ၏ အခြားသော လိုအပ်ချက်များအား MCRB၏ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (SWIA) တွင် ဖော်ပြထားပါသည်။ ထို့ပြင် MCRB သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့် ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်တို့အား လိုက်နာရန်ဟူသော လူ့အခွင့်အရေးစံနှုန်းများနှင့် သွေဖယ်လျက်ရှိသော ဥပဒေ၏အခြားသော ပုဒ်မများအားလုံးအား ပြင်ဆင်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအား လည်း လုပ်ဆောင်လျက်ရှိပါသည်။

အင်တာနက်အား ကန့်သတ်ထိန်းချုပ်မှုမရှိဘဲ အသုံးပြုနိုင်ခြင်းသည် မရှိမဖြစ်လိုအပ်သော လူ့အခွင့်အရေးတစ်ရပ်အဖြစ် နိုင်ငံတကာမှ လက်ခံထားကြောင်းနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့်  အင်တာနက်နှင့်ပတ်သတ်သည့် လူ့အခွင့်အရေးများအား မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် ခံစားခြင်းဟူသည့် စာတမ်းပေါ်တွင် ထားရှိထားသည့် ၂၀၁၈ခုနှစ်သဘောတူညီချက်တို့အား ထိန်းသိမ်းထားကြောင်းကို MCRB အနေဖြင့် လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် MCRB သည် ကုလသမဂ္ဂနှင့် အစိုးရများ အထူးသခြင့် Freedom Online Coalition အဖွဲ့ဝင် အစိုးရအဖွဲ့ (၃၀)တို့အား ယင်းတို့၏ ၂၀၁၇ခုနှစ် နိုင်ငံတော်မှ ကမကထပြုထားသော ကွန်ရက်ဖြတ်တောက်မှုများနှင့်စပ်လျဉ်းသည့် သဘောထား ထုတ်ပြန်ချက်ပေါ်တွင် အခြေခံ၍ ချမှတ်ထားသော ကတိကဝတ်များပေါ်တွင် တက်ကြွစွာဆောင်ရွက်ကြရန်တိုက်တွန်းလိုက်ကာ မြန်မာအစိုးရအားလည်း 3G/4G ကန့်သတ်ချက်များအား ရုတ်သိမ်းရန် တိုက်တွန်းလိုက်ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business