“အင်တာနက်ပိတ်ဆို့မှုများအား ရပ်ဆိုင်းရန်နှင့် သုံးဆင့် စစ်ဆေးမှု နှင့်မကိုက်ညီသော ဝက်ဘ်ဆိုက်ပိတ် ဆို့မှု များအား ရပ်ဆိုင်းရန်” တောင်းဆိုမှုတွင် (MCRB) ပူးပေါင်းပါဝင် - သတင်းစဉ်
You are here Home » သတင်းစဉ် » “အင်တာနက်ပိတ်ဆို့မှုများအား ရပ်ဆိုင်းရန်နှင့် သုံးဆင့် စစ်ဆေးမှု နှင့်မကိုက်ညီသော ဝက်ဘ်ဆိုက်ပိတ် ဆို့မှု များအား ရပ်ဆိုင်းရန်” တောင်းဆိုမှုတွင် (MCRB) ပူးပေါင်းပါဝင်

“အင်တာနက်ပိတ်ဆို့မှုများအား ရပ်ဆိုင်းရန်နှင့် သုံးဆင့် စစ်ဆေးမှု နှင့်မကိုက်ညီသော ဝက်ဘ်ဆိုက်ပိတ် ဆို့မှု များအား ရပ်ဆိုင်းရန်” တောင်းဆိုမှုတွင် (MCRB) ပူးပေါင်းပါဝင်

MCRBသည် ၎င်း၏ ရခိုင်ပြည်နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားလျက် ရှိသည့်  အင်တာနက်မိုဘိုင်းဒေတာဝန်ဆောင်မှု ကန့်သတ်ပိတ်ဆို့မှု များအား ပယ်ဖျက်ပေးပါရန်ဟူသော အစိုးရအား တောင်း ဆိုမှုအား ထပ်လောင်းတင်ပြလိုက်ပါသည်။
MCRBသည် ၎င်း၏ ရခိုင်ပြည်နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားလျက် ရှိသည့် အင်တာနက်မိုဘိုင်းဒေတာဝန်ဆောင်မှု ကန့်သတ်ပိတ်ဆို့မှု များအား ပယ်ဖျက်ပေးပါရန်ဟူသော အစိုးရအား တောင်း ဆိုမှုအား ထပ်လောင်းတင်ပြလိုက်ပါသည်။

မြန်မာ့စီး ပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန MCRBမှ နှစ်စဉ်ပူးပေါင်းစီစဉ်ကျင်းပသည့် (၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ဆုံးကျင်းပခဲ့သော) မြန်မာ ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်မှ တစ်ဆင့်သော်လည်း ကောင်း ဒီဂျစ်တယ် အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်ခွင့်တို့အား မြှင့်တင်ဆောင်ရွက်လျက်ရှိကြသော အဖွဲ့အစည်းများ စုပေါင်းပါဝင်သည့် ညွန့်ပေါင်းအင်အားစု သည် မကြာသေးမီက အစိုးရမှတစ်ဆင့် ဆက်သွယ်ရေး အော်ပရေတာများအား ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ရန်အ တွက် ညွှန်ကြားခဲ့မှုနှင့်စပ်လျဉ်း၍ သဘောထားကြေငြာချက် တစ်ခုကို ဧပြီလ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုပူးတွဲကြေငြာချက်တွင် အစိုးရ၏ လုပ်ဆောင်ချက်သည် အပြည်ပြည်ဆိုင်ရာ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးများ ဆိုင်ရာပဋိညာဉ်၏ အပိုဒ် ၁၉ (၃)တွင် ဖော်ပြထားသော အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့် ပိတ်ဆို့မှုသည်

(၁)ဥပဒေတွင် ရှင်းလင်းစွာ ပြဌာန်း ဖော်ပြထားရန်၊

(၂) တရားဝင်သော ရည်ရွယ်ချက်အတွက် ဖြစ်ရန်၊

(၃) ထိုရည်ရွယ်ချက်အထမြောက်ရန် အတွက် လိုအပ်၍ ဆီလျော်မှုရှိရန် လိုအပ်သည်။ ဟူ၍ ဖော်ပြထားသော သုံးဆင့်စစ်ဆေးမှုတို့နှင့် ကွာဟလျက်ရှိ ကြောင်း ဖော်ပြ ထားပါသည်။

MCRB၏ မြန်မာနိုင်ငံရှိ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာကဏ္ဍ(ICT)အပေါ် ကဏ္ဍအလိုက်သက် ရောက်မှုအကဲဖြတ်ခြင်း (SWIA) (၂၀၁၅ ခုနှစ်) သုတေသနအရ  ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေသည် လွတ်လပ်စွာထုတ် ဖော်ပြောဆိုနိုင်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတို့နှင့် ဆက်စပ်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး စံချိန်စံညွှန်းများ နှင့် စပ်လျဉ်း၍ အားနည်းချက်များ ရှိနေမှုကို တွေ့ရှိခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဝက်ဘ်ဆိုဒ်များအား ပိတ်ဆို့ရန်အတွက် ဆက်သွယ်ရေး အော်ပရေတာများအား ဖိအားပေးရာတွင် အစိုးရမှ အသုံးပြုခဲ့သည့် ပုဒ်မ ၇၇ လည်း ပါဝင်သည်။

COVID 19 နှင့် ပတ်သတ်၍ သတင်းအချက်အလက် အမှားများ ဖြန့်ဝေခြင်းအား တားဆီးရန်ရည်ရွယ်ကာ ဆက် သွယ်ရေးအော်ပရေတာများဆီသို့ အစိုးရမှ  မကြာသေးမီက ပေးပို့ခဲ့သော (ထုတ်ပြန်ခြင်းမပြုခဲ့သော) ညွှန်ကြားချက်များ တွင် အစိုးရသည် တရားဝင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆို နိုင်ခွင့်အား ဆင်ဆာလုပ်တင်းကြပ်တားဆီးမှုကို ဖြစ်ပေါ်စေ ပြီး ဤလုပ်ဆောင်မှုသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ ကင်းမဲ့နေကြောင်း MCRB က သတိပြုမိသည်။

ထို့ပြင် ထိုညွှန်ကြားချက်များသည် ကုမ္ပဏီများအားလည်း ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ လမ်းညွှန်ချက် များတွင် ဖော်ပြထားသော ၎င်းတို့လေးစားလိုက်နာရမည့် လူ့အခွင့်အရေးစည်းမျဉ်းများအား လိုက်နာဆောင်ရွက်ခြင်း နှင့် သွေဖယ်လျက်ရှိသော လုပ်ဆောင်ချက်များကို ဆောင်ရွက် စေခဲ့ပါသည်။ Telenor, Ericsson, Google, Microsoft နှင့် Facebook  တို့အပါအဝင် စီးပွားရေးနှင့် အရပ်ဖက်အဖွဲ့ အစည်းစုစုပေါင်း (၆၀)ကျော်ဖြင့် ဖွဲ့စည်းထားသော Global Network Initiative သည် ကုလသမဂ္ဂမှ ချမှတ်ထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းနှင့် ပတ်သတ်သည့် စံနှုန်းများအား ၎င်းတို့၏စည်းမျဉ်းများတွင် ထည့်သွင်းကျင့် သုံးလျက်ရှိပါသည်။

ထိုအချင်းအရာ၏ အဓိကဖွင့်ဆိုမှုမှာ “လွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်ခြင်းသည် နိုင်ငံတကာဥပဒေများ (သို့မဟုတ်) စံနှုန်းများပေါ်မူတည်၍ တိကျစွာ ကန့်သတ်သတ်မှတ်ထား သော အခြေအနေများမှလွဲ၍ မည်သည့် အစိုးရကမှ တားဆီးကန့်သတ်ခြင်း မပြုလုပ်သင့်ပါ။ ထိုတားဆီး ကန့်သတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်အရေးဥပဒေများ (သို့မဟုတ်) စံနှုန်းများ၊ တရားဥပဒေ စိုးမိုးရေးနှင့် အံဝင်ခွင်ကျဖြစ်ရန်လိုအပ်ပြီး သင့်လျော်သော ရည်ရွယ်ချက်အတွက် အမှန်တကယ်လိုအပ်သော အရာဖြစ် ရန်လည်း လိုအပ်ပါသည်” ဟူ၍ဖြစ်သည်။

ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ သတိမမူမိသောကြောင့်ဖြစ်စေ အင်တာနက်ပေါ်တွင် ဖန်တီးဖြန့်ဝေမိသော သတင်းအမှား များကြောင့် COVID-19အား ထိထိရောက်ရောက် ရင်ဆိုင် တွန်းလှန်ရန် ဆောင်ရွက်နေမှုများအား ထိပါးစေမည်ကို မြန်မာအစိုးရ၊ ကျန်းမာရေးပညာရှင်များနှင့် လူ့အဖွဲ့အစည်းမှ စိုးရိမ်ပူပန်မိသည်ကို MCRB က နားလည်ပါသည်။ ကျွန်ုပ်တို့သည် ထိုသတင်းအတုများအား ဖော်ထုတ်ရန်နှင့် မြန်မာနိုင်ငံရှိလူများအားလုံးအနေဖြင့် ကျန်းမာစွာ နေထိုင် ရန်နှင့် COVID-19 ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်သော မှန်ကန်သည့်သတင်းအချက်အလက်များ ရရှိနိုင် ရန် ဆောင်ရွက်လျက်ရှိသောသူများနှင့် ပူးပေါင်းသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော သူများ သည် မည်သည့်နေရာတွင် နေထိုင်နေသည်ဖြစ်ပါစေ ထိုသ တင်းအချက်အလက်များအား အင်တာနက်မှတစ်ဆင့် ရရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် MCRBသည် ၎င်း၏ ရခိုင်ပြည် နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားလျက်ရှိသည့်  (၉)လကျော်ကြာပြီဖြစ်သော ကမ္ဘာ့အ ကြာရှည်ဆုံးသော အင်တာနက်မိုဘိုင်းဒေတာဝန်ဆောင်မှု ကန့်သတ်ပိတ်ဆို့မှုများအား ပယ်ဖျက်ပေးပါရန် အစိုးရအား တောင်းဆိုမှုအား ထပ်လောင်းတင်ပြလိုက်ပါသည်။

Download the PDFDownload the PDF
Download the PDFDownload the PDF
© 2024 Myanmar Centre for Responsible Business