မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှု အပေါ် ပူးတွဲ ကြေညာချက် - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှု အပေါ် ပူးတွဲ ကြေညာချက်

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် ဖြတ်တောက်မှု အပေါ် ပူးတွဲ ကြေညာချက်

အင်တာနက် ဖြတ်တောက်မှုကြောင့် ရန်ကုန်ရှိ အားကစားပစ္စည်း အရောင်းဆိုင် တစ်ခုတွင် အလွယ်တကူ သယ်ယူနိုင်သော ရေဒီယိုများ ရောင်းချရန် ကြော်ငြာနေသည်။
အင်တာနက် ဖြတ်တောက်မှုကြောင့် ရန်ကုန်ရှိ အားကစားပစ္စည်း အရောင်းဆိုင် တစ်ခုတွင် အလွယ်တကူ သယ်ယူနိုင်သော ရေဒီယိုများ ရောင်းချရန် ကြော်ငြာနေသည်။

The Global Network Initiative နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) တို့မှ မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် ပြတ်တောက်မှုများနှင့် အင်တာနက် ကန့်သတ်မှုများ နှစ်လပြည့်လုနီးပါး အချိန်ကာလ ရောက်ရှိလာမှု အပေါ် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

ဤကြေညာချက်နှင့်အတူ ထောက်ခံ ရပ်တည်လိုသော နိုင်ငံတကာ သို့မဟုတ် ပြည်တွင်း ကုမ္ပဏီများအား ကြိုဆို ဖိတ်ခေါ်ပါသည်။ ကုမ္ပဏီများ အနေဖြင့် စာရင်း ပေးသွင်းလိုပါက  သို့ ဆက်သွယ် ပေးပို့နိုင်ပါသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် အပြည့်အဝ ပြန်လည်ရရှိရန် လိုအပ်သည်

၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်မှ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါသည်။ ယနေ့အချိန်ထိ နိုင်ငံတစ်ဝန်းလုံး မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုသည် နှစ်လရှိပြီ ဖြစ်ပါသည်။ အခြားသော အင်တာနက် ဝန်ဆောင်မှုများ အတွက်လည်း ကန့်သတ်မှုများ ပို၍ရှိလာပါသည်။ ဤသက်‌ရောက်မှုသည် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများ၏ ၉၉ ရာခိုင်နှုန်းကျော် ဖြစ်သော မိုဘိုင်းအင်တာနက် သုံးစွဲသူများအပေါ် အများဆုံးသက်ရောက်မှု ရှိနေပါသည်။ ပြည်သူအများအပြား၊ အထူးသဖြင့် အခြား အင်တာနက် ဝန်ဆောင်မှု နည်းလမ်းများ မရရှိသော ကျေးလက်ဒေသများတွင် နေထိုင်ကြသူများသည် ကျန်းမာရေး၊ ပညာရေး၊ သတင်းအချက်အလက် တို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်နှင့် စားဝတ်နေရေး နှင့် ‌ငွေလွှဲပြောင်းခြင်းတို့အတွက် မိုဘိုင်းဖုန်းများကို အမှီပြုကြရသည်။

နိုင်ငံတစ်ဝန်း မိုဘိုင်းအင်တာနက် နှင့် ကြိုးမဲ့ broadband အင်တာနက် ကန့်သတ်မှုများသည် မြန်မာပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြောင့် ရင်ဆိုင်ကြုံတွေ့နေရသော စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်များကို ပို၍ဖြစ်စေပြီး မြန်မာပြည်သူတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လုပ်ဆောင်ခြင်းတို့ကို တားမြစ်ခဲ့သည်။ ထို့အပြင် ယင်းကန့်သတ်ချက်များသည် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အာမခံသော ဆက်သွယ်ရေး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် လုံခြုံမှု အခွင့်အရေးကို လျော့ပါးစေခဲ့ပါသည်။

လက်ရှိ ကန့်သတ်ချက်များသည် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများနှင့် ပို၍ ကျယ်ကျယ်ပြန့်ပြန့် စီးပွားရေးအပေါ် များစွာသက်ရောက်မှု ရှိနေပါသည်။ မကြာသေးမီက မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများကို စစ်တမ်း‌ (survey) ကောက်မှုအရ (ဘဏ်လုပ်ငန်း ဆိုင်ရာ အဆင်မပြေမှုများ ပြီးနောက်) အင်တာနက် ပြတ်တောက်ခြင်းများကို  ဒုတိယ အကြီးမားဆုံးသော စိန်ခေါ်မှုအဖြစ်ဖြင့် ဖော်ပြခဲ့ပြီး စစ်တမ်းကောက်သူ ၇၀ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနေပါသည်။ အထူးသဖြင့် e-commerce ကဏ္ဍ၊ ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) နှင့် စွန့်ဦးတီထွင်သူများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ ပေးပို့‌ဆောင်ရွက်ခြင်း၊ ရန်ပုံငွေများ လွှဲပြောင်းခြင်း နှင့် နေ့စဥ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခြင်း တို့တွင် သိသာထင်ရှားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ထိုစိန်ခေါ်မှုများသည် ခိုင်မာမှုကျဆင်း‌နေသော ဘဏ်လုပ်ငန်းကဏ္ဍအား ပို၍ဆိုးရွားစေပါသည်။

ငွေကြေးဝန်ဆောင်မှုများ အပါအဝင် ရွေးချယ်ထားသော အချို့သော အင်တာနက် ဝန်ဆောင်မှုများကိုသာ စာရင်းဖြူနည်းလမ်း ‘whitelisting’ ဖြင့် ခွင့်ပြုထားသည့် လက်ရှိ လုပ်ဆောင်နည်းသည် ရေရှည်ဖြေရှင်းချက် မဟုတ်ပါ။ ဤလုပ်ဆောင်နည်းသည် ပိုမိုကျယ်ပြန့်လှသော ကန့်သတ်ချက်များ၏ ဆိုးကျိုး သက်ရောက်မှုများကို အသိအမှတ်ပြုသော်လည်း နည်းပညာပိုင်းဆိုင်ရာအရ ခက်ခဲပြီး လက်တွေ့ အကောင်အထည်ဖော်ရန်မှာ ထိရောက်မှုမရှိပါ။ ထို့အပြင် ထိုသို့လုပ်ဆောင်ခြင်းသည် ခွဲခြားကန့်သတ်မှုကို ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အချို့သော ဝန်ဆောင်မှုများ၏ လုပ်ငန်းလည်ပတ်မှုကိုသာ အဓိကအားဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံရှိ ပြည်သူများ လိုအပ်သော အခြား ဝန်ဆောင်မှုများစွာနှင့် သတင်းအချက်အလက် ရင်းမြစ်များအား လက်လှမ်းမီရရှိမှုကို ပိတ်ပင် တားဆီးနေသောကြောင့်ဖြစ်သည်။ ထိုသို့ ပြုလုပ်မည့်အစား ဝက်ဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများအားလုံး ရရှိဆောင်ရွက်နိုင်ရန် မူလလုပ်ဆောင်နည်းကို ဆောင်ရွက်သင့်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ယခင်က တောင်းဆိုခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်များ အားလုံးတွင် သတင်း အချက်အလက်များကို တန်းတူညီမျှရရှိရေးနှင့် အကန့်အသတ်မရှိ ရရှိနိုင်ရေးတို့အား ထပ်လောင်းတောင်းဆိုပါသည်။

လက်မှတ်ရေးထိုးသူများ

Asia Internet Coalition Bolo Bhi Domini Impact Investments
ERA Public Relations Ericsson Facebook
Free Expression Myanmar Frontier Myanmar Frontiir
Global Media Development Forum Internet Sans Frontieres Kinetic Myanmar Technology Co., Ltd
NetBlocks Ooredoo Group Open Net
PEN America
Ranking Digital Rights RICE
Telenor Group
TOTAL
Unocal Myanmar (Chevron)
Wave Money Wikimedia Foundation
Women of Uganda Network (WOUGNET)

အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ဖတ်ရှုလိုပါက

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

The Global Network Initiative နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) တို့မှ မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် ပြတ်တောက်မှုများနှင့် အင်တာနက် ကန့်သတ်မှုများ နှစ်လပြည့်လုနီးပါး အချိန်ကာလ ရောက်ရှိလာမှု အပေါ် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)အပါအဝင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF) မိတ်ဖက်အဖွဲ့ဝင်များသည် ပူးတွဲသဘောထားထုတ်ပြန်ချက် တစ်စောင်အား ထုတ်ပြန်လိုက်ကာ မြန်မာနိုင်ငံတော်အစိုးရအား ရခိုင်မြို့နယ် (၇)ခု နှင့် ချင်းပြည်နယ်၏ ပလက်ဝမြို့နယ်တို့တွင် 3G နှင့် 4G အင်တာနက်ဝန်ဆောင်မှုများ

MCRB နှင့် ၎င်းနှင့်အတူ မြန်မာဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်အား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းများ ဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)၊ “မြန်”အိုင်စီတီ (MIDO) နှင့် ဖန်တီးရာ (Phandeeyar)တို့သည် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းတို့နှင့်အတူ ရခိုင်နှင့်ချင်းပြည်နယ် တို့တွင် ဖြစ်ပွားလျက်ရှိသော မိုဘိုင်းဒေတာဖြတ် တောက်မှု၏ တစ်နှစ်ပြည့်ခြင်းအထိမ်းမှတ်အတွက် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်ခုအား ဇွန်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ဒီဂျစ်တယ်အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြော ဆိုနိုင် ခွင့်တို့အား မြှင့်တင်ရာတွင် တက်ကြွလှုပ်ရှားစွာ ဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများပါဝင်သည့် ညွန့်ပေါင်းအင် အားစုသည် အစိုးရမှ ဝက်ဘ်ဆိုက်များအား ကန့်သတ်ပိတ် ဆို့ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာများအား ညွှန် ကြားခဲ့မှုနှင့်စပ်လျဉ်း၍ သဘောထားကြေငြာချက်တစ်ခုကို ဧပြီလ (၂)ရက်နေ့တွင် ထုတ် ပြန်ခဲ့ပါသည်။

© 2024 Myanmar Centre for Responsible Business