ကမ္ဘာ့အကြာဆုံးသော အင်တာနက်ဖြတ်တောက်မှုအား အဆုံးသတ်သင့်ကြောင်း နှင့် အင်တာနက်ဖြတ်တောက် မှုသည် ဒုတိယနှစ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » ကမ္ဘာ့အကြာဆုံးသော အင်တာနက်ဖြတ်တောက်မှုအား အဆုံးသတ်သင့်ကြောင်း နှင့် အင်တာနက်ဖြတ်တောက် မှုသည် ဒုတိယနှစ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း

ကမ္ဘာ့အကြာဆုံးသော အင်တာနက်ဖြတ်တောက်မှုအား အဆုံးသတ်သင့်ကြောင်း နှင့် အင်တာနက်ဖြတ်တောက် မှုသည် ဒုတိယနှစ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း

MCRB believes that this shutdown is an ongoing violation of the economic, social, cultural, developmental, political, and civil rights.
MCRB believes that this shutdown is an ongoing violation of the economic, social, cultural, developmental, political, and civil rights.

MCRB နှင့် ၎င်းနှင့်အတူ မြန်မာဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်အား ပူးပေါင်းဆောင်ရွက်သော  အဖွဲ့အစည်းများ ဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM)  “မြန်”အိုင်စီတီ (MIDO) နှင့် ဖန်တီးရာ (Phandeeyar)တို့သည် အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းတို့နှင့်အတူ ရခိုင်နှင့်ချင်းပြည်နယ် တို့တွင် ဖြစ်ပွားလျက်ရှိသော မိုဘိုင်းဒေတာဖြတ် တောက်မှု၏ တစ်နှစ်ပြည့်ခြင်းအထိမ်းမှတ်အတွက် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်ခုအား ဇွန်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ထိုသဘောထားထုတ်ပြန်ချက်သည် ဆက်လက်ဖြစ်ပွား နေသော ကမ္ဘာ့အကြာဆုံးသော အင်တာနက်ဖြတ် တောက်မှုအား ရှုံ့ချလိုက်ကာ အစိုးရအား ကန့်သတ် ပိတ်ဆို့မှုများအား ချက်ချင်းရုတ်သိမ်းပြီး စွမ်းရည်ပြည့်ဝ သော ဆက်သွယ်ရေးလိုင်းများအား အကန့်အသတ်မရှိ ပြန်လည်တည်ဆောက်ပေးရန် တိုက်တွန်းတောင်းဆို လိုက်သည်။ ထို့အပြင် ထိုသဘောထားထုတ်ပြန်ချက် သည်အစိုးရအား အောက်ပါအချက်များကိုလည်း တောင်းဆိုထားပါသည်။

  • အဆိုပါ မြို့နယ် (၈) မြို့နယ်ရှိ မိုဘိုင်း အင်တာနက်လိုင်းများအား ခြွင်းချက်မရှိ စွမ်း အားပြည့် ချက်ခြင်းပြန်ဖွင့်ပေးရန်။

  • ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၇၇ နှင့် ၇၈ တို့အား ပြန်လည်သုံးသပ်ရန်နှင့် ၎င်းတို့အား လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ အမြန်ဆုံး ပြင်ဆင်ရန်။

  • အနာဂတ်တွင်နှင့်  လာမည့်ရွေးကောက်ပွဲကာလများတွင်လည်း ယခုအင်တာနက်ဖြတ်တောက်ခံ ထားရသော ဒေသများတွင် သော်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားသည့် အခြားဒေသများအပါအဝင် ကျန် ဒေသများတွင်သော်လည်းကောင်း ယခုကဲ့သို့ အင်တာနက်ဆက်သွယ်ရေးစနစ်ဖြတ်တောက် ခြင်းများနှင့် အင်တာနက်နှုန်းလျော့ချခြင်းများ အား(လုံးဝ) မပြုလုပ်ရန်။

ပြီးခဲ့သည့်နှစ်အတွင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန (MOTC) သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီများအား ရခိုင်ပြည်နယ်မြောက် ပိုင်းရှိမြို့နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများ ဖြတ် တောက်ရန် မှာကြားခဲ့ပါသည်။ ယခုလက်ရှိတွင်မူ မြို့နယ် (၈) မြို့နယ်တို့သည် အင်တာနက်ဖြတ် တောက်မှု အား ဆက်လက်ခံစားနေရဆဲဖြစ်ပါသည်။ (မောင်တော မြို့နယ်တွင်မူ ကန့်သတ်ချက်များအား မေလ (၂) ရက်နေ့ တွင် ဖြေလျော့ခဲ့ပါသည်။)

MCRB အနေဖြင့် ဤကဲ့သို့ဖြတ်တောက်မှုသည် ထိုမြို့နယ်များတွင် နေထိုင်နေသော ဒေသခံလူထု၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးနှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများအား ချိုးဖောက်နေကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသောဒေသတွင် နေထိုင်သော လူထုအား ဆိုးရွားသောထိခိုက်မှုများကို တွေ့ကြုံခံစားရစေသည်ဟု ယူဆပါသည်။ COVID-19 ကပ်ဘေးကာလအတွင်း တွင် လူသားတိုင်းမှ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာများအား တည်တံ့စွာ၊ ပွင့်လင်းစွာ၊ လုံခြုံမှုရှိစွာနှင့် သက်သာချောင်ချိစွာ  ရရှိသုံးစွဲနိုင်ခြင်း သည် အလွန်အရေးပါပါသည်။ COVID-19 ကာလ အတွင်းတွင် ဆက်သွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့များမှ လူမှုကွန်ရက်များအား တွင်ကျယ်စွာ အသုံးပြုနေချိန်တွင် COVID-19 ကြောင့် ဖြစ်ပေါ်လာသော ကန့်သတ်ချက်များနှင့် ဖြတ်တောက်မှု များကြောင့် ကျေးလက်ဒေသများတွင် နေထိုင်သူများ သည်  COVID-19ဖြစ်ပွားခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာများအား မရရှိနိုင်ပဲ ဖြစ်နေပါသည်။ အင်တာနက်ဖြတ်တောက်မှုသည် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုများအား အနှောင့် အယှက်ဖြစ်စေကာ ပဋိပက္ခဖြစ်ပွားနေသောဒေသများ တွင် လုံခြုံရေးအခြေအနေကို ပိုမိုဆိုးရွားစေပါသည်။ လူထုနှင့် ၎င်းတို့၏မိသားစုများအကြား ဆက်သွယ်မှု နှင့် သတင်းဖြန့်ဝေမှုတို့အပေါ်တွင် ထိခိုက်မှုများကို ဖြစ်ပေါ်စေပါသည်။

ထိုပူးတွဲသဘောထားထုတ်ပြန်ချက်သည် MCRBမှ ၎င်း ၏ MDRF မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၇၇နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီ သော အခြားသော ပုဒ်မများအား ပြုပြင်ပြောင်းလဲရန် အတွက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုအား စတင်ရန်အ တွက် လုပ်ဆောင်ခြင်းပြီးနောက်တွင် ပြုလုပ်သော ထုတ်ပြန်ချက်ဖြစ်ပါသည်။ ထိုပုဒ်မများနှင့်ဆက်နွယ်သည့် ကိစ္စရပ်များအား MCRB၏ ၂၀၁၅ခုနှစ် မြန်မာ့အိုင်စီတီကဏ္ဍ၏ သက် ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (SWIA)တွင် ထည့်သွင်းဖော်ပြထားပါသည်။ (အစိုးရ သည် ပုဒ်မ ၇၇ အား ဆက်သွယ်ရေးအော်ပရေတာ များအား အင်တာနက်ဖြတ်တောက်ရန်နှင့် ဝက်ဘ်ဆိုဒ် များအား အမိန့်ပေးတောင်းဆိုရာတွင် အသုံးပြုခဲ့ပါ သည်။

၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈/၂၉ ရက်တို့တွင် ကျင်းပ ခဲ့သော လေးကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေး ဖိုရမ်သည်  အင်တာနက်အား လူ့အဖွဲ့အစည်းတစ်ရပ် လုံးမှ ရရှိနိုင်ခြင်းသည် အခြားသောလူ့အခွင့်အရေးများ အား ရရှိခံစားနိုင်ရန်အတွက် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ကြောင်း အသိအမှတ်ပြုဖော်ပြခဲ့ပါသည်။ ကုလ သမဂ္ဂမှလည်း ထိုအချက်အား ကြိမ်ဖန်များစွာ ထောက်ပြ ဖော်ပြခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီသည် “အင်တာနက်နှင့်ပတ်သတ်သည့် လူ့အခွင့်အရေးများအား မြှင့်တင်ခြင်း၊ ကာကွယ်ခြင်းနှင့် ခံစားခြင်း”ဟူသော ထုတ်ပြန်ချက်ပေါ်တွင် သဘော တူညီမှုရယူထိန်းသိမ်းခဲ့ပါသည်။  ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် အမြောက်အများမှ ပြုစုခဲ့သော၂၀၁၅ခုနှစ် လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်နှင့် ပဋိပက္ခများအား တုံ့ပြန်ခြင်းများနှင့်ပတ်သတ် သည့် ပူးတွဲကြေငြာချက်တွင် “အင်တာနက်ပေါ်တွင် အကြာင်းအရာများအား စိစစ်ခြင်း၊ ဆက်သွယ်ရေး “kill switches” (ဆက်သွယ်ရေးစနစ်၏ အစိတ် အပိုင်းတစ်ခုလုံးအား ဖြတ်တောက်လိုက်ခြင်း)ကို အသုံး ပြုခြင်းနှင့် ထုတ်လွှင့်ရေးဌာနများအား သိမ်းပိုက်ခြင်း တို့သည် လူ့အခွင့်အရေးဥပဒေများအရ တရားမျှတမှု မပေးနိုင်သော အရာများဖြစ်သည်ဟူ၍ ဖော်ပြခဲ့ပါသည်။

အရှေ့တောင်အာရှ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးသည် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက် မှုအား ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား တောင်းဆို ခဲ့ပါသည်။ ARTICLE 19 နှင့် Human Rights Watch တို့မှလည်း အလားတူ လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ သည်လည်း ကနေဒါနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အီတလီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ယူကေ နှင့် အမေရိကန်နိုင်ငံတို့မှ သံတမန်ရေးရာကိုယ်စားလှယ်အဖွဲ့များနှင့်အတူ သဘောထားထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။

ရှေ့လများအတွင်းတွင် MCRB သည် နောင်တက်လာ မည့် မြန်မာအစိုးရနှင့် လွှတ်တော်ထံသို့ ပြုပြင်ပြောင်း လဲရေးအတွက် အဆိုပြုလွှာများပေးပို့ရန်အတွက် ကုမ္ပဏီများ၊ အခြားသောကဏ္ဍများမှ ကိုယ်စားလှယ် များနှင့်အတူ ညွန့်ပေါင်းဆောင်ရွက်မှုတစ်ခုကို လုပ် ဆောင်သွားမည် ဖြစ်သည်။

Download the Joint Statement

Joint Statement

Download the joint statement »

Download
© 2024 Myanmar Centre for Responsible Business