ကချင်ပြည်နယ်ရှိ ကျောက်စိမ်းသတ္တုတွင်းဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဥ်များ - သတင်းစဉ်
You are here Home » သတင်းစဉ် » ကချင်ပြည်နယ်ရှိ ကျောက်စိမ်းသတ္တုတွင်းဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဥ်များ

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းသတ္တုတွင်းဆိုင်ရာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဥ်များ

ရေမဆေးကျောက်တူးဖော်လုပ်ကိုင်သူများအတွက်ပါ ထည့်သွင်းစဥ်းစားထားသော ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသများရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုဘေးအန္တရာယ် ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အလေ့အကျင့် ကောင်းများ ရရှိအောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များပါဝင်သည့် ဤအကြံပြုစာတမ်း (အင်္ဂလိပ် နှင့် မြန်မာဘာသာ)ကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် Coffey-Valentis တို့မှ လေ့လာ ပြုစုခဲ့ပါသည်။
ရေမဆေးကျောက်တူးဖော်လုပ်ကိုင်သူများအတွက်ပါ ထည့်သွင်းစဥ်းစားထားသော ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသများရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုဘေးအန္တရာယ် ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အလေ့အကျင့် ကောင်းများ ရရှိအောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များပါဝင်သည့် ဤအကြံပြုစာတမ်း (အင်္ဂလိပ် နှင့် မြန်မာဘာသာ)ကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် Coffey-Valentis တို့မှ လေ့လာ ပြုစုခဲ့ပါသည်။

ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသ  ဇုန် (၁၀) ခု အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဥ်မူကြမ်းများနှင့်အတူ ရေမဆေးကျောက်တူးဖော်လုပ်ကိုင်သူများအတွက်ပါ ထည့်သွင်းစဥ်းစားထားသော ကချင်ပြည်နယ် လုံးခင်းနှင့် ဖားကန့်ဒေသများရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ပိုမိုဘေးအန္တရာယ် ကင်းရှင်း၍ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အလေ့အကျင့် ကောင်းများ ရရှိအောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များပါဝင်သည့် ဤအကြံပြုစာတမ်း (အင်္ဂလိပ် နှင့် မြန်မာဘာသာ)ကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် Coffey-Valentis တို့မှ လေ့လာ ပြုစုခဲ့ပြီး၊ ထိုမူကြမ်းများ အား ၂၀၁၇ ခု နှစ်လည်ပိုင်းတွင် အစိုးရကို တင်သွင်းခဲ့ပါသည်။ အစိုးရ၏ တောင်းဆိုချက်အရ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု မူကြမ်းကို ဇုန်တစ်ခုချင်းစီတိုင်းအတွက် အကြီးစားသတ္တုတွင်း EMP (အဂ်လိပ်မြန်မာ) နှင့် အသေးစားနှင့် တစ်ပိုင်တစ်နိုင် သတ္တုတွင်းများအတွက် EMP (အဂ်လိပ်မြန်မာ) စသဖြင့် ခွဲထုတ်ခဲ့ပါသည်။ ဇုန် ၁ မှ အကြီးစားသတ္တုတွင်းနှင့် တစ်ပိုင်တစ်ုနိုင်သတ္တုတွင်းများအတွက် EMP နမူနာကို အဂ်လိပ်၊ မြန်မာဘာသာတို့ဖြင့် ဤနေရာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာများအတွက် စည်းမျဥ်းစည်းကမ်းများနှင့် စျေးကွက်အတွက် တာဝန်ရှိသည့်၊ သက်ဆိုင်ရာ လုပ်ငန်းများအနေဖြင့် ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့် အညီ လိုက်နာမှုရှိစေရန် စည်းကြပ်ရသည့် အာဏာပိုင် (regulatory authority) ဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (MGE) ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (MGJEA) အတွက် ထို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဥ် (EMP) ကို Coffey-Valentis မှ ပြုစုခဲ့သည်။ ဤနယ်ပယ်တွင်ကျွမ်းကျင်ပညာရှင်များဖြစ်သော Estelle Levin ( ယခု Levin Sources) အပြင် မြန်မာအတိုင်ပင်ခံဖြစ်သော Total Business Solutions တို့မှလည်း လက်လုပ်လက်စား သတ္တုတူးဖော်သူများနှင့်ဆိုင်သည့် အလုပ်များကို ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။

ကုမ္ပဏီများအနေဖြင့် လုပ်ငန်းတင်ဒါလျှောက်ထားရာတွင် စာရွက်စာတမ်းများအား EMP တစ်ခု၏ ပုံစံဖြင့် တင်ပြလျှောက်ထားရမည်ဟု MGE/MGJEA မှ သတ်မှတ်ထားခဲ့သည်။ ပိုမိုကောင်းမွန်သောပုံစံတစ်ခုမှာ ယခင် စတင်ခဲ့ပြီးသော လုပ်ငန်းများအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု စိစစ်ခြင်း (EIA လုပ်ထုံးလုပ်နည်း ပုဒ်မ ၈ တွင် ဖော်ပြထားသည့်အတိုင်း) နှင့် ထို့နောက်တွင် မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (EIA လုပ်ထုံးလုပ်နည်း ပုဒ်မ ၁၂၃/၁၂၄) များကို လုပ်ဆောင်ကြစေရန် ဖြစ်ပါသည်။

သို့ရာတွင် ထပ်ဆောင်းအကြံပြုစာတမ်း အပါအဝင် Coffey-Valentis မှ တင်ပြသော အချက်အလက်များထဲတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော၊ အန္တရာယ်ရှိသော ကျောက်စိမ်းတူး‌‌ဖော်ခြင်း ဆိုင်ရာ ပြဿနာများအား ပို၍မဟာဗျူဟာကျသောနည်းလမ်းများဖြင့် မည်သို့ ရှာဖွေ ဖော်ထုတ်သင့်သည်နှင့် ၎င်းတို့အား မည်သို့ဖြေရှင်းရမည်ကို အစိုးရသို့ အကြံပြုထားပါသည်။ လိုင်စင်ရယူပြီးသား နှင့် လိုင်စင်အသစ် နှစ်ခုစလုံးအတွက် သင့်တော်၍ အတည်ပြုနိုင်သော၊ စစ်ဆေးနိုင်သော EMPs များအဖြစ်အသုံးပြုနိုင်ရန် ကုမ္ပဏီတစ်ခုချင်းစီအတွက် စံနမူနာ ပုံစံများကို Coffey-Valentis တို့မှ တင်ပြထားသော EMP များတွင် ထည့်သွင်း ဖော်ပြထားပါသည်။ သတ္တုတူးဖော်ရေးကုမ္ပဏီအားလုံးသည် ၎င်း EMP များကို ပြီးစီးအောင် ရေးဆွဲ အကောင်အထည်ဖော်နိုင် ကြပြီး၊ သတ္တုတူးဖော်ရေး ကုမ္ပဏီများ၊ သတ္တုတွင်းစစ်ဆေးရေးအရာရှိများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန စသည့်တို့အတွက် လိုအပ်သော သင်တန်းများ အပါအဝင်၊ အသက်ဆုံးရှုံးမှုများ နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို လျှော့ချရန် လုပ်ဆောင်မှုများ အတွက် အထောက်အကူ ပြုရန်ဖြစ်ပါသည်။

ယနေ့ထိတိုင်အောင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) သို့မဟုတ် အခြားအာဏာပိုင်များအနေဖြင့် မည်သည့်အကောင်အထည်ဖော်ဆောင်ရွက်မှုကိုမှ လုပ်ဆောင်ခြင်း မရှိသေးပါ။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business