မြန်မာနိုင်ငံ၏ Universal Periodic Review (ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်) ဒုတိယအကျော့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ပူးပေါင်းအဆိုပြု တင်သွင်းခြင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာနိုင်ငံ၏ Universal Periodic Review (ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်) ဒုတိယအကျော့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ပူးပေါင်းအဆိုပြု တင်သွင်းခြင်း

မြန်မာနိုင်ငံ၏ Universal Periodic Review (ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်) ဒုတိယအကျော့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ပူးပေါင်းအဆိုပြု တင်သွင်းခြင်း

Universal Periodic Review သည်ကား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးမှ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း၏ လူ့အခွင့်အရေး မှတ်တမ်းများအား လေ့လာသုံးသပ်ကြသော ယန္တရားတစ်ခုဖြစ်ပါသည်။
Universal Periodic Review သည်ကား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးမှ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း၏ လူ့အခွင့်အရေး မှတ်တမ်းများအား လေ့လာသုံးသပ်ကြသော ယန္တရားတစ်ခုဖြစ်ပါသည်။

MCRB သည် မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ် (MDRF)တွင်ပါဝင်သည့် ၎င်း၏မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော “မြန်”အိုင်စီတီ (MIDO)၊ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) တို့အပါအဝင် အဖွဲ့အစည်းပေါင်း (၁၂) ခုတို့နှင့်အတူ မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ သတင်းအချက်အလက်များအား လွတ်လပ်စွာ ရယူနိုင်ခြင်း၊ လွတ်လပ်စွာစုဝေးနိုင်ခြင်းတို့နှင့် ပတ်သတ်သည့် အကြောင်းအရာများအား ဖော်ပြထားသော အစီရင်ခံစာတစ်စောင်အား ရေးသားပြုစုကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ထံသို့ မြန်မာနိုင်ငံအတွက် ဒုတိယအချီ Universal Periodic Review အား ပြုစုခြင်းမစမီအချိန်တွင် ပေးပို့ခဲ့ပါသည်။ Universal Periodic Review သည်ကား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးမှ အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ လူ့အခွင့်အရေး မှတ်တမ်းများအား လေ့လာသုံးသပ်ကြသော ယန္တရားတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံချင်းစီ၏ မှတ်တမ်းများအား သုံးသပ်ခြင်းကို ယေဘူယျအားဖြင့် ငါးနှစ်လျင်တစ်ကြိမ် ပြုလုပ်ကြပါသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းများအား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ၂၀၂၁ခုနှစ်အစောပိုင်းတွင် ကျင်းပမည့် (၃၇) ကြိမ်မြောက် အလုပ်ရုံစည်းဝေးပွဲတွင်  လေ့လာသုံးသပ်သွားမည်ဖြစ်သည်။

ယခု ပူးပေါင်းတင်သွင်းလိုက်သော UPR အစီရင်ခံစာ သည် မြန်မာနိုင်ငံအနေဖြင့် ပြည့်စုံသော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုအား လုပ်ဆောင်ရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်းဟူသော အခွင့်အရေးအား လက်ကိုင်ကျင့်သုံးကြသူများအား  တရားစွဲဆိုခြင်းအား ရပ်တန့်ရန်၊ “အမုန်းစကား”အား တိုက်ဖျက်ရန် အပြုသဘောဆောင်သော မူဝါဒလုပ်ဆောင်ချက်များ ချမှတ်ရန်နှင့် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အင်တာနက် ဖြတ်တောက်မှုအား ရုတ်သိမ်းရန်လိုကြောင်းအား အကြံပြုထောက်ပြထားကာ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်သင့်သော အခြားသောကိစ္စရပ်များစွာကို လည်း ထည့်သွင်းဖော်ပြထားပါသည်။ MCRBသည် မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်အတွင်းရှိ လွတ်လပ်စွာ ထုတ်ဖော်နိုင်ခြင်းနှင့်ပတ်သတ်သည့် အားနည်းချက်များ အား ၎င်း၏ ၂၀၁၅ခုနှစ် မြန်မာ့ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ (အိုင်စီတီ)၏ သက်ရောက်မှုများအား လေ့လာဆန်းစီခြင်း အစီရင်ခံစာ တွင် မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ပြည်တွင်းဥပဒေများသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့် စသော နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများ နှင့် ကိုက်ညီမှုမရှိပါက ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံ လမ်းညွှန်ချက်များ အတွင်းတွင် ထည့်သွင်းဖော်ပြထားသော “လူ့အခွင့်အရေးအား လေးစားလိုက်နာရန်”တာဝန်အား ကျေပွန်အောင် ဆောင်ရွက်နေကြသော စီးပွားရေး လုပ်ငန်းများအတွက် လိုက်နာကျင့်သုံးဆောင်ရွက်ရန် ခက်ခဲသည့်အခြေအနေများကို ဖြစ်ပေါ်စေပါသည်။ မကြာသေးမီအချိန်များအတွင်းတွင် MCRBသည် အစိုးရမှ ဝက်ဘ်ဆိုဒ်များအား ပိတ်ဆို့ရန် မိုဘိုင်း ဒေတာနှင့် အင်တာနက်ရရှိမှုများအား ကန့်သတ် ထိန်းချုပ်ရန်အတွက် အသုံးပြုခဲ့သော ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၇၇ နှင့် အခြားသော အငြင်းပွားဖွယ်ပုဒ်မများအား ပြင်ဆင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုလုပ်ဆောင်ရန် စိတ်ပါ ဝင်စားလိုလားကြသော် MDRF မိတ်ဖက်အဖွဲ့အစည်း များ၊ စီးပွားရေးလုပ်ငန်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business