ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၏ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အား ကျင်းပခြင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၏ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အား ကျင်းပခြင်း

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၏ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အား ကျင်းပခြင်း

MCRB သည် ၎င်း၏လုပ်ငန်းများ စတင်လည်ပတ် သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လမှစတင်၍ UNGP လမ်းညွှန်ချက်များအား ၎င်း၏လုပ်ဆောင်ချက်များတွင် ထည့်သွင်းအသုံးပြု လိုက်နာခဲ့ပါသည်။
MCRB သည် ၎င်း၏လုပ်ငန်းများ စတင်လည်ပတ် သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လမှစတင်၍ UNGP လမ်းညွှန်ချက်များအား ၎င်း၏လုပ်ဆောင်ချက်များတွင် ထည့်သွင်းအသုံးပြု လိုက်နာခဲ့ပါသည်။

၂၀၁၁ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ များ (UNGPs မြန်မာ/အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖတ်ရှု နိုင်သည်)သည် ၎င်းတို့၏ ဆယ်နှစ်သက်တမ်း အတွင်း သို့ ရောက်ရှိလာမှုနှင့် ၎င်း၏ “နောင်ဆယ်နှစ်အတွင်း” တွင် လုပ်ဆောင်မည့် စီမံကိန်း ချမှတ်မှုအား အသိအမှတ် ပြု ကျင်းပရန်အတွက် MCRBမှ UNGPအကြောင်း မိတ်ဆက်ဖော်ပြထားသော မြန်မာစာတန်းထိုး ဗီဒီယို အတိုလေးခုအား မိတ်ဆက်ဝေမျှလိုက်ပါသည်။ ထိုဗီဒီယို များသည် MCRBအား ပူးပေါင်းတည်ထောင်ထားသော ဒိန်းမတ်လူ့အခွင့်အရေးအဖွဲ့ (Danish Institute for Human Rights - DIHR)မှ အမျိုးသားလူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI) အတွက် ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်ပေးခဲ့သော ဗီဒီယိုများဖြစ်ပါသည်။ ထိုဗီဒီယိုလေးခုသည် UNGP၏ အဓိကမဏ္ဍိုင် သုံးခု (စီးပွားရေးလုပ်ငန်းများ၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာမည့် လူ့အခွင့်အရေးများအား ကာကွယ်ရန် အစိုးရ၏တာဝန်၊ စီးပွားရေးလုပ်ငန်းများ၏ လူ့အခွင့် အရေး လိုက်နာဆောင်ရွက်ချက်များ အပါအဝင် လူ့အခွင့် အရေးအား ကာကွယ်ရန်တာဝန် နှင့် ပြန်လည်ကုစားရေး ကိစ္စရပ်များ)ကို မီးမောင်းထိုးဖော်ပြထားပါသည်။ စတုတ္ထမြောက်ဗီဒီယိုသည် စီးပွားရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် များအား ဖော်ပြထားပါသည်။

MCRB သည် ၎င်း၏လုပ်ငန်းများ စတင်လည်ပတ် သည့် ၂၀၁၃ခုနှစ်၊ ဇူလိုင်လမှစတင်၍ UNGP လမ်းညွှန်ချက်များအား ၎င်း၏လုပ်ဆောင်ချက်များတွင် ထည့်သွင်းအသုံးပြု လိုက်နာခဲ့ပါသည်။ UNGP၏ မဏ္ဍိုင်သုံးခု (ကာကွယ်ခြင်း၊ လိုက်နာခြင်း၊ ကုစားခြင်း)သည် MCRB၏ Theory of Change ၏ အဓိက အခြေခံအုတ်မြစ်များဖြစ်ပါသည်။

MCRB's Theory of Change

MCRBသည် UNGPအား အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းတို့အတွက် ၂၀၁၃ခုနှစ်မှစ၍ ကျင်းပခဲ့သော ရာပေါင်းများစွာသော အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများမှတစ်ဆင့် မိတ်ဆက် ဖော်ပြခဲ့ပါသည်။ ၂၀၂၀ခုနှစ် ဇွန်လတွင်ဖြစ်ပွားခဲ့သော ဖားကန့်ကျောက်စိမ်းတူးဖော်ရာနေရာ၏ မြေပြိုမှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော မြန်မာ့အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သဘောထား ထုတ်ပြန်ချက်အတွင်းတွင်လည်း   UNGPနည်းနာများအား ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။ MCRBနှင့်ချိတ်ဆက် ဆက်နွယ်မှုရှိနေသော မြန်မာနိုင်ငံရှိကုမ္ပဏီအများစုသည်လည်း လူ့အခွင့်အရေး မူဝါဒများအား UNGP လမ်းစဉ်များနှင့်အညီ ချမှတ်ထားရှိထားကြပါသည်။

MCRBမှဆောင်ရွက်ခဲ့သော အားပေးလှုံ့ဆော်မှုများကြောင့် UNGP သဘောတရားများ အထူးသဖြင့် ကုမ္ပဏီများအနေဖြင့် လေးစားလိုက်နာရမည့် လူ့အခွင့်အရေးအား လေးစားလိုက်နာရန်၊ မကျေနပ်ချက်ဖြေရှင်းခြင်းဆိုင်ရာ ယန္တရား (Operational Grievance Mechanisms – OGMs) များအား လက်လှမ်းမီရရှိအောင် ဆောင်ရွက်ပေးရန် တာဝန်များအား မိတ်ဆက်ပေးနိုင်ခဲ့ကာ ၎င်းမူများအား မြန်မာအစိုးရ၏ မူဝါဒများအတွင်းတွင် ထည့်သွင်းဖော်ပြနိုင်ခဲ့ပါသည်။ သီလဝါအထူးစီးပွားရေးဇုန်၏ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ကြေငြာချက်အမှတ် ၄/၂၀၁၅ သည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လူ့အခွင့်အရေးများအား လိုက်နာရန်ဟူသော အစိုးရ၏မျှော်မှန်းချက်များအား ချမှတ်ဖော်ပြထားပါသည်။ ထိုကြေငြာချက်သည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် OGMများအား ဖွဲ့စည်းရန်လိုအပ်ကြောင်းကို ဖော်ပြကာ ထိရောက်သောနည်းနာများအား ချမှတ်ဖော်ပြထားသော UNGP ၂၉ နှင့် ၃၀ အားလည်း ညွှန်းဆိုပြထားပါသည်။ ထိုနည်းတူစွာပင် MCRB၏အားပေးလှုံ့ဆော်မှုများကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း (အများပြည်သူပါဝင်မှုဆိုင်ရာ လမ်းညွှန်ချက်များ မူကြမ်း (Draft Environmental Impact Assessment – EIA – Public Participation Guidelines) သည် OGMဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီများအား လမ်းညွှန်ဖော်ပြရာ၌ UNGP၏ ၂၉/၃၁ တို့အား ညွှန်းဆိုဖော်ပြထားပါသည်။ EIA လုပ်ဆောင်မှုပြီးဆုံးသည့်အခါတွင် ပြုစုသော တရားဥပဒေအရ စည်းနှောင်မှုရှိသော လိုက်နာဆောင်ရွက်ရန်လိုအပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်မှု သက်သေခံလက်မှတ်များ (Environmetnal Compliance Certificates –ECCs) တွင်လည်း UNGPနှင့်ကိုက်ညီသော OGMလိုအပ်ကြောင်းကို ထည့်သွင်းဖော်ပြထားပါသည်။

“ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ များ (၁၀)နှစ်” စီမံကိန်းအား ဇူလိုင်လ (၇)ရက်နေ့တွင် စတင်ခဲ့ပြီးနောက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံအဖွဲ့အစည်းသည် ဆယ်စုနှစ်အတွင်းဆောင်ရွက်မည့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစီအစဉ်ရေးဆွဲရန်အတွက် ဆွေးနွေးညှိနှိုင်းမှုစီမံကိန်း တစ်ခုအား ဆောင်ရွက်လျက်ရှိပါသည်။ မြောက်များစွာ သော သက်ဆိုင်ရာကိုယ်စားလှယ်များမှ ပါဝင်ထားသော ဤဆွေးနွေးဆောင်ရွက်မှုသည် လမ်းညွှန်အခြေခံမူများ ၏ ယနေ့ထိတိုင်ကြုံတွေ့ခဲ့ရသော အောင်မြင်မှုများအား ဆင်ခြင်သုံးသပ်ခြင်း၊ လက်ရှိကွာဟချက်နှင့် စိန်ခေါ်မှု များအား ဆန်းစစ်ခြင်းနှင့် အဓိကအားဖြင့် ၂၀၂၀-၂၀၃၀ အတွင်းတွင် UNGPအား ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်မှန်းချက်ကြီးသော မျှော်မှန်းချက်နှင့် လမ်းစဉ်တို့ အား ချမှတ်ရန်ဖြစ်ပါသည်။ ထိုစီမံကိန်းအား ဂျာမနီ နိုင်ငံအစိုးရမှထောက်ပံ့ပေးထားပြီး ဂျာမနီ၏ ဥရောပ သမဂ္ဂအား ဦးဆောင်ဦးရွက်ပြုရမည့်ကာလအတွင်းတွင် လုပ်ဆောင်သည့် လုပ်ငန်းတစ်ရပ်လည်း ဖြစ်ပါသည်။ လမ်းစဉ်အား ချမှတ်ရန် အတွက် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် OHCHR၊ UNDP တို့အပြင် အခြားသော မိတ်ဖက်များနှင့်လည်း ပူးပေါင်းသွားမည်ဖြစ်သည်။

ဤဆောင်ရွက်ချက်၏ အဓိကအလေးထားသောအရာ သည်ကား ယခုအချိန်မှစ၍ ၂၀၃၀ခုနှစ်အထိအချိန် အတွင်းတွင် UNGP အကောင်အထည်ဖော် ဆောင်ရွက်မှုအား အရှိန်အဟုန်မြှင့်တင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (SDGs)၏ ဆယ်စုနှစ်ဆောင်ရွက်ချက်များနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၀ခုနှစ်အတွက် လူ့အခွင့်အရေးဆောင်ရွက်ချက်များ ဆိုင်ရာ တောင်းဆိုချက်များအား ပံ့ပိုးသွားရန်ဖြစ်သည်။

ဤဆောင်ရွက်ချက်သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တုံ့ပြန် လုပ်ဆောင်မှုများ၊ ၂၀၅၀ခုနှစ်တွင် အစိမ်းရောင်စီးပွားရေးစနစ်ထံသို့ သာတူညီမျှမှုရှိစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် လိုအပ်ချက်များနှင့် ပတ်သတ်သည့် မဟာဗျူဟာကျ သော မျှော်မှန်းချက်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းနှင့် စီးပွားရေးနှင့် လူ့အခွင့်အရေး အစီအမံများအနေဖြင့် နောင်ရာစုနှစ်အထိ စဉ်ဆက် မပြတ်ရေရှည်တည်တံ့နိုင်သော လမ်းစဉ်များအား ထောက်ပံ့ပေးနိုင်သည်ဟူသော အမြင်အယူအစများအား ပေးပံ့ပိုးပေးရန်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

အလုပ်ရုံအဖွဲ့သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ထံသို့ အစီအရင်ခံတင်ပြမှုအား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ပြုလုပ်သွားမည်ဖြစ်ကာ UNGP၏ ဆယ်နှစ်ပြည့် အခမ်းအနားတွင် မိတ်ဆက်ဖော်ပြသွားမည့် ကဏ္ဍ ပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက် ပြုစုထားသော နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများ/ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အခြားသူများ အဓိကထားဆောင်ရွက်ရမည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး နည်းဗျူဟာအား ဖော်ပြထားသည့် ရှေ့လာမည့်ဆယ်စုနှစ်အတွက် ချမှတ်ထားသော လမ်းစဉ်အားလည်း   တင်ပြသွားမည် ဖြစ်သည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business