မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး လက်စွဲစာအုပ်ထွက်ရှိ - သတင်းစဉ်
You are here Home » သတင်းစဉ် » မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး လက်စွဲစာအုပ်ထွက်ရှိ

မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး လက်စွဲစာအုပ်ထွက်ရှိ

လက်စွဲ စာအုပ်ကို  အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ရရှိနိုင်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများက ၎င်းတို့ကိုယ်တိုင်ကျင့်သုံးရန်အတွက်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များ ရေးဆွဲရာတွင် လမ်းညွှန်မှုပြုနိုင်ရန် ရည်ရွယ်ပါသည်။
လက်စွဲ စာအုပ်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ရရှိနိုင်ပြီး မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများက ၎င်းတို့ကိုယ်တိုင်ကျင့်သုံးရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်များ ရေးဆွဲရာတွင် လမ်းညွှန်မှုပြုနိုင်ရန် ရည်ရွယ်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူ ပြုဌာန(MCRB)က“ မြန်မာကုမ္ပဏီများ အတွက် စီးပွားရေးလုပ်ငန်းကျင့်ဝတ်ဖြောင့်မှန်ရေး ဂုဏ်သိက္ခာဆိုင်ရာလက်စွဲစာအုပ်” ကို ယနေ့ထုတ် ပြန်လိုက် သည်။

အဂတိ လိုက်စားမှုကို ဖြစ်ပေါ်စေနိုင်သည့် ဘေးအန္တရာယ်များကို လျော့ချပြီး အဂတိလိုက်စားမှု အလေ့အကျင့်များကို ဆန့်ကျင်လိုသည့် မြန်မာနိုင်ငံတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များနှင့် မန်နေဂျာများ ကို အကူအညီပေးနိုင်ရန် ရည်ရွယ်၍  ယခုလက်စွဲကို ပြုစုထုတ်ဝေ ခြင်းဖြစ်ပါသည်။ယင်းကို အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်(ACC)၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့နှင့် ပူးပေါင်းထုတ်ဝေခြင်းဖြစ်သည်။

Business Integrity - A Handbook for Myanmar Businesses
Document PDF, 2003 downloads, ဇူလိုင် 27, 2020

လက်စွဲစာအုပ်ကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ရရှိနိုင်ပြီး၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ အ နေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအစီအစဉ်များ ရေးဆွဲရာတွင် မြန်မာနိုင်ငံနှင့်အခြားနိုင်ငံများ၏ အတွေ့အကြုံကောင်းများကို လေ့လာမှတ်သား၍ လိုအပ်သော ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှုများပေးနိုင်ရန် ရည်ရွယ်ပါသည်။

ယင်းလက်စွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် လိုက်နာကျင့်သုံးရန် ကြေငြာချက် ၁၄/၂၀၁၈ ကိုအခြေခံထားသည်။ ယင်းအခြေခံမူ (၈)ချက်မှာ -

၁။အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်ခိုင်မာ၍ ထိရောက်မှုရှိသောမူဝါဒများချမှတ်ရန်နှင့်  အဆိုပါ  မူဝါဒကို အမြင့်ဆုံးစီမံခန့်ခွဲမှုမှ ထောက်ခံမှုရရှိရန် ။

၂။အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုကိုထိရောက်စွာ လေ့လာဆန်းစစ်ဖော်ထုတ်၍သုံးသပ်အကဲဖြတ်မှု ရှိရန်။ 

၃။အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှုမြင့်မားပြီး ထိလွယ်ရှလွယ်သောနယ်ပယ်များအတွက်  အသေး စိပ် အစီအမံများ  ဆောင်ရွက်ထားရှိရန်။

၄။အဂတိလိုက်စားမှုတိုက်ဖျက်နိုင်ရေးအတွက် ဆောင်ရွက်မှုများသည်မိမိလုပ်ငန်းများသာမကချိတ် ဆက် ဆောင်ရွက်နေသော လုပ်ငန်းကွင်းဆက်အားလုံးနှင့် အကျုံးဝင်စေရန်။

၅။ စာရင်ဇးယားများနှင့် စာရင်းမှတ်တမ်းများကို  စနစ်ကျမှန်ကန်စွာထားရှိရန်။

၆။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနိုင်ရေးကို အထောက်အကူပြုစေမည့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုမူဝါဒများ ထားရှိရန်။

၇။အဂတိလိုက်စားကြောင်း သံသယရှိသူများကို သတင်းပေးပို့နိုင်သော ယုံကြည်စိတ်ချရသည့်  ယန္တယားများ ထူထောင်ထားရှိရန်။

၈။ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး  ဆောင်ရွက်မှုများအပေါ် ပုံမှန်သုံးသပ်ရန်နှင့် အကဲဖြတ်မှုစနစ်ထားရှိရန် တို့ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီများအနေဖြင့် အဆိုပါ  အခြေခံမူ (၈)ချက်ကို မည်သို့မည်ပုံ လက်တွေ့ကျင့်သုံးဆောင် ရွက်မည်၊အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်မည် စသည်တို့ကိုလည်းအကြံပြုထားပါသည်။ ကုမ္ပဏီကျင့်ဝတ်ရေးဆွဲရန်အတွက် လမ်းညွှန်ချက်များနှင့် လက်ဆောင်ပစ္စည်းဆိုင်ရာမူဝါဒစသော နောက်ထပ်ဖြည့်စွက်ရင်းမြစ်များ လည်း ဖော်ပြထားပါသည်။

Download the PDFDownload the Press Statement
Download the PDFDownload the Press Statement
© 2024 Myanmar Centre for Responsible Business