အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား MCRB မှ တင်သွင်းလိုက်ခြင်း - သတင်းစဉ်
You are here Home » သတင်းစဉ် » အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား MCRB မှ တင်သွင်းလိုက်ခြင်း

အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား MCRB မှ တင်သွင်းလိုက်ခြင်း

MCRBထံမှ သဘောထားသုံးသပ်ချက်များ တောင်းခံထားမှုအား တုံ့ပြန်သည့်အနေဖြင့် MCRBသည် အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့လိုက်ပါသည်။
MCRBထံမှ သဘောထားသုံးသပ်ချက်များ တောင်းခံထားမှုအား တုံ့ပြန်သည့်အနေဖြင့် MCRBသည် အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့လိုက်ပါသည်။

MCRBထံမှ သဘောထားသုံးသပ်ချက်များ တောင်းခံထားမှုအား တုံ့ပြန်သည့်အနေဖြင့် MCRBသည် အမျိုးသားမြေယာဥပဒေမူကြမ်းရေးဆွဲခြင်း လုပ်ငန်းအစီအစဉ်မူကြမ်းနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့လိုက်ပါသည်။

MCRB အနေဖြင့် သဘောထားသုံးသပ်ချက် သုံးချက်အား ဖော်ပြခဲ့ပါသည်။

၁။ စီးပွားရေးလုပ်ငန်းများ/ရင်းနှီးမြှပ်နှံသူများမှ ပံ့ပိုးသော အချက်အလက်မျှဝေမှုများအား ရရှိခြင်းသည် လွန်စွာအရေးပါကာ ယင်းအား လုပ်ငန်းအစီအစဉ်ထဲတွင် သေသေချာချာ ထည့်သွင်းထားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများနှင့် အထူးသဖြင့် ယင်းတို့အား အကြံပေးလျက်ရှိသော စီးပွားကူးသန်းဥပဒေပညာရှင်များတွင် ဥပဒေပြုပြင်ပြောင်းလဲမှုအတွက် အရေးပါသော သုံးသပ်ချက်များရှိနေကြောင်းကို MCRB၏ မြေယာအနှစ်ချုပ်စာစောင်နှင့်ပတ်သတ်သည့် ဆွေးနွေးတိုင်ပင်မှုများက ဖော်ပြထားပါသည်။ ယင်းတို့သည် တည်ဆဲဥပဒေများနှင့်ပတ်သတ်၍ ယင်းတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား မျှဝေဖော်ပြနိုင်ပါသည်။ ထိုသို့မျှဝေဖော်ပြနိုင်ခြင်းထဲများတွင် တည်ဆဲဥပဒေများသည်  ရင်းနှီးမြှုပ်နှံသူများအား တာဝန်ယူမှုရှိခြင်းနှင့် လူ့အခွင့်အရေးများအား လေးစားလိုက်နာခြင်းမှ မည်ကဲ့သို့အတားအဆီးပြုနေကြောင်းနှင့် အချို့သောဥပဒေများသည် လာဘ်ပေးလာဘ်ယူမှုအား မည်ကဲ့သို့ဖြစ်ပေါ်နေစေကြောင်းတို့လည်း ပါဝင်ပါသည်။ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ဥပဒေပညာရှင်များသည် ကောင်းမွန်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် တာဝန်ယူမှုရှိရန် ကြိုးစားနေကြသော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား လမ်းညွှန်ပေးသည့်၊ မြန်မာ့မြေယာဥပဒေများနှင့်လည်းကိုက်ညီမှုရှိသည့် IFC ၏ မြေယာဆိုင်ရာ စွမ်းဆောင်ချက်စံနှုန်းအမှတ် (၅) တို့နှင့်စပ်လျဉ်းသည့် အကြံဉာဏ်များ ရယူနိုင်သော အရင်းအမြစ်များပင် ဖြစ်ပါသည်။ UAGO အနေဖြင့် UMFCCI သာမက ဥပဒေရေးရာနှင့် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့များရှိကြသော မြန်မာနိုင်ငံတွင်အခြေစိုက်လျက်ရှိကြသော ကုန်သည်ကြီးများအသင်းများအားလည်း ထည့်သွင်းပါဝင်စေရန် MCRB မှ တိုက်တွန်းလိုက်ပါသည်။

၂။ တည်ဆဲဥပဒေများနှင့် ဥပဒေကြမ်းများသည် အကျင့်ပျက်ချစားမှုအန္တရာယ် သုံးသပ်ချက်များ (Corruption Risk Assessment – CRA) အား ထည့်သွင်းစဉ်းစားသင့်သည်။

၃။ အမြင်သဘောထားများအားလုံးအား ထည့်သွင်းသုံးသပ်မိစေရန် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်သည် အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိရန်အတွက် စာရွက်စာတမ်းများအားလုံးနှင့် စီမံထားသော/ပွင့်လင်းသော အွန်လိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်များအားလုံးတို့အား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးဖြင့် လူမှုကွန်ရက်များ၊ သမာရိုးကျ မီဒီယာများ အားလုံးတွင် လွှင့်တင်ထားရှိရမည်။

MCRBသည် ယင်း၏ ကဏ္ဍအလိုက် သက်ရောက်မှု လေ့လာဆန်းစစ်ချက်များ (SWIAs) နှင့် မြေယာ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးများဟူသည့် စီးပွားရေးလုပ်ငန်းများအတွက် ပြုစုထားသည့် အနှစ်ချုပ်စာတမ်းများအပေါ်တွင် အခြေခံ၍ မြေယာဥပဒေပြောင်းလဲမှုများ၊ အမျိုးသားလယ်ယာဥပဒေအနေဖြင့် ဖြည့်စွက်ပေးနိုင်မည့် ကွက်လပ်များနှင့်ပတ်သတ်သည့် သဘောထားသုံးသပ်ချက်များအား ဆက်လက်ပေးပို့သွားလိုပါသည်။ မြေယာ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးများဟူသည့် အနှစ်ချုပ်စာတမ်း၏ ဒုတိယအကြိမ်ထုတ်ဝေမှု အားလည်း မကြာမီအချိန်တွင်ပင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ UAGO အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)၏ တောင်းဆိုမှုဖြင့် OECD မှ ပြုစုဆောင်ရွက်ခဲ့သော ရင်းနှီးမြှုပ်နှံမှုမူဝါဒသုံးသပ်ချက်၏ ‘လုံခြုံ၍ ကောင်းမွန်စွာသတ်မှတ်ထားသော မြေယာအခွင့်အရေးများအား မြှင့်တင်ခြင်း’နှင့်ပတ်သတ်သည့် အခန်းတွင် ပါရှိသည့် တွေ့ရှိချက်များအား အလေးထားရန်ကိုလည်း MCRBမှ တိုက်တွန်းလိုက်ပါသည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business