မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာစောင်ကို ပြင်ဆင်ရေးသားရန် ဆွေးနွေးတွေ့ဆုံပွဲ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာစောင်ကို ပြင်ဆင်ရေးသားရန် ဆွေးနွေးတွေ့ဆုံပွဲ

မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာစောင်ကို ပြင်ဆင်ရေးသားရန် ဆွေးနွေးတွေ့ဆုံပွဲ

ယင်းမူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးချင်ပါက ၂၀၁၈ ခုနစ် ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် လူကြီးမင်းတို့၏
ယင်းမူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးချင်ပါက ၂၀၁၈ ခုနစ် ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် လူကြီးမင်းတို့၏

၂၀၁၈ ခုနစ်၊ မေလ (၂၂) ရက်တွင် ရန်ကုန်မြို့၌ MCRB သည် မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ အနှစ်ချုပ်စာစောင် (မူကြမ်း) နှင့် ပတ်သက်ပြီး အခမ်းအနားတစ်ခုကျင်းပ၍ တက်ရောက်လာသူများထံမှ ဝေဖန်အကြံပြုချက်များကို တောင်းခံခဲ့သည်။ ၂၀၁၅ ခုနစ်တွင် MCRB မှထုတ်ဝေခဲ့သော မြေယာအခွင့်အရေးအနှစ်ချုပ် စာစောင်ကို ခေတ်နှင့်လျော်ညီအောင် ပြန်လည်ရေးသားထားခြင်း   ဖြစ်သည်။ Presentation ဖိုင်များကို အောက်တွင် ရယူနိုင်ပါသည်။  MCRB နှင့် Oxfam မှအတူရေးသားနေသည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြေယာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု နှင့် ဥပဒေများ စာစောင်ကို လည်း ယင်း အခမ်းအနားတွင် အကျဉ်းချုံး မိတ်ဆက်ခဲ့သည်။

ယင်းအခမ်းအနားတွင် အစိုးရဌာနများ ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန (သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များ၊  ဥပဒေရေးရာ ကုမ္ပဏီများ၊ မြေယာအခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အလွတ်တန်း အကြံပေး ပုဂ္ဂိုလ်များ အပါအဝင် လူဦးရေ အယောက် (၃၀) တက်ရောက်ခဲ့ သည်။

တက်ရောက်လာသူများမှ ယင်းစာစောင်တွင် ပါဝင်သည့် အဓိက  ခေါင်းစဉ် နှင့် အကြောင်းအရာများကို ပိုမိုအားကောင်း လာစေရန်အတွက် ၎င်းတို့ ၏ မြေပြင်ရှိအတွေ့အကြုံများနှင့် ဖြစ်ရပ်များကို ဆွေးနွေးအကြံပြုခဲ့သည်။

  • မြေယာကိစ္စရပ်များသည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသေးသည်။  မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းတိကျသည့် သတင်းအချက်အလက်များမရှိခြင်းနှင့် အတိက်က မြေသိမ်းယူမှုဆိုင်ရာ သမိုင်းကြောင်းများကြောင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်များရှင်းလင်းမှုမရှိသည့်အတွက် ရင်းနှီးမြှုပ်နှံများ မပြုလုပ်ပဲ ပြန်လည်ထွက်ခွာသွားသည့် အဖြစ်အပျက်များ ရှိခဲ့ သည်။

  • မြေယာအငြင်းပွားမှုများ ဖြစ်ပေါ်လာသည့်အခါ  လျော်ကြေးငွေ များကို မူလပိုင်ရှင်များ (သို့) မြေယာအသုံးပြုနေသူ၊ မည်သူ ကို ပေးချေရမည်ကို မသိရှိချေ။

  • ရင်းနှီးမြှုပ်နှံသူများသည် မူလမြေပိုင်ရှင်များအပါအဝင် မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် များကို ရှာဖွေရာတွင် အခက်အခဲရှိခြင်း။

  • မြေပုံများမှာ ခေတ်နှင့်လျော်ညီမှုမရှိတော့ပေ၊ သို့သော်လည်း အမျိုးသားမြေယာအသုံးပြုမှုကော်မတီအောက်ရှိ အဖွဲ့များသည် One Map နှင့် တွဲဖက်၍ လုပ်ဆောင်လျက်ရှိသည်။

  • မြေယာပြန်လည်ချထားပေးခြင်းနှင့် မြေယာ လုပ်ပိုင်ခွင့်ချထားခြင်း  နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရ၏ အခန်းကဏ္ဍမှာ ရှင်းလင်းမှုမရှိခြင်း။ ဆီအုန်းလုပ်ငန်းကဏ္ဍတွင် အစိုးရဌာနများနှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရများအကြားတွင် မြေယာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် “ဘောလီဘောပုတ်နေခြင်း”   ကိုတွေ့မြင်ခဲ့ရပြီးဖြစ်သည်။

  • လက်ရှိဥပဒေများကို ပြန်လည်ရေးဆွဲရာတွင် ဓလေ့ထုံးတမ်း အရမြေယာအသုံးပြုမှုများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြန်လည်ရေးဆွဲထားခြင်းမရှိပါ။ လက်ရှိတွင် လွှတ်တော်တွင်လည်း ဥပဒေများကို ပြန်လည်သုံးသပ်မှုများ  ပြုလုပ်နေသော်လည်း အမျိုးသားမြေယာအသုံးချမှု မူဝါဒနှင့် လိုက်လျောညီထွေမှုရှိသည့် အလုံးစုံလွမ်းခြုံမှုရှိသည့် မြေယာ ဥပဒေတစ်ရပ်ကိုသာ ဦးစွာပြဌာန်းသင့်သည်။

  • ဓလေ့ထုံးတမ်းစဉ်လာအရ မြေယာအသုံးပြုမှုများကို လက်ရှိတွင် အမျိုးအစား (၂) ခုအနေဖြင့် အသိအမှတ်ပြုထားသည်။ မြေနိမ့်ပိုင်း  ဒေသတွင် ဓလေ့ထုံးတမ်းအရ အသုံးပြုသည့် မြေယာစီမံခန့်ခွဲမှု (ဥပမာ စားကျက်မြေ) နှင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် တောင်ပေါ်ဒေသတွင် ဓလေ့ထုံးတမ်း စဉ်လာအရ မြေယာအသုံးပြုမှုတို့ဖြစ်သည်။ သို့ရာတွင် မြေနိမ့်ပိုင်း ဒေသရှိ ဓလေ့ထုံးတမ်း စဉ်လာအရ မြေယာအသုံးပြုမှု များကို လျော်ကြေးရထိုက်သည့် အခွင့်အရေး သည်ဟု အသိအမှတ်ပြုလာကြသော်လည်း၊ အစိုးရနှင့် ဥပေဒရေးဆွဲသူများသည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြ၍ တောင်ပေါ်ဒေသရှိ ဓလေ့ထုံးတမ်းစဉ်လာအရ မြေယာ အသုံးပြုမှုများကို အသိမှတ်ပြု၍ ထည့်သွင်းရေးဆွဲရန် ဝန်လေးနေကြသေးသည်။

  • ၂၀၁၇ ခုနစ်တွင် မြန်မာနိုင်ငံအစိုးရသည်  စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) တွင်လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အစိုးရသည် ဥပဒေများ ပြင်ဆင်ရာတွင်နှင့် ဥပဒေ အသစ်များရေးဆွဲရာတွင်  ယင်းသဘောတူ စာချုပ်နှင့် အညီ ရေးဆွဲရ မည်ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပေဒေ၊ ၁၈၉၄ မြေသိမ်းဥပေဒများကို ပြန်လည် ပြင်ဆင်ရေးဆွဲနေပြီး၊ ယင်းတို့မှာ ICESCR နှင့် ကိုက်ညီမရှိသေးပေ။ စီးပွားရေး လုပ်ငန်းများသည်လည်း ယင်း သဘောတူစာချုပ်တွင်ပါဝင်သည့် အချက်များ ကို လေးစားလိုက်နာရန် တာဝန်ရှိသည်။

  • တနင်္သာရီတိုင်းဒေသကြီးတွင် မြေယာပြန်လည်ခွဲဝေပေးရေးနှင့် အသုံးမပြုသည့် မြေယာများကို ပြန်လည်သိမ်းယူရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး စတင်လုပ်ဆောင်လာပြီ ဖြစ်သော်လည်း၊ လုပ်ဆောင်ချက်များ ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်နေသေးသည်။

  • အကြီးစားမြေယာသိမ်းယူမှုများသည် တာဝန်ယူမှုရှိသောမြေယာသိမ်းယူမှု ဟုတ်၊ မဟုတ်ဆိုသည်မှာ အငြင်းပွားဖွယ်ရာဖြစ်သည်။ သို့သော်လည်း မြေယာပိုင်ဆိုင်မှုနှင့် ယင်း၏သဘောသဘာဝအပေါ်မှာလည်း အခြေခံသည်။

ယင်းမူကြမ်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးချင်ပါက ၂၀၁၈ ခုနစ် ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် လူကြီးမင်းတို့၏ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို နှင့် ပေးပို့နိုင်ပါသည်။

© 2024 Myanmar Centre for Responsible Business