မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တာဝန်ယူမှုရှိသောရင်းနှီးမြုပ်နှံမှုအပေါ် သက်ရောက်နိုင်မှုကို စိုးရိမ်ပူပန်ကြောင်း MCRB ၏သဘောထားဖော်ထုတ်ခြင်း။ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တာဝန်ယူမှုရှိသောရင်းနှီးမြုပ်နှံမှုအပေါ် သက်ရောက်နိုင်မှုကို စိုးရိမ်ပူပန်ကြောင်း MCRB ၏သဘောထားဖော်ထုတ်ခြင်း။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တာဝန်ယူမှုရှိသောရင်းနှီးမြုပ်နှံမှုအပေါ် သက်ရောက်နိုင်မှုကို စိုးရိမ်ပူပန်ကြောင်း MCRB ၏သဘောထားဖော်ထုတ်ခြင်း။

The Shan Plateau near Kalaw. Photo: David Stanley
The Shan Plateau near Kalaw. Photo: David Stanley

၂၀၁၈ ခုနှစ်တွင် ပြဌာန်းလိုက်သော ပြင်ဆင်ထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို အလျင်အမြန် အကောင်အထည်ဖော်မှုကို စိုးရိမ် ကြောင်းဖော်ပြသည့် စာတစ်စောင်  (အင်္ဂလိပ်ဘာသာ နှင့်  မြန်မာဘာသာ)ကို MCRB က အမျိုးသားမြေအသုံး ချမှုကောင်စီ၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီ နှင့် ပြည်ထောင်စုလွှတ်တော်ရှိ အခြားသောဆက်စပ်ကော်မတီများသို့ ပေးပို့ ခဲ့ပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား ဗဟိုကော်တီ၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေသူများသည်၂၀၁၉ ခုနှစ်၊ မတ်လ မတိုင်ခင်ပါမစ်လျှောက်ထား ရမည် ဟူ၍ ထုတ်ပြန်လိုက်ခြင်းကြောင့် တာဝန်ယူမှုရှိစွာ စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသောရင်းနှီးမြုပ်နှံသူများအတွက် ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါသည်။

MCRB သည် ပြင်ဆင်ထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေနှင့် ၎င်းအား လျင်မြန်စွာ အကောင်အထည်ဖော်ခြင်း နှင့် ပတ်သက်ပြီး တောင်သူလယ်သမားအဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့ အစည်းများ နှင့် NGO များမှ တင်သွင်းခဲ့သောစာများ၌ ပါဝင်ခဲ့သကဲ့ သို့ပင် စိုးရိမ်ပူပန်မှုများရှိပါသည်။ MCRB နှင့် လက်တွဲလုပ်ကိုင်သည့်  တာဝန်ယူမှုရှိသောရင်းနှီးမြုပ်နှံသူများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရာတွင် လူ့အခွင့်အရေးဆိုင်ရာ အကြီးမားဆုံး အန္တရယ် (risk) များအနက် မြေယာသည် တစ်ခု အပါဝင်ဖြစ်ပြီး၊ မြေယာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး ထိခိုက်မှုမရှိစေရန်  အလေးထားလုပ်ဆောင်ရမည့်  (due diligence) လုပ်ငန်းစဉ်မှာ အဓိက လုပ်ဆောင်ရမည့် ကိစ္စရပ်တစ်ခုဖြစ်သည် ဟုမှတ်ချက်ပြုကြသည်။ မြေယာပိုင်ဆိုင်မှုနှင် ပတ်သက်ပြီး မသေချာမှုများနှင် မြေအသုံးပြုသူများ၏လူ့အခွင့်အရေး ထိခိုက်စေသော မြေသိမ်းယူမှုများ၏ အတိတ်က အဖြစ်ဆိုးကြောင့် များ ပြားလှသော တာဝန်များ ရှိနေခြင်းသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပနှံလိုစိတ်ကို  လျော့ပါးစေသော အကြောင်းတစ်ရပ်ပင်ဖြစ်သည်။

ပြန်လည်ပြင်ဆင်ထားသည့် မြေလွတ်၊ မြလပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေ အကောင်အထည် ဖော်မှု နှင့်ပတ်သက်ပြီး တာဝန်ယူမူရှိသော ရင်းနှီးမြုပ်နှံသူများက သူတို့၏ စိုးရိမ်မှုများကို MCRB သို့ ပြောကြား ခဲ့ပါသည်။ ထို့အပြင် ၎င်းဥပဒေသည်  ယင်းတို့အတွက် အခြားမြန်မာနိုင်ငံ၏ ဥပဒေများကို  လိုက်နာရန် ကြိုးစားရာတွင် ပိုမို ရှုပ်ထွေးမှုများဖြစ်စေသည်ဟု ဆိုကြသည်။

ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရအဆိုပါ ဥပဒေသည်  လူ့အခွင့်အရေး သက်ရောက်နိုင်မှုရှိသောကြောင့် ဤဥပဒေ ပြင်ဆင်အကောင်အထည်ဖော်      ရေးကို ဆိုင်းငံ့ ရပ်ဆိုင်းသင့်သည်ဟု MCRBစာတွင် အကြံပြုထားပါသည်။  မြေလွတ်၊မြေလပ်၊ မြေရိုင်းဥပဒေ အပါအဝင် မြေယာနှင့် ဆက်စပ်သော အခြားဥပဒေမူကြမ်းများကိုလည်း မြန်မာနိုင်ငံမှ လက်မှတ် ရေးထိုးထားသော ပဋိညာဏ်စာချုပ်များပါ တာဝန်ဝတ္တရားများနှင့် အညီသော်လည်းကောင်း၊ ၂၀၁၆ ခုနှစ် အမျိုးသားမြေယာအသုံးချမှု မူဝါဒနှင့် ကိုက်ညီစေရန်လည်းကောင်း ရေး ဆွဲရမည် ဟု အကြံပြုထားပါသည်။

“Ya land” in Htamathi Village, Homaline Township, Sagaing Region

ပုံ (၁) - စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထံမသီကျေးရွာရှိ ယာမြေ။ ပုံ-Gret

Bago Yoma

ပုံ (၂) - ပဲခူးရိုးမ။ ပုံ -Gret

Betel nut plantation and forest in Dawei

ပုံ (၃) - ထားဝယ်မြို့နယ်ရှိ၊ သစ်တောနှင့် ကွမ်းသီးခြံ။ ပုံ-Gret

© 2024 Myanmar Centre for Responsible Business