မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနက လွှတ်တော်သို့ အကြံပြုချက်များပေးပို့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနက လွှတ်တော်သို့ အကြံပြုချက်များပေးပို့

မြေသိမ်းဆည်းခြင်း၊ ပြန်လည်နေရာချထားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနက လွှတ်တော်သို့ အကြံပြုချက်များပေးပို့

MCRB၏ တာဝန်ယူမှုရှိသောရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း ကျွန်ပ်တို့နှင့် တွေ့ဆုံသော ကုမ္ပဏီများအနေဖြင့် အဓိက ပူပန်မှုရှိသည်မှာ မြေသိမ်းဆည်းခြင်းဆိုင်ရာ အန္တရာယ်များပင်ဖြစ်သည်။
MCRB၏ တာဝန်ယူမှုရှိသောရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း ကျွန်ပ်တို့နှင့် တွေ့ဆုံသော ကုမ္ပဏီများအနေဖြင့် အဓိက ပူပန်မှုရှိသည်မှာ မြေသိမ်းဆည်းခြင်းဆိုင်ရာ အန္တရာယ်များပင်ဖြစ်သည်။

မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေး  အထောက်အကူပြုဌာနသည် ၁၉၄၈ခုနှစ် မြေသိမ်းဥပဒေအား အစားထိုးပြဌာန်းမည့် ဥပဒေသစ်နှင့် ပတ်သက်ပြီး လွှတ်တ်ာကော်မတီများသို့ မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် အကြံပြုချက်တစ်စောင် ပေးပို့ထားပါသည်။ အဆိုပါအကြံပြုချက်များသည် အမျိုးသားလွှတ်တော် မှထုတ်ပြန်ထားသော ၂၀၁၈ဇွန် ၅ရက် မူကြမ်းကို အခြေခံထားပါသည်။ (သတိပြုရမည့်အချက်မှာ ယခုမူကြမ်းကို ပြင်ဆင်ထားသည်မှာ အစိုးရမဟုတ်ဘဲ လွှတ်တော်က ဖြစ်သည်။)

MCRB’s comments to Parliament on the Draft Land Acquisition Act
Document PDF, 738 downloads, သြဂုတ် 20, 2018

MCRB အနေဖြင့် အစိုးရနှင့် ပါလီမန်၏ ပြန်လည်နေရာချထားရေးနှင့် အသက်မွေးဝမ်းကြောင်းပြန်လည်ထူထောင်ရေးဆိုင်ရာ လက်ရှိလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန် အပါအ၀င် 1894မြေသိမ်းဥပဒေကို  ခေတ်နှင့်လျော်ညီစေရေးအတွက် ရည်ရွယ်ချက်ထားရှိသည်ကို ကြိုဆိုပါသည်။ သို့ရာတွင် လူ့အခွင့်အရေးကို ကာကွယ်ရန်အစိုးရ၏ တာဝန်နှင့်အညီ၊ နိုင်ငံတကာစံနှုန်းများအတိုင်း ပြည့်စုံသော မြေသိမ်းဥပဒေတစ်ရပ်ကို ချမှတ်နိုင်ရန်၊ အထူးသဖြင့် ၂၀၁၇ တွင် မြန်မာပြည်က လက်မှတ်ရေးထိုး အတည်ပြုထားသောစီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပါ နိုင်ငံတော်၏ တာဝန်များနှင့် အညီ မြန်မာ ဥပဒေသည် ဓလေ့ထုံးဓမ်းစဉ်လာမြေယာ ပိုင်ဆိုင်မှုအပါအ၀င် ယခုထက် ပိုမိုကျယ်ပြန့်သော  မြေယာအခွင့်အရေးများကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။

ဓလေ့ ထုံးတမ်းစဉ်လာ မြေယာပိုင်ဆိုင်မှုကို ၂၀၁၆ အမျိုးသား မြေအသုံးချမှု မူဝါဒ တွင်ထည့်သွင်းထားပါသည်။ အစိုးရတွင်း၌ ယခုလက်ရှိ အနေဖြင့် အမျိုးသားမြေယာ အခွင့်အရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ရေးဆွဲနေဆဲဖြစ်ပြီး၊ အဆုံးသတ်ရန် နှင့် ပါလီမန်သို့ ပို့ရန်ရှိနေသေးကြောင်း သိရှိရပါသည်။

သို့ဖြစ်ရာ MCRB သည် ဤအရေးကိစ္စကို ဆောင်ရွက်နေကြသော  အခြားအဖွဲ့များကဲ့သို့ အကြံပြုလိုသည်မှာ ပါလီမန်သည် ဓလေ့ထုံးဓမ်းမြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးအပါအ၀င် အခြားသော အခွင့်အရေးများကို အသိအမှတ်ပြုသည့် အမျိုးသားမြေယာ အခွင့်အရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ဆွေးနွေး ချမှတ်ပြီးသည်အထိ ယခုမြေသိမ်းဥပဒေကြမ်းကို ရပ်ဆိုင်းထားသင့်သည်။ထို့နောက်မှသာ မြေသိမ်းဥပဒေကြမ်းအသစ်၌ အမျိုးသားမြေယာ အခွင့်အရေးဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကို ရည်ညွှန်း၍ ထည့်သွင်းသင့်ပါသည်။

လက်ရှိတွင် MCRBက  ၂၀၁၈ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့သော မူကြမ်းနှင့် ပတ်သက်ပြီး ကနဦး သုံးသပ်မှုများ ပြုလုပ်ထားပါသည်။ ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်တစ်ခုဖြစ်သော နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IFC ) ၏ စံသတ်မှတ်လုပ်ဆောင်ချက် အမှတ်(၅) ကဲ့သို့သော  အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်လည်း ကိုက်ညီကာ  တူညီသော ဝေါဟာရအသုံး အနှုန်းများ  ဖြစ်စေရန် ရည်ရွယ်ပါသည်။ ယင်းသည် မြေယာ အခွင့်အရေးကို လေးစားသော တာဝန်မှုရှိသည့်   ရင်းနှီးမြှုပ်နှံသူ  အတွက် အရေးပါသော အချက်ဖြစ်သည်။  အပြည်ပြည်ဆိုင်ရာမှ ဘဏ္ဍာငွေ ရယူလုပ်ကိုင်လိုသူ မြန်မာကုမ္ပဏီများနှင့် နိုင်ငံခြားကုမ္ပဏီများ သည်၎င်းကို လိုက်နာရန် လိုအပ်ပါသည်။

MCRB၏ တာဝန်ယူမှုရှိသောရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်နေသော ငါးနှစ်တာကာလအတွင်း ကျွန်ပ်တို့နှင့် တွေ့ဆုံသော ကုမ္ပဏီများအနေဖြင့် အဓိက ပူပန်မှုရှိသည်မှာ မြေသိမ်းဆည်းခြင်းဆိုင်ရာ အန္တရာယ်များပင်ဖြစ်သည်။ ၎င်းတို့မှာ တာဝန်ယူမှုရှိစွာ ရင်းနှီးမြှပ်နှံလိုသူများ ၎င်းတို့၏ စီမံကိန်းများကိုဆက်လက် မဆောင်ရွက်နိုင်သည့် အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းအချက်သည် MCRB ၏ မကြာမှီ ထုတ်ဝေတော့မည့် မြေယာအခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ အနှစ်ချုပ်စာတမ်း အသစ်နှင့် ပတ်သက်၍ ဝေဖန်အကြံပြုချက်များရယူရန် ဆွေးနွေးသည့်ပွဲ၌ လည်းထပ်မံကြားသိခဲ့ရပါသည်။ အဆိုပါ ဆွေးနွေးပွဲကို ၂၀၁၈ မေလ၌ ကျင်းပခဲ့ပြီး စီးပွားရေးဆိုင်ရာ ဥပဒေအကြံပေးများ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူထုအခြေပြုအဖွဲ့များတက်ရောက်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ မြေသိမ်းဥပဒေသည် အဆိုပါ စံနှုန်းနှင့် ကိုက်ညီမှုရှိပြီး တူညီသော ဝေါဟာရ အသုံးအနှုန်း၊ လုပ်ငန်းစဉ်များဖြစ်ပါက မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရာ၌ ပိုမို လွယ်ကူစေရန် အထောက်အပံ့ပြုပေးရာရောက်သလို၊ မြေယာအသုံးပြုသူများကို အကာအကွယ်ပြုရာလည်းရောက်ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business