သီလဝါအထူးစီးပွားရေးဇုန် ဘက်ပေါင်းစုံပါဝင်သောအကြံပေးညှိနှိုင်းအဖွဲ့(MSAG) - Myanmar Centre for Responsible Business (MCRB)
You are here Home » စကားဝိုင်းဆွေးနွေးပွဲများ » သီလဝါအထူးစီးပွားရေးဇုန် ဘက်ပေါင်းစုံပါဝင်သောအကြံပေးညှိနှိုင်းအဖွဲ့(MSAG)

သီလဝါအထူးစီးပွားရေးဇုန် ဘက်ပေါင်းစုံပါဝင်သောအကြံပေးညှိနှိုင်းအဖွဲ့(MSAG)

သီလဝါအထူးစီးပွားရေးဇုန် ဘက်ပေါင်းစုံပါဝင်သောအကြံပေးညှိနှိုင်းအဖွဲ့(MSAG)

သီလဝါ အထူးစီးပွားရေး ဇုန် (SEZ) အတွက် ဘက်ပေါင်းစုံ ပါဝင်သော အကြံပေးညှိနှိုင်း အဖွဲ့

ဘက်ပေါင်းစုံ ပါဝင်သော အကြံပေးညှိနှိုင်း အဖွဲ့သည် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ဦးဆောင်ကာ ၎င်း၏ စကားဝိုင်းဆွေးနွေးပွဲ ရည်မှန်းချက်များ ဖြင့် ၂၀၁၅ တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ သီလဝါ အထူးစီးပွားရေး ဇုန် အဆင့် ​(၁) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှင့် အထူးသဖြင့် ဝင်ငွေ ပြန်လည်စုဆောင်ရေး အစီအစဉ်တွင် အကြံပြုနိုင်ရန် ဖြစ်သည်။ အဖွဲ့ဝင်များ အဖြစ် မြန်မာ-ဂျပန် သီလဝါ ဖွံဖြိုးတိုးတက်ရေး လီမိတက် (MJTD)၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ (TSEZMC)၊ သီလဝါ လူမှု့ဖွံဖြိုးတိုးတက်ရေး အုပ်စု (TSDG) နှင့် အခြားသော ဒေသခံပြည်သူများ၊ ကုမ္ပဏီများ နှင့် အစိုးရမပာုတ်သော အဖွဲ့အစည်းများ ဖြစ်ကြသည်။

လုပ်ကိုင်သွားမည့် စည်းမျဉ်းစည်းကမ်း နှင့် တာဝန်များ ချမှတ်ရေးဆွဲ ခဲ့ပြီး အလွတ်သဘော တွေ့ဆုံပွဲ တစ်ခု နှင့် တရားဝင် လေးကြိမ် ပြုလုပ်ခဲ့သည်။ နောက်ဆုံး အစည်းအဝေးပွဲကို မတ်လ ၂၀၁၆ တွင် ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် အဖွဲ့၏ အောင်မြင်ဖြစ်ထွန်းမှုများ နှင့် ယနေ့အထိ အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ရန် ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေး မှတ်တမ်း ကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့် ရယူဒေါင်းလုပ် ဆွဲနိုင်ပါသည်။

၂၀၁၆ ဇူလိုင်လတွင် အဖွဲ့၏ အဖွဲ့ဝင်များကို မေးမြန်းထားသည့် အတိုင်ပင်ခံဆောင်ရွက်သူက လွတ်လပ်သည့် သုံးသပ်ချက်တစ်စောင်ပြုစုခဲ့သည်။

သုံးသပ်ချက်တွင် MSAG တည်ထောင်ခြင်း သည် အချိန်ကိုက်ဖြစ်ပြီး စကားဝိုင်းဆွေးနွေးပွဲ တိုးတက်လာစေရန် အတွက် MSAG ဖွဲ့စည်းရန်လိုအပ်သည် ဆိုသည်အချက်ကို အများစုသော ပါဝင်ပတ်သက်သူများ က သဘောတူထောက်ခံသည်ကို တွေ့ရှိရသည်။ သို့သော် ၎င်း၏ လုပ်ဆောင်ချက်မှာ အကန့်အသတ်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း နှင့် MSAG တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ မပါဝင် ခြင်း မှာ နောင်တရဖွယ် ဖြစ်ကြောင်း နှင့် ၎င်းတို့ ၏ ပါဝင်ပတ်သက်မှု သည် အနာဂတ် စကားဝိုင်းဆွေးနွေးပွဲ အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ် မှ ပါဝင်သည် ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ပြီးပြည့်စုံသော အစီရင်ခံစာ ကို မြန်မာဘာသာဖြင့်သော်လည်းကောင်း အင်္ဂလိပ်ဘာသာဖြင့် သော်လည်းကောင်း ဤနေရာတွင် ရရှိနိုင်ပါသည်။

အုပ်စု အဖွဲ့ဝင် တစ်ယောက်ချင်းစီ နှင့် ဆွေးနွေးပွဲများ ကို အောက်တိုဘာ ၂၀၁၆ တွင် ပြုလုပ်ခဲ့သည်။ ဒေသခံလူမှု    အဖွဲ့အစည်းများ၏  စကားဝိုင်းဆွေးနွေးပွဲ၊ ဆက်သွယ်ရေး နှင့် နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း စသည်တို့သည် တိုးတက်လာအောင် ပြုလုပ်ရန် လက်ရှိအခြေအနေတွင် စဉ်းစားသုံးသပ်ဆဲ ဖြစ်သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှု နှင့် ဇုန် အတွင်း ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်မှု ကို မြှင့်တင်ရန် နှင့် မြန်မာနိုင်ငံတွင်းရှိ အခြားသော အထူးစီးပွားရေးဇုန်များအတွက် သင်ယူစရာ သင်ခန်းစာများ ကို ဖော်ထုတ်သွားနိုင်ရန်  အထူးစီးပွားရေးဇုန် အဖွဲ့အစည်းများ နှင့် ဆက်လက်၍ လုပ်ကိုင်သွားမည် ဖြစ်သည်။ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ၏ မျှော်မှန်းချက်များ ဖြစ်သည့် ဇုန် အတွင်း ရင်းနှီးမြှပ်နှံကာ စီးပွားလုပ်ကိုင်မည့် ကုမ္ပဏီများ တာဝန်ယူမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ရန် ကြေငြာစာတမ်း ၄၊၂၀၁၅ ကို လည်း ချပြထားပြီး ဤတွင် ရယူ လေ့လာနိုင်ပါသည်။

http://www.myanmarthilawa.gov.mm/sites/default/files/Responsible%20business.pdf

 


Related:

Thilawa goes to Geneva

Thilawa goes to Geneva

November 20, 2015

At the 4th UN Forum on Business and Human Rights, Vicky Bowman spoke at a panel discussion convened by the Global Business Initiative on Human Rights on ‘Multi-stakeholder engagement in Thilawa Special Economic Zone’.

 

MCRB Convenes Multi-Stakeholder Meeting on Thilawa Special Economic Zone

MCRB Convenes Multi-Stakeholder Meeting on Thilawa Special Economic Zone

Feb 20, 2015

Myanmar Centre for Responsible Business convened a meeting on 19 February at Chatrium Hotel Yangon to bring together a number of company, civil society, government and international NGO organisations and individuals who are involved in the Thilawa Special

MSAG has been formed to advise on the implementation of the Thilawa SEZ Phase 1 project.

Multistakeholder Advisory Group (MSAG)  Minutes

An informal multistakeholder meeting to prepare for the MSAG was held on 19 February 2015.


1st MSAG meeting (15 May 2015) minutes

English and Burmese.


2nd MSAG meeting (2 September 2015)

English and Burmese


3rd Multi-Stakeholder Advisory Group (15 December 2015)

English and Burmese


4th Multi-Stakeholder Advisory Group (March 2016)

English and Burmese

© 2024 Myanmar Centre for Responsible Business