မသန်စွမ်းသူများအလုပ်ခန့်ထားခြင်း လက်စွဲစာအုပ် (မူကြမ်း) နှင့် ပတ်သက်၍ အစိုးရဌာနများမှ အကြံဥာဏ်တောင်းယူရန် အစည်းအဝေးကျင်းပခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မသန်စွမ်းသူများအလုပ်ခန့်ထားခြင်း လက်စွဲစာအုပ် (မူကြမ်း) နှင့် ပတ်သက်၍ အစိုးရဌာနများမှ အကြံဥာဏ်တောင်းယူရန် အစည်းအဝေးကျင်းပခြင်း

မသန်စွမ်းသူများအလုပ်ခန့်ထားခြင်း လက်စွဲစာအုပ် (မူကြမ်း) နှင့် ပတ်သက်၍ အစိုးရဌာနများမှ အကြံဥာဏ်တောင်းယူရန် အစည်းအဝေးကျင်းပခြင်း

လက်ခံရရှိသည့် အကြံဥာဏ်များနှင့် အညီ ဤလက်စွဲစာအုပ်အား
လက်ခံရရှိသည့် အကြံဥာဏ်များနှင့် အညီ ဤလက်စွဲစာအုပ်အား

၂၀၁၈ ခုနစ်၊ သြဂုတ်လ၊ (၁၇)ရက်နေ့တွင် မြန်မာ့စီးပွားကဏ္ဍတာဝန်ယူရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အေအေအာ ဂျပန် (AAR, Japan) တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားခြင်း ဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ အကူအညီဖြင့် မသန်စွမ်းသူများ အလုပ်ခန့်ထားခြင်း လက်စွဲစာအုပ်(မူကြမ်း)နှင့် ပတ်သက်၍ အကြံဥာဏ်များရယူရန် အစည်းအဝေးပွဲတစ်ရပ်အား ကျင်းပခဲ့သည်။

Handbook: Employing Persons with Disabilities (EN)
Document PDF, 5012 downloads, ဒီဇင်ဘာ 03, 2018

အဆိုပါ ဇမ္ဗူသီရိဟိုတယ်တွင် ကျင်းပခဲ့သည့် အစည်းအဝေးပွဲအား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာနမှ ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပါအဝင် အစိုးရဌာနများမှ အဆင့်မြင့်အရာရှိကြီးများ အယောက် (၄၀) ကျော်တက်ရောက်ခဲ့သည်။ ထို့ပြင် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြီးတန်းအရာရှိများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ စစ်မှု့ထမ်းဟောင်းအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များနှင့် မသန်စွမ်းမှုရေးရာပညာရှင်များလည်းတက်ရောက်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ဦး ဒေါက်တာဝင်းမြတ်အေး၏ အဖွင့်အမှာစကားတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး သည် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ လည်း မသန်စွမ်းသူများအတွက် အထူးဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ မသန်စွမ်းသူများအရေးဆောင်ရွက်ခြင်းသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ထဲတွင် ပါဝင်နေပြီး၊ ထို့ကြောင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ဖွင့်လှစ်၍ စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးမှ လန်ဒန်မသန်စွမ်းသူများဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ပြီး Charter for Change တွင် ကတိကဝတ်ပြုခဲ့သည့်အချက်များကို ပြန်လည်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို အပြည့်အဝ အကာအကွယ် ပေးနိုင်ရန် အခြားသောဌာနဆိုင်ရာများ၊ လူမှု့အရပ်ဖက်အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ မသန်စွမ်းများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့်  အလုပ်လုပ်ကိုင်လိုစိတ်ရှိ သော မသန်စွမ်းများ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်မှ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ထိရောက်စွာ ဖန်တီးဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ အစိုးရနှင့် အခြားသော မိတ်ဖက်ပါတနာများမှ မသန်စွမ်းသူများ အတွက် အားလုံးအကျုံးဝင်ပညာရေးစနစ် နှင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့ပံ့ပိုးပေးရန်၊ မသန်စွမ်းများအတွက် အထောက်အပံ့ဖြစ်စေမည့် INFORMATION AND COMMUNICATION TECHNOLOGY (ICT) ပံ့ပိုးပေးရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မသန်စွမ်းများ၊ ယင်းတို့၏တည်နေရာ၊နှင့် လိုအပ်ချက်များကို နားလည်သဘောပေါက်စေရန် စစ်တမ်းများကောက်ယူရန်လိုအပ်ကြောင်း မီးမှောင်းထိုး၍ ပြောကြားသွားသည်။ ပြည်ထောင်စုဝန်ကြီးမှ ဤလက်စွဲစာအုပ်တွင် မသန်စွမ်းသူများ လုပ်ဆောင်နိုင်မှု စွမ်းရည်များကို ဖော်ပြထားသည့် မသန်စွမ်းသူများ၏ အလုပ်အကိုင်ခန့်ထားခြင်း ဆိုင်ရာ အောင်မြင်မှုအထ္ထုပတ္တိများ ပါဝင်ကြောင်းနှင့် ဤလက်စွဲစာအုပ်ကို ကြိုဆိုကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ကိုယ်စားလှယ် ဦးနေထွန်း မှ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ (၄.၆) ရာခိုင်နှုန်း ရှိပြီး၊ အစိုးရက ဥပဒေ၊ နည်းဥပဒေများဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ အတွက် ပိုမိုကောင်းမွန်သော အကျိုးဖြစ်ထွန်းမှုများဖြစ်ထွန်း ပေါ်ပေါက်လာမည် ဖြစ်သည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ Vicky Bowman မှ စီးပွားရေးလုပ်ငန်းများအနေဖြင့် မသန်စွမ်းသူများအား ဝန်ထမ်းများအဖြစ်သာမက စားသုံးသူဖောက်သည်များအဖြစ် သက်မှတ်၍ မသန်စွမ်းသူများအားလုံးအကျုံးဝင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အားပေးကြောင်းနှင့် MCRB မှလုပ်ဆောင်နေသည့် မသန်စွမ်းသူများနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍  ၂၀၁၇ ခုနစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့တွင် MCRB နှင့် ILO မှ ကျင်းပခဲ့သည့် မသန်စွမ်းသူများ အလုပ်အကိုင်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ရလာဒ်များကို တင်ပြခဲ့သည်။

အေအေအာ၊ ဂျပန်မှ Yoshio NAKAGAWA မှ မြန်မာနိုင်ငံတွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြခဲ့သည်။

အစိုးရဌာနများအတွက် လမ်းညွှန်ချက်များနှင့် အမြင်ဖွင့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် လိုအပ်ကြောင်းဆွေးနွေးတင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်းသည် တရားဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း လူအများစုမှာ သတိမပြုမိသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် အလုပ်ခေါ်စာများတွင် အများဆုံးတွေ့ရသည်။ အစည်းအဝေးပွဲ တက်ရောက်လာ သူများမှ စီးပွားရေးလုပ်ငန်းမှ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ထုတ်ဝေ သလို အစိုးရအလုပ်ရှင်များ အတွက်လဲ လက်စွဲစာအုပ် ထုတ်ဝေသင့်ကြောင်း အကြံပြုခဲ့သည်။ ထို့နောက် အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် မသန်စွမ်း အရာရှိများ၏ အောင်မြင်မှု အထ္တုပတ္ထိများ၊ ဥပမာ - လက်ရှိတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေပြီး ယခင်က ကာကွယ်ရေးဝန်ကြီးဌာနတွင် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှု့ထမ်းဟောင်းများ၏အတ္ထုပတ္တိများ ထည့်သွင်းသင့်ကြောင်း အကြံပြုခဲ့သည်။ အခြားဆွေးနွေးခဲ့သည့် ခေါင်းစဉ်များမှာ ဝေပုံကျနှုန်းထားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ အစရှိသည်တို့ ဖြစ်သည်။

လက်ခံရရှိသည့် အကြံဥာဏ်များနှင့် အညီ ဤလက်စွဲစာအုပ်အား ပြန်လည်ပြင်ဆင်၍ မကြာခင်မှာ ထုတ်ဝေသွားမည် ဖြစ်သည်။ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ဝေပုံကျနှုန်းထားများနှင့် စပ်လျဉ်း၍ တိုးတက်မှုများ အပါအဝင် ဥပဒေနှင့် မူဝါဒများပြင်ဆင်မှုများ နှင့်အညီ နောက်ထပ် editions စာအုပ်များ ထုတ်ဝေသွားရန် ရည်ရွယ်ထားပါသည်။ ဝန်ကြီးဌာန၏ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ရန် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်း များ၊ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းများနှင့် ဆွေးနွေးမှုများပြုလုပ်ရာတွင် MCRB သည် လက်စွဲစာအုပ်ထဲတွင်ပါဝင်သည့် အချက်အလက်များအပေါ်အခြေခံ၍ အကူအညီပံ့ပိုးမှုများပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business