သတင်းတု၊သတင်းမှား များ (မဟုတ်မမှန်သတင်းများ) ကို တုံ့ပြန်ချေဖျက်နိုင်ရန် တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ် စတင်ကျင်းပ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » သတင်းတု၊သတင်းမှား များ (မဟုတ်မမှန်သတင်းများ) ကို တုံ့ပြန်ချေဖျက်နိုင်ရန် တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ် စတင်ကျင်းပ

သတင်းတု၊သတင်းမှား များ (မဟုတ်မမှန်သတင်းများ) ကို တုံ့ပြန်ချေဖျက်နိုင်ရန် တတိယအကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ် စတင်ကျင်းပ

The Forum will take stock of the state of digital rights in Myanmar, learn from international experience, and engage stakeholders to identify advocacy and capacity-building priorities for action in 2019.
The Forum will take stock of the state of digital rights in Myanmar, learn from international experience, and engage stakeholders to identify advocacy and capacity-building priorities for action in 2019.

တတိယအကြိမ်မြော က် မြန်မာဒီဂျင်တယ်အခွင့်အရေးဖိုရမ် ကို ရန်ကုန်မြို့တွင် ယနေ့စတင်ကျင်းပလျက် ရှိသည်။ ကမ္ဘာတဝန်းမှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွ င့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှ င့် သ တင်းရရှိ ပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စိတ်ပါဝင်စားသူ ၂၄၀ ကျော် တက်ရောက်လျက်ရှိကြသည် ။

ဖိုရမ်သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ အလုပ်သမားရေး ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ် များ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သတင်းမီဒီယာများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်တက် ရောက်ကြသည်။

Summary Report - Third Myanmar Digital Rights Forum (2019)
Document PDF, 950 downloads, နိုဝင်ဘာ 22, 2019

နှစ်ရက်တာ ကျင်းပမည့်  မြန်မာဒီဂျစ် စ်တယ် အခွင့်အရေးဖို ရမ်သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် အခွင့် အရေးဆိုင်ရာ  အခြေအနေ၊ နိုင်ငံတကာအတွေ့အကြုံများ ကို လေ့လာခြင်း ၊ ၂၀၁၉ ခုနှစ်တွင် ဆောင် ရွက်မည့်  လုပ်ငန်းစွမ်းဆောင်ရ ည် တည်ဆောက်မြှင့်တင်ခြင်း ဆိုင်ရာ ဦးစားပေးအစီအစဉ်များကို အစိုးရတာဝန်ရှိသူများ၊  အရပ်ဘက်အဖွဲ့အစည်းများ၊  သတင်းမီဒီယာများနှင့် နည်းပညာနယ်ပယ် တာဝန်ရှိသူများနှ င့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အခြေအနေများကို ဖော်ထု တ် ဆွေးနွေးကြ မည်ဖြစ်သည်။ ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျင်းပခဲ့သည့် ဖိုရမ်များကဲ့သို့ပ င် ယခုနှစ်ဖိုရမ်၏ ဦးတည်ချက်များမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွ င့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရရှိပိုင်ခွင့်တို့ဖြစ်သည်။ မြန်မာဒီဂျစ်တယ် အခွင့်အရေးဖိုရမ်ကို  Freedom of Expression Myanmar (FEM) အဖွဲ့၊ Myanmar Centre for Responsible Business (MCRB)၊  Myanmar ICT Development Organization (MIDO) နှင့် Phandeeyar အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဆွီဒင်သံရုံး (Embassy of Sweden) နှင့် Heinrich-Böll-Stiftung Myanmar  တို့မှ ပံ့ပိုးကူညီခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိမ်းက

“အစိုးရအနေနဲ့ e-government ကို တည်ဆောက်ရာနဲ့ digital economy ကိုမြှင့်တင်ရာမှာ သင့်လျော်တဲ့မူဝါဒတွေ၊ စည်းမျဉ်းမူဘောင်တွေဖော်ဆောင် ပေးဖို့ ဆောင်ရွက်နေပါတယ်။ အဲ့လို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာ တဲ့ လူထုအစည်းအဝေးပွဲတွေပြုလုပ်ပြီး ပြည်သူ့ရဲ့အသံကို ပါဝင်နိုင်စေဖို့အ တွက် အဆင့်ဆင့်လုပ်ဆောင်သွားမှာပါ ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့  အွန်လိုင်းအသုံးပြုသူတွေနဲ့အတူ သူတို့ရဲ့  လွတ်လပ်စွာပြောဆိုခွင့်ကိုလ ည်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဓိကအမှာ စကားပြောကြားသူများဖြစ်သည့် Staffan Herrstrom မှတာဝန်ရှိသူ၊ ဖိုရမ်ကို အဓိက ပံ့ပိုးသူဖြစ်သည့် ဆွီဒင်သံအမတ်ကြီး၊ Myanmar Now သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ဦးဆွေဝင်း တို့ကလည်း ဒီဂျစ်တယ်ခေတ်တွင် မြန်မာသတင်းသမားများ ရင်ဆိုင်ကြုံတွေ့နေရသ ည့် အခက်အခဲ များအကြောင်း ဟောပြောကြသည်။ ဦးဆွေဝင်း အေ နဖြင့် ၎င်း၏ဖေ့စ်ဘုတ်စာမျက်မှာတွင် ဦးဝီရသူနှ င့် သက်ဆိုင်သည့်သတင်းတစ်ပုဒ် ဖြန့်ဝေခဲ့ခြင်းအတွက် ဦးဝီရသူအား ထောက်ခံသူတစ်ဦးက ဆက်သွယ် ရေး ဥပဒေပါ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရာ တစ်နှစ်ကျော်ကြာသည့်အချိ န်ထိ ရင်ဆိုင် နေရဆဲဖြစ်သည့် တရားခွင်အကြောင်းကိုလည်း ဦးဆွေဝင်းက ဆွေးနွေးတင်ပြခဲ့သည်။ Myanmar Now သတင်းဌာနက ရေးသားဖော်ပြခဲ့သည့် ဇီးပင်ကြီးနှင့် ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်များရှိ သင်ကြားပို့ချချက်အချို့သည် ဖေ့စ်ဘုတ် စာမျက်နှာပေါ်ရှိ သတင်းအမှားများကို အခြေခံလျက်ရှိသည်ကို ဦးဆွေဝင်းက ဆွေးနွေးတင်ပြခဲ့သည်။

“ကျွန်တော်တို့ အမှောင်ထုထဲက လွတ်မြောက်လာပြီး အခုအချိန်မှာတော့လမ်းပေါ်ရောက်နေပြီ။ ဒါပေမယ့် လမ်းပျောက်နေတုန်းပဲ။ တကယ်ကောင်းမွန်တဲ့ စာနယ်ဇင်းပညာဆိုတာ အဖြစ်မှန်တွေကို ဖော်ထုတ်ပြီး အမှန်တရားကို မီးမောင်းထိုးပြရမှာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို စကားလုံးတွေနဲ့ ဖော်ပြခွင့်ရမယ့် လွတ်လပ်ခွင့်ကို ပေးလိုက်ပြီဖြစ်ပေမယ့် နောက်ကွယ်မှာ ထိန်းချုပ်ထားတဲ့ မမြင်ရတဲ့ လက်တွေဟာ ရှိနေဆဲပါ။ အခုက အမှန်တရားကို အားလုံးဆီဝေမျှပေးဖို့အတွက် ကြီးမားတဲ့ အနစ်နာခံမှုတွေကို ပြုလုပ်ဖို့ အရေးကြီးတဲ့ အချိန်တစ်ခုကို ရောက်နေပါပြီ။ တရားမျှတမှုကို ရရှိအောင်ကြိုးပမ်းရာမှာ အစိုးရနဲ့ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေ နေရာအတည်တကျရှိပြီး ကျွန်တော်တို့နဲ့ အမှန်တရားကို ကာကွယ်ပေးဖို့ တစ်စိုက်မတ်မတ်ရှိလာတဲ့အထိ ကျွန်တော်တို့ဘက်ကနေ မတုန်လှုပ် မယိမ်းယိုင်ပဲ ဖြစ်နေမှ ရမှာပါ။ အစိုးရဝန်ထမ်း အရာရှိတွေဟာ ဖေ့စ်ဘုတ်ပေါ်က မဟုတ်မမှန်သတင်းတွေကို အခြေခံပြီး လေ့ကျင့်သင်ကြားပေးခံနေရတယ်ဆိုရင် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေက ဘာများ မျှော်လင့်စရာရှိလဲ" ဟု Myanmar Now သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ဦးဆွေဝင်းက မေးခွန်းထုတ်ခဲ့သည်။

ယူကေနိုင်ငံရှိ အန်ဂလီယာအရှေ့ပိုင်းတက္ကသိုလ်မှ ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ ကျွန်းကျင်သူ ဒေါက်တာပေါဘာနယ် (The Internet, Warts and All: Free Speech, Privacy and Truth (Cambridge University Press, 2018)  ကိုရေးသားခဲ့သူ)က  ဖိုရမ်သို့ ဗွီဒီယိုရုပ်သံဖြင့် အမှာစကားပြောကြားရာတွင် ငွေကြေးရှာရန်နှင့် ကြိုးကိုင်ခြယ်လှယ်ရန် သတင်းမှား သတင်းတုများ (မဟုတ်မမှန်သတင်းများ) မည်သို့ ဖန်တီးလေ့ ရှိကြပုံ၊ အမှန်တကယ်ဖြစ်ပျက်နေသည်ထက် ယုံနိုင်ဖွယ်ဖြစ်အောင် ချဲ့ကားရေးသားနေကြပုံ၊ အလျင် အမြန် ပျံ့နှံ့စေရန် အလို့ငှာ ဆိုရှယ်မီဒီယာ၊အထူးသဖြင့် ဖေ့စ်ဘုတ်မှတဆင့် ဖြန့်ဝေနေကြပုံတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ သတင်းအမှားများကို ကိုင်တွယ်ရန်နည်းလမ်း ၂ ခုအနေဖြင့်

"ပထမဦး စားပေးအနေဖြင့် ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်သင်ကြားပေးထားသည့် ဂျာနယ်လစ်များမှတဆင့် စစ်မှန်ပြီး၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များဖြစ်စေရန်၊ ဒုတိယ နည်းလမ်းအနေဖြင့် အသေးအဖွဲ သတင်းမှားလေးမျှကိုပင် စိစစ်သုံးသပ်ခြင်းနှင့် များစွာသော သတင်းအချက်အလက်များ စုဆောင်းခြင်းဖြင့် ဖေ့စ်ဘုတ်နှင့် အခြားဆိုရှယ်မီဒီယာ၏ အခန်းကဏ္ဍကို လျှော့ချနိုင်ပြီး မိမိကိုယ်ပိုင် လွတ်လပ်ခွင့် တိုးတက်လာစေရန်ဖြစ်သည်။ သတင်းမှားများကို ရင်ဆိုင်ရန် အင်အားချိနဲ့လွန်းသည့် မြန်မာနိုင်ငံအတွက်၎င်းအချက် ၂ ချက်က စိန်ခေါ်မှုဖြစ်နေသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် သတင်း အချက်အလက် ရရှိနိုင်မှုအခြေအနေကို လျော့ပါးစေသည့် ဖေ့စ်ဘုတ်အသုံးပြုမှု တက်နိုင်သမျှလျှော့ချ ရန်လည်း ဒေါက်တာပေါဘာနယ်က တိုက်တွန်းပြောကြားသည်။

ဝိုင်းဖွဲ့ဆွေးနွေးခြင်းအစီအစဉ်တွင် ပါဝင်သည်များ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်

  • အင်တာနက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း အမြင်သဘောထား
  • အင်မတန် ထိရှိလွယ်သည် ။တိတ်ဆိတ်စွာနေပါ။
  • •ဖ့စ်ဘုတ်ဖွဲ့စည်းပုံက မျှမျှတတရှိသလား၊

ကိုယ်ပိုင်လွတ်လပ်ခွင့

  • မြန်မာနိုင်ငံတွင် e-government ဖော်ဆောင်ခြင်း၊ ယုံကြည်မှုတည်ဆောက်ရာခြင်း၏ အတားအဆီး များ၊
  • ဆိုက်ဘာလုံခြုံရေးမြှင့်တင်ဆောင်ရွက်ခြင်းနှင့် ဆိုက်ဘာမှုခင်းတိုက်ဖျက်ခြင်းများအတွက် အခြေခံစည်းမျဉ်းနှင့် မူဘောင်များနေရာတကျ မှန်မှန်ကန်ကန် ရှိစေရေး၊
  • အချက်အလက်ကာကွယ် ခြင်း၊ သက်သောင့်သက်သာဝန်းကျင်အခြေအနေကို မျှတအောင်ဖော်ဆောင်ခြင်း၊ လွတ်လပ်ခွင့်နှင့် လုံခြုံရေး။

ရပိုင်ခွင့်

  • အမျိုးသမီးများနှင့် အင်တာနက်၊ ကတိကဝတ်များနှင့် ဘေးအန္တရာယ်များ
  • ၊ မြန်မာနိုင်ငံတွင် မီဒီယာ ကျွမ်းကျင်တက်မြောက်မှု မြှင့်တင်ခြင်း၊
  • ဒီဂျစ်တယ်ဖြေရှင်းနည်းများဖြင့် မသန်စွမ်းအခြေအနေမှ လွတ်မြောက်ခြင်း
  • လူမှုအသိုင်းအဝိုင်း ချိတ်ဆက်မှု၊ 'Last Mile' အက်ပလီကေးရှင်းဖြင့် ချိတ်ဆက်ဖြေရှင်း

တင်ပြဆွေးနွေးချက်များကို မကြာမီ လွှင့်တင်ပေးပါမည်။

လွတ်လပ်သော ဆွေးနွေးမှုအစီအစဉ်များတွင် လူအများစုအကျိုးအတွက် အွန်လိုင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဥပဒေပြုလုပ်ငန်းစဉ် များအကြောင်း အွန်လိုင်းမှ သတင်းအချက်အလက် ရယူခြင်း၊ ဆိုရှယ်မီဒီယာ၊ မက္ကဆီကိုရွေးကောက်ပွဲ၊ မြန်မာ့ဥပဒေအရ ဒီဂျစ်တယ်ဆိုင်ရာ ဥပဒေ ရေးရာနှင့် တရားစီရင်ရေး၊ အွန်လိုင်းတွင် အမျိုးသမီးများ၏ အခွင့်အရေး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၊ ဒီဂျစ်တယ်မီဒီယာ၊ တိုင်းရင်းသားများနှင့် သဟဇာတဖြစ်ခြင်း၊ မသန်းစွမ်းသူများအတွက် အိုင်စီတီနှင့် အလုံးစုံလွှမ်းခြုံနိုင်မှုပုံစံတို့ကို ဆွေးနွေးမည် ဖြစ်သည်။

ဒီဂျစ်တယ်ဆိုင်ရာ ကျန်းမာသန့်ရှင်းမှုနှင့် ဒီဂျစ်တယ် လုံခြုံမှု စသည့်အကြောင်း အရာများနှင့် ပတ်သက်၍လည်း အရပ်ဘက်အဖွဲ့အစည်းများအတွက် ဖြည့်စွက်သင်တန်းသစ်တစ်ခု ကျင်းပပေးသွားမည်ဖြစ်သည်။

Agenda:

Download Final Agenda of the Digital Rights Forum

Presentations:

Freedom House’s ‘Freedom on the Net’ (2018) in which Myanmar scored 64/100 as ‘Not Free’ (trailed by Thailand, Pakistan, Vietnam and China within Asia)

Global Network Initiative

UNESCO’s Internet Universality Indicators (IUIs)

Online Information to Bring Government to Account

Myanmar Legal Requirements for Disclosure of Information about Investment: Work in Progress

Developing E-Government in Myanmar: What are the Building Blocks of Building Trust?

Data Protection: balancing convenience, privacy and security

© 2024 Myanmar Centre for Responsible Business