ဥပဒေရေးဆွဲရာတွင် အများပြည်သူ သဘောထားများကို အလေးထားရယူ၍ ပိုမိုကောင်းမွန်သော ဥပဒေများနှင့် နည်းပညာပတ်ဝန်းကျင်ကို အမှန်တကယ်လွတ်လပ်၍ လုံခြုံသော နေရာတစ်ခုအဖြစ် တည်ဆောက်ရမည်ဟူသော တောင်းဆိုချက်များဖြင့် တတိယအကြိမ်မြောက် မြန်မာ ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်အား အဆုံ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ဥပဒေရေးဆွဲရာတွင် အများပြည်သူ သဘောထားများကို အလေးထားရယူ၍ ပိုမိုကောင်းမွန်သော ဥပဒေများနှင့် နည်းပညာပတ်ဝန်းကျင်ကို အမှန်တကယ်လွတ်လပ်၍ လုံခြုံသော နေရာတစ်ခုအဖြစ် တည်ဆောက်ရမည်ဟူသော တောင်းဆိုချက်များဖြင့် တတိယအကြိမ်မြောက် မြန်မာ ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်အား အဆုံ

ဥပဒေရေးဆွဲရာတွင် အများပြည်သူ သဘောထားများကို အလေးထားရယူ၍ ပိုမိုကောင်းမွန်သော ဥပဒေများနှင့် နည်းပညာပတ်ဝန်းကျင်ကို အမှန်တကယ်လွတ်လပ်၍ လုံခြုံသော နေရာတစ်ခုအဖြစ် တည်ဆောက်ရမည်ဟူသော တောင်းဆိုချက်များဖြင့် တတိယအကြိမ်မြောက် မြန်မာ ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်အား အဆုံ

ဖိုရမ်တက်ရောက်သူများ၏ ၈၅% သည် ၂၀၁၈ ခုနှစ် ဖိုရမ်ကို တက်ရောက်ဖူးခြင်း မရှိခဲ့သူများ ဖြစ်ပြီး ယခုနှစ်ဖိုရမ်သည် လက်ရှိတွင် တက်ရောက်သူ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။
ဖိုရမ်တက်ရောက်သူများ၏ ၈၅% သည် ၂၀၁၈ ခုနှစ် ဖိုရမ်ကို တက်ရောက်ဖူးခြင်း မရှိခဲ့သူများ ဖြစ်ပြီး ယခုနှစ်ဖိုရမ်သည် လက်ရှိတွင် တက်ရောက်သူ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

တတိယအကြိမ်မြောက် မြန်မာ ဒီဂျစ်တယ်အခွင့်အရေးဖိုရမ်သည် ဇန်နဝါရီလ ၁၉ ရက်နေ့၊ ရန်ကုန်မြို့တွင် ပြီးဆုံးခဲ့သည်။

ဖိုရမ်တွင် မြန်မာနိုင်ငံ၌ ဒီဂျစ်တယ် အခွင့်အရေးကို ကာကွယ်ပေးသည့် မူဝါဒများ နှင့် ဥပဒေအသစ်များ ရေးဆွဲပြဋ္ဌာန်းရန်နှင့် ၎င်းတို့ကို အကောင်အထည်ဖော်ရေးဆွဲရာတွင် အဓိပ္ပာယ် ပြည့်ဝသော အများပြည်သူ အမြင်သဘောထားများကို ဆွေးနွေးရယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

ဖိုရမ်တက်ရောက်သူ ဦးရေ ၂၅၀ ၀န်းကျင်ရှိပြီး အမျိုးသမီးနှင့် အမျိုးသား တက်ရောက်မှု အချိုးအစားမှာလည်း ထပ်တူနီးပါး ရှိပါသည်။ ထို့ကြောင့် ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် လူငယ်မျိုးဆက်သစ်များ၏ စိတ်ဝင်စားမှုနှုန်းမှာ အချိုးအစား ကောင်းစွာ ညီမျှသည်ကို တွေ့ရှိရသည်။

Summary Report - Third Myanmar Digital Rights Forum (2019)
Document PDF, 950 downloads, နိုဝင်ဘာ 22, 2019

ဖိုရမ်တက်ရောက်သူများ၏ အရေအတွက် တစ်ဝက်မှာ အရက်ဖက်လူ့အဖွဲ့အစည်းများကို ကိုယ်စားပြုနေပြီး ပညာရေးကဏ္ဍမှ ၁၉%၊ ပုဂ္ဂလိကကဏ္ဍမှ ၇%၊ အစိုးရကဏ္ဍမှ ၉% နှင့် မီဒီယာကဏ္ဍမှ ၃% အသီးသီး ကိုယ်စားပြုတက်ရောက်ကြကြောင်း သိရှိရသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အစိုးရအရာရှိကြီးများကလည်း အပြည်ပြည်ဆိုင်ရာနှင့် မြန်မာ့ကျွမ်းကျင်ပညာရှင်များ၊ အော်ရီဒူးနှင့် Facebook စသည့် ပုဂ္ဂလိကကုမ္ပဏီများက ကိုယ်စားလှယ်များ စသည်တို့နှင့်တကွ စကားဝိုင်း ဆွေးနွေးပွဲများတွင် ဝင်ရောက်ဆွေးနွေးပြောကြားခဲ့ကြသည်။ ယခုနှစ် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ်၌ အင်တိုက်အားတိုက် ဆွေးနွေးခဲ့သည့် စကားဝိုင်းများတွင် ယခင်က ကျင်းပခဲ့သည့် မြန်မာ့ဒီဂျစ်တယ် အခွင့်အရေးဖိုရမ်များကို တက်ရောက်ခြင်း မရှိခဲ့သော ဖိုရမ်တက်ရောက် ဆွေးနွေးသူ အများအပြားအားလည်း တွေ့ရှိခဲ့ရပါသည်။ ဖိုရမ်တက်ရောက်သူများ၏ ၈၅% သည် ၂၀၁၈ ခုနှစ် ဖိုရမ်ကို တက်ရောက်ဖူးခြင်း မရှိခဲ့သူများ ဖြစ်ပြီး ယခုနှစ်ဖိုရမ်သည် လက်ရှိတွင် တက်ရောက်သူ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

တက်ရောက်လာသူများက အစိုးရမှထုတ်ပြန်သော e-government, e-commerce and cybersecurity ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်သည့် ဆိုက်ဘာလုံခြုံရေး (cyber security) ဥပဒေ နှင့် စည်းမျဉ်းမူဘောင်အတွက် ၂၀၁၉ ဖေဖော်ဝါရီလတွင် ပွင့်လင်းသော အများပြည်သူအကြံပြုချက်များ ရယူမည့် အစီအစဉ်များကို ကြိုဆိုခဲ့ကြသည်။ ယင်းဆိုက်ဘာဥပဒေသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်စက်မှုတော်လှန်ရေး အတွက်ပြင်ဆင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်မည် ဖြစ်ပါသည်။ သက်ဆိုင်သူများက  ဆွေးနွေးကြရာ e-government နှင့် e-commerce စနစ်တစ်ခုတည်ဆောက်ရာတွင် ယုံကြည်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပြီး၊ ထိုယုံကြည်မှုဆိုသည်မှာ ၎င်းစနစ်ကို အသုံးပြုသောသူများက ထိုစနစ်ကို အသုံးပြုသည့်အခါ မိမိတို့၏ ဒီဂျစ်တယ်အခွင့်အရေးများ နှင့် ဒီဂျစ်တယ် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကို ကာကွယ်ပေးမည် ဆိုသော နားလည်မှုကို ဆိုလိုကြောင်း ဆွေးနွေးပြောဆိုကြသည်။ ဆိုက်ဘာ ဥပဒေသစ် ပြဋ္ဌာန်းရန် ဆောင်ရွက်မှုသည် ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် မြန်မာနိုင်ငံအစိုးရ၏ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွင် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါသည်။ ၄င်းအစီအစဉ်များကို TRPC Pre Ltd အကြံပေးပုဂ္ဂိုလ်များးမှ May-Ann LIMက တင်ပြခဲ့သည်။

MCRB သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့်

  • မြန်မာနိုင်ငံရှိ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဥပဒေ မူဘောင် (EN | MY)

  • ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်း (EN | MY)

  • အချက်အလက် ကာကွယ်ရေး (EN | MY)

တို့နှင့် ပတ်သက်သော မူဝါဒအကျဉ်းချုပ်များကို ဖိုရမ်တက်ရောက်လာသူများအား ကမ်းဝေပေးခဲ့သည်။

MCRB အနေနှင့် အဆိုပါ မူဝါဒအကျဉ်းချုပ်များကို လူတိုင်း၏ အခွင့်အရေးအလုံးစုံကို လေးစားသည့် ဆိုက်ဘာလုံခြုံရေး မှုဘောင်တစ်ရပ်ကို တည်ဆောက်ရန် အတွက် အစိုးရ၊ လွှတ်တော်နှင့် အခြားသက်ဆိုင်ရာ ပါဝင်သူများအား စည်းရုံးလှုံ့ဆော်ရာတွင် အသုံးပြုနေခြင်း ဖြစ်ပါသည်။

ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆက်လက်လုပ်ဆောင်မည့် သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေကြမ်း တိုးတက်ပြောင်းလဲမှုအခြေအနေနှင့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေမှ ပြဌာန်းချက် တစ်ခုဖြစ်သည့် ပုဒ်မ ၆၆ဃ အပါအဝင် အားလုံးသော အသရေဖျက်မှုပုဒ်မများအား ရာဇဝတ်မှုအဖြစ်မှ ပယ်ဖျက်ရန် စသည့်အကြောင်းအရာများဆိုင်ရာ စိတ်ဝင်စားမှုများကိုလည်း ဖိုရမ်ဆွေးနွေးပွဲတွင် တွေ့ရသည်။ ဖိုရမ် တက်ရောက်လာသူများက အစိုးရမှ ဆောင်ရွက်မည့် မူလမှတ်ပုံတင်များကဒ်များတွင်ပါဝင်သော အချက်အလက်များကို "စမတ်ကဒ်များ" အဖြစ် နည်းပညာသုံး ပြောင်းလဲမည့် အစီအစဉ်များကိုလည်း စိတ်ဝင်တစား လေ့လာလိုကြသည်ကို တွေ့ရှိရသည်။ ဖိုရမ်တက်ရောက်သူများသည် အစိုးရမှ ပြည်သူများအား စမတ်အိုင်ဒီကဒ်များထုတ်ပေးရာတွင် ယင်းသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်များ နှင့် အစီအစဉ်များကို ရှင်းလင်းမြင်သာစွာ ချပြရန် အကြံပြုတောင်းဆိုခဲ့သည်။ အကြံပြုချက်များတွင် အိုင်ဒီကဒ်များကို ထုတ်ပေးသောအခါမှသာ အကာအကွယ်ပေးမှုများကို ထည့်သွင်းဆောင်ရွက်နိုင်ရန် ကြိုးစားခြင်းထက် သင့်လျော်သော အချက်အလက်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို အဆိုပါ အိုင်ဒီကဒ်များမထုတ်ပေးမီ ကတည်းက ချမှတ်ထားသင့်ကြောင်းလည်း ပါဝင်သည်။

ဤဖိုရမ်ဆွေးနွေးပွဲတွင် အချင်းချင်းဆက်စပ်လျက်ရှိသော ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများ ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လူတိုင်းလက်လှမ်းမီတန်းတူညီမျှအသုံးချနိုင်ခွင့် တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။ ဖိုရမ်တက်ရောက် လာသူများမှလည်း ၂၀၁၈ ခုနှစ်ရှိ အွန်လိုင်းလွတ်လပ်ခွင့် နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားအမြင်များကို ဖြေဆိုခဲ့ကြသည်။ ထိုသို့ဖြေဆိုရာတွင် ဖိုရမ်တက်ရောက်လာသူ တစ်ဝက်နီးပါး (၄၁%) က အွန်လိုင်းလွတ်လပ်ခွင့် အခြေအနေ ပိုမိုဆိုးရွာကျဆင်းလာသည်ဟု ယုံကြည်ကြပြီး၊ ၂၅% ကမူ အွန်လိုင်းလွတ်လပ်မှု ပိုမိုရရှိလာသည်ဟု ထင်မြင်ကြောင်း တွေ့ရှိရသည်။ ကျန် ၃၄% မှာမူ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဟု ထင်မြင်ကြောင်း ဖြေဆိုခဲ့ကြသည်။ ယင်းအခြေအနေတိုးတက်လာစေရန် ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအား မဲခွဲရာတွင် တက်ရောက်လာသူများ၏ ၅၈% မှ  မူဝါဒဥပဒေများကို ချမှတ်၊ ပြောင်းလဲခြင်း ၊ ၂၄% မှ အများပြည်သူ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ၁၁% မှ အစိုးရဝန်ထမ်းများအား စွမ်းဆောင်ရည် မြင့်တင်ပေးခြင်း တို့ကို အသီးသီး လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖြေဆိုခဲ့ကြသည်။

အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး အကြောင်းအရာ ကိစ္စရပ်များ အပေါ်တွင်မူ ဖိုရမ်တက်ရောက်လာသူများ အနေနှင့် အားရကျေနပ်မှု မရှိကြောင်းကို တွေ့ရှိခဲ့ရသည်။ ဖိုရမ်တက်ရောက်လာသူ စုစုပေါင်း၏ ၆၆% က ၂၀၁၈ ခုနှစ်တွင် အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး တို့၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ဟု ယုံကြည်လျက်ရှိကြပြီး ၂၆ % မှာမူ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဟု ဖြေကြားခဲ့ကြသည်။ ဖိုရမ်တက်ရောက်လာသူ စုစုပေါင်း၏ ၈ % ကသာလျှင် အွန်လိုင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး တို့၏ အခြေအနေ ပိုမိုတိုးတက်လာသည်ဟု ထင်မြင်ကြောင်းကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် ဖိုရမ်တက်ရောက်သူများ၏ ၆၆% က ၂၀၁၉ တွင် အွန်လိုင်းပေါ်၌ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံပိုင်ခွင့်နှင့် လုံခြုံရေး ပိုမိုရရှိလာနိုင်ရန်အတွက် မူဝါဒဥပဒေများကို ဦးစားပေး ချမှတ်၊ ပြောင်းလဲရမည်ဟု ယုံကြည်ကြပြီး ၂၂% က အများပြည်သူ အသိပညာပေးလုပ်ငန်းများကို ဦးစားပေးရန် အရေးကြီးသည်ဟု ထင်မြင်ပြောဆိုခဲ့ကြသည်။

"အင်တာနက်ရယူသုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ တန်းတူညီမျှအသုံးချနိုင်ရေး” နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် တက်ရောက်လာသူ စုစုပေါင်း၏ ၄% ကသာ အင်တာနက်ရယူသုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ တန်းတူညီမျှ အသုံးချနိုင်မှု အခြေအနေ ဆုတ်ယုတ်လာသည်ဟု ဖြေကြားခဲ့ကြပြီး ၇၈ %က တိုးတက်လာသည်ဟု ဖြေဆိုခဲ့ကြရာ အခြားကဏ္ဍများနှင့် ယှဉ်လိုက်လျှင် ဤကဏ္ဍသည် အပြုသဘောဆောင်မှု အကောင်းဆုံးကဏ္ဍ တစ်ရပ် ဖြစ်သည်ကို တွေ့ရှိရပါသည်။ အင်တာနက်သုံးစွဲရာတွင် လူတိုင်းလက်လှမ်းမီ၍ တန်းတူညီမျှအသုံးချလာနိုင်စေရန် ဦးစားပေး ဆောင်ရွက်ရမည့် ကဏ္ဍများအား မဲခွဲရာတွင် တက်ရောက်လာသူ ၄၇% က ကျေးလက်၊ မြို့ပြ အင်တာနက်ရယူသုံးစွဲနိုင်မှု ကွာဟချက်များကို လျှော့ချရေး၊ ၂၇% က တိုင်းရင်းသား ဘာသာစကားများဖြင့် သုံးစွဲနိုင်ရေး၊ ၁၁% က မသန်စွမ်းများ တန်းတူညီမျှ အင်တာနက် ရယူသုံးစွဲနိုင်မှုမြှင့်တင်ရေး နှင့် ၁၀% က ကျား၊မ တန်းတူညီမျှ အင်တာနက်ရယူသုံးစွဲနိုင်မှု ကွာဟချက် လျှော့ချရေး စသည်ဖြင့် အသီးသီး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

MCRB သည် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံစေရန် ကာကွယ်ပေးမှုနှင့် ပတ်သက်သော စကားဝိုင်းများကို ဦးဆောင်ခဲ့ပြီး e-government၊ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာမှုခင်း၊ အချက်အလက် ကာကွယ်ရေးဟူသော ကဏ္ဍသုံးခုကို ဆွေးနွေးခဲ့ပါသည်။ e-government နှင့် အများသုံး ၀န်ဆောင်မှု အပ်ပလီကေးရှင်းများကို ၀န်ကြီးဌာနအသီးသီးနှင့် တွဲဖက်လုပ်ဆောင်ခဲ့သည့် Koe Koe Techမှ ဦးမိုက်ကယ်လွင် ကလည်း ဆိုက်ဘာလုံခြုံရေးနှင့် cloud ပေါ်တွင် အချက်အလက်များ သိုလှောင်သိမ်းဆည်းရေး အပါအ၀င် မြန်မာနိုင်ငံ၏ လက်ရှိ e-government ဆိုင်ရာ အခြေအနေများကို ထောက်ပြခဲ့သည်။

မျက်နှာစုံညီအဖွင့်အမှာစကားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ စုံစမ်းဖော်ထုတ်သတင်းရေးသားခြင်းဆိုင်ရာဆုရရှိသူ မြန်မာနောင်းသတင်းစာမှ သတင်းထောက်ကိုဆွေဝင်း နှင့် ဆွီဒင်သံအမတ်ကြီး Staffan Herrström တို့မှ အသီးသီး ပြောကြားပေးခဲ့ပါသည်။ ထို့အပြင် ဗြိတိန်နိုင်ငံရှိ ပညာရှင်၊ စာရေးဆရာ  Dr. Paul Bernal (မှတ်တမ်း) မှလည်းကောင်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် အသင်းအဖွဲ့လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Clément Nyaletsossi Voule မှလည်းကောင်း ရုပ်သံဗီဒီယိုများဖြင့် အသီးသီး အဖွင့်စကားပြောကြားပေးခဲ့သည်။ Clѐment Nyaletsossi Voule သည် ဒစ်ဂျစ်တယ်ခေတ်တွင် ယင်းအခွင့်အရေးများကို မည်သို့အသုံးပြု၊ ကာကွယ်ပေးနိုင်ကြောင်း ကဏ္ဍအလိုက် အစီရင်ခံစာတစ်စောင် အားလည်း လက်ရှိရေးသားပြုစုနေသူဖြစ်သည်။ (နောက်ဆုံး အစည်းအဝေး အစီအစဉ်ကို ကြည့်ရန်)

ထို့အပြင် မြန်မာနိုင်ငံနှင့် အထူး သက်ဆိုင်လျက်ရှိသည့် ဒီဂျစ်တယ် အခွင့်အရေး အညွှန်းများနှင့် အစပျိုးဆောင်ရွက်မှုများ ကိုလည်း အောက်ဖော်ပြပါ ခါင်းစဉ်များဖြင့် တင်ပြခဲ့ကြသည်။

  • Freedom House ၏ ‘အင်တာနက်ပေါ်၌ လွပ်လပ်မှု’ (၂၀၁၈) တွင် မြန်မာနိုင်ငံ၏ ရမှတ်မှာ ၁၀၀မှတ် တွင် ၆၄မှတ် ဖြစ်သောကြောင့် ‘လွတ်လပ်မှု မရှိ’ဟု သတ်မှတ်ခဲ့သည်။ (အာရှတိုက်အတွင်း ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဗီယနမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ထက် ရမှတ် ပိုနည်းသည်)

  • ဒီဂျစ်တယ် အခွင့်အရေး အဆင့်သတ်မှတ်ချက် သည် ICT ကဏ္ဍတွင် ပါဝင်သော ကုမ္ပဏီများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုတို့ကို တိုင်းတာခြင်း ဖြစ်ပြီး ၄င်းသတ်မှတ်ချက်ကို ရင်းနှီးမြှုပ်နှံသူများမှ မှီငြမ်းကိုးကားချက် အနေနှင့် အကျယ်တပြန့် အသုံးပြုနေကြပါသည်။

  • ကမ္ဘာတစ်ဝန်းကွန်ရက် ပဏာမခြေလမ်း သည်  ICT ကုမ္ပဏီများ ကြုံတွေ့နေရသော ဒီဂျစ်တယ် အခွင့်အရေးဆိုင်ရာ ပြဿနာ အခက်အခဲများဖြစ်သည့် ကွန်ရက်ပြတ်တောက်မှုဆိုင်ရာ အနှောင့်အယှက်များ၊ အင်တာနက် ၀န်ဆောင်မှုများပေးသည့် ကုမ္ပဏီများ၏ တာဝန်ဝတ္တရားများ၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများ၊ လူ့အခွင့်အရေးနှင့် မီဒီယာလွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပညာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တို့၏ ပူးပေါင်းလုပ်ဆောင်မှု ဖြစ်ပါသည်။

  • UNESCO၏ ကမ္ဘာတစ်ဝန်း အင်တာနက် တန်းတူညီမျှစွာ အသုံးပြုနိုင်မှု ဆိုင်ရာညွှန်ပြချက်များ (IUIs) သည် အင်တာနက် တိုးတက်ပြောင်းလဲလာမှုကို တိုင်းတာသည့် မူဘောင်တစ်ရပ် ဖြစ်ပြီး ၎င်းကို နိုင်ငံအများတွင် သုတေသနဆိုင်ရာ မူဘောင်နှင့် အထောက်အကူပြု ကိရိယာ တစ်ခုအနေဖြင့် ဆန္ဒအလျောက် အသုံးပြုလိုသောအခါတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း   တွေ့ရပါသည်။

အများပြည်သူရရှိနိုင်သော သတင်းအချက်အလက်များကို အသုံးပြုရာတွင် အစိုးရနှင့် ကုမ္ပဏီများ ပိုမိုတာဝန်ယူမှုရှိလာစေခြင်းနှင့် သက်ဆိုင်သည့် ပွင့်လင်းစွာဆွေးနွေးနိုင်သော စကားဝိုင်းတစ်ရပ် (open session) ကို MCRB မှ ကြီးမှူးလုပ်ဆောင်ခဲ့သည်။ ၄င်းတွင် MCRB မှ Vicky Bowman က လက်ရှိ ဥပဒေပိုင်းဆိုင်ရာ ပွင့်လင်းစွာဖော်ပြမှု လိုအပ်ချက်များ၊ Ananda မှ ဦးထင်ကျော်အေးက လွှတ်တော်နှင့် ပတ်သက်သော အွန်လိုင်း သတင်းအချက်အလက်များ ရရှိနိုင်သည့် နေရာအရင်းအမြစ်များ စသည့် အကြောင်းအရာများကို တင်ပြသွားခဲ့သည်။

ဖိုရမ်တက်ရောက်လာသူများမှလည်း မိမိစိတ်ဝင်စားရာ အွန်လိုင်းဆိုင်ရာ အကြောင်းအရာများကို ပွင့်လင်းစွာဆွေးနွေးနိုင်သော စကားဝိုင်းများ (Open Sessions) တွင် တင်ပြခဲ့ကြသည်။ ပါဝင်သည့် အကြောင်းအရာများမှာ - မည်သူမဆို ရည်ရွယ်ချက် အသီးသီးဖြင့် နေရာမရွေး အသုံးပြု၊ မျှဝေ၊ တည်ဆောက်နိုင်သည့် အချက်အလက်များ၊ ဥပဒေနှင့် လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သော အွန်လိုင်းရှိ သတင်းအချက်အလက်များ၊ လူမှုကွန်ရက်နှင့် ရွေးကောက်ပွဲများ၊ မြန်မာနိုင်ငံဥပဒေများရှိ ဒီဂျစ်တယ်အကြာင်းအရာများနှင့်ဆိုင်သော ဥပဒေ ကန့်သတ်ချက်များ၊ အမျိုးသမီးများ၏ အွန်လိုင်းတွင် ရရှိသော အခွင့်အရေးများ၊ မြန်မာမီဒီယာကောင်စီနှင့် ဒီဂျစ်တယ်မီဒီယာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မသန်စွမ်းသူများအတွက် ဒီဇိုင်းရေးဆွဲထားသော ကမ္ဘာတစ်လွှားမှ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများ၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ အမုန်းစကားပြောကြားခြင်းနှင့် ဘာသာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ၊ ပြည်သူများမှ ပူပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့် ဒီဂျစ်တယ်ဆိုင်ရာ လှုပ်ရှားမှုများ စသည်တို့ဖြစ်ပါသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို ၂၀၁၆ နှင့် ၂၀၁၈  ခုနှစ်များတွင် ကျင်းပခဲ့သည်။ တတိယအကြိမ်မြောက် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ်ကို Freedom of Expression Myanmar (FEM) အဖွဲ့၊ Myanmar ICT for Development Organisation (MIDO) နှင့် Phandeeyar အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပြီး Phandeeyar ၌ ကျင်းပခဲ့သည်။ ယခုပွဲ၏ ကုန်ကျစရိတ်များကို ဆွီဒင်သံရုံးနှင့် Heinrich Böll Foundation တို့က ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ digitalrightsmm.info တွင်လည်း ဤအကြောင်းအရာများကို ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။

Agenda:

Download Final Agenda of the Digital Rights Forum

Presentations:

Freedom House’s ‘Freedom on the Net’ (2018) in which Myanmar scored 64/100 as ‘Not Free’ (trailed by Thailand, Pakistan, Vietnam and China within Asia)

Global Network Initiative

UNESCO’s Internet Universality Indicators (IUIs)

Online Information to Bring Government to Account

Myanmar Legal Requirements for Disclosure of Information about Investment: Work in Progress

Developing E-Government in Myanmar: What are the Building Blocks of Building Trust?

Data Protection: balancing convenience, privacy and security

© 2024 Myanmar Centre for Responsible Business