မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဆိုက်ဘာလုံခြုံရေးမူကြမ်းဆိုင်ရာ ပဏာမအကြံပြုချက်များအား အစိုးရသို့ ပေးပို့ကာ လွှတ်တော်အမတ်များနှင့် ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များအပေါ် တွေ့ဆုံဆွေးနွေး - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဆိုက်ဘာလုံခြုံရေးမူကြမ်းဆိုင်ရာ ပဏာမအကြံပြုချက်များအား အစိုးရသို့ ပေးပို့ကာ လွှတ်တော်အမတ်များနှင့် ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များအပေါ် တွေ့ဆုံဆွေးနွေး

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက ဆိုက်ဘာလုံခြုံရေးမူကြမ်းဆိုင်ရာ ပဏာမအကြံပြုချက်များအား အစိုးရသို့ ပေးပို့ကာ လွှတ်တော်အမတ်များနှင့် ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များအပေါ် တွေ့ဆုံဆွေးနွေး

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှလည်း အဆိုပါ အကြံပြုချက်များကို တက်ရောက်ဆွေးနွေးခြင်းအပြင် စာဖြင့်ရေးသား၍ အကြံပြု ပေးပို့တင်ပြခဲ့သည်။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှလည်း အဆိုပါ အကြံပြုချက်များကို တက်ရောက်ဆွေးနွေးခြင်းအပြင် စာဖြင့်ရေးသား၍ အကြံပြု ပေးပို့တင်ပြခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင်စားသော အခြား စီးပွားရေးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ပတ်သက်ဆက်နွယ်သူများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂၅ ရက်နေ့၊ နေပြည်တော်မြို့တွင် ကြီးမှူးကျင်းပခဲ့သည့် ၎င်းတို့၏ ညှိနှိုင်းစည်းဝေးပွဲတွင် ဝင်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ကြားခဲ့သည်။

အစည်းအဝေးတက်ရောက်လာသူပေါင်း (၈၀) ခန့် ရှိပြီး တက်ရောက်လာသူ အများစုမှာ အစိုးရဌာနကိုယ်စားလှယ်များ ဖြစ်ကြသည်။ ထို့အပြင် ဆယ်သွယ်ရေး အော်ပရေတာများနှင့် အခြား အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေနှင့် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်ထားရှိသည့် ၎င်းတို့၏ အခြေခံစံနှုန်းဆိုင်ရာ လေ့လာချက်များအတွက် အကြံဉာဏ်များ တောင်းခံခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လက်ရှိ မူဝါဒနှင့် ဥပဒေမူဘောင်ရှိ အရေးပါသည့် လိုအပ်ချက်များကို

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာ့ဆိုက်ဘာဥပဒေနှင့် မူဝါဒရေးရာ အခြေခံမူကြမ်း အပေါ် ဆွေးနွေးရာတွင် သက်ဆိုင်ရာ ကဏ္ဍအစုံမှ ပါဝင်သက်ဆိုင်သူများကို ဖိတ်ကြားပြုလုပ်လိုသည့် အများပြည်သူဆိုင်ရာ အကြံပေးဆွေးနွေးပွဲများသည် ပကတိလက်ရှိ အခြေအနေကို အခြေခံထားသည့် ဥပဒေမူဝါဒ ရေးဆွဲခြင်း ဖြစ်ပါသောကြောင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေဖြင့် အားပေးကြိုဆိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း နှင့်တကွ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာ အရာရှိကြီးများကလည်း အဆိုပါ အများပြည်သူဆိုင်ရာ အကြံပြုချက်များ ရယူလိုကြောင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် သုံးကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ် တွင်လည်း ရည်ညွှန်းပြောဆိုခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်အခွင့်အရေးကို ကာကွယ်ပေးသည့် မူဝါဒများနှင့် ဥပဒေအသစ်များ ရေးဆွဲပြဋ္ဌာန်းရန်နှင့် ၎င်းတို့ကို အကောင်အထည်ဖော်ရေးဆွဲရာတွင် အဓိပ္ပာယ်ပြည့်ဝသော အများပြည်သူ အမြင်သဘောထားများဖြင့် ပေါင်းစပ်လုပ်ဆောင်သွားရန် စသော တောင်းဆိုချက်များဖြင့် ဖိုရမ်အား အဆုံးသတ်ခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အဆိုပါ ပတ်သက်ဆက်နွယ်သူများ၏ အကြံပြုချက်များကို တောင်းခံနိုင်မည့် ဆွေးနွေးပွဲများကို  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလလယ်တွင် ဆောင်ရွက်သွားနိုင်ရန် ယေဘုယျအားဖြင့် စီစဉ်ထားသည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အနေနှင့် သိရှိထားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့်တကွ ဝန်ကြီးဌာနများ ပါဝင်သည့် အခြား ပတ်သက်ဆက်နွယ်သူများကလည်း ထိုကဲ့သို့ ခက်ခဲနက်နဲသော မူဝါဒများနှင့် ဥပဒေများကို မူကြမ်းရေးဆွဲရသည့် နယ်ပယ်အတိုင်းအတာနှင့် အချိန်ကာလနှုန်းထား စသည့် လုပ်ငန်းစဉ်များ အပေါ်တွင် စိုးရိမ်ပူပန်မှုများရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဥပဒေပြုလွှတ်တော်အမတ်များနှင့်အတူ အခြားသက်ဆိုင်သည့်သူများထံမှ အကြံဉာဏ်များ တောင်းခံရာတွင် ပိုမိုအချိန်ကာလရယူကာ ပိုမိုစနစ်ကျသော ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ သို့မှသာလျှင် အစိုးရနှင့် ထိုပတ်သက်ဆက်နွယ်သူများ အနေနှင့် သက်ဆိုင်ရာ အရေးကြီး ကိစ္စရပ်များကို သတ်မှတ်ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်းအပြင်၊ ကျိုးကြောင်းဆီလျော်မှုရှိသော မူဘောင်တစ်ရပ်တွင် လိုအပ်သည့် အချက်အလက်များ အသေးစိတ် ပါဝင်သည့် ဥပဒေမူကြမ်းများအား အတူတကွ ပြဋ္ဌာန်းနိုင်မည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့အပြင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်ဝင်စားသည့် လွှတ်တော်အမတ်များ တွေ့ဆုံခဲ့ကြရာ၊ အဆိုပါလွှတ်တော်အမတ်များက ၎င်းတို့အနေနှင့် အငြင်းပွားဖွယ် အရေးကြီးကိစ္စရပ်များကို ကောင်းမွန်စွာ နားလည်ရန် လိုအပ်ကြောင်းနှင့် ယခုကဲ့သို့ ခက်ခဲနက်နဲ၍ စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် ကိစ္စရပ်များကို ထိထိရောက်ရောက် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ကြသည်။

ထို့အပြင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့်တကွ အခြား ပတ်သက်ဆက်နွယ်သူများကလည်း ဥပဒေတစ်ခုတည်းကို ခြုံငုံပြဋ္ဌာန်းခြင်းသည် မှန်ကန်သည့်နည်းလမ်းမဟုတ်ကြောင်း၊ မကြာမီ ပြဋ္ဌာန်းမည့် ဆိုက်ဘာဥပဒေတွင် ပါဝင်ရန် အဆိုပြုထားသော ကဏ္ဍ (၃) ရပ်မှာ အီလက်ထရောနစ်အစိုးရ၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေး တို့ဖြစ်ရာ ၎င်းတို့ကို ချိတ်ဆက်နေသော်လည်း သီးခြားတည်ရှိရမည့် ဥပဒေများဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ စသည့် စိုးရိမ်မှုများအား ထောက်ပြ ဆွေးနွေးခဲ့ကြသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ကလည်း အစိုးရအနေနှင့် ယခုအခွင့်အရေးကို အသုံးချကာ လက်ရှိ အိုင်စီတီနှင့် ဆက်သွယ်ရေးအော်ပရေတာဆိုင်ရာ ဥပဒေမူဘောင်ကို ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း၊ ကွဲလွဲဆန့်ကျင်၍ ခေတ်နှင့် လျော်ညီမှု မရှိတော့သော လက်ရှိ အိုင်စီတီဆိုင်ရာ ဥပဒေများကို ရုတ်သိမ်းရန် လိုအပ်ကြောင်းကို အကြံပြု အားပေးတိုက်တွန်းခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှလည်း အဆိုပါ အကြံပြုချက်များကို တက်ရောက်ဆွေးနွေးခြင်းအပြင် စာဖြင့်ရေးသား၍ အကြံပြု ပေးပို့တင်ပြခဲ့သည်။

စာတွင်ပါရှိသည့် အကြံပြုချက်များကို ပေးပို့ရာတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) မှ သုံးကြိမ်မြောက် မြန်မာ့ဒီဂျစ်တယ်အခွင့်အရေးဖိုရမ် အတွက် ပြင်ဆင်ခဲ့သည့် မူဝါဒအကျဉ်းချုပ်များနှင့် မြန်မာ့အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ အကြံပြုချက်များမှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါသည်။

Latest ICT-Related News

MCRB has approached this input to the UN OHCHR from the perspective of responsible business and the UN Guiding Principles on Business and Human Rights (UNGPs).

MCRB has made an input into a report on the right to privacy in the digital age which is being undertaken by the UN Office of the High Commissioner for Human Rights. MCRB’s inputs reflect its experience of working on digital rights in Myanmar since 2014.

Photo: Thor Jorgen Udvang

MCRB has made an input to the UN Office of the High Commissioner on Human Rights concerning the High Commissioner’s report on the practical application of the Guiding Principles on Business and Human Rights to the activities of technology companies.

A safe and secure digital environment, based on international standards on data protection, rule of law and international human rights, is important to the Myanmar’s sustainable development.

MCRB, together with other stakeholders, is concerned about the latest amendments to the draft Cybersecurity Law circulated by the Ministry of Transport and Communications on 13 January 2022.

© 2024 Myanmar Centre for Responsible Business