“ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ” အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်းလုပ်ငန်းများအတွင်း ကုမ္ပဏီနှင့် ရပ်ရွာအသိုင်းအဝိုင်းကြား ပဋိပက္ခများဖြစ်ပွားလာစေနိုင်သည့် တွန်းအားများနှင့်ပတ်သက်သော စိုးရိမ်ချက်များကို အရ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » “ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ” အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်းလုပ်ငန်းများအတွင်း ကုမ္ပဏီနှင့် ရပ်ရွာအသိုင်းအဝိုင်းကြား ပဋိပက္ခများဖြစ်ပွားလာစေနိုင်သည့် တွန်းအားများနှင့်ပတ်သက်သော စိုးရိမ်ချက်များကို အရ

“ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ” အလုပ်ရုံဆွေးနွေးပွဲတွင် သတ္တုတွင်းလုပ်ငန်းများအတွင်း ကုမ္ပဏီနှင့် ရပ်ရွာအသိုင်းအဝိုင်းကြား ပဋိပက္ခများဖြစ်ပွားလာစေနိုင်သည့် တွန်းအားများနှင့်ပတ်သက်သော စိုးရိမ်ချက်များကို အရ

ထိုအလုပ်ရုံဆွေးနွေးပွဲကို VPSHR ၏ ပြည်တွင်းလုပ်ငန်းဦးဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေသော MCRB မှ အိမ်ရှင်အဖြစ် လက်ခံကျင်ပခြင်းဖြစ်ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲကို VPSHR ၏ ပြည်တွင်းလုပ်ငန်းဦးဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေသော MCRB မှ အိမ်ရှင်အဖြစ် လက်ခံကျင်ပခြင်းဖြစ်ပါသည်။

၂၉ ရက်နေ့၊ ဇန်နဝါရီလ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူပေါင်း ၃၀ ဝန်းကျင်ခန့်ရှိခဲ့ပြီး၊ အများစုသည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းများမှ အရပ်ဖက်အဖွဲ့အစည်းများ (CSOs) တက်ရောက်ခဲ့ကြပါသည်။ ၎င်းတို့တက်ရောက်လာကြသော နေရာဒေသများရှိ သတ္တုလုပ်ငန်းများ လုပ်ကိုင်နေမှုများနှင့် ဆက်စက်သာ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများနှင့် ကုမ္ပဏီ-ဒေသခံပြည်သူများ ဆက်ဆံရေးနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ထိုအစည်အဝေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာအရပ်ဖက်အဖွဲ့အစည်းများအား ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအခြေခံမူများ(VPSHRs) ကို မိတ်ဆက်ပေးရန်ဖြစ်ပြီး၊ ၎င်းအရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပို၍တာဝန်ယူမှုရှိသော တွင်းထွက်သယံဇာတတူးဖော်ခြင်းဆိုင်ရာ အလေ့အကျင့်များကို တွန်းအားပေးဆောင်ရွက်ရန် ထို VPSHRs သည် အသုံးဝင်မှုရှိ၊ မရှိကို ဆွေးနွေးရန်တို့ ဖြစ်ပါသည်။

VPSHRs ကို သတ္တုသယံဇာတကဏ္ဍများက ၎င်းတို့၏ လုပ်ငန်းများတွင် လုံခြုံရေးကို အသုံးပြုသည့်အခါ လူ့အခွင့်အရေးအား  လေးစားလိုက်နာသော အပြုအမှုများနှင့် ပတ်သက်ပြီး ကုမ္ပဏီများအနေဖြင့် လိုက်နာသင့်သော အခြေခံမူသဘောတရား တစ်ခုဖြစ်ပါသည်။

နိုဝင်ဘာ ၂၀၁၈ ခုနှစ် ရန်ကုန်နှင့် နေပြည်တော်တွင် ပြုလုပ်ခဲ့သော ယခင်အလုပ်ရုံဆွေးနွေးပွဲများ ၌ အစိုးရနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်သူများကို အဓိကထား ဖိတ်ကြား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် သတ္တုလုပ်ငန်းလုပ်ဆောင်ရာတွင် VPSHRs ကို ကျင့်သုံးနေသည့် သတ္တုတွင်းကုမ္ပဏီများနှင့် သတ္တုတွင်းလုပ်ငန်းများနှင့်ဆက်စပ်၍ လုပ်ဆောင်နေကြသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများလည်း တက်ရောက်ပါဝင်ခဲ့ကြပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို VPSHR ၏ ပြည်တွင်းလုပ်ငန်းဦးဆောင်အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူလုပ်ဆောင်နေသော MCRB မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့ပြီး၊ International Alert, Fund for Peace (FFP) (အကြမ်းဖက်မှု၊ ပဋိပက္ခများကို ကာကွယ်ရန် နှင့် စဉ်ဆက်မပြတ် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရန် ပြုလုပ်ဆောင်ရွက်နေကြသော အမေရိကန်နိုင်ငံ အခြေစိုက် အကျိုးအမြတ်မယူသည့်၊ အစိုးရမဟုတ်သော သုတေသနနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်း) နှင့် ဂျာနီဗာအခြေစိုက် the Democratic Control of Armed Forces (DCAF) တို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

မတ်လ ၁၈ရက်မှ ၂၀ရက်ထိ လန်ဒန်မြို့တွင် ကျင်းပမည့်  VPSHRs ၏ မျက်နှာစုံညီပွဲတွင် တင်ပြနိုင်ရန်အတွက် FFP/DCAF အနေဖြင့် နိုင်ငံအများစုတွင် VPSHRs နှင့် ပတ်သက်ပြီး ပြည်တွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် လေ့လာမှုတစ်ခု ပြုလုပ်နေပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲမှ ( အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်ကို ကြည့်ရန်) တွင်းထွက်သယံဇာတ ကဏ္ဍတွင် VPs ကို အကောင်အထည်ဖော် ဆောင်ရွက်သော အခြားသောနိုင်ငံများဖြစ်သည့် ဂါနာ၊ ပါပူဝါနယူးဂီနီ၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့်အတူ VPSHR ၏ ပြည်တွင်းလုပ်ငန်းအဖွဲ့ကို အစောဆုံး တည်ထောင်ခံသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သော Peru including from Carlos Salazar of Socios Peru တို့၏ သင်ခန်းစာများနှင့် အတွေ့အကြုံများကို ကြားသိခဲ့ရပါသည်။

ယေဘူယျအားဖြင့် သတ္တုတွင်းတွင်လုပ်ကိုင်နေသော လုံခြုံရေးဆောင်ရွက်သူများနှင့် ဒေသခံ ပြည်သူများကြားတွင်ရှိသည့် အချို့သော လုံခြုံရေးဆိုင်ရာ ပြဿနာများကို ဆွေနွေးခဲ့ကြပြီး

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြည်သူ့လုံခြုံရေးမှ ဒေါ်ခင်ဝင်းကို သေနတ်ဖြင့်ပစ်ခြင်းနှင့် ၂၀၁၂ ခုနှစ်တွင်  မီးလောင်ဗုံးဖြင့် အကြမ်းဖက် ပစ်ပေါက်ကာ ဖြေရှင်းခဲ့သည်များကို အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ဒေသခံတက်ကြွ လှုပ်ရှားသူများထံမှ ကြားသိရခြင်းဖြင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းနေရာသည် အခြားနေရာများထက် ထိုကဲ့သို့ ပြဿနာများ ပိုမိုမြင့်မားစွာ ရှိခဲ့သည်ကိုလည်း သိရှိခဲ့ရသည်။

အခြားပြဿနာတစ်ရပ်အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ သတ္တုတွင်းကုမ္ပဏီတစ်ခု၏ လက်နက်ကိုင်ဆောင်သော ဝန်ထမ်းမှ ဒေသခံများကို ခြိမ်းခြောက်လေ့ ရှိသည်ကိုလည်း ကြားသိခဲ့ရပါသည်။

သို့သော် ဆိုးရွားသည့် သတ္တုလုပ်ငန်းများဆိုင်ရာ အလေ့အကျင့်များ  ကျယ်ပြန့်လာခြင်းကြောင့်  အနာဂတ်တွင် လုံခြုံရေးဆိုင်ရာ ထိခိုက်မှုများကြောင့် အန္တရာများ မြင့်မာလာမည်ကို   ဒေသခံပြည်သူများ အနေဖြင့် ကျေနပ်မှုမရှိကြပါ။

ပြောပြခဲ့ကြသော အကြောင်းအရာများထဲတွင်မူ သတ္တုကုမ္ပဏီများမှ တရားမဝင် သစ်ခုတ်ခြင်းများ၊ သတ္တုလုပ်ငန်းများမှ ချောင်း၊ မြောင်းများထဲသို့ အညစ်အကြေး စွန့်ပစ်ခြင်းများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်ခြင်း၊ နည်းဥပဒေများကို လိုက်နာရန်နှင့် အစိုးရမှ စစ်ဆေးခြင်းများ အားနည်းနေခြင်း၊ မြေယာဆုံးရှုံးမှုများအတွက် လျော်ကြေးများ မပေးခြင်း၊ သွားလာနေသော လမ်းများကို ပိတ်ဆို့ခြင်း၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများအပေါ် သက်ရောက်မှုများ၊ သတ္တုကုမ္ပဏီများမှ လှူဒါန်းခြင်း အတုအယောင်များ သို့မဟုတ် လာဘ်ပေးလာဘ်ယူများများ (ဥပမာ - နှုတ်ပိတ်ရန်အတွက် ရပ်ရွာအတွင်းအရေးပါသော သူများကို ကားများ လက်ဆောင်ပေးခြင်း)၊ ဒေသခံအမျိုးသမီးများကို သတ္တုတွင်းလုပ်ငန်းမှ လုပ်သားများဖြင့် လက်ထက်ပြီးနောက်တွင် ထိုအလုပ်သမားများမှာ သူတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်သွားသည့်အခါ ထိုအမျိုးသမီးများနှင့် ကလေးများကို စွန့်ပစ်ထားခဲ့ခြင်းများ ရှိခြင်း၊ မကျေနပ်မှုများကို တိုင်ကြားရန် ဒေသခံပြည်သူများအနေဖြင့် မည်သူ့ကို တိုင်ကြားရမည်ကို မသိခြင်း စသည့်တို့ ပါဝင်ပါသည်။

ဖြစ်ရပ်တစ်ခုတွင် ဒေသခံပြည်သူများမှ လူမှုမီဒီယာပေါ်တွင် ရေစမ်းသပ်တွေ့ရှိချက်ကို တင်ထားပြီးနောက် သတ္တုကုမ္ပဏီတစ်ခုမှ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) (အသရေဖျက်မှု) ကို အသုံးပြုခဲ့သည်ဟု  ဖော်ပြခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် VPSHRs ကဲသို့ အကျိုးရှိသည့် multi-stakeholder စံနှုန်းများကို ပလက်ဖောင်းတစ်လို အသုံးပြု၍ ရပ်ရွာအသိုင်းအဝိုင်းမှ အကြောင်းကိစ္စများကို ဆွေးနွေးနိုင်ခြင်း၊ကုမ္ပဏီများအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုများ ရှိလာစေရန်လိုအပ်ချက်များ၊ ကုမ္ပဏီများတွင် လုပ်ငန်းခွင်အတွင်း မကျေနပ်မှုများ၊ နစ်နာမှုများကို တိုင်ကြားနိုင်သည့် စနစ်များ ထူထောင်ရန် လိုအပ်ခြင်းများကို အသိအမှတ်ပြုခဲ့ကြသည်။

အချို့သော ရပ်ရွာအသိုင်းအဝိုင်းများက ၎င်းတို့ကို အသိအမှတ်ပြု ထည့်သွင်းစဉ်းစားရန်အတွက်  မြန်မာဥပဒေများကို အခြေခံ၍ ကုမ္ပဏီများနှင့် ချိတ်တဆက် ညှိနှိုင်းမှုများဆောင်ရွက်နေကြပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသည် အသေးစားနှင့် လက်လုပ်လက်စား (ASM) သတ္တုလုပ်ငန်းများတွင် လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ဦးစားပေးလုပ်ဆောင်ရန်နှင့် အကြီးစားသတ္တုလုပ်ငန်းများနှင့် လက်လုပ်လက်စား (ASM) သတ္တုလုပ်ငန်းများ ပူးတွဲတည်ရှိနေသည့် အတိုင်းအတာများကို ဆွေးနွေးရန် အခွင့်အလမ်းဖြစ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများကို PNGနှင့် ဂါနာ နိုင်ငံများရှိ လက်လုပ်လက်စား နှင့် အသေးစား သတ္တုလုပ်ငန်းများ (ASM) ရှိ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၏ အတွေ့အကြုံများကို FFP မှလည်းကောင်း၊ ပီးရူ နှင့် ပတ်သက်သော အတွေ့အကြုံများကို Socios Peru မှလည်းကောင်း ရှင်းလင်းခဲ့ပါသည်။

၎င်းနိုင်ငံများတွင် ပတ်သက်ဆက်နွယ်သူများက ထိုကဲ့သို့သောလုံခြုံရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် VPSHRs ကို အသုံးပြုရန် ကြိုးပမ်းသော်လည်း ရှုပ်ထွေးလှသော ASM ၏ မူဝါဒများနှင့် ပတ်သက်ဆက်နွယ်သူပေါင်းစုံ ပါဝင်နေခြင်းနှင့် အချို့သောသူများမှာ တာဝန်ယူမှုရှိသော သတ္တုလုပ်ငန်း ဖြစ်လာစေရန် စိတ်ဝင်စားမှု မရှိသဖြင့် အမြဲတမ်း အောင်မြင်မှုတော့ မရရှိပါ။

Natural Resources Governance Institute (NRGI)မှ Sebastian Sahla သည်လည်း ၂၀၁၈ခုနှစ် သတ္တုနည်းဥပဒေနှင့် ၂၀၁၅ခုနှစ် သတ္တုဥပဒေများအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ အသေးစားနှင့် လက်လုပ်လက်စား (ASM) သတ္တုလုပ်ငန်း လိုင်စင်များ ထုတ်ပေးခြင်းတွင် ဗဟိုချုပ်ကိုင်မှု စနစ်လျော့ချခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များ၊ လိုင်စင်ထုတ်ပေးရာတွင် ထပ်နေခြင်းကိစ္စများကို တားဆီးရန် ပွင့်လင်း၍ ရှင်းလင်းသော စနစ်မရှိပါက ဖြစ်ပေါ်လာနိုင်ခြေရှိသော ပဋိပက္ခများနှင့် အခြားသော ပြဿနာများအကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် VPSHRs ၏ အဖွဲ့ဝင်ဖြစ်သော သြစတြေးလျအခြေစိုက်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် PanAust သည် အကြီးစားလိုင်စင်ရရှိထားပြီး ဗန်းမောက်နှင့် ပင်လယ်ဗူး (စစ်ကိုင်းတိုင်းဒေသကြီး) ဒေသများတွင် နှစ်ရှည် ရှာဖွေရေး အစီအစဉ်များကို လက်ရှိတွင် လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့၏ ချဉ်းကပ်မှုနည်းလမ်းများကို ရှင်းပြခဲ့ပါသည်။ အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ငန်းများသည် အနယ်ကျနုန်းမြေ (alluvial deposit) သတ္တုသိုက်များ သို့မဟုတ် အလယ်အလတ် မြေမျက်နှာပြင်များတွင် ရှာဖွေနေကြသော်လည်း   အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းများအနေဖြင့် (ပိုမိုနက်သော) မူလသတ္တုသိုက် (primary deposits) အပေါ်၌သာ အဓိကထားခဲ့ကြောင်း ထောက်ပြခဲ့ပါသည်။

ထို့ကြောင့် လိုင်စင်စနစ်၏ ခွင့်ပြုချက်အရ အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်းနှင့် လက်လုပ်လက်စားသတ္တုလုပ်ငန်းများသည် အချိန်အတိုင်းအတာတစ်ခုတည်းအတွင်း ရှာဖွေတူးဖော်ရေးလုပ်ငန်းကို ဒေသတစ်ခုထဲ၌ တပြိုင်နက်လုပ်ဆောင်နိုင်အောင် လမ်းစပေးထားသကဲ့သို့ဖြစ်နေကြောင်း ဖော်ပြခဲ့ပါသည်။

PanAust ၏ သတ္တုရှာဖွေရေးအဖွဲ့များအတွက် အစိုးရမှ လုံခြုံရေးများချထားဆောင်ရွက်ပေးရန် ကမ်းလှမ်းချက်ကို ငြင်းဆိုရန်အတွက် အကြောင်းပြချက်များခိုင်မာအောင် VPSHR ကို အသုံးပြုကြောင်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

PACT Myanmar အနေဖြင့်လည်း သတ္တုလုပ်ငန်းများတွင် ပြဒါး အသုံးပြုခြင်းကို လျော့ချရန်လုပ်ဆောင်နေသော လုပ်ငန်းအစီအစဉ်များအကြောင်းကို အကြမ်းဖျင်း ပြောပြခဲ့ပါသည်။

ထိုအကြောင်းအရာများကို ထပ်မံဆွေးနွေးရန် MCRB အနေဖြင့် မုံရွာမြို့တွင် မတ်လ၌ အဖက်ဖက်မှ ပတ်သက်ဆက်နွယ်သောသူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်နေပါသည်။

VPSHR ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ထိုတွေ့ဆုံဆွေးနွေးပွဲတွင် FFP နှင့် Socios Peru တို့မှ ၎င်းတို့လေ့လာထားသည့် အခြားနိုင်ငံများတွင် ပြည်တွင်းလုပ်ငန်းအဖွဲ့၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှုဆိုင်ရာ သင်ခန်းစာများကို ပြောဆိုဆွေးနွေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business