ဇီဝမျိုးစုံမျိုးကွဲများတွင် ရင်းနှီးမြှပ်နှံမှုခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ဇီဝမျိုးစုံမျိုးကွဲများတွင် ရင်းနှီးမြှပ်နှံမှုခြင်း

ဇီဝမျိုးစုံမျိုးကွဲများတွင် ရင်းနှီးမြှပ်နှံမှုခြင်း

ရင်းနှီးမြှပ်နှံမှု အဆိုပြုချက်တင်သွင်းရာတွင် DICA ကစစ်ဆေးရာ၌  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရန်အတွက်လည်း စိစစ်ရသည် ဖြစ်ရာ DICA ၏အခန်းကဏ္ဍကို ဦးတည်ပြီး ပြုလုပ်ခဲ့သည်။
ရင်းနှီးမြှပ်နှံမှု အဆိုပြုချက်တင်သွင်းရာတွင် DICA ကစစ်ဆေးရာ၌ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရန်အတွက်လည်း စိစစ်ရသည် ဖြစ်ရာ DICA ၏အခန်းကဏ္ဍကို ဦးတည်ပြီး ပြုလုပ်ခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)သည် မတ်လ (၅)ရက်နေ့တွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန -ရန်ကုန် (DICA)  ရုံး၌ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို နေ့ဝက်ကြာ ပြုလုပ်ခဲ့ရာ   ရင်းနှီးမြှပ်နှံနှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) နှင့်ပတ်ဝန်း ထိန်းသိမ်းရေးဦး စီးဌာန(ECD) တို့မှ အရာထမ်းနှင့်အမှုထမ်း  (၇၀) ဦး တက်  ရောက်ခဲ့သည်။ ရင်းနှီးမြှပ်နှံမှု အဆိုပြုချက်တင်သွင်းရာတွင် DICA ကစစ်ဆေးရာ၌  ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များနှင့်အညီ ဖြစ်စေရန်အတွက်လည်း စိစစ်ရသည် ဖြစ်ရာ DICA ၏အခန်းကဏ္ဍကို ဦးတည်ပြီး ပြုလုပ်ခဲ့သည်။ 

မြန်မာနိင်ငံရှိ အချို့သောစီးပွားရေး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအမျိုးအစားများသည်  ဇီဝမျိုးစုံမျိုးကွဲများနှင့် လူ့အခွင့်အရေးဆိုင်ရာများအပေါ်သို့မည်သို့သော ဆိုးကျိုးသက်ရောက်မှုများ ရှိနေနိုင်သည် ဆိုသည်ကို စီးပွားရေးလုပ်ငန်းများ၊ လူထုအဖွဲ့အစည်းများနှင့် အစိုးရဌာနဆိုင်ရာဆိုင်များ မှ သိရှိနားလည်နိုင် ရည်ရွယ်၍ MCRB ၏လတ်တလောထုတ်ဝေထားသော ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ အနှစ်ချုပ်စာတမ်း (ယခု မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးရရှိနေပြီဖြစ်သည်) အပေါ်တွင် အခြေခံပြီး ပို့ချခြင်း ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများသည် မြန်မာပြည် နှင့် မြန်မာ ပြည်သူလူထုအတွက်သာမက တိုင်းပြည်တွင် ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှုလုပ်ငန်းပေါ်ပေါက်ရန်အတွက် လည်းအလွန်အရေးကြီး ကြောင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွှန့် နှင့် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး တို့၏ အဖွင့်မိန်းခွန်းတွင် အလေးပေးကာ ထည့်သွင်း ပြောကြားခဲ့ကြသည်။

စီမံကိန်းအားဆောင်ရွက်သူများသည် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုများကို မည်သို့ အနည်းဆုံးဖြစ် အောင်  ဆောင်ရွက်မည် (သို့) လျှော့ချနိုင်မည် စသည်တို့ကို MCRB ၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီ ဘိုမန်က မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ခေါင်းစဉ်ဖြင့် ပို့ချခဲ့သည်။  ထို့အပြင် မတူညီသော  လုပ်ငန်းဏ္ဍများမှ ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့သော ထိခိုက်မှု ရှိနိုင်မည်၊ ကုမ္ပဏီများအနေဖြင့် ဥပဒေများနှင့်အညီ မည်သို့ လုပ်ဆောင်ရန် လိုအပ်သည် စသည်တို့ကို ဥပမာများဖြင့် ရှင်းလင်းပို့ချခဲ့သည်။  

စီမံကိန်းတစ်ခုက  ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ ထိခိုက်နိုင်မှုရှိနိုင်သည်၊  စီမံကိန်းကို   ရှောင်ရှားရန်၊  မပြုလုပ်ရန်၊ တတ်နိုင်သမျှ ရှောင်ရှားရန်  (သို့မဟုတ်)  လျှော့ချရန် (သို့မဟုတ်) ဆိုးကျိုးသက်ရောက်မှုများ  လျှော့ချရန် စသည်ဖြင့် ဆုံးဖြတ်ရာတွင် ရိုးသားမှန်ကန်စွာ စိစစ်ဆုံးဖြတ်ရန် လိုအပ်ပြီး ၎င်းသည် မြန်မာနိုင်ငံ ဥပရေ အရ လည်း လိုအပ်သည့် လုပ်ဆောင်မှု ဖြစ်သည်ဟု အလေးပေး ပြောကြားခဲ့သည်။

Asian Research Institute for Environmental Law ၏ ဒါရိုက်တာဖြစ်သူ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန) တွင် ဥပဒေရေးရာ ကာလရှည် အတိုင်ပင်ခံလည်း  ဖြစ်သည့် Mr. Matthew Baird ကလည်း MCRB ပူးပေါင်း၍   မြန်မာ့ဥပဒေ မူဘောင်များ(MIC, EIA, စသဖြင့်…) နှင့် (DICA)၊ (ECD) နှင့် အခြားသော အစိုးရ၏ စည်းမျဉ်းစည်းကမ်းများတွင်  ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ လမ်းညွှန်ချက် ချမှတ်ထားသည် ဆိုသည်ကို  ဆွေးနွေးပြောကြားခဲ့သည်။

ဗစ်ကီဘိုမန် ကဲ့သို့ပင် မက်သရူး ကလည်း ဖစ်နိုင်ခြေရှိသော လူမှုသက်ရောက်မှု၊ သဘာဝပါတ်ဝန်းကျင် သက်ရောက်မှုနှင့် စိစစ်ရေးလုပ်ငန်းစဉ်ကာလအတွင်း ဇီဝမျိုးစုံမျိုးကွဲများအပေါ်သက်ရောက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းက အရေးပါပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန(ECD) ၏ တရားဝင် မှတ်ချက်ကလည်း ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)အနေဖြင့် ရင်းနှီးမြှပ်နှံမှု အဆိုပြုချက်တစ်ခုကို အတည်ပြုရေး ဆုံးဖြတ်ချက်အတွက် အရေးပါကြောင်း စသည်တို့ကို  အလေးထား ဆွေးနွေးတင်ပြခဲ့သည်။

အကြီးစားရင်းနှီးမြှပ်နှံမှု လုပ်ငန်း အဆိုပြုချက်  တောင်းဆိုလာမှုကိုဆုံးဖြတ်နိုင်ရေးအတွက် DICA ၏အရာထမ်းနှင့် အမှုထမ်းများကို အဖွဲ့များခွဲစေပြီး ဦးနှောက်မုန်တိုင်းဆင် ဥာဏ်ရည်သွေး လုပ်ဆောင်မှုများကို နောက်ဆုံးအပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ ၎င်းကဏ္ဍတွင် DICA, ECD နှင့် ရင်းနှီးမြှုပ်နှံသူ စသော သက်ဆိုင်ရာ ဆက်နွယ်သူများတစ်မျိုးချင်းစီအတွက်  ရင်းနှီးမြှုပ်နှံမှု အဆို စိစစ်ရာတွင် မည်သို့ လုပ်ဆောင်သင့်သည် ဆိုသည်ကို နမူနာလေ့လာရန်ဖြစ်ရပ်များနှင့် လေ့လာခဲ့သည်။

ထိုနေ့ညနေပိုင်းတွင် Goethe Unistitute Yangon ၌ ကျင်းပသော စကားဝိုင်းဆွေနွေးပွဲတွင်လည်း ဇီဝမျိုးစုံမျိုးကွဲများကာကွယ်ထိန်းသိမ်းရာတွင် မည်သည့် နည်းဗျူဟာကျသောချဉ်းကပ်မှု ဖြစ်စေရန် မည်သို့ဆောင်ရွက်ရမည် ဆိုသည်ကို ဝင်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းများကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ်သက်ရောက်မှုများအား

မည်သို့ စည်းမျဉ်းကန့်သတ် ထိန်းသိမ်းမည်၊ စီးပွားရေးလုပ်ငန်းများကလည်း ဇီဝမျိုးစုံမျိုးကွဲများ နှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူကာ ပြန်လည်ထုတ်ပြန်ခြင်း တွင် ပါဝင်ပြီး ကာကွယ်ထိန်းသိမ်းမှုများတွင် ပါဝင်နိုင်သလို ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ဆောင်နေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရန်ပုံငွေရှာဖွေပေးခြင်း များ၊ ဂေဟစနစ်ဝန်ဆောင်မှုများအတွက် ငွေကြေးပေးဆောင်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။ မြန်မာပြည်တွင် payments for ecosystems services (PES)ခေါ် ဂေဟစနစ်ဝန်ဆောင်မှု အစီအစဉ်များ မရှိသေးစဉ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များကုမ္ပဏီ များနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများကြားတွင် ရှိနေသော မိတ်ဖက်လုပ်ဆောင်မှုများအကြောင်း ကိုမီးမောင်းထိုးပြခဲ့ပြီး၊ ၂၀၁၅မှ ၂၀၁၇ ကာလတွင် ကုမ္ပဏီ ခုနှစ်ခု သည် ဘင်္ဂလားပင်လယ်အော်အတွင်း၌ ရေနံနှင့် သဘာဝဓာတ်ငွေ့စမ်းသပ် တူးဖော်ရန် လိုအပ်သော အလျက်အလက်များကို Marine Mammal Observers အဖွဲ့မှ ရယူ စုစည်းခြင်းများရှိခဲ့သည်ဟု မည်သို့လုပ်ဆောင်နိုင်သည်ကို ရှင်းလင်းတင်ပြခဲ့သည်။

သဘာဝပါတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို စီမံခန့်ခွဲခြင်းနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံများ ပေါ်ပေါက်လာစေရန် မြန်မာနိုင်ငံဥပဒေရေးရာမူဘောင်နှင့် အပြည်ပြည်ဆိုင်ရာနိုင်ငံတကာ စံချိန်စံညွှန်းများ ရှုထောင့်ပေါ်တွင်အခြေခံကာ လွှတ်တော်အမတ်များ၊ အစိုးရ အရာရှိများနှင့် ကုမ္ပဏီများအတွက် စကားဝိုင်းဆွေးနွေးပွဲများနှင့် သင်တန်းများလည်း MCRBတွင် ရရှိနိုင်ပါသည်။ ၎င်းအခွင့်အလမ်းကို စိတ်ဝင်စားမှုရှိပါက MCRB အဖွဲ့၏ အီးမေးလ် လိပ်စာ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

© 2024 Myanmar Centre for Responsible Business