မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့

မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ နယ်ပယ်ပေါင်းစုံမှ ပတ်သက်ဆက်နွယ်သူများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ အယောက် (၁၁၀) ခန့် တက်ရောက်ခဲ့သည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ နယ်ပယ်ပေါင်းစုံမှ ပတ်သက်ဆက်နွယ်သူများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ အယောက် (၁၁၀) ခန့် တက်ရောက်ခဲ့သည်။

မတ်လ ၆ ရက် နှင့် ၇ ရက် တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) အေအေအာ ဂျပန် (AAR Japan) ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း (ILO) နှင့် တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်စေရန်ရည်ရွယ်၍ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့သည်။ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာလ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာအပါအဝင် အာရှ ခြောက်နိုင်ငံ၌  ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်၊ လူ့အခွင့်အရေးကို လေးစားသော သဘာဝ ပတ်ဝန်းကျင်အတွက် ရေရှည် တည်တံ့စေသော တာဝန်ယူမှုရှိသည့် လုပ်ငန်းအလေ့အထများကို (supply chains) လုပ်ငန်းကွင်းဆက်များတွင် ကျင့်သုံး လာစေရန် ရည်ရွယ်၍ EU, ILO နှင့် OECD တို့ ပူးပေါင်းလုပ်ဆောင်မှု တစ်ရပ်အနေဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။ JICA နှင့် MCRB ၏ အဓိက ငွေကြေး ထောက်ပံ့ပေးသူတို့ကလည်း အထောက်အပံ့ပြုပေးခဲ့သည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ နယ်ပယ်ပေါင်းစုံမှ ပတ်သက်ဆက်နွယ်သူများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ မသန်စွမ်း အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ အယောက် (၁၁၀) ခန့် တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ၏ "သတင်း ထုတ်ပြန်ချက်“ ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြစ် (ဘေးဘက်တွင်) ဖော်ပြထားပါသည်။

ဦးမျိုးအောင် ၊ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့်   ၂၀၁၅ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ ကို အကောင်အထည်ဖော်မည့် ၂၀၁၇ နည်းဥပဒေ အတည်ပြု ပြဋ္ဌာန်းခြင်းအပါအဝင်၊ အစိုးရ၏ လုပ်ဆောင်ချက်များကို ပြောကြားခဲ့ပါသည်။ မကြာသေးမှီက ပင် အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ၏ အလုပ်များကို အထောက်အပံ့ပြုရန် ဆပ်ကော်မတီ ရှစ်ခု ကို ဖွဲ့စည်းခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။ ၎င်းတွင် အလုပ်အကိုင် ဆပ်ကော်မတီလည်း အပါအဝင်ဖြစ်ပြီး၊ ၎င်းကော်မတီသို့ အလုပ်ရှင်များက မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တဆင့် အကြံပြုချက်များပေးကြရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော November 2018 ASEAN Enabling Masterplan 2025 on Mainstreaming the Rights of Persons with Disabilities. ဆွေးနွေးပွဲတွင် ကတိကဝတ် ပြုခဲ့သည်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် အစိုးရအတွင်း ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသွားပါသည်။

မသန်စွမ်းသူများ အသင်းချုပ် ယာယီဥက္ကဌဖြစ်သူ ဦးသိန်းလွင်က အလုပ်အကိုင်များကို ရရှိဖို့အတွက် ပညာရေးနိမ့်ကျနေမှုကို မြှင့်တက်အောင် လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့ခက်ခက်ခဲခဲရရှိထားတဲ့ ပညာရေးကိုအသုံးချနိုင်ဖို့ အလုပ်ရရှိဖို့လိုပါတယ်ဟု ပြောကြားခဲ့သည်။ သူက အစိုးရကို မသန်စွမ်းများ အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တစ်ခုချမှတ်တည်ထောင်ခြင်းနှင့် ၂၀၁၅ ခုနှစ် ဥပဒေ အကောင်အထည် ဖော်ခြင်းကို မြှင့်တင်ရန်တိုက်တွန်းခဲ့ပါသည်။ သူကဥပဒေ၌ ပြဋ္ဌါန်းထားသကဲ့သို့ မသန်စွမ်းများ အလုပ် အကိုင်အတွက် ဝေပုံကျနှုန်းထားတစ်ခုချမှတ်ရာတွင် အလုပ်အကိုင်ဆပ်ကော်မတီက အမျိုးသား ကော်မတီ ကို အကြံဉာဏ်များပေးရန်လည်းတိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ကိုယ်စားလှယ် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၏ ဒုဥက္ကဌဖြစ်သူ ဦးဝင်းနိုင်က မသန်စွမ်းသူများအကျုံးဝင်ပါဝင်မှု ဆိုသည်မှာ မြန်မာကုမ္ပဏီများအတွက် သဘောတရားအသစ် တစ်ခုဖြစ်သည်ဟုဆိုသည်။ သို့သော် UMFCCI အနေနှင့် မသန်စွမ်းမှုအရေးသည် နိုင်ငံအတွက် အရေးပါသည် ကို သိရှိနားလည်ပြီး နိုင်ငံမှ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန်  ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း ပြောကြားသွားပါသည်။ စီးပွားရေးလုပ်ငန်းများဘက်မှလည်း မည်သို့မည်ပုံ ဆောင်ရွက်သင့် သည်ဆိုသောနည်းလမ်းများ၊ လမ်းညွန်ချက်များကို ရှာဖွေလျက်ရှိပြီး အစိုးရဘက်မှ လုပ်ဆောင်ပေးမှုများ (ဥပမာ- မသန်စွမ်းမှတ်ပုံတင်ခြင်း) ကိုလည်း သေသေချာချာသိရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယူကေမှမသန်စွမ်းသူများကို လေ့ကျင့်သင်တန်းပေးပြီး၊ အလုပ်အကိုင်အတွက်အကူအညီ ပေးနေသည့် လူမှုအကျိုးပြု လုပ်ငန်းတစ်ခု ဖြစ်သည့် Result CIC မှ ညွှန်ကြားရေးမှုး Jane Cordellကလည်း သူမ၏ ဘဝအတွေ့အကြုံကို မျှဝေခဲ့ပါသည်။ ကျွမ်းကျင်တဲ့ ဂီတပညာရှင်တစ်ယောက်အနေနဲ့ သူမ အသက်၂၀ အရွယ်မှာ နားမကြားဖြစ်ခဲ့ရသော်လည်း၊ ထိုအချိန်မှစ၍ ဘာသာစကားသင်ပြတဲ့ဆရာမတစ်ဦး၊ သံအမတ် တစ်ဦး၊ အလုပ်အကိုင်အတွက် လေ့ကျင့်ပေးသူတစ်ယောက် ဖြစ်လာခဲ့ပါသည်။

သူမက ယူကေ၏ တန်းတူညီမျှမှုဥပဒေသည် မသန်စွမ်းသူများကို လုပ်ငန်းခွင်နှင့် လူမှုဘဝ၌ ခွဲခြားဆက်ဆံခံ ရမှု မရှိစေရန် ကာကွယ်ပေးထားသည်ဟုရှင်းပြခဲ့ပါသည်။ အလုပ်အကိုင်လက်လှမ်းမီမှု ရှိရေးအတွက် - ဥပမာ မသန်စွမ်းသူများကို အထောက်အကူပြုနည်းပညာများနှင့် အကူအညီထောက်ပံ့ပေးရန် လုပ်ငန်းခွင် ထဲ၌ရှိသော မသန်စွမ်းသူများကို လိုအပ်သလိုအထောက်အပံ့ပြုသည့် ယူကေအစိုးရ၏ ရန်ပုံငွေတစ်ခုအပါ အဝင် ရရှိမည့်မက်လုံးများကိုလည်း ဖော်ပြခဲ့ပါသည်။ ၎င်းသည် အစိုးရ၏ငွေကြေးရန်ပုံငွေအတွက် "Net Positive" အသားတင် ရရှိမှုလည်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။ လေ့လာတွေ့ရှိမှုများအရ မသန်စွမ်းများကို $ 1.00 အထောက်အပံ့ပြုလိုက်ခြင်းအားဖြင့် မသန်စွမ်းများ ဝင်ငွေတိုးပွားလာမှုကြောင့် ၎င်းတို့သည် အစိုးရကိုဝင်ငွေခွန် $ 1.50 ပိုမိုပေးဆောင်နိုင်တာ ကိုတွေ့ရှိရပါတယ်။ သူမက “ကုမ္ပဏီကြီးများက မသန်စွမ်းများအား အလုပ်ခန့်ထားရန် မည်သို့ တက်ကြွစွာ ဆောင်ရွက်နိုင်ကြောင်းကို အသားပေး ပြောကြားခဲ့သည်။ ဥပမာ အလုပ်အတွက် အနိမ့်ဆုံးလိုအပ်ချက်များနှင့် ကိုက်ညီသည့် မသန်စွမ်းတစ်ယောက် အလုပ်လာလျှောက်လျှင် အင်တာဗျူးခေါ်ရန် အာမခံပေးခြင်းတို့ ဖြစ်သည်။ “

မြန်မာကုမ္ပဏီများအတွက်လိုအပ်သော လမ်းညွှန်မှုများပြုလုပ်ပေးနိုင်ရန်၊ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာ့စီးပွား ရေးနှင့် မသန်စွမ်းကွန်ယက်တစ်ခုတည်ထောင်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါကွန်ယက်သည် စီးပွား ရေးလုပ်ငန်းများကဦးဆောင်သည့်အဖွဲ့တစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ၏ ကောင်းမွန်သည့်အလေ့ အထနှင့် အပြုသဘောပြောင်းလဲမှုများအတွက် တိုက်တွန်းအားပေးပါသည်။ အမျိုးသားအဆင့်ကွန်ယက် ၂၈ခုရှိနေပြီဖြစ်သော ILO ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် မသန်စွမ်း ကွန်ယက် GBDN အတွက် အလုပ်လုပ်နေသည့်  Peter Fremlin နှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့် မသန်စွမ်း ကွန်ယက်၏ အလုပ်အမှုဆောင် Murteza Khan တို့က စီးပွားရေးနှင့် မသန်စွမ်းကွန်ယက်များ တည်ထောင် ခြင်းဆိုင်ရာ လေ့လာဖွယ်ရာ သင်ခန်းစာများဝေမျှခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ အလုပ်အကိုင်ဆိုင်ရာ ကောင်းမွန်သော လုပ်ဆောင်မှုများနှင့် အလေ့အထများကိုလည်း ဆွေးနွေးခဲ့ပါသည်။ အလုပ်အကိုင်အတွက်အနီးကပ်ကြီးကြပ်ပံ့ပိုးပေးခြင်း (Job coaching), အထောက် အကူပြု နည်းပညာနှင့် သင့်လျော်သော လုပ်ငန်းခွင်အစီအစဉ် အခင်းအကျင်းများ၊ အဆင်ပြေသင့်လျော်သော ပတ်ဝန်းကျင်တို့နှင့် ပတ်သက်၍လည်းဆွေးနွေးခဲ့ကြသည်။ မသန်စွမ်းအဖွဲ့အစည်းများနှင့် NGO များမှဆွေးနွေးကြသူများတွင် ရွှေမင်းသားဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ မြန်မာနိုင်ငံနားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အေအေအာ ဂျပန်၊ ဂျပန် Heart ၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း ၊ BRAC မြန်မာ နှင့်   အနာကြီးနှင့် မသန်စွမ်းမှု ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းအဖွဲ့ (မြန်မာ)၊ စီးပွားရေး ဟောပြောသူများအနေဖြင့် Sule Shangri-la ဟိုတယ်၊ Accor ဟိုတယ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ Mira မြန်မာ ခရီးသွားလုပ်ငန်း၊ မဇ္စိုမ မီဒီယာ၊ လှတယ် နှင့် ရန်ကုန် Bakehouse တို့ပါဝင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ စပ်ဆက်ပတ်သက်နေသူများအကြား ကွန်ယက်ချိတ်မှုများ လုပ်ဆောင်နိုင်ရန်အတွက် အခွင့် အလမ်းကောင်းတစ်ရပ် ရရှိခဲ့သလို၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် MCRB၊ အေအေအာဂျပန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (MFPD) တို့ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သော “မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်း - မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်” အကြောင်း  စီးပွားရေးလုပ်ငန်းများနှင့် အထူးသဖြင့် လူ့စွမ်းအားအရင်းမြစ် စီမံခန့်ခွဲသူများကြား၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာကို ပိုမိုသိရှိနားလည်လာပြီး၊ အသုံးချနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ရရှိခဲ့ပါသည်။

Download Agenda (Burmese)Download Agenda (English)
Download Press Statement (Burmese)Download Press Statement (Burmese)
© 2024 Myanmar Centre for Responsible Business