စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ယူမှု ရှိသော ရွှေသတ္တုလုပ်ငန်းများဖြစ်ပေါ်လာ စေခြင်းဆီသို့ - သတင္းမီဒီယာစင္တာ
You are here Home » သတင္းမီဒီယာစင္တာ » စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ယူမှု ရှိသော ရွှေသတ္တုလုပ်ငန်းများဖြစ်ပေါ်လာ စေခြင်းဆီသို့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ယူမှု ရှိသော ရွှေသတ္တုလုပ်ငန်းများဖြစ်ပေါ်လာ စေခြင်းဆီသို့

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်မှ ၎င်းတို့တိုင်းဒေသကြီးအတွက် သတ္တုတွင်းဥပဒေကို ရေးဆွဲရန် အစဖော် ဆောင်ရွက်ခြင်းမှ ဤ အလုပ်ရုံ ဆွေးနွေးပွဲ ကိုကျင်းပရန် ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်မှ ၎င်းတို့တိုင်းဒေသကြီးအတွက် သတ္တုတွင်းဥပဒေကို ရေးဆွဲရန် အစဖော် ဆောင်ရွက်ခြင်းမှ ဤ အလုပ်ရုံ ဆွေးနွေးပွဲ ကိုကျင်းပရန် ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

မတ်လ ၉ရက်၊ ၁၀ရက်နေ့များတွင် MCRB မှ ဦးဆောင်ကျင်းပသည့် ဘက်ပေါင်းစုံမှ ပတ်သက်ဆက်နွယ်သူများ ပါဝင်သော “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တု တူးဖော်ရေးလုပ်ငန်းများအတွက် ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် တာဝန်ယူမှုရှိသော စီးပွားရေး အလေ့အကျင့်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့ အစိုးရပိုင်းအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) အောက်ရှိ သတ္တုတွင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ တက်ရောက်ခဲ့ကြပြီး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD)၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့နှင့်တကွ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ထီးချိုင့်၊ ကောလင်း၊ ဝမ်းသို၊ အင်းတော်၊ ပင်လယ်ဘူးမြို့နယ်များ ၏ လွှတ်တော်အမတ်များလည်း တက်ရောက် ခဲ့ကြပါသည်။

Concept Note and Agenda (English)
Document PDF, 605 downloads, မတ် 27, 2019
Concept Note and Agenda (MM)
Document PDF, 560 downloads, မတ် 27, 2019

ထို့အပြင် မုံရွာတွင် ပြုလုပ်ကျင်းပခဲ့သော  အလုပ်ရုံဆွေးနွေးပွဲသို့ ဒေသတွင်းနှင့် နိုင်ငံ တကာမှ သတ္တုတွင်း ကုမ္ပဏီများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာမှအစိုးရ မဟုတ် သောအဖွဲ့များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ၂၀၁၈ ရေရှည်တည်တံ့ ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် အစိုးရ၏လုပ်ဆောင်ချက် အမှတ် ၅.၅.၃ တွင် သတ်မှတ်ဖော်ပြ ထားသည်မှာ “ ပြည်သူများ၏ လူမှုဘဝနှင့် အစိုးရ၏ အခွန်ဘဏ္ဍာများအပေါ် ကောင်းမွန် သောအထောက်အပံ့ ရရှိစေပြီး ရေရှည် တည်တံ့၍ အကျိုးအမြတ်ရှိစေရန် တွင်းထွက် သတ္တုကဏ္ဍ၏ လုပ်ငန်းသဘာဝကို ပြုပြင် ပြောင်းလဲခြင်း"  ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲမှာ  MCRB မှ ဟုမ္မလင်း၊ ကောလင်းနှင့် ဗန်းမောက်ဒေသများရှိ အသေးစားနှင့် လက်လုပ်လက်စား  ရွှေသတ္တု လုပ်ငန်းများအား ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်”   မြန်မာနိုင်ငံအတွင်း ထုံးကျောက်၊ ရွှေ၊  ခဲမဖြူ သတ္တုတွင်းလုပ်ငန်းများ၏ သက်ရောက်မှုများ အား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း" အစီရင်ခံစာ၏ နောက်ဆက်တွဲ အနေဖြင့် လုပ်ဆောင်မှုလည်း ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့်လွှတ်တော် မှ  ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုမှ ပြန်လည် ပြင်ဆင်ပြဌာန်းခဲ့သော သတ္တုတွင်းဥပဒေနှင့် ၂၀၁၈ သတ္တုတွင်းနည်းဥပဒေများကို ဖြည့်စွက်ကာ ၎င်းတို့တိုင်းဒေသကြီးအတွက် သတ္တုတွင်းဥပဒေတစ်ခုကို ရေးဆွဲရန် အစ ဖော်ဆောင်ရွက်ခြင်းမှ ဤအလုပ်ရုံ ဆွေးနွေး ပွဲကိုကျင်းပရန် ဆုံးဖြတ်ကာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီး ကော်မတီ သည် ပြည်ထောင်စုအဆင့်ရှိ သယံဇာတနှင့် ဘဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထက် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် ရှိ လိုင်စင်ကြေး၊ မြေဌားရမ်းခ၊ royalties ကြေးငွေများကို စည်းကြပ်ခြင်းနှင့် ကောက်ခံ ခြင်းများ၊ ရွှေအပါအဝင် အသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်ရေး လုပ်ငန်းအများစု လုပ်ကိုင်နိုင်ရန် ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။ (ရွှေသတ္တုလုပ်ငန်းများ အတွက် လက်လုပ်လက်စား သတ္တုတူးဖော် ခြင်းကို ၁ ဧကအောက်နှင့် အသေးစား သတ္တု တူးဖော်ခြင်းကို ၄ ဧကအောက် သတ်မှတ် ထားပါသည်)။

သို့သော် ခွင့်ပြုမိန့်ထုတ်ပေးရာတွင် လုပ်ကွက် များထပ်နေနိုင်သည့် ပြဿနာများကို မည်ကဲ့ သို့ကိုင်တွယ်ဖြေရှင်းရမည်နှင့် ပတ်သက်ပြီး သတ္တုတွင်းနည်းဥပဒေတွင် ရှင်းလင်းစွာဖော် ပြထားမှု မရှိသကဲ့သို့ ထိုလုပ်ကွက်များထပ် နေနိုင်ခြင်းကို ရှောင်ကြဉ်ရန် ကူညီဖြေရှင်း ပေးနိုင်သော ဓာတ်သတ္တုလုပ်ကွက်ပြ မြေပုံ (minerals cadaster) ကို ယခုထိတိုင် အသုံး ပြုနိုင်သေးခြင်း မရှိသေးပါ။

အသေးစားနှင့် လက်လုပ်လက်စားများ အတွက် ဇုန်နေရာများသတ်မှတ်ခြင်းကို ဖြေရှင်းမှုတစ်ခုနေဖြင့်  ဆောင်ရွက်ခဲ့သော် လည်း ၎င်းတို့၏ဖြစ်နိုင်ခြေရှိသော နည်းလမ်း များဖြင့် ပြဿနာများကို ဖြေရှင်းမှုများက လည်း ရှင်းလင်းသေချာမှုများ မရှိသေးပါ။

အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဤကဲ့သို့သော ဥပဒေ ရေးရာတိကျရှင်းလင်းမှုများ အားနည်းခြင်း များရှိနေခြင်းကြောင့် ပြဿနာများဖြစ်ပွား လာနိုင်ခြေကို ဦးတည်နေပါသည်။ အထူး သဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပါ သည်။ အကြီးစား ဓာတ်သတ္တု ရှာဖွေ ခြင်းနှင့် စမ်းသပ်တိုင်းတာခြင်းအတွက် ခွင့်ပြုမိန့်ရရှိ ထားသော နေရာများတွင် အသေးစားနှင့် လက်လုပ်လက်စားသတ္တုလုပ်ငန်းလုပ်ကိုင် သူများကလည်း တူးဖော်ရေးများလုပ်ဆောင် ရန် စိတ်ဝင်စားမှုရှိနေသည့် ကိစ္စရပ်များ ရှိနေပါသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ ပတ်သက်ဆက်နွယ်သူများအားလုံး အောက်ဖော် ပြပါ အခြေခံသဘောတရားများကို နားလည် အောင် ထောက်ပံ့ပေးရန် -

  • မြန်မာ့သတ္တုတွင်းဆိုင်ရာ မူဝါဒများ၊ ဥပဒေမူဘောင်များ အပါအဝင် ခွင့်ပြုမိန့် များ ထုတ်ပေးရာတွင် ဗဟိုချုပ်ကိုင်မှု စနစ်လျော့ချခြင်းများ

  • သတ္တုလုပ်ငန်းအကြီးစား၊ အသေးစားနှင့် လက်လုပ်လက်စား သတ္တုလုပ်ငန်းများ၏လုပ်ငန်း လည်ပတ်ပုံအဆင့်ဆင့် (ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း၊ ဆောက်လုပ် ရေးအချိန်၊ ထုတ်လုပ်ခြင်း၊ သတ္တု တွင်းပိတ်သိမ်းခြင်း) သဘောတရား များ။

  • တာဝန်ယူမှုရှိသော သတ္တုလုပ်ငန်း ဆိုင်ရာ အလေ့အကျင့်ကောင်းများ

  • နိုင်ငံတကာ၏ အတွေ့အကြုံများ အပေါ်အခြေခံကာလက်လုပ်လက်စား သတ္တုလုပ်ကိုင်သူများအတွက် ဇုန်နေရာများ သတ်မှတ်ခြင်းဆိုင်ရာ များ။

ဆွေးနွေးချက်များမှာ စစ်ကိုင်းတိုင်းဒေသကြီး ရှိ သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများနှင့် ၎င်းပြဿနာများကို နိုင်ငံတကာအတွေ့အကြုံများအပေါ်အခြေခံရယူ၍ မည်သို့အသုံးပြု ဖြေရှင်းသင့်ကြောင်း ဆွေးနွေးခြင်းနှင့် အကြီးစားရွှေသတ္တု လုပ်ငန်းများ (LSM) နှင့် လက်လုပ်လက်စား သတ္တုလုပ်ငန်းများ (ASM) အတွက် လက်ရှိ တွင် ခွင့်ပြုမိန့်ထုတ်ပေးနေခြင်းနှင့် ၎င်းတို့ အတူတကွ ပူးတွဲတည်ရှိနေနိုင်သည့် အလား အလာများအပါအဝင် ပြဿနာများကို မည်သို့ ဖြေရှင်းသင့်ကြောင်းနှင့် ဤကိစ္စရပ်များကို အဆင်ပြေပြေ ဖြေရှင်းနိုင်ရေးအတွက် ပြုပြင် ပြောင်းလဲရန်လိုအပ်သည့် ဥပဒေနှင့် အခြား လုပ်ဆောင်ရန် လိုအပ်ချက်များတို့ ပါဝင်ပါ သည်။

အစီအစဉ်တင်ပြမှုများတွင် သတ္တုတွင်းဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD)၊ NRGI အဖွဲ့တို့မှ ၎င်းတို့နှင့် သက်ဆိုင် သော အကြောင်းအရာကိစ္စရပ်များကို ရင်ဆိုင်နေကြရပုံများနှင့် NRGI အနေဖြင့်မူ မြန်မာနိုင်ငံအနေဖြင့် သင်ခန်းစာရယူနိုင် သည့် ရွှေသတ္တုလုပ်ငန်း လက်လုပ် လက်စား အများအပြားလုပ်ကိုင်သော မွန်ကိုလီးယား နိုင်ငံအကြောင်းကို အဓိကထားဖော်ပြပြော ဆိုခဲ့ပါသည်။

International Investors for Mineral Development Association of Myanmar (IIMDA) မှ (နိုင်ငံတကာသတ္တုတွင်း ကုမ္ပဏီ များနှင့် ဝန်ဆောင်မှုကုမ္ပဏီများနှင့်အတူ) ကိုယ်စားလှယ်များက အကြီးစားသတ္တု လုပ်ငန်းများ၏ သဘောသဘာဝများကို တင်ပြဆွေးနွေးခဲ့ပါသည်။

ကုမ္ပဏီတစ်ခုမှ သေးငယ်သောသတ်မှတ် ထားသည့် အပိုင်းအခြားနေရာတစ်ခုသို့ လျော့ မချမီ၊ ဓာတ်သတ္တု ရှာဖွေခြင်းခွင့်ပြုမိန့် မကုန်ဆုံးမီ နှစ်ပေါင်းများစွာကြာမြင့်သည့် တိုင် (သို့မဟုတ်) ဆယ်စုနှစ်များစွာတိုင် အောင် သက်ရောက်မှုနည်းသည့် ဓာတ်သတ္တု ရှာဖွေရေးလုပ်ငန်းများကို ကျယ်ပြန့်သည့် နေရာများတွင် လုပ်ဆောင်ကြရကြာင်း စီမံကိန်းလည်ပတ်မှုပုံစံများကို ရှင်းပြခဲ့ပါ သည်။

လာအိုနိုင်ငံတွင်ရှိသည့် Sepon ရွှေသတ္တု တွင်းလုပ်ငန်းတစ်ခုကို ဥပမာပေးပြောဆိုခဲ့ ပါသည်။ ၎င်းသတ္တုစီမံကိန်းကို စတင်သည့် အချိန် ၁၉၉၃ တွင် စတုရန်းကီလိုမီတာ ၅၀၀၀ ရှိခဲ့ပြီး ၁၀ နှစ်အကြာ သတ္တုတွင်း တည်ဆောက်သည့်အချိန်တွင် ၂၈ စတုရန်း ကီလိုမီတာ ရှိတော့ကြောင်း ဥပမာပေးရှင်းပြ ခဲ့ပါသည်။

အသေးစား၊ လက်လုပ်လက်စားနှင့် အကြီးစား ဓာတ်သတ္တုရှာဖွေရေးလုပ်ငန်းများ အတူပူးတွဲရှိနေနိုင်သလားဆိုသည့် မေးခွန်း များ ထွက်ပေါ်လာခဲ့ပါသည်။

ကျွမ်းကျင်ပညာရှင်၏ ပြောကြားမှုတွင် ထိုကဲ့သို့ကိစ္စရပ်များကို ရှင်းလင်းရန် ဥပဒေ မူဘောင်များကို ပြုပြင်ခြင်းသည် အရေးကြီး ပြီး၊ ကမ္ဘာ့ဘဏ်မှထောက်ပံမှုဖြင့် လုပ်ဆောင် နေသော၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဓာတ်သတ္တု လုပ်ကွက်များပြမြေပုံ (Cadaster) တည် ထောင်ရန် ဆက်လက်လုပ်ဆောင်ခြင်းများ သည်လည်းအရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါသည်။ Zambian နိုင်ငံ၏ အွန်လိုင်းဓာတ်သတ္တုလုပ်ကွက်ပြမြေပုံ အကြောင်းကိုလည်း ရှင်းလင်းပြခဲ့ပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးရှိ သတ္တုလုပ်ငန်းများ အပေါ် တက်ရောက်လာသူများအနေဖြင့် ၎င်းတို့၏ အမြင်များကို မဲပေးခဲ့ကြပါသည်။ တက်ရောက်လာသူများ၏ ၈%ကသာလျှင် စစ်ကိုင်းတိုင်းဒေသကြီးတွင် တာဝန်ယူမှုရှိ သော ရွှေသတ္တုလုပ်ငန်းများရှိသည်ဟုတွေး ထင်ခဲ့ကြသည်။ ၄၅%ကမူ တာဝန်ယူမှုရှိ သော ရွှေသတ္တုလုပ်ငန်းသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မရှိဟုဆိုသည်။ ၄၇% အနေ ဖြင့် မသေချာပါဟု ဖြေဆိုခဲ့ကြပါသည်။

မည်သည့်ရွှေသတ္တုလုပ်ငန်းအမျိုးအစားသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူများ အတွက် ကောင်းကျိုးများစွာ ဖြစ်ပေါ်စေပါ သနည်းဟုမေးရာတွင် ၅၁%မှာ လက်လုပ် လက်စားရွှေသတ္တုလုပ်ငန်းများသည် ပြည်သူ များအတွက် ကောင်းကျိုးများစွာဖြစ်ပေါ်စေ သည်ဟုဆိုပြီး၊ ၂၄%မှာ အသေးစားသတ္တု လုပ်ငန်းများဟု ဖော်ပြကြပြီး၊ ၂၀%မှာ အကြီးစားသတ္တုလုပ်ငန်းများသည် ပြည်သူ များအတွက် ကောင်းကျိုးများစွာ ဖြစ်ပေါ်စေ ပါသည်ဟု ဖော်ပြခဲ့ကြပါသည်။

အများစုဖြစ်သော ၅၂%သော တက်ရောက်သူ များ၏အမြင်မှာ အကြီးစားသတ္တုလုပ်ငန်း များသည် အနုတ်လက္ခဏာဆောင်သော ဆိုးကျိုးများကို ဖြစ်စေသည်ဟု ဖော်ပြခဲ့ ကြပြီး၊ ၂၀%မှာ လက်လုပ်လက်စားရွှေသတ္တု လုပ်ငန်းများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ရှိ ပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှု များစွာဖြစ်ပေါ်စေသည်ဟု ဆိုသည်။ (အသေး စားနှင့် အလတ်စား သတ္တုလုပ်ငန်းကြောင့် ဆိုးကျိုးထိခိုက်မှုများဖြစ်ပေါ်စေသည်ဆို သည်ကိုတော့ ၁၆% နှင့် ၁၂% စသဖြင့် အသီးသီး အမှတ်ပေးခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေသတ္တု လုပ်ငန်းများကြောင့် ဖြစ်ပေါ်စေသော အကြီးဆုံးပြဿနာမှာ ရေအရင်းအမြစ်များ အပေါ် ညစ်ညမ်းမှုများဖြစ်စေခြင်းကို (၃၈%)၊ သစ်တောပြုန်းတီးမှုများဖြစ်စေခြင်းကို (၁၇%)၊ ဖုန်မှုန့်များအပါအဝင် မြေယာနှင့် သီးနှံများကို ထိခိုက်ပျက်စီးစေခြင်းမှာ (၁၄%) နှင့် မြေယာသိမ်းဆည်းခြင်း (၁၀%) စသဖြင့် အသီးသီး သတ်မှတ်မဲပေး ဖော်ပြခဲ့ကြပါ သည်။

သတ္တုလုပ်ငန်းများကြောင့် သစ်တောပြုန်း တီးခြင်းနှင့် ရေအရင်းအမြစ်များအပေါ် ညစ် ညမ်းမှု ဖြစ်စေခြင်းကို ဖြစ်စေသော မူလ အကြောင်းအရင်းမှာ လက်လုပ်လက်စား ရွှေသတ္တုလုပ်ငန်းများကြောင့်ဖြစ်သော်လည်း ယခုဖော်ပြပါ အကြောင်းအရာနှင့် အမြင် သဘောထား တော်တော်လေးကွဲလွဲနေခြင်း မှာ  အကြီးစား သတ္တုလုပ်ငန်းများကြောင့် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု များ အများဆုံးရှိသည်ဆိုသည့် အချက်ဖြစ် သည်။ သို့သော် တက်ရောက်လာသူများ အနေဖြင့် ထိုကဲ့သို့သတ်မှတ်ရခြင်းသည် ၎င်းတို့ဒေသ၌ ထင်ရှားမှုရှိသော သတ္တု အကြီးစားမိုင်း ၂ ခု ဖြစ်သည့် လက်ပတ် တောင်း (ကြေးနီ) နှင့် တကောင်းတောင် (နီကယ်) တို့ကြောင့် အကြီးစားသတ္တုမိုင်း များအပေါ် မြင်နေခြင်းဖြစ်ပါသည်။

သတ္တုလုပ်ငန်းများမှ အဓိကကောင်းကျိုး အနေဖြင့် တက်ရောက်လာသူများ၏ တဝက် ကျော်ကျော်လောက် မြင်ကြသော အကြောင်း အရာမှာ ဒေသတွင်းအလုပ်အကိုင်ရရှိခြင်း ဆိုသည်အချက်ဖြစ်ပါသည်။ သတ္တုတွင်း ကုမ္ပဏီများအနေဖြင့် ကြုံတွေ့ရသော ပြဿနာအနေဖြင့် ခွင့်ပြုမိန့်နှောင့်နှေးခြင်း ပြဿနာဟု ၃၀% မှ ဖော်ပြခဲ့ကြပြီး ၂၁%မှာ လာဘ်ပေးလာဘ်ယူမှု ပြဿနာဖြစ်သည်ဟု ဆိုပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယမြောက်နေ့တွင် လက်လုပ်လက်စားသတ္တုလုပ်ငန်းများနှင့် ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး၊ ထိုသတ္တုလုပ်ငန်းများကြောင့် ဖြစ်စေသော ဆိုးကျိုးသက်ရောက်မှုများကို မည်ကဲ့သို့ လျော့ချကြမလဲနှင့်  ထိုဆိုးကျိုးသက်ရောက်မှု များတွင် လက်ရှိအသုံးပြုသည့် အလေ့ အကျင့်များကြောင့် ပတ်ဝန်းကျင်နှင့် ကျန်းမာ ရေးအပေါ် ထင်ရှားစွာ သက်ရောက်မှုရှိသည့် ပြဒါးအသုံးပြုမှုများ ပါဝင်ပါသည်။

PACT, National University of Singapore နှင့် Spectrum တို့မှလည်း ၎င်းတို့အဖွဲ့အစည်း များမှ ပြုလုပ်ထားသော သုတေသနများကို တင်ပြခဲ့ကြပြီး၊ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကိုလည်း ချပြခဲ့ကြပါသည်။

NUS မှ Graham Prescott မှလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၏ တောင်းဆိုမှု ကြောင့်ပြုလုပ်ခဲ့သော ၎င်းတို့၏ သုတေသန ကိုရှင်းပြခဲ့ပြီး၊ ထိုသုတေသနလုပ်ငန်းသည် တရားမဝင် သတ္တုတွင်းများကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာစေ ရန်ဆောင်ရွက်စေခြင်း (သို့မဟုတ်)  အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလုပ်ဆောင်ရန် ချဉ်းကပ်ခြင်းသည် အဟန့်အတား များဖြစ်စေနိုင်သလားဆိုသည်ကို ဆန်းစစ် လေ့လာရန်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘယ်တစ်ခုမျှ ထိရောက်မှုမရှိနိုင်ကြာင်း ကောက်ချက်ချခဲ့ပါသည်။

PACT မှလည်း ဟုမ္မလင်းဒေသတွင် လက်လုပ်လက်စား သတ္တုလုပ်ငန်းများ၏ အလေ့အကျင့်များကို လေ့လာခဲ့ပြီး၊ ၎င်းတို့ ၏ နိုင်ငံတကာအတွေ့အကြုံများကို အခြေခံ ပြီး လက်လုပ်လက်စား သတ္တုလုပ်ငန်းများ တွင် ပြဒါးအစားထိုးသုံးစွဲခြင်းများ၊ ပြဒါး သုံးစွဲမှုလျော့ချခြင်းများ၊ ကျန်းမာရေးကိစ္စ ရပ်များကို အဓိကထားပြီး ရပ်ရွာဒေသတစ်ခု လုံး ဖွံ့ဖြိုးတိုးတက်လာမှုများ ပါဝင်သော နောက်ထပ်လုပ်ဆောင်ရမည့် အစီအစဉ်များ ရေးဆွဲခဲ့ကြပါသည်။

ခြုံငုံသုံးသပ်ရလျှင် လက်လုပ်လက်စား လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်အပေါ် အဓိကသက်ရောက်မှုများကို မီးမောင်းထိုး ဖော်ပြခဲ့သည့်အပြင် ထင်ရှားစွာဖြစ်နေသော လုပ်ကွက်ထပ်သည့်ကိစ္စရပ်များ၊ တည်ငြိမ်မှု မရှိခြင်း၊ ကြောင်းကျိုးညီညွှတ်မှုမရှိခြင်းနှင့် ဥပဒေမူဘောင်များနှင့်ဆက်စပ်ပြီး  လိုက်နာ ဆောင်ရွက်မှုများ အားနည်းခြင်းတို့ကြောင့် စိုးရိမ်မှုများကိုကုမ္ပဏီများ၊ အစိုးရများမှ  အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွးခဲ့ကြပြီး မြေယာအသုံးပြုမှုကိစ္စရပ်များ (မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ်များ အပါအဝင်)၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ပတ်ဝန်း ကျင်ကိုထိန်းသိမ်းရန်အတွက် အထူးအားဖြင့် ရေအရင်းအမြစ်များနှင့် ပြဒါး၊ ဆာရာနိုက် ကဲ့သို့သော အန္တရာယ်ဖြစ်စေသော ဓာတု ပစ္စည်းများ ထိန်းချုပ်ခြင်း ကဲ့သို့သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါ သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အရေးကြီးသည့် မေးခွန်းဖြစ်သော ဥပဒေမူဘောင်ဆိုင်ရာ ပြဿနာများကို မဖြေရှင်းမီ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တွင် သတ္တုဆိုင်ရာဥပဒေ များကို မည်ကဲ့သို့ဆက်လက်လုပ်ဆောင် သင့်သနည်း ဆိုသည့် မေးခွန်းများကိုလည်း မေးမြန်းခဲ့ပါသည်။

အသေးစားသတ္တုကုမ္ပဏီများအနေဖြင့်လည်း ထိုရှုပ်ထွေးလှသော ဥပဒေမူဘောင်များ အတိုင်းဦးတည်သွားခြင်းများဖြင့် ကြုံတွေ့ရ သော ပြဿနာများ၊ လာဘ်ပေးလာဘ်ယူမှု များနှင့်ဆက်စပ်သည့် မေးခွန်းများမေးမြန်း ခြင်းများ ထွက်ပေါ်လာခဲ့ပါသည်။

© 2024 Myanmar Centre for Responsible Business