မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းတို့ကြားရှိ အဆက်အသွယ်များအား ခိုင်မာအားကောင်းစေခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းတို့ကြားရှိ အဆက်အသွယ်များအား ခိုင်မာအားကောင်းစေခြင်း

မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းတို့ကြားရှိ အဆက်အသွယ်များအား ခိုင်မာအားကောင်းစေခြင်း

On 19/20 March, two biodiversity, business and human rights events were organised by MCRB in Yangon.
On 19/20 March, two biodiversity, business and human rights events were organised by MCRB in Yangon.

မြန်မာ့စီးပွားရေးလုပ်ငန်းတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် Helmsley ပရဟိတအဖွဲ့၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းတို့ကြား ရှိနေသည့် ဆက်သွယ်မှုများ အထူးသဖြင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အခွင့် အရေးကို နားလည်နိုင်အောင် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေး လုပ်ငန်း များတွင် သက်ရောက်မှုများအား မည်သို့ရှောင်ရှားမည်၊ လျော့နည်း စေမည်၊ ခုနှိမ်ပေးမည်နှင့် ပတ်သက်၍ လူသိနားလည်မှု များပြား လာအောင် လုပ်ဆောင်ပေးရန် ရည်ရွယ်သည်။

Fairfields Consulting မှ Sally Johnson  နှင့်အတူ ပူးပေါင်း၍ စာတမ်း မူကြမ်းတစ်စောင် ရေးသားထားပြီး အကြံပေးချက်များကို ဘာသာပြန်ခြင်း မပြုမီ ထည့်သွင်းလျက်ရှိသည်။ အဆိုပါစာတမ်းမူကြမ်းနှင့် အတူတကွ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ အကျိုးသက်ရောက်မှုများရှိကြောင်း ဖော်ပြထားသည့် ဖြည့်စွက်စာတမ်း များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်သည်။ MCRB သည် ဤစာတမ်း မူကြမ်းနှင့် ဖြည့်စွက်စာတမ်းများတွင် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ရှေ့ပြေး ဆောင်ရွက်မှုများ၊ အထူးသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏ သတင်းအချက် အလက်များ ရယူနိုင်မှု အခြေအနေပိုမိုကောင်းမွန်လာအောင် လုပ်ဆောင် နေမှုများကို ထပ်တိုးထည့်သွင်းနိုင်ရန် အတွက် အဆိုပါဆောင်ရွက်မှုများ နှင့် ပတ်သက်၍ အကြောင်းအချက်များ ပို့ပေးရန် ဖိတ်ကြားအပ်ပါသည်။ ဓာတ်ပုံများ(ပိုင်ရှင်အား အသိအမှတ်ပြုထားသည့်)အပါအဝင် အချက် အလက်များ ပို့ပေးလိုပါက စီမံကိန်းတာဝန်ခံ အင်္ဂါအောင်ထံ  သို့လိပ်မူ၍ အမြန် ဆုံး ပို့ပေးရန် ပန်ကြားလိုပါသည်။

မတ်လ ၁၉-၂၀ ရက်တွင် MCRB မှ ဇီဝမျိုးစုံမျိုးကွဲများ၊ စီးပွားရေးလုပ်ငန်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပွဲအစီအစဉ်နှစ်ခုကို ရန်ကုန်မြို့တွင် ဦးစီး ကျင်းပခဲ့ပါသည်။ ပထမအစီအစဉ်မှာ အထက်ဖော်ပြပါ စာတမ်းမူကြမ်းနှင့် ပတ်သက်၍ နယ်ပယ်စုံအကျိုးသက်ဆိုင်သူများနှင့်အတူ ဆွေးနွေး ပြော ဆိုခြင်းဖြစ်ပြီး ဒုတိယအစီအစဉ်မှာ ကုမ္ပဏီကိုယ်စားပြု ပုဂ္ဂိုလ်အယောက် (၇၀)ခန့် (အများအားဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) ဆိုင်ရာ အကြံပေးများ) အတွက် အပြည်ပြည်ဆိုင်ရာ တတ်ကျွမ်း ပညာ ရှင်အချို့မှ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA)နှင့် ပတ်သက်၍ သင်တန်းပို့ချပေးခဲ့ပါသည်။

MCRB သည် အဆိုပါဆွေးနွေးမှုများတွင် ပိုက်ချောင်းများ၊ အိတ်များ အစရှိသည့် တခါသုံး ပလတ်စတစ်ပစ္စည်း များကြောင့် ပင်လယ်လိပ်များနှင့် အခြားဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ဆိုးကျိုးသက်ရောက်မှုများ ရှိကြောင်း လူသိလာအောင် ရှင်းလင်းတင်ပြခဲ့ပါသည်။ သန့်မြန်မာ(Thant Myanmar)ဟုခေါ်တွင်သော အဖွဲ့အစည်းအသစ်သည် ပလတ်စတစ် အမှိုက်နှင့် ပတ်သက်၍ ဒေသအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှေ့ပြေးလုပ်ဆောင်မှုများနှင့် အတူတကွ လုပ်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နေ့ဖြစ်သည့် ဇွန်လ ၅ရက် (http://worldenvironmentday.global/ ) မတိုင်မီနှင့် တိုင်ပြီးနောက်ပိုင်း ဆက်လက်၍ ပလတ်စတစ်အမှိုက်ဖယ်ရှားရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။

ရန်ကုန်တွင်ကျင်းပခဲ့သည့် နယ်ပယ်စုံမှ အကျိုးသက်ဆိုင်သူများ ပါဝင် သည့် ဆွေးနွေးပွဲတွင် စီးပွားရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးများ၊ ပညာရေးပိုင်းဆိုင်ရာနှင့် အစိုးရပိုင်းဆိုင်ရာတို့ကို ကိုယ်စားပြု၍ အကျိုး သက်ဆိုင်သူများ စုစုပေါင်း အယောက်(၅၀)ခန့် တက်ရောက်ခဲ့သည်။ Sally Johnson ၏ ကိုယ်စားအဖြစ် ဗစ်ကီဘိုမန်မှ စာတမ်းမူကြမ်း၏ အရေးပါ သည့် အကျဉ်းချုပ်အချက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ပွဲတက်ရောက် လာသူများသည် အဆိုပါအချက်များကို ကြိုဆိုခဲ့ပြီး အောက်ပါ အချက်များ ကိုလည်း အရေးကြီးသည်ဟု မီးမောင်းထိုးပြခဲ့ပါသည်။

  • §  တိကျသေချာစွာ စူးစမ်းလေ့လာထားသည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIAs) များကို ပြုလုပ်ရန်။ စီမံကိန်း အဆိုပြုသူများ (ရင်းနှီးမြှုပ်နှံမှုပြုထားသူများ) မှ လုပ်ဆောင်ရန် ဝန်လေးတတ်သည့် စီမံကိန်း၏ အမှန်တကယ် အခြေအနေကို ထင်ဟပ်ပြီး ဖြစ်နိုင်ချေရှိသည့် ဆိုးကျိုးများကို ထည့်သွင်း ဖော်ပြထားသည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းမျိုးကို ရေးသားထုတ်လုပ်ရန် လိုအပ်သည်။ ဤပြဿနာသည် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးများမှ အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးများနှင့်အတူ ၂၀၁၇ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် သဘောတူညီစွာ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
  • မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအရ လိုအပ်ချက်တခုဖြစ်သည့် ဇီဝမျိုးစုံ မျိုးကွဲများအပေါ် ကျရောက်လာသည့် စုပေါင်းသက်ရောက်မှုများအား ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ဤအကြောင်းနှင့် ပတ်သက်၍ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
  • အခြေခံ အကဲဖြတ်ခြင်းများကို ဆောင်ရွက်ခြင်းနှင့် ရရှိသည့် ရလာဒ်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် ကြီးကြပ်သူများနှင့် ပတ်ဝန်းကျင် အရေးအတွက် တက်ကြွလှုပ်ရှားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း မျှဝေပေးရမည်။ ကောင်းမွန်သည့် အခြေခံအချက်အလက်များသည် စီမံကိန်းမစတင်ကပင် ဇီဝမျိုးစုံမျိုးကွဲများ အပေါ် ကျရောက်လျက်ရှိသည့် ဆိုးကျိုးများ အတွက် ကုမ္ပဏီများမှ သက်သေ အထောက်အထားပြနိုင်ရန် အာမခံချက်တခုအဖြစ် ဆောင်ရွက်ပေးနိုင်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပင်လယ်ပြင်၌ ဇီဝမျိုးစုံမျိုးကွဲများ ၏ အခြေခံအချက်အလက်များ ကောက်ယူခြင်းနှင့် မျှဝေခြင်း ဆိုင်ရာ အခွင့်အရေးများအားလည်း မီးမောင်းထိုးပြထားသည်။ အကယ်၍ မြန်မာနိုင်ငံတွင် ရေနံယိုဖိတ်ခြင်း ကဲ့သို့သော အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အဆိုပါအခြေခံ အချက်အလက်များကို အသုံးပြု၍ ဖြေရှင်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။
  • အချက်အလက်များ မျှဝေခြင်းမှ စတင်၍ ပုဂ္ဂလိက ကဏ္ဍနှင့် ပတ်ဝန်းကျင်အရေးအတွက် တက်ကြွလှုပ်ရှားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်ခြင်း။
  • ထိခိုက်လွယ်သည့် ပတ်ဝန်းကျင်များတွင် တိုးပွားလာသည့် မြန်မာနိုင်ငံရှိ ခရီးသွားလာသူများ၏ သက်ရောက်မှုများအား သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ထိခိုက်မှုများအား လျှော့ချခြင်း။

မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အကြံပေး အယောက် ၇၀ကျော်နှင့် အခြားသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းတွင် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ကျရောက်လာသည့် သက်ရောက်မှုများအား သတ်မှတ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် အဓိက စိန်ခေါ်မှုများမှာ အသိပညာနှင့် သင်တန်းပေးမှု မရှိခြင်း၊ ဥပဒေအရ ပြဌာန်းချက် မရှိခြင်း (၃၁% အသီးသီး) ဟု ဖော်ထုတ်ပြောဆိုခဲ့ကြသည်။ ဆက်လက်၍ အခြား စိန်ခေါ်မှုမှာ အစိုးရမှ လမ်းညွှန်ပြမှုမရှိခြင်း (၂၅%) ဖြစ်သည်။ ဒေသခံရပ်ရွာ အသိုင်းအဝိုင်းများသည် ဇီဝမျိုးစုံ မျိုးကွဲများနှင့် သက်ဆိုင်သည့် အကြောင်းအရာ အချက်အလက်များ ရယူရန် အသုံးဝင်ဆုံး အရင်းအမြစ်များ ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများ၏ ၆၉% မှ ထုတ်ဖော်ပြောဆိုခဲ့ကြပြီး အခြားသော ၃၁% သည် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်ပြီး မည်သူတဦးတယောက်မှ အစိုးရအား သတင်း အချက်အလက် ရယူရန် အသုံးဝင်သည်ဟု ပြောဆိုခဲ့ခြင်းမရှိပေ။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ၆၈% သည် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်၍ လုံလောက်စွာ ထည့်သွင်းထားခြင်း မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ Hanna Helsingen (WWF) နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှေ့နေဖြစ်သည့် Mathew Baird သည် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းကို သုံးသပ်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ သက်ရောက်မှုများအား အကဲဖြတ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) အောက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (ECD) နှင့် ပူးတွဲဆောင်ရွက်ခြင်း၏ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ဆိုးရွားသည့် အလေ့အကျင့်များအား ဥပမာပေးပြောဆိုခဲ့ကြသလို အဆိုပါ အလေ့အကျင့်ဆိုးများအား မည်သို့ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲနိုင် ကြောင်းလည်း အကြံပြုချက်များ ပေးခဲ့ကြသည်။ တင်ပြဆွေးနွေးခဲ့သည့် အချို့သော အကြောင်းအရာများမှာ ကာကွယ်တောဧရိယာများနှင့် မပျက်မစီးရှိနေသည့် သစ်တောများ၏ ဇီဝမျိုးစုံမျိုးကွဲတန်ဖိုးကိုသာ အလေးပေးခြင်းမျိုးမဟုတ်ဘဲ ပျက်စီးယိုယွင်းနေသည့် ဝန်းကျင်များတွင် လည်း မြေယာပြန့်ကျဲနေခြင်းကို လျော့ပါးစေနိုင်သည့် အမှန်တကယ် အလုပ်ဖြစ်သော နည်းလမ်းများဖြင့် အကဲဖြတ်ပေးရန်နှင့် ကာကွယ်ပေးရန် လိုအပ်သည့် ဇီဝမျိုးစုံမျိုးကွဲများရှိကြောင်း ပြောဆိုခဲ့ကြသည်။ တွေးခေါ်မှုအားနည်းသော ထိခိုက်မှုလျော့ပါးစေသည့် နည်းလမ်းတခု၏ ဥပမာမှာ ဆင်များအသုံးပြုရန်အတွက် နိမ့်လွန်းသော လှိုဏ်ခေါင်းများအား လမ်းများအောက်တွင် ဖောက်လုပ်ထားခြင်းမျိုးဖြစ်သည်။

Matthew Baird သည် Sally Johnson အစား တင်ပြဆွေးနွေးခဲ့ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွင်းသို့ ကနဦး စစ်ဆေးသည့် အဆင့်မှစတင်၍ ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာ တင်ပြပြီးသည့်နောက် စောင့်ကြည့်ကွပ်ကဲခြင်းအဆင့်အထိ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်၍ ပိုမိုထည့်သွင်း လုပ်ဆောင်နိုင်ရန် ပြောဆိုခဲ့သည်။ အဓိကအလေးပေး ရမည့်အချက်မှာ ထိခိုက်မှုများအား ရှောင်ရှားရန်ဖြစ်ပြီး မဖြစ်နိုင်သည့် အခြေအနေမျိုးတွင်သာ ခုနှိမ်ခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဆက်လက်၍ နိုင်ငံတကာရှိ အလေ့အကျင့်ကောင်းများ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းခြင်းနှင့် သက်ရှိသဘာဝ သယံဇာတများအား ရေရှည်တည်တံ့ စေမည့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်မှု စံသတ်မှတ်ချက် ၆ နှင့် ပတ် သက်၍လည်း ထည့်သွင်းပြောဆိုခဲ့သည်။ (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ လုပ်ဆောင်မှု စံသတ်မှတ်ချက် ၆ သည် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ကုမ္ပဏီများအတွက် အသုံးတည့်ဆုံး စံသတ်မှတ်ချက်အဖြစ် အခြားသော တင်ပြဆွေးနွေးသူများ မှလည်း ထပ်ဆောင်းပြောဆိုခဲ့ကြသည်)။

ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အကြံပေးများမှ အထက်ပါ အချက်အလက်များကို ရှာဖွေရာနှင့် အသုံးပြုရာတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသလို ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းများအား အကဲဖြတ်ရာတွင် အစိုးရအရာရှိများသည် အချက် အလက်များကို မည်သည့်နေရာတွင် ရှာဖွေနိုင်ကြောင်း သိရှိစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးတွဲ၍ လုပ်ကိုင်ရကြောင်းလည်း ပြောဆိုခဲ့ကြသည်။ သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ Alex Diment သည် ဇီဝမျိုးစုံ မျိုးကွဲများဆိုင်ရာ မြန်မာနိုင်ငံ နှင့် နိုင်ငံတကာရှိ အွန်လိုင်းအချက်အလက် အရင်းအမြစ်များ (အခကြေးငွေပေး ရသော သို့မဟုတ် အခကြေးငွေမဲ့ရယူနိုင်သော) နှင့် ၄င်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း၊ မှားယွင်းနေသည့် အချက်အလက် များအား မည်သို့ရှောင်ရှားရမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ၅၉%မှ သတ္တုတူးဖော်ရေးကဏ္ဍသည် ဇီဝမျိုးစုံမျိုးကွဲများအတွက် ဆိုးကျိုး သက်ရောက်မှု အများဆုံးဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း ပြောဆိုခဲ့ကြသည်။ ERM မှ David Nicholson သည် သတ္တုတူးဖော်ခြင်း လုပ်ငန်းအပါအဝင် တွင်းထွက်သယံဇာတ တူးဖော်ရေး လုပ်ငန်းကဏ္ဍတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်သက်၍ ထည့်သွင်း လုပ်ဆောင်ထားပြီး ဖြစ်ကြောင်းနှင့် ကြွင်းကျန် သက်ရောက်မှုအား မည်သို့အဓိပ္ပာယ် ဖွင့်သင့်ကြောင်းလည်း ရှင်းပြခဲ့သလို အဆိုပါသက်ရောက်မှုများအား လျော့ပါးရန်နှင့် ခုနှိမ်ပေးရန် မည်သို့လုပ်ဆောင်နိုင်ကြောင်း ဥပမာပေး၍ ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအတွက် သက်ဆိုင်မှုရှိသည့် အခြားလုပ်ငန်းကဏ္ဍများနှင့် လုပ်ဆောင်ဆဲရှိသည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းများ၊ အထူး သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ခရီးသွားလုပ်ငန်းနှင့် ရေအားလျှပ်စစ် တို့နှင့် ပတ်သက်၍လည်း ထည့်သွင်းပြောဆိုခဲ့ကြသည်။ Iain Dixon (XODUS)သည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၏ အဓိကသက်ရောက်မှုများနှင့် ထိခိုက်မှုလျော့ပါးစေသည့် နည်းဗျူဟာများ အား တင်ဆက်ခဲ့သည်။

MCRB မှ Vicky Bowman သည် ဇီဝမျိုးစုံမျိုးကွဲများအတွက် ခရီးသွား လုပ်ငန်းများမှ ကျရောက်လာသည့် သက်ရောက်မှုများအား သတ်မှတ် ပြောဆိုခဲ့ပြီး အဆိုပါသက်ရောက်မှုများအား ကိုင်တွယ်ဖြေရှင်းရန် ရယူအ သုံးပြုနိုင်သည့် မြန်မာ့ဥပဒေနှင့် အခြားသောလမ်းညွှန်ချက်များကိုလည်း မီးမောင်းထိုးပြောဆိုခဲ့သည်။ တနသာင်္ရီကျွန်းစုရှိ ကျွန်းများအခြေပြု ခရီးသွားစီမံကိန်းများ၏ သက်ရောက်မှုများပြားနိုင်ချေနှင့် တင်သွင်း ထားသည့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းများသည် အားနည်းချက် များရှိကြောင်း ပြောဆိုခဲ့သည်။ အဆိုပါအားနည်းချက်မှာ ကမ်းရိုးတန်းနှင့် သန္တာကျောက်တန်းများ၊ ရေချိုအရင်းအမြစ်များ အပေါ်ကျရောက်လာသည့် အကျိုးသက်ရောက်မှုများအတွက် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်း များ၏ ဆန်းစစ်မှုသည် အဓိကပြဿနာဖြစ်နေသည်။ အခြား ဆောင်ရွက် နိုင်သော နည်းလမ်းများသည် ဝင်ထွက် သွားလာခြင်း ပြုနိုင်သည် /မပြုနိုင်သည်ဟူ၍ လွယ်ကူရှင်းလင်းသည့် သတ်မှတ်ချက် မျိုးသာ မဟုတ်ဘဲ ဖွံ့ဖြိုးရေး စီမံကိန်းများအား ချုံ့ခြင်း၊ ရေသုံးစွဲမှုနှင့် ကမ်းရိုး တန်းများ ပျက်စီးယိုယွင်းမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမျိုး၊ ကမ်းခြေနံရံများ အသုံးမပြုခြင်းမျိုး ဖြစ်သင့်သည်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)မှ ရေအား လျှပ်စစ်ဆိုင်ရာ အကြံပေးဖြစ်သည့် Kate Lazarus သည် အစိုးရအတွက် IFC မှ ရေးသားပြုစုလျက်ရှိသည့် ရေအားလျှပ်စစ်ဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိ မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းအကြောင်းနှင့် ၄င်းဆန်းစစ်မှုအား စောလျင်စွာ ဆောင်ရွက်ခြင်းအားဖြင့် ပတ်ဝန်းကျင်အပေါ် ကျရောက် လာမည့် စုပေါင်းသက်ရောက်မှုများအား သတ်မှတ်ဖော်ထုတ်ရန်နှင့် ရှောင်ရှားနိုင်ရန်အတွက် မူဘောင်တခုအဖြစ် ဆောင်ရွက်ပေးနိုင်ကြောင်း မီးမောင်းထိုး ပြောကြားခဲ့သည်။

အသစ်ဖွဲ့စည်းထားသည့် သက်ရောက်မှုများ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ မြန်မာနိုင်ငံအသင်း(MIAA) ၏ ဥက္ကဌ ဖြစ်သည့် ဦးအောင်နန္ဒမှ အဆိုပါ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ရှင်းပြပြောဆို၍ အလုပ်ရုံဆွေးနွေးပွဲအား ပိတ်သိမ်းခဲ့သည်။ ထပ်မံသိရှိလိုပါက ၄င်းတို့၏ Facebook page တွင် ဖတ်ရှုနိုင်ပါသည်။ MCRBသည် အဆိုပါ အဖွဲ့အစည်း ပေါ်ထွက်လာခြင်းကို ကြိုဆိုလိုပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ အကြံပေးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်အတွက် သက်ရောက်မှုများ ဆန်းစစ်လေ့လာခြင်း ဆိုင်ရာ မြန်မာနိုင်ငံအသင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အခြားသော ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် အတူပူးပေါင်း၍ ဆောင်ရွက်နိုင်ရန် မျှော်လင့်မိပါသည်။

MCRB သည် ဆွေးနွေးမှုများအား တင်ဆက်ပေးရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ များပြားလာစေရန်နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေး သက်ရောက်မှုများအား စီမံခန့်ခွဲနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ဥပဒေ မူဘောင်၊ နိုင်ငံတကာ စံသတ်မှတ်ချက်များအား အရပ်ဖက် လူ့အဖွဲ့ အစည်းများ၊ ပါလီမန်၊ အစိုးရ အရာရှိများ နှင့် ကုမ္ပဏီများအတွက် သင်တန်းပေးရန်အတွက်လည်း လိုလားပါသည်။ စိတ်ဝင်စားပါက သို့ ဆက်သွယ်နိုင်ပါသည်။

Companies Need Professional Advisers to Improve Corporate Governance – and They Need to Budget for Them
ဖော်ပြခဲ့သည့် သတင်းဆောင်းပါး
Companies Need Professional Advisers to Improve Corporate Governance – and They Need to Budget for Them
၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာ ထုတ်ပြန်
ဆက်လက်ဖော်ပြမည့် သတင်းဆောင်းပါး
၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာ ထုတ်ပြန်
© 2024 Myanmar Centre for Responsible Business