MCRB မှ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်အား ထုတ်ပြန်ခြင်း - ရင်းမြစ်များ
You are here Home » ရင်းမြစ်များ » MCRB မှ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်အား ထုတ်ပြန်ခြင်း

MCRB မှ မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်အား ထုတ်ပြန်ခြင်း

ဤစာတမ်းသည် ကုမ္ပဏီများကို မြန်မာနိုင်ငံသဘာဝပါတ်ဝန်းကျင် နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု ရှိစေသည့်  ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရန် နည်းလမ်းများကို လက်တွေ့ကျကျ အကြံပြုချက်များ ပေးထားပါသည်။
ဤစာတမ်းသည် ကုမ္ပဏီများကို မြန်မာနိုင်ငံသဘာဝပါတ်ဝန်းကျင် နည်းဥပဒေများနှင့် လိုက်လျောညီထွေမှု ရှိစေသည့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရန် နည်းလမ်းများကို လက်တွေ့ကျကျ အကြံပြုချက်များ ပေးထားပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနသည် “မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ စာတမ်းအနှစ်ချုပ်”ကို ထုတ်ပြန်ခဲ့သည်။ ဤစာတမ်း၏ ရည်ရွယ်ချက်မှာ အချို့သော ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများအပေါ် မည်သို့ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်း၊ ၎င်း၏အကျိုးဆက် အနေဖြင့် လူ့အခွင့်အရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အခွင့်အရေးကိုလည်း မည်သို့ ထိခိုက်စေနိုင်ကြောင်းကို စီးပွားရေးလုပ်ငန်းများ၊ အရပ်ဖက်လူ့အဖွဲ့ အစည်းနှင့် အစိုးရဌာနများမှ ပိုမိုနားလည်သဘောပေါက်စေရန်အတွက် အကူအညီပေးရန် ဖြစ်ပါသည်။

Leona M. and Harry B. Helmsley Charitable Trust မှ ထောက်ပံ့ပေးခဲ့သော ဤအနှစ်ချုပ်စာတမ်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍ၊ သတ္ထုတွင်းလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆီအုန်းကဏ္ဍများရှိ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို လေ့လာထားသည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက် အကူပြုဌာန(MCRB)၏ ကဏ္ဍအလိုက် သက်ရောက်မှုများ ဆန်းစစ်လေ့လာခြင်း၏ သုတေသနတွေ့ရှိချက်များအား ကိုးကား၍ရေးသားထားခြင်း ဖြစ်သည်။ ဤစာတမ်းကို စီးပွားရေးလုပ်ငန်းများ၏ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အတွေ့အကြုံရှိသည့် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sally Johnson မှ တွဲဖက်ရေးသားပေးခဲ့ခြင်း ဖြစ်သည်။ Sally သည် ပြည်တွင်းရှိ အစိုးရဌာနများ၊ ကျွမ်းကျင်ပညာရှင် ပတ်သက်ဆက်နွယ်သူများအား အကြောင်းအရာ အမျိုးမျိုးနှင့် ပတ်သက်၍ အကြံပေးအဖြစ် လုပ်ဆောင်ပေးခဲ့သူလည်း ဖြစ်သည်။ စာတမ်း အနှစ်ချုပ်တွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို ကိုင်တွယ်ဖြေရှင်းသင့်ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးဖြစ်ရပ်များကို ဖော်ပြထားသလို ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် ၂၀၁၅ ခုနစ်တွင် ပြဌာန်းခဲ့သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပါအဝင် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေမူဘောင်များရှိ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်များအား လေးစားလိုက်နာခြင်းကိုလည်း ထည့်သွင်း ဆွေးနွေးထားပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဆက်စပ်နေသည့် လူ့အခွင့်အရေးဆိုင်ရာ ရလဒ်များ ကောင်းမွန်စေရန်အတွက် ကုမ္ပဏီများမှ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA)အား မည်သို့ အသုံးပြုနိုင်ကြောင်း အကြံပြုချက်များလည်း ပါဝင်သည်။

ကုမ္ပဏီများမှ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေမူဘောင်များအား အနိမ့်ဆုံးအနေဖြင့် လေးစားလိုက်နာပြီးသားဖြစ်စေမည့် လက်တွေ့ကျသော အကြံပြုချက်များကို ဖော်ပြပေးထားသည့်အပြင် ဤအဆင့်၌ မရပ်တန့်ဘဲ ရှေ့ဆက်တိုး လုပ်ဆောင်လိုသည့် ကုမ္ပဏီများအတွက်လည်း အကြံပြုချက်များ ဖော်ပြပေးထားသည်။ ဤစာတမ်းတွင် စီးပွားလုပ်ငန်းများအား ကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း(EIA)၏ အားနည်းချက် တစ်ရပ် ဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သတင်းအချက်အလက်(data)များ အပါအဝင် သက်ဆိုင်ရာ အရင်းအမြစ်များကို မည်သည့် နေရာများတွင် ရရှိနိုင်ကြောင်း လမ်းညွှန်ပေးထားသည်။

ဤစာတမ်းအနှစ်ချုပ်တွင် အကျဉ်းချုပ်နှင့် စီးပွားရေး လုပ်ငန်းများအတွက် အကြံပြုချက်များအပြင် အောက်ဖော်ပြပါအတိုင်း အပိုင်း (၅) ပိုင်းပါဝင်သည်။

  • အပိုင်း (၁)တွင် စီးပွားရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် လူအခွင့်အရေးများကြားရှိ ဆက်စပ်မှုများကို ရှင်းပြထားပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအား အလေးပေးထိန်းသိမ်းခြင်း၏ စီးပွားရေးဖြစ်ရပ်များကို ဖော်ပြထားသည်။

  • အပိုင်း(၂)တွင် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ခြုံငုံဖော်ပြထားပြီး ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများကြောင့် ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ်များအပေါ် ကျရောက်လာနိုင်သည့် သက်ရောက်မှုများနှင့် အဓိကခြိမ်းခြောက်မှုများကို အထူးအလေးပေး ဖော်ပြထားသည်။

  • အပိုင်း(၃)တွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဆက်စပ်နေသော မူဝါဒ၊ ဥပဒေမူဘောင်အတွင်းရှိ နည်းနာများနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ အစီအစဉ်များကို ခြုံငုံသုံးသပ်ဖော်ပြထားပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) အပါအဝင် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ မူဝါဒနှင့် စည်းမျဉ်းများရှိ ဇီဝမျိုးစုံမျိုးကွဲများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကိုလည်း ဖော်ပြထားသည်။

  • အပိုင်း(၄)တွင် ဇီဝမျိုးစုံမျိုးကွဲများ၊ ၄င်းနှင့်အတူ ဆက်စပ်နေသည့် လူ့အခွင့်အရေးများဆိုင်ရာ ရလာဒ်များ တိုးတက်ကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA)လုပ်ငန်းစဉ်အား ကုမ္ပဏီများမှ မည်သို့ အသုံးပြုနိုင်ကြောင်း ဆွေးနွေးထားသည်။

  • အပိုင်း(၅)တွင် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (EIA)အပါအဝင် စီးပွားရေးလုပ်ငန်းများမှ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ရန် လိုက်နာကျင့်သုံးသည့် နိုင်ငံတကာအဆင့် စံနှုန်းများ၊အလေ့အကျင့်ကောင်းများနှင့် နည်းလမ်းများကို ခြုံငုံဖော်ပြထားသည်။

ဤစာတမ်းအနှစ်ချုပ်အား အောက်ဖော်ပြပါ အခြားဆက်စပ်သည့် စာတမ်းများဖြင့်လည်း ဖြည့်စွက်ပေးထားပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက၊ သတ္ထုတွင်းလုပ်ငန်းကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ကျရောက်လာသည့် သက်ရောက်မှုများအား ဖော်ပြပေးထားသည့် အနှစ်ချုပ်မှတ်စုတိုများဖြင့်လည်း ဤစာတမ်းအား ဖြည့်စွက်ပေးထားသည်။ ၎င်းအနှစ်ချုပ် မှတ်စုများတွင် ဖြစ်နိုင်ခြေရှိသည့် ဇီဝမျိုးစုံမျိုးကွဲများ/လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ထည့်သွင်းရေးသားထားပြီး ပိုမိုအသေးစိတ် လမ်းညွှန်ချက်များနှင့် အချက်အလက်များ ရရှိနိုင်သည့် အရင်းအမြစ်များသို့ပါ ချိတ်ဆက်ပေးထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အိုင်စီတီလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းနှင့် ဆီအုန်း ကဏ္ဍ (၂၀၁၉ ခုနှစ်တွင် မူကြမ်းထွက်ရှိမည်)ရှိ ကဏ္ဍအလိုက် သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA)၌ ဇီဝမျိုးစုံမျိုးကွဲများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ထည့်သွင်းဆွေးနွေးထားသည်။

ဤမြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စာတမ်း အနှစ်ချုပ်သည် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ  ထုတ်ဝေသော လုပ်ငန်းကဏ္ဍ အားလုံးနှင့် သက်ဆိုင်သည့် cross cutting အကြောင်းအရာဆိုင်ရာ စာစဉ်တွင် တစ်ခုအပါအဝင် ဖြစ်သည်။ အခြားသော စာတမ်းများမှာ “မြန်မာနိုင်ငံတွင်း ခွဲခြား ဆက်ဆံမှု နှင့် စီးပွားရေးလုပ်ငန်း”၊ မြန်မာနိုင်ငံရှိ ဌာနေ တိုင်းရင်းသားများ၏ ရပိုင်ခွင့်များနှင့် စီးပွားရေး လုပ်ငန်းများ”၊ “မြေယာ”နှင့် “မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ် အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းများ” တို့ဖြစ်သည်။

ဤစာတမ်းအနှစ်ချုပ်အား အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးစလုံးဖြင့် ဖတ်ရှုနိုင်သည်။

သတင်းထုတ်ပြန်ချက်ကိုလည်း အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးစလုံးဖြင့် ဖတ်ရှုနိုင်သည်။

ဖြည့်စွက်ချက်များကို ဒေါင်းလုတ် ရယူရန်၊

The Nexus between Biodiversity, Ecosystem Services and Human Rights: Further Reading ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် လူ့အခွင့်အရေးများကြားရှိ ဆက်စပ်မှုများ -နောက်ဆက်တွဲဖတ်ရှုရန်

Biodiversity in Myanmar, including Protected Areas and Key Biodiversity Areas သဘာဝထိန်းသိမ်းရေး နယ်မြေများနှင့် အဓိကအရေးပါသော ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာ နယ်မြေများ အပါအဝင် မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများး

Local and international environmental organisations working on biodiversity conservation and ecosystems services in Myanmar Local and international environmental organisations working on biodiversity conservation and ecosystems services in Myanmar

အနှစ်ချုပ်မှတ်စုတိုများကို ဒေါင်းလုတ် ရယူရန်၊

Biodiversity and the Oil and
Gas Sector in Myanmar သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ

Biodiversity and the Mining Sector in Myanmar သတ္ထုတွင်းလုပ်ငန်းကဏ္ဍ၊

Biodiversity and the Tourism Sector in Myanmar ခရီးသွားလုပ်ငန်းကဏ္ဍနှင

Biodiversity and the Agriculture Sector in Myanmar စိုက်ပျိုးရေးလုပ်ငန်းကဏ္

© 2024 Myanmar Centre for Responsible Business