၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာ ထုတ်ပြန် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာ ထုတ်ပြန်

၂၀၁၈ ပွင့်သစ်စ အစီရင်ခံစာ ထုတ်ပြန်

၂၀၁၈ပွင့်သစ်စ အစီရင်ခံစာ သည်  စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများနှင့်  အများပိုင်ကုမ္ပဏီများ အပါအဝင် မြန်မာကုမ္ပဏီကြီး  ၁၈၂ ခုကို အကဲဖြတ် အမှတ်ပေး ထားခြင်း ဖြစ်သည်။
၂၀၁၈ပွင့်သစ်စ အစီရင်ခံစာ သည် စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများ အပါအဝင် မြန်မာကုမ္ပဏီကြီး ၁၈၂ ခုကို အကဲဖြတ် အမှတ်ပေး ထားခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အ ကူုပြုဌာန(MCRB)၏ စတုတ္တမြောက် ပွင့်သစ်စအစီရင်ခံစာကို ယနေ့ထုတ်ပြန်လိုက် သည်။ ၄င်းအစီရင်ခံစာကို မြန်မာစီးပွားရေးအတိုင်ပင်ခံ ကုမ္ပဏီတစ်ခု ဖြစ်သည့်Yeverနှင့်ပထမဆုံးအကြိမ် တွဲဖက်ဆောင်ရွက်ခြင်း ဖြစ်သည်။

2018 Pwint Thit Sa Report (English)
Document PDF, 3527 downloads, မတ် 26, 2018
2018 Pwint Thit Sa Report (Burmese)
Document PDF, 1826 downloads, ဇွန် 14, 2018

၂၀၁၈ပွင့်သစ်စ အစီရင်ခံစာ သည် စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီများနှင့် အများပိုင်ကုမ္ပဏီများ အပါအဝင် မြန်မာကုမ္ပဏီကြီး ၁၈၂ ခုကို အကဲဖြတ် အမှတ်ပေး ထားခြင်း ဖြစ်သည်။ တတိယအကြိမ်ထုတ်ပြန်သည့် ၂၀၁၆ပွင့်သစ်စအစီရင်ခံစာတွင် အကဲဖြတ်ခဲ့သည့် ကုမ္ပဏီအရေအတွက်ထက် နှစ်ဆနီးပါး ပိုများသလို အကဲဖြတ်သည့် စံနူန်းနှင့်တိုင်းတာမှုများကလည်း နှစ်ဆခန့်ပိုများပါသည်။ ထိုအချက်က ၂၀၁၈ ပွင့်သစ်စကို မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု အခြေအနေနှင့် ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်သော အမြင့်မားဆုံးသော အစီရင်ခံစာတစ်စောင် ဖြစ်စေပါသည်။

၂၀၁၈အစီရင်ခံစာသည် လွန်ခဲ့သည့် နှစ်များက အသုံးပြုသည့် မူဘောင်များနှင့်မတူညီသော်လည်း ယခင်နှစ်များ ကဲ့သို့ပင် ဝက်ဆိုဒ်ပေါ်တွင် ထုတ်ဖော်ပြသထားသည့် သတင်းအချက်အလက်များပေါ်မူ တည်ပြီး အမှတ်ပေး ခြင်းသာဖြစ်သည်။ ယခုအမှတ်ပေးစည်းမျဉ်းသည် အာဆီယံ စီးပွားရေးစီမံအုပ်ချုပ်မှု အမှတ်ပေးစည်းမျဉ်း ASEAN Corporate Governance Scorecard ကိုအခြေခံထားပြီး ၄င်းအမှတ်ပေးစည်းမျဉ်းမှာ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့တွင် အသုံးပြုပါသည်။

၂၀၁၈ခုနှစ် အမှတ်ပေးစည်းမျဉ်းအရ သတင်းအချက်အလက်များ ထုတ်ဖော်ပြသမှုအများဆုံး ကုမ္ပဏီ (၃) ခုမှာ First Myanmar Investment (FMI) ၊ City Mart Holdings (CMHL)၊ နှင့် Serge Pun & Associates (SPA)တို့ဖြစ်သည်။ ၄င်းကုမ္ပဏီများသည် ယခင်နှစ် အကဲဖြတ်အမှတ်ပေးမှုများတွင်လည်း ထိပ်တန်း ၁၀တွင် ပင် ရှိနေသည့် ကုမ္ပဏီများ ဖြစ်ပြီး ၂၀၁၈တွင် ထပ်မံကြိုးပမ်းပြီး သတင်းအချက်အလက်များ ဖွင့်လှစ်ထုတ် ဖော်ခဲ့သည်။ CMHLသည် ၂၀၁၆ခုနှစ်တွင် အဆင့်၈ ရှိနေရာမှာ ၂၀၁၈တွင် အဆင့် ၂ သို့ရောက်ရှိခဲ့ သည်။

ရမှတ်မြင့်မားစွာရရှိသည့် အခြားကုမ္ပဏီများမှာ ဧရာဘဏ်နှင့် မက်စ် မြန်မာ၊ရွှေတောင် နှင့် Grand Guardian Insurance ( GGI) ၊ Dagon Group ၊နှင့် Myanmar Thilawa SEZ Holdings တို့ဖြစ်သည်။ မြန်မာ့ သြဘာ၊ မြန်မာနိုင်ငံသားများဘဏ်၊နှင့် ပထမပုဂ္ဂလိကဘဏ်တို့မှာလည်း ယမန်နှစ် (၂၀၁၆ခုနှစ်) နှင့်နှိုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်းစီမံအုပ်ချုပ်မှု အပိုင်းကိုတိုးမြှင့် ဖော်ပြနိုင်သည့်အတွက် ရမှတ်များသိသာစွာ မြင့်မားလာသည် ကိုတွေ့ရသည်။

အကဲဖြတ်သည့် ကုမ္ပဏီများအနက်ဝက်ဘ်ဆိုဒ်မရှိသည့် ကုမ္ပဏီ(၆၇)ခုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ရာခိုင်နှုန်း ဖြစ်သည်။ အချို့  ကုမ္ပဏီများသည် ဝဘ်ဆိုဒ်ရှိသော်ငြားလည်း အကဲဖြတ်ခံနိုင်သည့် သတင်းအချက်အလက်များ မရှိသည်ကို တွေ့ရသည်။ ဝဘ်ဆိုဒ်ရှိပြီး သတင်းအချက်အလက် အနည်းငယ်သာရှိသည့် ကုမ္ပဏီ အရေအတွက် မှာ (၁၁၆)ခုတွင် (၈၀)ခု( ၆၉ရာခိုင်နှုန်း) သာ ရှိပြီး ရမှတ်မှာ အခြားကုမ္ပဏီများ၏ ပျမ်းမျှရမှတ် ၇ ရာခိုင်နှုန်း အောက်နည်းသည်ကို တွေ့ရသည်။

နောက်ထပ်ထူးခြားသောအချက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် အများပိုင် ကုမ္ပဏီအဖြစ်မှတ်ပုံတင်ထားသော ကုမ္ပဏီအချို့တွင် ထုတ်ဖော်ပြသမှုအလွန်အားနည်းပြီး စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှုမရှိသည်ကို တွေ့ရသည်။ ၄င်းသည် ၂၀၁၅ ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာ နည်းဥပဒေ အရ ထုတ်ဖော်ပြသရမည့် အချက်များနှင့် အစီရင်ခံရမည့်အချက်များနှင့် ကိုက်ညီမှုမရှိပေ။ ၄င်းကုမ္ပဏီများ၏ ရမှတ်မှာ ပျမ်းမျှ ၄ ရာခိုင်နှုန်းသာရှိသည်။

ယခုအကဲဖြတ်မှုတွင်မပါဝင်သည့် အကြီးစားနှင့်အလတ်စားကုမ္ပဏီများသည်၎င်းတို့၏ ပွင့်လင်းမြင်သာမှုကို ပါဝင်ပြသရန် စိတ်ဝင်စားမှုရှိပါ က “မီနီပွင့်သစ်စ”တွင်ဆန္ဒအလျောက်အမှတ်ပေးမှုခံယူ နိုင်ပါ သည်။

အစီရင်ခံစာတွင် ထုတ်ဖော်ပြသသည့် အချက်များအတွက် ကြီးကြပ်ရမည့် မူဘောင်များ၊ MCRB ပိုမိုကျယ်ပြန့် သည့်ရည်ရွယ်ချက်ဖြစ်သော စီးပွားရေးလုပ်ငန်း စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အကျဉ်းချုပ်တင်ပြထားပါသည်။ ၄င်းသည် စီးပွားရေးလုပ်ငန်း စီမံ အုပ်ချုပ်မှု အရည်အသွေးတိုးတက်လာရန် နှင့် ကုမ္ပဏီများနှင့် ၄င်းတို့၏ ရင်းနှီး မြှုပ်နှံမှုအပေါ်ကြီးကြပ်မှု၊ ပွင့်လင်းမြင်သာမှုနှင့်သတင်း အချက်အလက်ရရှိမှုတို့ တိုးတက်လာစေရန် ကြီးကြပ်ရေး ကော်မရှင်(SECM)ထူထောင်ခြင်း အပါအဝင် မြန်မာအစိုးရ၏ ကြီးကြပ်မှု အပိုင်းပြုပြင် ပြောင်းလဲ မှုတို့ကို ဖော်ပြထားသည်။ ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်မှုအချို့နှင့် အရပ်ဖက် အဖွဲ့အစည်းများ ၏ ဆောင်ရွက်မှုအချို့ကို တင်ပြထားပါသည်။

ထို့အပြင် အစီရင်ခံစာသည် သဘာဝသယံဇာ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်း မြင်သာမှု (EITI) ၊ ဆောက်လုပ်ရေကဏ္ဍပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေး (CoST)၊ နှင့် UN Global Compact (UNGC) အစရှိသည့် နိုင်ငံတကာဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုများကို ဖော်ပြထား သည်။ ထို့အတူ ဘဏ္ဍာရေးမဟုတ်သောအချက်များ အစီရင်ခံမှု၊ ဆက်နွယ်ပတ်သက်သူများ နှင့်ချိတ်ဆက် ဆောင်ရွက်မှု၊ ကျားမ မတူကွဲပြားမှုအပါအဝင် မတူကွဲပြားမှု၊ အကျိုးအမြတ် ပိုင်ဆိုင်မှု၊ နှင့် လူ့အခွင့်အရေးနှင့် ခေတ်သစ်ကျွှန်ပြုမှုတို့ပါဝင်သည့် ကမ္ဘာပေါ်တွင်ငြင်းခုန်ဆွေးနွေးမှုများရှိလာသော စီးပွားရေးလုပ်ငန်း စီမံအုပ် ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု၊ တို့အကြောင်း မီးမောင်းထိုးတင်ပြထားပါသည်။

စီးပွားရေးလုပ်ငန်းစီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုတိုးမြင့်စေရန်အတွက် အစီရင်ခံစာတွင်အကြံပြုချက်များ ထည့်သွင်းထားပါသည် ။ ၄င်းမှာ မြန်မာကုမ္ပဏီများ ၊ အစိုးရ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် လွှတ်တော်၊ ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်းများ၊နှင့် အရပ်ဖက်အဖွဲ့အစည်း နှင့်မီဒီယာများ အတွက်ရည်ရွယ်ပါသည်။

2018 Pwint Thit Sa Report2018 Pwint Thit Sa Report
2018 Pwint Thit Sa Report2018 Pwint Thit Sa Report
© 2024 Myanmar Centre for Responsible Business