ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)နှင့် စပ်လျဉ်း၍ အသိအမြင်များ မြှင့်တင်ပေးခြင်း ဆွေးနွေးပွဲကို ရန်ကုန်နှင့် နေပြည်တော် တွင် ကျင်းပခဲ့ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)နှင့် စပ်လျဉ်း၍ အသိအမြင်များ မြှင့်တင်ပေးခြင်း ဆွေးနွေးပွဲကို ရန်ကုန်နှင့် နေပြည်တော် တွင် ကျင်းပခဲ့

ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR)နှင့် စပ်လျဉ်း၍ အသိအမြင်များ မြှင့်တင်ပေးခြင်း ဆွေးနွေးပွဲကို ရန်ကုန်နှင့် နေပြည်တော် တွင် ကျင်းပခဲ့

ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR) ကို TOTAL ကုမ္ပဏီ၏ Hubert de Bremond D’Ars မှ ရှင်းပြနေပုံ
ဆန္ဒအလျောက်လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ (VPSHR) ကို TOTAL ကုမ္ပဏီ၏ Hubert de Bremond D’Ars မှ ရှင်းပြနေပုံ

နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း အစီရင်ခံစာ (Scoping Report) ၏ အကြံပြုချက်များနှင့်  မြန်မာနိုင်ငံတွင်းရှိ VPSHR ၏ ဦးဆောင်ကော်မတီများက မေလ ၁၈ ရက်နေ့တွင်  ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲအဖြစ် VPSHR  သည် မြန်မာနိုင်ငံအတွက် မည်သို့ အသုံးဝင်နိုင်ကြောင်း အသိပညာမြှင့်တင်ပေးသည့် ဆွေးနွေးပွဲများကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် နေပြည်တော်၌ နေ့တစ်ဝက်စီနှင့် ၂၉ ရက်နေ့တွင် ရန်ကုန်၌ နေ့တစ်ဝက်စီ အသီးသီး ကျင်းပခဲ့ပါသည်။

နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (သတ္တုတွင်းဦးစီးဌာန၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန)၊  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ပြည်ထဲရေး ဝန်ကြီးဌာန)၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်မှ ဦးညွှန့်ဆွေနှင့် ကုမ္ပဏီများမှ လူဦးရေ ၄၀ ဦးခန့် တက်ရောက် ခဲ့ကြပါသည်။ ထို့အတူ ရန်ကုန် ဆွေးနွေးပွဲ၌လည်း နိုင်ငံခြား ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၊ သတ္တုတွင်းကုမ္ပဏီများ၊ လုံခြုံရေး ဝန်ဆောင်မှုပေးသော ကုမ္ပဏီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် သံရုံးများမှ လူဦးရေ ၄၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 

အလုပ်ရုံဆွေးနွေးပွဲနှစ်ခုစလုံးသည် ပွဲအစီအစဉ်အနေဖြင့် ဆင်တူပါသည်။  VPSHR ၏ ပြည်တွင်းလုပ်ငန်း ကော်မတီအဖွဲ့၏ တွဲဖက်ဥက္ကဌများဖြစ်သော TOTAL ကုမ္ပဏီမှ အထွေထွေမန်နေဂျာ Romaric Roignan နှင့် ယူကေသံရုံး၏ သံအမတ် David Hall ကိုယ်စား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၏ အကြီးအကဲ Douglas Barnes တို့မှ အဖွင့်အမှာစကားများ ပြောကြားပေးခဲ့ပါသည်။ Douglas Barnees ၏ မိန့်ခွန်းအား ဤနေရာတွင် ရယူနိုင်ပါသည်။ 

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန၏ ဒါရိုက်တာ ဗစ်ကီဘိုမန်မှ ဆန္ဒ အလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများကို မိတ်ဆက်ပြောကြားပေးခဲ့ပြီး၊ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းကဲ့သို့သောအကြီးစား သတ္တု တွင်းများ အပါအဝင် အထူးသဖြင့် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးကဏ္ဍအတွက် ၎င်းအခြေခံမူများ သည်မည်သို့ဆက်စပ်မှုရှိကြောင်းနှင့် ရွှေနှင့် ကျောက်မျက်ရတနာလုပ်ငန်းကဏ္ဍရှိ လက်လုပ်လက်စား သတ္တုတူးဖော်ခြင်းဆိုင်ရာ စိန်ခေါ်မှုများအား ထည့်သွင်းစဉ်းစားရန်အတွက် မူဘောင်တစ်ခုအဖြစ် ပံ့ပိုးပေးနိုင်ကြောင်း အစရှိသဖြင့် မီးမောင်းထိုး ပြောကြားခဲ့ပါသည်။ ထို့အပြင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်များ အပါအဝင် ရင်းနှီးမြှုပ်နံ မှုများဆိုင်ရာ မြန်မာနိုင်ငံ၏ ဥပဒေလုပ်ငန်းစဉ်အတွက် VPSHR သည် မည်သို့ ဆက်စပ်မှုရှိကြောင်း ဗစ်ကီဘိုမန်မှ  ရှင်းပြခဲ့ပါသည်။ VPSHR အား မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရာတွင် ကုမ္ပဏီများအနေဖြင့် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း အလေးပေးပြောကြားခဲ့ပြီး မြန်မာအစိုးရမှ ဤရှေ့ပြေးဆောင်ရွက်မှုသို့ လိုက်ပါ ဝင်ရောက်ရန် မလိုအပ်ဘဲ ၎င်းအခြေခံမူများကို မြန်မာနိုင်ငံတွင် အောင်မြင်စွာ မိတ်ဆက် ကျင့်သုံး နိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။  

VPSHR ၏ နိုင်ငံတကာအဆင့်တွင် NGO အဖွဲ့ဝင်တစ်ခုဖြစ်သော International Alert Myanmar မှ Jana Naujoks က စီမံကိန်းအဆင့်၊ ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) များ၏ အခန်းကဏ္ဍကို ရှင်းပြခဲ့ပါသည်။

မြန်မာပြည်တွင်း၌ လုပ်ငန်းလုပ်ကိုင်နေသည့် ကမ္ဘာ့အဆင့် VPSHR ၏ အဖွဲ့ဝင်များဖြစ်ကြသော PanAust၊ Shell၊ Chevron၊ Woodside နှင့် TOTAL အစရှိသည့် ကုမ္ပဏီများမှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များမှလည်း မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ၌ VPSHR ကို ကုမ္ပဏီများအနေဖြင့် မည်သို့ မည်ပုံ အသုံးပြုကြောင်း မျှဝေပေးခဲ့ကြပါသည်။ (ဆွေးနွေးတင်ပြချက်များကို ဤစာများ၏ ဘေးတွင် ရယူနိုင်ပါသည်။)

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတွင်း ကုမ္ပဏီများအတွက် လုံခြုံရေးအရ အကြီးမားဆုံးသော ပြဿနာများ၊ VPSHR နှင့် စပ်လျဉ်း၍ ပွဲမစခင်နှင့် ပွဲပြီးချိန်များ၌ ၎င်းတို့၏ သိရှိနားလည်ထားမှု၊ မြန်မာနိုင်ငံအတွက် VPSHR သည် အသုံးဝင်မှု ရှိ၊မရှိ၊ ဦးစားပေးလုပ်ဆောင်သင့်သည့် အကြောင်းအရာများ အစရှိသည့် မေးခွန်းများ အတွက် ၎င်းတို့၏ ထင်မြင်ချက်များအား ဆန္ဒမဲ ကောက်ယူခဲ့ပါသည်။     

မြန်မာနိုင်ငံတွင်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများအတွက်လုံခြုံရေးအရ အကြီးမားဆုံး သော ပြဿနာများအား သတ်မှတ်ဖော်ထုတ်ရာတွင် နေပြည်တော်ပွဲသို့ ပါဝင်တက်ရာက်သူများ၏ ၄၇% မှာ ဒုက္ခသည်များ အပါအဝင် လှေများအား ကိုင်တွယ်ဖြေရှင်းရခြင်း ဟုအများဆုံး ရွေးချယ် ခဲ့ကြပြီး၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကြောင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှုများ ကျရောက်ခြင်း ဟူသည့်အချက်ကို ၂၇% အဖြစ် ရွေးချယ်မှုများ ရှိခဲ့ပါသည်။ရန်ကုန်မြို့တွင် လုပ်ဆောင်သော အလုပ်ရုံဆွေးနွေးပွဲ၌ ဒုက္ခသည်များ အပါအဝင် လှေများအား ကိုင်တွယ်ဖြေရှင်းရခြင်းကို တက်ရောက်သူ ၆၀% မှလည်းကောင်း၊ ဒုတိယ အများဆုံးမဲပေးရာတွင် သပိတ်မှောက်ခြင်းများ အပါအဝင် ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်းဟူသည့်အချက်ကို ၂၇% မှ ရွေးချယ်ခဲ့ကြပါသည်။ ရန်ကုန်ပွဲ၌ ကန့်ကွက်ခြင်းနှင့် ဆန္ဒပြခြင်းအား ဒုတိယအများဆုံးမဲပေးခြင်းမှာ ထိုရန်ကုန် ဆွေးနွေးပွဲ မပြုလုပ်ခင်နှင့်နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် နိုဝင်ဘာ ၂၇ ရက်၌ ရခိုင်ဒေသ၏ သဘာဝအရင်းအမြစ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။  

မြန်မာနိုင်ငံရှိ သတ္တုတွင်းကဏ္ဍအတွက် လုံခြုံရေးအရ အကြီးမားဆုံးသော ပြဿနာများအား သတ်မှတ်ဖော်ထုတ်ရာတွင် ရန်ကုန်နှင့် နေပြည်တော် နှစ်နေရာစလုံး၌ သပိတ်မှောက်ခြင်းများ အပါအဝင် ကန့်ကွက်ခြင်း၊ ဆန္ဒပြခြင်း (သိသာစွာ အပြတ်အသတ် ထိပ်ဆုံးရောက်နေ)ဟု ဆန္ဒမဲပေးခဲ့ကြပြီး  ၎င်းနောက်ကပ်လျက် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကြောင့် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှုများ ကျရောက်ခြင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် စစ်တပ်အဖွဲ့အစည်းများမှ ခြိမ်းခြောက်၍ ငွေညစ်ခြင်းဟု ဖြေကြားခဲ့ကြပါသည်။ သို့သော် နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ၌ ကုမ္ပဏီပိုင် ဧရိယာသို့ ကျူးကျော်လာခြင်း ဟူသည့်အချက်မှာလည်း အရေးပါသည့် ပြဿနာတစ်ရပ်အနေဖြင့် ဖော်ပြခဲ့ပြီး ရန်ကုန် အလုပ်ရုံဆွေးနွေးပွဲ၌မူ လက်လုပ် လက်စား လက်ယက်တွင်းများဆိုသည့်အချက်ကို ဖော်ပြခဲ့ပါသည်။  

ပွဲသို့ တက်ရောက်လာကြသူများမှ VPSHR သည် မြန်မာနိုင်ငံအတွက် သင့်တော်မှုရှိသည်ဟု တွေ့ရှိခဲ့ကြပြီး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများအားလုံးအတွက် သင့်တော်မှုရှိသည်ဟု ၃၃% သောပွဲတက်ရောက် လာသူများမှ ဆန္ဒမဲပေးခဲ့ကြပြီး (သို့) မြန်မာနိုင်ငံ အတွင်းရှိ လုံခြုံရေးအန္တရာယ်များအားစီမံခန့်ခွဲရသည့် အကြီးစားရင်းနှီးမြှုပ်နှံမှုများအတွက် သင့်တော်မှုရှိသည်ဟု ၅၇% ဆန္ဒမဲပေးခဲ့ကြပြီး ရန်ကုန်နှင့် နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲများတွင် တူညီလုနီးပါး ရမှတ်များ တွေ့ရှိခဲ့ရပါသည်။ 

VPSHR နှင့် စပ်လျဉ်း၍ ဦးစားပေးလုပ်ဆောင်သင့်သည့် လုပ်ငန်းဆောင်တာများအား ဆန္ဒမဲပေးရွေးချယ်ကြရာတွင် ဥပဒေပြုသူများဟူသည့် ၎င်းတို့၏ အခန်းကဏ္ဍကို ထင်ဟပ်သည့်အနေဖြင့် နေပြည်တော် ဆွေးနွေးပွဲ သို့တက်ရောက်လာသူများသည် ၆၂% အထိ အစိုးရမှထုတ်ပေးသော လိုင်စင်နှင့် စာချုပ်များတွင် VPSHR လိုအပ်ချက်များကို ထည့်သွင်းခြင်း ဆိုသည့်အချက်ကို ရွေးချယ်ခဲ့ပြီး၊ အခြား မဲပေးခဲ့ကြသည့် အချက်မျာမဲပေးခဲ့ကြသည့် အချက်များမှာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ကူညီပေးခြင်း၊ ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများအတွက် VPSHR အကြောင်းကို သင်ရိုးညွှန်းတမ်းစီစဉ်ပေးခြင်းနှင့် သင်တန်းပေးခြင်း၊ ကုမ္ပဏီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ  (သို့မဟုတ်) စစ်တပ်ကြားရှိ ဆက်ဆံရေး အစရှိသည့် လုပ်ငန်းဆောင်တာများကို ဆန္ဒမဲ ပေးခဲ့ကြပါသည်။ာ 

ရန်ကုန်ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ပ္ဂလိကလုံခြုံရေး ဝန်ထမ်းများအတွက် VPSHR အကြောင်းကို သင်ရိုးညွှန်းတမ်း စီစဉ်ပေးခြင်းနှင့် သင်တန်းပေးခြင်းအား ၄၈% အထိ ရွေးချယ် ခဲ့ကြပါသည်။ နေပြည်တော်၌ကဲ့သို့ပင် အများဆုံးမဲပေးရွေးချယ်ခဲ့ကြပြီး၊ အစိုးရမှ ထုတ်ပေးသော လိုင်စင့်  စပ်များတွင် ဆန္ဒအလျောက် လေးစားလိုက်နာနိုင်သော လုံခြုံရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ အခြေခံမူးဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းခြင်းဆိုသည့် အချက်အား  ၂၉% သော ပွဲတက်ရောက်လာသူများမှ ရွေးချယ်ပေးခဲ့ကြပြီး ပ္ဂလိက လုံခြုံရေး ကုမ္ပဏီများကို VPSHR ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ကူညီပေးခြင်းအား ၁၀%နှင့် ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ များအား လိုင်စင်ထုတ်ပေးခြင်းနှင့် လ့လာစောင့်ကြည့်ခြင်းစနစ်ကို ပြောင်းလဲခြင်းဆိုသည့် အချက် ကိုလည်း ၁၀% မဲပေးခဲ့ကြပါသည်။ 

VPSHR ကို ဦးဆောင်ရန် အရည်အချင်းအပြည့်ဝဆုံးနှင့် အသင့်တော်ဆုံးသော အဖွဲ့ကို ရွေးချယ်ကြရာတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၈% ဖြင့် အလုပ်ရုံဆွေးနွေးပွဲ နှစ်ခုစလုံးမှ ရွေးချယ်ခဲ့ကြပြီး၊  နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထဲရေး ဝန်ကြီးဌာနအား ၂၂% ဖြင့် ရွေးချယ်ခဲ့ကြသည်။ ရန်ကုန် အလုပ်ရုံ ဆွေးနွေးပွဲ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအား ၂၂% မှ အသင့်တော်ဆုံးဖြစ်သည်ဟု ဆန္ဒမဲပေးခဲ့ကြသလို ဝန်ကြီးဌာန အသစ်ဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ၁၉% အစရှိသဖြင့် ဦးဆောင်သင့်သည့် အဖွဲ့များကို ရွေးချယ်ခဲ့ကြပါသည်။ 

VPSHR ၏ ဦးဆောင်ကော်မတီသည် ဇန်နဝါရီလတွင် ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး ၊ ပြည်တွင်းလုပ်ငန်းအဖွဲ့အတွက် နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ 

အလုပ်ရုံဆွေးနွေးပွဲ နှစ်ခုစလုံး၏ ကုန်ကျစရိတ်များကို Woodside မြန်မာ မှ ထောက်ပံပေးခဲ့ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business