ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများ ပြည်သူ သိရှိနားလည်မှု အားကောင်းလာစေရန် ဆောင်ရွက်ခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများ ပြည်သူ သိရှိနားလည်မှု အားကောင်းလာစေရန် ဆောင်ရွက်ခြင်း

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများ ပြည်သူ သိရှိနားလည်မှု အားကောင်းလာစေရန် ဆောင်ရွက်ခြင်း

ဆွေးနွေးပွဲတက်ရောက်လာသူများကို တာဝန်ယူမှုရှိသော စီးပွားရေး၊ အကျိုးစီးပွား မျှဝေခြင်း (CSV)နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်ယူမှု(CSR) အပေါ် နားလည်မှု အမျိုးမျိုးရှိနေခြင်းများကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ
ဆွေးနွေးပွဲတက်ရောက်လာသူများကို တာဝန်ယူမှုရှိသော စီးပွားရေး၊ အကျိုးစီးပွား မျှဝေခြင်း (CSV)နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်ယူမှု(CSR) အပေါ် နားလည်မှု အမျိုးမျိုးရှိနေခြင်းများကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနမှ

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) သည် ဗားမောက် ဥပဒေကျောင်း (Vermont Law School)နှင့်အတူ (Heinrich Boll Stiftung ၏ အထောက်အပံဖြင့်) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ အလုပ်ရုံဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့ပါသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မန္တလေးမြို့၌ တရားမျှတသော အစိမ်းရောင်လူမှုအဖွဲ့အစည်း (Green Justice Institute)နှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် မုံရွာမြို့၌ စစ်ကိုင်း MATA (မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့) ဖြင့်လည်းကောင်း၊ တောင်ကြီးမြို့၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မုန်းပန်လူငယ်အဖွဲ့အစည်းနှင့် ၂၀၊၂၁ ဒီဇင်ဘာလတွင် အေဒင်ဖွံ့ဖြိုးရေးကွန်ယက်နှင့် လွိင်ကော်မြို့၌ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတိုင်းတွင် ပါဝင်တက်ရောက်ခဲ့သည့် လူဦးရေမှာ ၄၀ နီးပါးရှိခဲ့သည်။ ကနဦးအစတွင် ဤအလုပ်ရုံဆွေးနွေးပွဲများအား ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် ကော်ပိုရိတ်တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စပ်လျဉ်း၍ စိတ်ဝင်တစား ဆောင်ရွက်သည့် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများကို ဦးတည်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကဲ့သို့သော အစိုးရရုံးမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ အလုပ်ရုံဆွေးနွေးပွဲ အချို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန(DICA)၊ သတ္တုတွင်းလုပ်ငန်း (ME)၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် မုံရွာမြို့တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းလွှတ်တော်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲအားလုံး၏ တင်ပြဆွေးနွေးမှု (presentations) များတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်၊ အများပြည်သူ ပူးပေါင်းပါဝင်ခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကုမ္ပဏီများအနေဖြင့် တန်ဖိုးရှိ၍ လိုအပ်ချက်တစ်ခုဖြစ်သော မကျေလည်မှုများ၊ နစ်နာမှုများကို တိုင်ကြားသည့် လုပ်ငန်းစဉ် (ပြည်တွင်း၌ ဥပမာအနေဖြင့် ညွှန်ပြရသော် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် MPRL မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျင့်သုံးနေသော နစ်နာမှုများကို တိုင်ကြားသည့် နည်းစနစ်ကို တွေ့မြင်နိုင်သည်)နှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများ ပါဝင်ခဲ့သည်။ MCRB အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း၏ အယူအဆများ၊ အကျိုးစီးပွားမျှဝေခြင်း(CSV)နှင့် မြန်မာနိုင်ငံရှိ ‘စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်ယူမှု လုပ်ငန်းများ’ (CSR) အပေါ် နားလည်မှု အမျိုးမျိုး ရှိနေကြောင်း မိတ်ဆက်ပေးခဲ့ပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုရေး သက်ရောက်မှုများ၊ ပတ်သက် ဆက်နွယ်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ပတ်သက်ဆက်နွယ်သူများအား သတ်မှတ်ဖော်ထုတ်ခြင်း(stakeholder mapping)နှင့် MCRB ၏ ကဏ္ဍအလိုက် သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) မှ ခရီးသွားလုပ်ငန်းကဏ္ဍ နှင့် သတ္တုတွင်း လုပ်ငန်းကဏ္ဍဆိုင်ရာ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အဓိက တွေ့ရှိချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

ကယားပြည်နယ်၌ ရေအားလျှပ်စစ်စီမံကိန်းကြီးများ၏ အရေးပါမှု ကြီးမားသဖြင့် မကြာမီ၌ ပြီးမြောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း/ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (SEA) ကို လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် MCRB အနေဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။ ဗစ်ကီဗိုမန်မှ မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (SEA)နှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) တို့ကြားရှိ ခြားနားချက်များနှင့် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (SEA)၏ အကြံပြုချက်များအနေဖြင့် ကယားပြည်နယ်အတွင်းရှိ အလားအလာရှိသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်း ရှင်းပြခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သိသာထင်ရှားသော ပင်မရေစီးကြောင်းမြစ်များတွင် ဆည်များဆောက်လုပ်ခြင်းကို ရှောင်ရှားရန် ၎င်းမဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ခြင်း (SEA)မှ အကြံဥာဏ်ပေးထားသဖြင့် သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ရန် အဆိုပြုထားသော ရွာသစ်ရေကာတာကိုလည်း ဆက်လက်မလုပ်ကိုင်သင့်ကြောင်း ၎င်းဆန်းစစ်ခြင်းမှ အကြံပြုထားသည်။

လွိင်ကော်မြို့၏ အလုပ်ရုံ ဆွေးနွေးပွဲတွင် အပြန်အလှန်တုံ့ပြန်ဆောင်ရွက်မှုများအဖြစ် MCRB ၏  CSR ကစားနည်းကိုလည်း ထည့်သွင်းလုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီ၏ လုပ်ရန်တာဝန်ဝတ္တရားများ၊ ၎င်းတို့၏ ဆန္ဒအလျောက်လုပ်ပေးမှုအပေါ် အခြေခံသော အကျိုးစီးပွားမျှဝေခြင်းနှင့် ပရဟိတ လုပ်ဆောင်ခြင်းများနှင့် ပတ်သက်၍ ခွဲခြားနားလည်နိုင်ရန် ရည်ရွယ်သည်။ ထို့နောက် စိတ်ကူးဖြင့် ဖန်တီးထားသော စီမံကိန်းနှစ်ခု (ဒီမော့ဆိုမြို့နယ်ရှိ ကန် ၇ဆင့် နေရာတွင် ဟိုတယ်တည်ဆောက်ခြင်း စီမံကိန်းနှင့် မော်ချီးဒေသရှိ  တရုတ် ခဲမဖြူကုမ္ပဏီတစ်ခု ခဲမဖြူတူးရန် ဝင်ရောက်လာသော စီမံကိန်း)၌ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ consultant များ၏ အခန်းကဏ္ဍမှနေ၍ ပတ်သက်ဆက်နွယ်သူများ၊ အကျိုးသက်ဆိုင်သူများအား သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ၎င်းတို့၏ အလားအလာရှိသော အကျိုးစီးပွားများကို  သတ်မှတ်ဖော်ထုတ်ခြင်း အစရှိသည့် အပြန်အလှန် လှုပ်ရှားမှုများ ပါဝင်သည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ တက်ရောက်လာသောသူများကို တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်း အမူအကျင့်အား ကွဲပြားခြားနားသော ရှုထောင့်များမှ မြန်မာကုမ္ပဏီများအား ရမှတ် ၁၀ မှတ်အနက်မှ အမှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ပျှမ်းမျှရမှတ်မှာ ၁၀မှတ်ပေးရာတွင် ၄.၀၅ မှတ် ဖြစ်ပြီး၊ အမြင့်ဆုံးရမှတ်မှာ တာဝန်ယူမှုရှိစွာဖြင့် စားသုံးသူများကို ဆက်ဆံခြင်းအတွက် ၄.၇၁ မှတ်ဖြစ်ပြီး အနိမ့်ဆုံးရမှတ်မှာ လာဘ်ပေးလာဘ်ယူခြင်းနှင့် လက်ဖက်ရည်ဖိုး ပေးခြင်းအတွက် (၃.၁၄) ဖြစ်ခဲ့ပါသည်။

အောက်တိုဘာလထဲတွင် အလားတူဆွေးနွေးပွဲများကို ရှမ်းပြည်နယ် အရှေ့ပိုင်း၏ ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၏ တောင်ကြီးမြို့တို့တွင် MCRB မှ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တောင်သူလယ်သမား ဖွံ့ဖြိုးရေး အဖွဲ့အစည်း (ECFD) တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် MCRB သည် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ECFD အဖွဲ့အစည်းတို့ဖြင့် ပူးပေါင်းကာ လားရှိုးနှင့် မြစ်ကြီးနားမြို့များ၌  အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားရန် ရည်ရွယ်သလို မြန်မာနိုင်ငံ၏ အခြားဒေသများတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ အသိအမြင် မြှင့်တင်ပေးခြင်းကို အမေရိကန် နိုင်ငံခြားရေး ဌာန၏ ပံ့ပိုးပေးမှုဖြင့် ဗားမောက်ဥပဒေကျောင်း (vermont law school) နှင့်အတူ ပူးပေါင်းပြီး ထပ်မံပြုလုပ်သွားရန်လည်း အစီအစဉ်ရှိပါသည်။

1. Key EIA Principles
2. Public Participation Myanmar's EIA Process
3. Grievance Mechanism
4. What is Responsible Business?
5. Stakeholders LOIKAW
6. Hydropower in Kayah State: Strategic Environment Assessment and EIA
7. Issues in Mining LOIKAW
8. Issues in Tourism LOIKAW
© 2024 Myanmar Centre for Responsible Business