ကျောက်ဖြူမြို့ရှိ ဒေသခံများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) နှင့် အများပြည်သူပူးပေါင်းပါ ၀င်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ကျောက်ဖြူမြို့ရှိ ဒေသခံများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) နှင့် အများပြည်သူပူးပေါင်းပါ ၀င်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျောက်ဖြူမြို့ရှိ ဒေသခံများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) နှင့် အများပြည်သူပူးပေါင်းပါ ၀င်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သင်တန်းသို့ သင်တန်းသား အယောက် ၂၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး၊ ထိုတက်ရောက်ခဲ့သူတို့သည် ဒေသခံများနှင့် ကျောက်ဖြူမြို့မှ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြပါသည်။
သင်တန်းသို့ သင်တန်းသား အယောက် ၂၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး၊ ထိုတက်ရောက်ခဲ့သူတို့သည် ဒေသခံများနှင့် ကျောက်ဖြူမြို့မှ အရပ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB) နှင့် Scholar Institute တို့ပူးပေါင်း၍ သြဂုတ်လ ၂၉ ရက်နေ့တွင် ကျောက်ဖြူမြို့၌ “တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၏ အခန်းကဏ္ဍ” ဆိုင်ရာ သင်တန်းတစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါသည်။

၎င်းသင်တန်းကို ကျောက်ဖြူဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး၊ သင်တန်းသားဦးရေ ၂၀ ဝန်းကျင် တက်ရောက်ခဲ့ပါသည်။ တက်ရောက်ခဲ့သော သင်တန်းသားများမှာ ဒေသခံများပါဝင်သကဲ့သို့ ကျောက်ဖြူမြို့နယ်မှ အရပ်ဖက်အဖွဲ့အစည်းများလည်း ပါဝင်ပါသည်။ ၎င်းတို့မှာ စစ်တောရွာ၊ ကျောက်ပြောက်ရွာ၊ ကွမ်းချောင်းရွာ၊ သစ်ပုတ်တောင်ရွာ၊ ကြံချိုင်းရွာ၊ ရှောက်ချောင်းရွာ၊ ချောင်းဖျားရွာ၊ ကုလားဘာရွာ နှင့် မဒေးကျွန်းတို့မှ ဖြစ်ကြပါသည်။ ထိုရွာများသည် ကမ်းလွန်ထောက်ပံ့ရေးစခန်း နှင့် အထူးစီးပွားရေးဇုန်များလုပ်ကိုင်မည့် နေရာများတွင် တည်ရှိနေသော ရွာများဖြစ်ပါသည်။ တက်ရောက်လာကြသူ အချို့မှာ မဒေးကျွန်းလူမှုရေးနှင့်ဖွံ့ဖြိုးရေးအသင်း (MISDA)၊ ဖြောင့်မတ်သူအဖွဲ့အစည်း (PMTO) နှင့် Rakhaine Strength Youth Development Centre (RSYDC) တို့၏ အဖွဲ့ဝင်များလည်း ဖြစ်ကြပါသည်။

MCRB အနေဖြင့် “တာဝန်ယူမှုရှိသော စီးပွားရေး”ဆိုသည်မှာ အဘယ်နည်းနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးများဆိုင်ရာ လမ်းညွှန် အခြေခံမူများ (UNGPs) ထဲတွင် ပါဝင်သော မဏ္ဍိုင် ၃ ခုဖြစ်သည့် အကာအကွယ်ပေးခြင်း၊ လေးစားလိုက်နာမှုရှိခြင်း၊ ပြန်လည်ကုစားမှုပေးခြင်း များကို မိတ်ဆက်ပြောဆို တင်ပြခဲ့ကြပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ထို EIA လုပ်ငန်းစဉ်များကို ရှင်းပြခဲ့ပြီး၊ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြပါသည်။ ထိုရှင်းပြမှုများတွင်ပါဝင်သော အကြောင်းအရာများမှာ စီမံကိန်းကြောင့် ဖြစ်နိုင်သော အဓိကအကြောင်းအရာများနှင့် ပတ်သက်ပြီး နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း၊ အချက်အလက်ကောက်ယူခြင်း၊ EIA လုပ်ငန်းစဉ်အတွက် ဆန်းစစ်ခြင်းများ၊ ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများကို သတ်မှတ်ခြင်း၊ ထိုသို့ သတ်မှတ်ခြင်းများ ပြုလုပ်ရာတွင် ဒေသခံများအပါအဝင် စီမံကိန်းကြောင့် အဓိကသက်ရောက်မှုများ ခံစားရနိုင်သည့် ပတ်သက်ဆက်နွယ်သူများဖြင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။ EIA လုပ်ဆောင်ခြင်းဖြင့် စီမံကိန်းကြောင့် ဖြစ်နိုင်ချေရှိသော အနုတ်လက္ခဏာဆောင်သည့် သက်ရောက်မှုများကို လျော့ချရန်နှင့် ရှောင်ရှားရန်အတွက်လည်း ရည်ရွယ်ကြောင်းကို ရှင်းပြခဲ့ကြပါသည်။ EIA လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် အများပြည်သူပူးပေါင်း ပါဝင်ဆွေးနွေးခြင်းများ လိုအပ်ပြီး၊ ထိုသို့ဆွေးနွေးခြင်းများကို လုပ်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းစဉ်များတွင် အများပြည်သူပူးပေါင်းပါဝင်မှုများအတွက်  လမ်းညွှန်ချက်ကို အခြေခံပြီး အဓိပ္ပယ် ပြည့်ဝသော  ဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။

တက်ရောက်လာကြသူများ အနေဖြင့် ကျောက်ဖြူဧရိယာအတွင်း စီစဉ်ထားသော စိမံကန်းများဖြစ်သည့် အထူးစီးပွားရေးဇုန် (SEZ)၊ ရေနက်ဆိပ်ကမ်းနှင့် MCM ကုမ္ပဏီမှ ဆောက်လုပ်ရန် စီစဉ်နေသည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းများနှင့်ဆိုင်သည့် အကြောင်းရာများကို ဆွေးနွေးခဲ့ကြပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့နယ်တွင် စီစဉ်ဆောင်ရွက်နေသော ကမ်းလွန်ထောက်ပံ့ရေးစခန်း (OSB) နှင့်  ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) သည် OSB နှင့် ပတ်သက်ပြီး ပထမဦးဆုံးပြုလုပ်ထားသောသော EIA ဖြစ်ပြီး၊ Myint & Associates ကုမ္ပဏီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (ECD) သို့ တင်ပြခဲ့သော ထို EIA ကို ဥပမာအနေဖြင့် မျှဝေပေးခဲ့ပါသည်။ ထို့အပြင် ECD မှ ငရုပ်ကောင်း OSB စီမံကိန်းအတွက် ထုတ်ပေးထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ကို တက်ရောက်လာသူများကိုလည်း ဥပမာပေး မျှဝေခဲ့ပါသည်။ ထို ECC ထဲတွင် အထွေထွေ စည်းကမ်းချက်များ၊ ပတ်ဝန်းကျင်အရည်အသွေးစံချိန် စံညွှန်းဆိုင်ရာ စည်းကမ်းချက်များ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းချက်များ၊ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ အသေးစိတ် စည်းကမ်းချက်များနှင့် စီမံကိန်းဆိုင်ရာ ကတိက၀တ်များအပြင် အငြင်းပွားမှု ဖြေရှုင်းရှင်းဆိုင်ရာ စည်းကမ်းချက်များ စသည့် အကြောင်းအရာများ ပါဝင်သည်။ တက်ရောက်လာကြသူများမှ ပတ်သက်ဆက်နွယ်သူများပြ မြေပုံနှင့် ဒေသဆိုင်ရာ မြေပုံများကိုလည်း ရေးဆွဲခဲ့ကြပါသည်။

တက်ရောက်လာကြသူများအနေဖြင့် အထူးစီးပွားရေးဇုန်နှင့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းများနှင့် ပတ်သက်ပြီး ၎င်းတို့၏ မျော်လင့်ချက်များ၊ စိတ်ပူပန်မှုများကို ထုတ်ဖော်ပြောပြ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းတို့ အနေဖြင့် လမ်း၊တံတားများ တိုးတက်လာခြင်း၊ ပညာရေးမြင့်မားလာခြင်း၊ လျှပ်စစ်မီးကဏ္ဍ၊ လူနေမှု့အဆင့်အတန်းမြှင့်မားခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ တိုးတက်လာလိမ့်မည်ဟု များစွာ မျှော်လင့်ထားကြပြီး၊ ငါးဖမ်းသည့်လုပ်ငန်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ယဉ်ကျေးမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်ပြီး စိုးရိမ်မှု များစွာ ရှိကြပါသည်ဟု ပြောပြခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business