လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကိုလေးစားလိုက်နြာ ခင်း” စာအုပ်အား DICA နှင့် MCRB တို့ ထုတ်‌ဝေ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကိုလေးစားလိုက်နြာ ခင်း” စာအုပ်အား DICA နှင့် MCRB တို့ ထုတ်‌ဝေ

လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကိုလေးစားလိုက်နြာ ခင်း” စာအုပ်အား DICA နှင့် MCRB တို့ ထုတ်‌ဝေ

ဤစာအုပ်အတွက် DICA ၏ ပူးပေါင်းဆောင်ရွက်မှု၊ အကြံများနှင့်  စိတ်ရှည်သည်းခံမှု တို့အတွက် MCRBက ကျေးဇူးတင်ရှိပါသည်။
ဤစာအုပ်အတွက် DICA ၏ ပူးပေါင်းဆောင်ရွက်မှု၊ အကြံများနှင့် စိတ်ရှည်သည်းခံမှု တို့အတွက် MCRBက ကျေးဇူးတင်ရှိပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန(MIFER)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန(DICA) နှင့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business _MCRB) တို့မှ “လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှု ကို လေးစားလိုက်နာခြင်းလမ်းညွှန် စာ အုပ်” အား ယနေ့တွင်ထုတ်‌ဝေခဲ့သည်

လမ်းညွှန် စာအုပ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသို့ လာရောက်ကြ သည့် နိုင်ငံခြားသားများအနေဖြင့် မြန်မာ့ယဉ် ကျေးမှု ထုံးတမ်းဓလေ့ များကို ပိုမိုနားလည်စေရန်နှင့် လုပ်ငန်းခွင်နှင့် ဒေသခံများအကြားတွင် ဓလေ့ထုံး တမ်းဆိုင်ရာ အထင်လွဲမှုများ မပေါ်ပေါက်စေရန်ဖြစ်ပါသည်။ ဤလမ်းညွှန်စာအု ပ်ကို MCRB က DICA နှင့် ပူးပေါင်း၍ ရေးသားပြုစုထားခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များလည်း ထည့် သွင်းထားပါသည်။

Respecting Myanmar Culture in the Workplace (English)
Document PDF, 2794 downloads, စက်တင်ဘာ 05, 2019
Respecting Myanmar Culture in the Workplace (Myanmar)
Document PDF, 1805 downloads, စက်တင်ဘာ 13, 2019
職場におけるミャンマーの文化を尊重しましょう
Document PDF, 1208 downloads, စက်တင်ဘာ 23, 2019
职业场所中对缅甸文化的尊重
Document PDF, 1236 downloads, စက်တင်ဘာ 05, 2019

ဤစာအုပ်၏ ကာတွန်းပုံများမှာ မြန်မာ့ထိပ်တန်း ကာတွန်းဆရာ အော်ပီကျယ် ၏ လက်ရာများ ဖြစ်ပြီး ဝတ်စားဆင်ယင်ခြင်း ၊ စားသောက်ခြင်း၊ နှုတ်ဆက် ခြင်းနှင့် ခန္ဓာကိုယ်အမူအရာစသည့် သတိထား ဆောင်ရွက်သင့်သည့် အကြောင်းအရာများပါဝင်ပါသည်။ လူမှုရေးဆိုင်ရာ အထင်အမြင် လွဲမှားမှုများ အား ကာကွယ်တားဆီးရန်နှင့် စီးပွားရေးဆိင်ရာ အောင်မြင်မှုများ ပိုမိုရရှိစေရန်အတွ က် ဒေသခံလူထု အသံအား နားထောင်ခြင်းနှင့် ၎င်းတို့ထံမှ လေ့လာသင်ယူခြင်းတို့ ၏ အရေးကြီးပုံကိုလည်း ဤလမ်းညွှန် စာအုပ်တွင် အဓိက ဖော်ညွှန်းထား ပါသည်။ ဤစာအုပ်သည် အပြန်အလှန်လေးစားမှုနှင့် နားလည်မှု တို့ ကို အဓိကထား၍ ရေးသားပြုစုထားခြင်းဖြစ်သော်လည်း ရင်းနှီးမြှပ်နှံသူများသည် မြန်မာနိုင်ငံရှိ လုပ် ငန်းခွင်ဆို င်ရာ ဥပဒေများ (ဥပမာအားဖြင့် အလုပ်သမား၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ကာ ကွယ်ထိန်းသိမ်းရေး ဆိုင်ရာဥပဒေများ ) ကိုလည်းရင်းနှီး ကျွမ်းဝင်မှုရှိနေရန် လိုအပ်ပါသည်။

ဤစာအုပ်နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ

“တာဝန်ယူမှုရှိသော ရင်းနှီးမြှု ပ်နှံမှုဆိုသည်မှာ လေးစားလိုက် နာမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ လေးစား လိုက်နာမှုရှိပြီး အားလုံးပါဝင်ခွင့်ရှိသော လုပ်ငန်း ခွင်များ ည် အမြဲတစေပိုမို၍ အကျိုးဖြစ်ထွန်းနိုင်မည်ြ ဖစ်ပြီး ဝန်ထမ်းများ၏ အလုပ်ထွက်နှုန်းလည်း ပိုမိုလျော့ပါးသွားမည်ဖြစ်သ ည်။ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများ အား လေးစားလိုက်နာမှုရှိ ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး အပါအဝင် ကျွန်ုပ်တို့အစိုးရ၏ ပိုမိုကျယ်ပြန့် သော မျှော်မှန်း ချက်များကို မုချ ပံ့ပိုးပေးနိုင်မည် ဖြ စ်သည် ”

ဟုပြောကြားခဲ့ပါသည်။

MCRB ၏ ဒါရိုက်တာဖြစ်သူ Ms. Vicky Bowman ကလည်း

"နိုင်ငံခြားသား ကုမ္ပဏီဝန်ထမ်း တွေရဲ့ ယဉ်ကျေး မှုဆိုင်ရာ အသေးအဖွဲ နားလည်မှုကွဲလွဲခြင်း တွေက ဒေသခံလူထုအပါအဝင် အခြားထိခိုက်မှု တွေ ပိုဖြစ်လာစေနိုင်ပြီး နောက်ဆုံးမှာ ရင်းနှီးမြှုပ်နှံမှု တွေကိုပါ ပျက်စီး ထိခိုက်လာနိုင်ပါတယ်။ အဲဒီ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုကွဲပြားခြင်းတွေကြောင့်ပဲ လုပ်ငန်းခွင်ထဲမှာလည်း စိတ်အား ထက်သန်မှု လျော့ကျစေပြီး အလုပ်ဖြစ်သင့်သလော က် မဖြစ်နိုင်တော့ပါ.”

ဟုပြောကြားခဲ့ သည်။

ဤစာအုပ်တွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကျယ်ကျယ်ပြန့်ပြန့် နားလည် စေနိုင်ရန် အတွက် ရေးသားဖော်ညွှန်းထားသည့် အပြင် အစိုးရ၊ ပုဂ္ဂလိက၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာဒေသခံများနှင့် ဝန်ထမ်းများ ပါဝင်ဖြေဆိုထားသည့် အင်တာဗျူးများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ၏ ရလဒ်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

“မြန်မာနိုင်ငံမှာရှိသည့် အမျိုးမျိုး သော ယဉ်ကျေးမှုတွေကို လေးစားလိုက်နာခြင်းသည် တန်းတူညီမျှ မှုရှိစေဖို့ မြှင့်တင်ပေးရာ ရောက်သလို ခွဲခြားဆက်ဆံမှု ပပျောက်ဖို့  ဆောင်ရွက်ရာလည်းရော က်ပါတယ်။ နောက်ပြီးအပြန်အလှန် လေးစားမှုရှိတဲ့ လုပ်ငန်းခွင်တစ်ခု တည်ဆောက်ဖို့အတွက်လည်း အင်မတန်အရေး ကြီးပါတယ်"

ဟုသုံးသပ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ လည်း

“နိုင်ငံခြားမှလာရောက်လုပ်ကိုင် သောမန်နေဂျာများကို ဦးတည်၍ ပြည်ထောင်စု အတွင်းနေထိုင်လျက်ရှိ သော တိုင်းရင်းသားမျိုးနွယ်စုများ၏ ထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုများ ကိုလေးစားမှုရှိပြီး လိုက်နာမှုရှိစေရန် အတွက်ဤ လမ်းညွှန်စာအုပ်ကို ရေးသားထားသော်လည်း စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာများသည် လူတိုင်းအတွက် အရေးကြီးပါသည် ”

ဟု ထပ်မံပြော ကြားထားသည်။

“လုပ်ငန်းခွင်တွင် မြန်မာ့ယဉ်ကျေးမှုကို လေးစားလိုက်နာခြင်းဆို င်ရာ လမ်းညွှန်စာစောင်” ကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနှင့် တရုတ်ဘာသာ တို့ဖြင့် www.dica.gov.mm နှင့် www.mcrb.org.mm တို့တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ဂျပန်ဘာသာ၊ ကိုးရီးယားဘာသာနှင့် ထိုင်းဘာသာဖြင့် ပြန်ဆိုထားသည့် စာစောင်များ ကိုမူ ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေနိုင်ရန် စီစဉ်လျှက်ရှိ ပါသည်။

ယခုလမ်းညွှန်ပုံနှိပ်စာအုပ်များကို DICA ၏ တိုင်းနှင့် ပြည်နယ်ရုံးခွဲများ ၊ အခမ်းအနားများတွင် ရယူနိုင်ပြီး အစိုးရဝန်ကြီးဌာနများ၊ နိုင်ငံခြားအဖွဲ့အစည်းများသို့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။ ထပ်မံ လိုအပ်ပါက ပုံနှိပ်ခ ပမာဏခန့် ပေးကာဝယ်ယူနိုင်စေရန်လည်း စီစဉ်နေသည်။

Download the PDFDownload the PDF
Download the PDFDownload the PDF
© 2024 Myanmar Centre for Responsible Business