ဒေတာမရသောတစ်ရက်တာကိုစဉ်းစားကြည့်ပါ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ဒေတာမရသောတစ်ရက်တာကိုစဉ်းစားကြည့်ပါ

ဒေတာမရသောတစ်ရက်တာကိုစဉ်းစားကြည့်ပါ

စက်တင်ဘာလ ၃၀ ရက်နေ့တွင် မိမိတို့၏ မိုဘိုင်းလ်ဒေတာ၊ ဝိုင်ဖိုင်ကို ပိတ်ထားခြင်း၊ မိမိတို့၏ အီးမေးလ်ကို “အလိုလျောက်ပြန်ဖြေပေးသည့်မက်ဆေ့ခ်ျ (out-of-office message) ကို ပြုလုပ်ခြင်းနှင့် မိမိတို့၏ Facebook ကို ပိတ်ထားခြင်း ပြုလုပ်ပေးရန် MCRB နှင့် မိတ်ဖက်ပါတနာများမှ တိုက်တွန်းအပ်ပါသည်။ ထိုသို့ ပိတ်ထားခြင်းဖြင့် မိမိတို့ မည်သို့ ခံစားသည်ကို သိရှိစေရန်ဖြစ်ပါသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် မိမိတို့၏ မိုဘိုင်းလ်ဒေတာ၊ ဝိုင်ဖိုင်ကို ပိတ်ထားခြင်း၊ မိမိတို့၏ အီးမေးလ်ကို “အလိုလျောက်ပြန်ဖြေပေးသည့်မက်ဆေ့ခ်ျ (out-of-office message) ကို ပြုလုပ်ခြင်းနှင့် မိမိတို့၏ Facebook ကို ပိတ်ထားခြင်း ပြုလုပ်ပေးရန် MCRB နှင့် မိတ်ဖက်ပါတနာများမှ တိုက်တွန်းအပ်ပါသည်။ ထိုသို့ ပိတ်ထားခြင်းဖြင့် မိမိတို့ မည်သို့ ခံစားသည်ကို သိရှိစေရန်ဖြစ်ပါသည်။

MCRB နှင့် Myanmar Digital Rights Forum မှ ၎င်းတို့၏ မိတ်ဖက်ပါတနာများ ပူးပေါင်း၍ “မြန်မာအင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့” ကို စတင်ရေတွက်သည့် အခမ်းနားကို စတင်ခဲ့ပါသည်။ ရခိုင်ပြည်နယ်မှ ပြည်သူ ၆၀၀၀၀၀ ကျော်တို့၏ အင်တာနက်ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့အတွက် ညီညွှတ်မှုကို ပြသသည့်အနေဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဤလှုပ်ရှားမှုကို စတင်ပါမည်။ ထိုနေ့တွင် စီးပွားရေးလုပ်ငန်းမှသော်လည်းကောင်း၊ အစိုးရအဖွဲ့အစည်းမှသော်လည်းကောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းမှသော်လည်းကောင်း၊ သို့မဟုတ် တစ်ဦးချင်းသော်လည်းကောင်း အင်တာနက်ဆက်သွယ်ရရှိမှုကို အလေးထားသူ မည်သူမဆို မိမိတို့၏ မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင်ကို ပိတ်ခြင်း၊ မိမိတို့၏ အီးမေးလ်ကို အလိုလျောက်ပြန်ဖြေပေးသည့်မက်ဆေ့ခ်ျ (out of office message) ပြုလုပ်ထားခြင်းနှင့် မိမိတို့၏ Facebook ကို ပိတ်ထားခြင်းတို့ ပြုလုပ်ပေးပါရန် MCRB နှင့် ပါတနာများမှ တိုက်တွန်းအပ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိတို့ မည်သို့ ခံစားမိသည်ကို သိရှိစေရန် ဖြစ်သည်။ ဤကဲ့သို့ အင်တာနက်ပိတ်ထားခြင်း မပြုလုပ်နိုင်ပါက အဘယ်ကြောင့်မပြုလုပ်နိုင်ပါကြောင်း၊ ၁၀၁ ရက်မဆိုထားနှင့်၊ တစ်ရက်တာမျှပင် အင်တာနက် ဆက်သွယ်မှုမရပဲ မိမိတို့ရှင်သန်ရန် မည်သို့ ခက်ခဲကြောင်း ကျွန်ုပ်တို့ကို ပြောပြပေးပါ။

မြန်မာအင်တာနက် ဖြတ်တောက်မှု ၁၀၁ရက်မြောက်နေ့လှုပ်ရှားမှုကို ကျွန်ုပ်တို့ ဘာကြောင့် ပြုလုပ်ရပါသလဲ။

ဇွန်လ ၂၀ရက်နေ့တွင် အစိုးရက ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၇၇ကို ပထမဆုံးအကြိမ် အသုံးပြု၍ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT၊ Mytel၊ Oreedoo နှင့် Telenor တို့အား အောက်ပါမြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် အမိန့်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။ အဆိုပါ အမိန့်အရ ဇွန်လ ၂၁ရက်နေ့၊ ည၁၀နာရီမှ စ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ် (ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်းတော၊ ဘူးသီးတောင်) နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်များတွင် လူဦးရေတစ်သန်းကျော်သည် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခံရမှုကို ကြုံတွေ့ခံစားနေကြရသည်။

သဂုတ်လ ၃၁ ရက်နေ့ ညပိုင်းတွင် အစိုးရက အင်တာနက်ဖြတ်တောက်ထားခြင်းခံရသော နယ်မြေများထဲမှ ၅မြို့နယ်ကို အင်တာနက်ဝန်ဆောင်မှု ပြန်လည်ပေးခဲ့ပြီးဖြစ်သော်လည်း ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြား စသည့် မြို့နယ် လေးခုတွင်မူ အင်တာနက်ဖြတ်တောက်ခံထားရဆဲဖြစ်သည်။

အများပြည်သူတို့ သိရှိမည်ဖြစ်သည့်အတိုင်း အင်တာနက်သုံးစွဲမှုသည် မိုဘိုင်းဖုန်းများမှတဆင့် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများသို့ ရောက်ရှိလာခဲ့သည်မှာ မကြာမြင့်သေးသော်လည်း အင်တာနက်ကို ရည်ရွယ်ချက်အမျိုးမျိုးဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ စိုက်ပျိုးရေးအပါအဝင် စီးပွားရေးအမျိုးအစားအားလုံးနှင့် သတင်းအချက်အလက်မျှဝေမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြကြောင်း တွေ့ရှိရသည်။ အင်တာနက်ဖြတ်တောက်မှုသည် သာမန်အခြေအနေတွင်ပင် လူ့အခွင့်အရေးများဖြစ်သည့် လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေး၊ ပညာရေး၊ မိသားစုဘဝ၊ သတင်းအချက်အလက်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်တို့ကို ကြီးမားစွာ ဆိုးကျိုးသက်ရောက်မှုရှိပါသည်။


လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အင်တာနက်ဖြတ်တောက်ခြင်းသည် ဒေသခံပြည်သူလူထု၏ လုံခြုံရေးအတွက် လွန်စွာစိုးရိမ်ရဖွယ် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် လိုအပ်သည့် အကူအညီများ၊ အရေးပေါ်ဝန်ဆောင်မှုနှင့် လူသားခြင်းစာနာသည့် အထောက်အပံ့များ ပို့ဆောင်နိုင်ရေးနှင့် စစ်ပြေးရှောင်နှင့် ရွှေ့ပြောင်းမိသားစုများအချင်းချင်း ဆက်သွယ်နိုင်မှုရရှိရေးအပြင် မြေပြင်အခြေအနေအား မျှဝေမှုတို့အတွက် အင်တာနက်ရယူသုံးစွဲနိုင်ရန် လိုအပ်သည်။

အများပြည်သူများအနေဖြင့် မိမိ၏ စိုးရိမ်မှုကို ပြသရန် မည်သို့ဆောင်ရွက်နိုင်သနည်း။

သင်သည် မြန်မာနိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင် နေထိုင်သည်ဖြစ်စေ မြို့နယ် (၉) ခုရှိ ပြည်သူလူထုအပေါ် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်း ပြသနိုင်ရန်အတွက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (Day 101 Internet Blackout Day) လှုပ်ရှားမှုတွင် ပါဝင်ရန် တိုက်တွန်းလိုပါသည်။ လှုပ်ရှားမှုတွင် ပါဝင်ရန် သင့်အား ကျွန်ုပ်တို့ တောင်းဆိုလိုသည့်အချက်များမှာ -

ယနေ့နှင့် စက်တင်ဘာလ ၂၉ ရက်ကြားတွင်

၁။ သင်၏ အဖွဲ့အစည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းအတွက် အင်တာနက်ကို မည်သို့အသုံးချကြောင်း လုပ်ငန်းခွင်ရှိ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးမှုပြုပါ။ ၂။

၂။ သင့်အနေဖြင့်သော်လည်းကောင်း အဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်သော်လည်းကောင်း အင်တာနက်ကို တစ်ရက်တိတိ အသုံးမပြုပဲ နေနိုင်ခြင်းရှိ၊ မရှိကို မန်နေဂျာများနှင့် ဆွေးနွေးပြီး သဘောတူညီချက်ရယူပေးပါ။

စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင်

၁။ သင်အနေဖြင့် အကယ်၍ အင်တာနက်ကို အသုံးမပြုဟု ဆုံးဖြတ်ထားပါက သင်အလုပ်ချိန်အတွင်း အဓိက ဆယ်သွယ်လေ့ရှိသူများကို ကြိုတင်အသိပေးထားမှသာ ၎င်းတို့အနေဖြင့် လိုအပ်ပါက ၎င်းတို့ သင့်အား ပေးပို့ဆက်သွယ်စရာရှိသည့် သတင်းအချက်အလက်များကို စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ပေးပို့ထားနိုင်မည်ဖြစ်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင်

၁။ အီးမေးလ်တွင် “အလိုအလျောက်ပြန်ဖြေပေးသည့် မက်ဆေ့ခ်ျ (auto response)” ကို အောက်ဖော်ပြပါ စာပိုဒ်အား ကူးယူဖော်ပြပြီး စက်တင်ဘာလ ၃၀ ရက်နေ့၊ အချိန်အားဖြင့် ၀၀း၀၀နာရီမှ ၂၃း၅၉ နာရီ အတွင်း ထိုစာပိုဒ်ကို အလိုလျောက် ပြန်ဖြေပေးနိုင်ရန် စီစဉ်ထားရှိပါ။ “စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်ုပ်သည် မြန်မာအစိုးရ၏ အမိန့်ကြေညာချက်များကြောင့် ရက်ပေါင်း(၁၀၁) ရက်မြောက်နေ့အထိ အင်တာနက်ရယူသုံးစွဲခွင့် မရရှိသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ လူဦးရေတစ်သန်းကျော်နှင့် စည်းလုံးမှုရှိကြောင်း ပြသလိုသဖြင့် မြန်မာအင်တာနက်ဖြတ်တောက်မှုနေ့ (Myanmar Internet Blackout Day) လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားနေပါသည်။ ဤလှုပ်ရှားမှု ကျွန်ုပ်သည် မိုဘိုင်းလ်အင်တာနက်နှင့် အင်တာနက်ကို ၂၄နာရီတိတိ ပိတ်ထားမည်ဖြစ်သည်။ အရေးပေါ်လုပ်အပ်ပါက ဖုန်းဆက်၍သော်လည်းကောင်း၊ ဖုန်းမက်ဆေ့ခ်ျပို့၍သော်လည်းကောင်း ကျွနု်ပ်အား ဆက်သွယ်နိုင်သည်။”

၂။ သင်၏ Facebook ပရိုဖိုင်ပုံကို အင်တာနက် ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ (101th Day of Myanmar Internet Blackout) ဆိုင်ရာ ပုံသို့ ပြောင်းလဲခြင်းနှင့်/သို့မဟုတ် ဝက်ဘ်ဆိုဒ်တွင် ပြောင်းလဲခြင်း သို့မဟုတ် ရုံးတံခါးအဝင်ဝတွင် ကပ်ထားခြင်းကို ပြုလုပ်ပေးပါ။ (ပုံများကို ယခုလင့်ခ်တွင် ရယူနိုင်ပါသည်။)

စက်တင်ဘာလ ၃၀ ရက်နေ့ ၀၀း၀၀ နာရီ (သို့မဟုတ် မတိုင်ခင်ညတွင်)

၃။ စက်တင်ဘာလ ၃၀ ရက်နေ့၊ အချိန်အားဖြင့် ၀၀း၀၀ နာရီမှ ၂၃း၅၉ နာရီ အတွင်း - အင်တာနက် ပိတ်ရန် (က) ဖုန်းအင်တာနက် (ခ) လုပ်ငန်းအင်တာနက်/wifi တို့ကို ၂၄ နာရီတိတိ ပိတ်ထားပေးပါ။ာနက် ပိတ်ရန်

၎။ ထိုသို့ အင်တာနက် အသုံးမပြုပဲ နေလိုက်ခြင်းသည် သင်၏ တစ်နေ့တာကို မည်သို့ သက်ရောက်မှု ရှိကြောင်း မှတ်တမ်းတင်ထားပေးပါ။

အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း

၁။ ၂၄ နာရီကြာ အင်တာနက်မရှိဘဲ လုပ်ကိုင်နေထိုင်ရသည့်အတွက် ကြုံတွေ့ရသည့် အတွေ့အကြုံအား ကို အီးမေးလ်ပေးပို့ပေးပါ။ အင်တာနက် မရှိသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းခွင်နှင့် အခြားဆိုးကျိုးသက်ရောက်မှုများအပြင် စီးပွားရေးတန်ဖိုးများကိုလည်း သက်ဆိုင်မှုရှိပါက ထည့်သွင်းဖော်ပြပေးပါ။ ထို့အပြင် လူကြီးမင်းမှ ပေးပို့သည့် အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် အများပြည်သူသို့ ထုတ်ဖော်တင်ပြနိုင်ခွင့် ရှိ၊ မရှိ နှင့် သင်၏ အမည်နာမကို သုံးစွဲခြင်းရှိ၊ မရှိဖော်ပြပေးပါ။

အစိုးရ၏ အင်တာနက်ဖြတ်တောက်မှုက ဘာလဲ။

ပုဒ်မ ၇၇ တွင် ‘ယာယီ’ ဆိုင်းငံ့ခြင်းဟု ဆိုသော်လည်း ဇွန်လ (၂၀) ရက်နေ့က မိုဖိုင်းဝန်ဆောင်မှု ကုမ္ပဏီများအား ပေးပို့သော အမိန့်သည် အကန့်သတ်မရှိကြောင်း တွေ့ရှိရသည်။ ထို့အပြင် ယင်းသို့ ပိတ်ပင်မှုအတွက် အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် အကြောင်းပြချက်များကိုလည်း မရှင်းလင်းထားသည့်အပြင် မည်သည့်အချိန်တွင် ရုတ်သိမ်းမည်ကို ဖော်ပြခြင်းမရှိပဲ ယနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်မှုမှာ (၂) လကျော် ကြာမြင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

အင်တာနက်ဖြတ်တောက်မှုကို ကြုံတွေ့ခံစားနေကြရသော မြို့နယ် (၉) မြို့နယ်ရှိ ပြည်သူလူထုများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များကလည်း အင်တာနက်ဖြတ်တောက်မှုသည် ၎င်းတို့နေ့စဉ်ဘဝအား သက်ရောက်နေသည့် အချက်များကို အစိုးရက သတိပြုမိနိုင်ရန် ကြိုးစားလျက်ရှိသည်။ ဥပမာ - နိုင်ငံရပ်ခြားမှ ဆွေမျိုးသားချင်းများက မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှတဆင့် ငွေလွှဲပြောင်းမှုများ ပိတ်ပင်ခံထားရခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ကုန်သည်များအနေဖြင့် စီးပွားရေးလုပ်ရန် ခက်ခဲသွားခြင်းနှင့် အလုပ်အကိုင်ရှာဖွေခြင်းနှင့် ပညာရေးရှာမှီးနေသူတို့အတွက် သတင်းအချက်အလက်များ ပိတ်ပင်ခံရခြင်း စသည့် ဆိုးကျိုးများကို ကြုံတွေ့ခံစားနေရသည်။ e-government အပါအဝင် ဝန်ဆောင်မှုအများစုသည် အွန်လိုင်းမှတဆင့် လုပ်ကိုင်နေကြသဖြင့် အင်တာနက်ဖြတ်တောက်ခံထားရသော ပြည်သူလူထုအပေါ် ခွဲခြားဆက်ဆံသလိုဖြစ်နေသည့်အပြင် မညီမျှမှုကို ပို၍ပင် ဖြစ်ပေါ်စေပါသည်။


ကျွန်ုပ်တို့က ဘယ်သူတွေလဲ။

ကျွန်ုပ်တို့အဖွဲ့အစည်းများဖြစ်သည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar)၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြဌာန (Myanmar Centre for Responsible Business)၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့ (MIDO) နှင့် ဖန်တီးရာ (Phandeeyar) တို့သည် ယခု သုံးနှစ်တာ ကာလတွင် မြန်မာဒီဂျစ်တယ်အခွင့်အရေးဖိုရမ် (၃) ခုအား ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်တွင် အသီးသီး ကျင်းပခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းများ၊ အစိုးရအရာရှိများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးများကို ကာကွယ်ခြင်း၊ လေးစားလိုက်နာခြင်းနှင့် အကျိုးခံစားခြင်းဖြင့် မည်သို့မည်ပုံ ‘စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေး’ သို့ အရောက်လှမ်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

သုံးနှစ်တာဖိုရမ်တွင် တက်ရောက်ဆွေးနွေးခဲ့ကြသူများ (ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပါဝင်ဆွေးနွေးခဲ့ကြသူများ)က အင်တာနက်ကို တစ်ကမ္ဘာလုံးရယူသုံးစွဲခွင့် ရှိရေးသည် လူ့အခွင့်အရေးများ၏ အခြေခံပြယုဂ်ဖြစ်ကြောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။ ထို့အတွက်ကြောင့် ဇွန်လ ၂၄ ရက်တွင် ကျွန်ုပ်တို့အဖွဲ့အစည်း (၄) ခုသည် အခြားပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အင်တာနက်ဖြတ်တောက်မှုအပေါ်တွင် ပူးပေါင်းကြေညာချက်တစ်ရပ်အား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ထုတ်ပြန်ခဲ့ပြီး အင်တာနက်သုံးစွဲခြင်းကို ကန့်သတ်မှုများအား ပယ်ဖျက်ခြင်းကို ချက်ခြင်းလုပ်ဆောင်ရန်နှင့် နောင်အခါတွင် မြန်မာနိုင်ငံရှိ မည်သည့်နေရာတွင်မဆို ထိုသို့ ပိတ်ပင်ကန့်သတ်မှုများ မဖြစ်ပေါ်စေရန်အတွက် ဆက်သွယ်ရေး ဥပဒေအား ပြန်လည်သုံးသပ်၊ ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

ပုဒ်မ ၇၇ ကို အသုံးပြု၍ ထုတ်ပြန်ခဲ့သည့် အစိုးရ အမိန့်မှာ အစိုးရက ‘မတည်ငြိမ်သည့်’ အခြေအနေဟု သတ်မှတ်ခြင်းခံရသည့် နေရာ အခြေအနေများတွင် ထပ်မံအသုံးပြုနိုင်ရန် အစပျိုးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်လျက်ရှိပါသည်။ ယင်းသည် လက်ရှိပိတ်ပင်မှုတွင် တိုက်ရိုက် မခံစားသည့် အင်တာနက်အသုံးပြုသူအားလုံးကပင် စိုးရိမ်သင့်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။

သင့်အနေဖြင့် ကိုယ်ချင်းစာသော်လည်း အင်တာနက်ပိတ်ရန် မဖြစ်နိုင်ပါကလည်း ဤလှုပ်ရှားမှုတွင် ပါဝင်နိုင်သည့် အချက်များ

၂၄ နာရီကြာ အင်တာနက်ဖြတ်တောက်ပါက ကြုံရမည့် ဆိုးကျိုးသည် သင်၏ ကုမ္ပဏီ၊ အသက်မွေးဝမ်းကျောင်းမှု၊ လုံခြုံမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကြီးမားသော သက်ရောက်မှုရှိနိုင်သဖြင့် အင်တာနက်ပိတ်ရန် မဖြစ်နိုင်သော်လည်း သင်အနေဖြင့် ဤလှုပ်ရှားမှုတွင် ပါဝင်နိုင်ပါသည်။

၁။ အောက်တိုဘာ ၃ ရက်မတိုင်ခင်တွင် အဘယ်ကြောင့် အင်တာနက်အား နေ့စဉ်သုံးစွဲနိုင်ရေးသည် သင့်အတွက် အရေးပါကြောင်းနှင့် အဘယ်ကြောင့် ယခုကဲ့သို့ အင်တာနက်ဖြတ်တောက်မှုဆိုင်ရာ လှုပ်ရှားမှုတွင် မပါဝင်နိုင်ကြောင်းကို ရေးသား၍ား အီးမေးလ်ပို့ပေးခြင်းဖြင့် ပါဝင်နိုင်ပါသည်။

ဤလှုပ်ရှားမှုအား အင်တာနက်ပိတ်ပင်မှုဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုနားလည်လာနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုက ထွက်ပေါ်လာသော ရလဒ်များကို အစိုးရနှင့် အခြားသက်ဆိုင်ရာ တာဝန်ရှိသူများအား လက်ရှိကန့်သတ်မှုများကို ရပ်တန့်ရန်နှင့် နောင်အခါတွင် နိုင်ငံရှိ မည်သည့်နေရာတွင်မဆို ထိုသို့ အင်တာနက်ရရှိမှုကို ကန့်သတ်၊ ဖြတ်တောက်မှုများ မလုပ်ဆောင်ရန် တိုက်တွန်းရာတွင် အသုံးပြုသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များမှ ပြည်သူလူထု တစ်သန်းကျော်အတွက် အင်တာနက် ပြန်လည်ရရှိရေးကို အားပေးပါဝင်ကြသော တစ်ဦးချင်းစီအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။


အင်တာနက်ဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေးသက်ရောက်မှုတစ်ခုဖြစ်သည်ဟု ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် MCRB မှပြုလုပ်ထားသော မြန်မာ့အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း တွင် ဆန်းစစ်ထားပါသည်။ အဆိုပါကိစ္စများ ဖော်ထုတ်ထားပြီး အစိုးရနှင့် စီးပွားရေးလုပ်ငန်းအတွက် အကြံပြုချက်များကို ဤနှစ်ဘာသာအနှစ်ချုပ် တွင် ပါဝင်ပါသည်။

Click to enlarge:

Stop Internet Shutdown

© 2024 Myanmar Centre for Responsible Business