ပလပ်စတစ်ညစ်ညမ်းမှုကို အကောင်းဆုံးတိုက်ဖျက်နိုင်ရန် သန့်မြန်မာ တွင် MCRB ပါဝင်မည် - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » ပလပ်စတစ်ညစ်ညမ်းမှုကို အကောင်းဆုံးတိုက်ဖျက်နိုင်ရန် သန့်မြန်မာ တွင် MCRB ပါဝင်မည်

ပလပ်စတစ်ညစ်ညမ်းမှုကို အကောင်းဆုံးတိုက်ဖျက်နိုင်ရန် သန့်မြန်မာ တွင် MCRB ပါဝင်မည်

သန့်မြန်မာသည် မြန်မာနိုင်ငံတွင် ပလပ်စတစ် ညစ်ညမ်းမှုလျော့ပါးစေရန်အတွက် ဆောင်ရွက်နေသည့် အခြေခံကျသည့် လှုပ်ရှားဆောင်ရွက်မှုဖြစ်သည်။
သန့်မြန်မာသည် မြန်မာနိုင်ငံတွင် ပလပ်စတစ် ညစ်ညမ်းမှုလျော့ပါးစေရန်အတွက် ဆောင်ရွက်နေသည့် အခြေခံကျသည့် လှုပ်ရှားဆောင်ရွက်မှုဖြစ်သည်။

မြန်မာ့ စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)သည် လွန်ခဲ့သောနှစ် အတော်များများကပင် အခမ်းအနားများကျင်းပရာတွင် ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရေးအတွက်  ဟိုတယ်များကို တောင်းဆိုခဲ့သည်။

အတိအကျဆိုပါလျှင် ပလပ်စတစ်ပုလင်းခွံများ လျော့ချသုံးစွဲဖြစ်စေရန် စိတ်ချရသော ရေထည့်သည့်ဗူး (ရေသန့်ဗူးကြီး )များနှင့် ဖန်ရေခရားများ သာအစားထိုးသုံးစွဲရန် အမြဲတစေ တောင်းဆိုခဲ့သည်။ စားပွဲပေါ်တွင် တင်ပေးသည့် အစားအသောက်၊မုန့်များကိုလည်း ပလပ်စတစ်နှင့် ထုတ်မထားသည့် မုန့်များ  - ဥပမာ Rose Garden ဟိုတယ် ကထားပေးသော ဒေသထွက် သရက်သီးတော်ဖီ စသည့်ဖြင့် သာ ထားပေးရန် တောင်းဆိုခဲ့သည်။

ယင်းသို့တောင်းဆိုမှုကြောင့် တခါတရံ ရယ်ရွှင်ဖွယ် ပြောင်းပြန်ရလဒ်များ ရခဲ့သည်။ ဟိုတယ်တစ်ခုမှ ပွဲအတွက်စီစဉ်သူများက ပလပ်စတစ်မပတ်သော သကြားလုံးတောင်းဆိုသောကြောင့်  သကြားလုံးများကို ပလပ်စတစ်ခွံခွာပေးထားသည်။ အပေါ်ခွံမရှိသောကြောင့် သကြားလုံးများ တစ်လုံးနှင့်တစ်လုံးပူးကာ စေးကပ်ကုန်သဖြင့် မည်သူမျှလည်း မစားရဘဲ စားပွဲတိုင်းတွင် အလဟသ  ဖြစ်ခဲ့ရသည်။ သို့သော်  ရန်ကုန်မြို့ရှိ ဟိုတယ်အချို့က  “အစိမ်းရောင် အစည်းအဝေးအစီအစဉ်များ မိတ်ဆက်လာခြင်း၊ အခြားအဖွဲ့အစည်းများလည်း ယင်းသှို့ပြုလုပ်ပေးရန် တောင်းဆိုမှုများ ရှိလာခြင်းတို့ကမူ ရေရှည်တည်တံ့ခိုင်မြဲရေးကိုရှေးရှု သည့် အစည်းအဝေးများ ဖြစ်လာခြင်းက ကျေနပ်စရာပင် ဖြစ်သည်။  

ပလပ်စတစ် ညစ်ညမ်းမှုကို တိုင်ဖျက်လိုသည့် အဖွဲ့အစည်းများကို ကူညီနိုင်ရန် နှင့် အစည်းအဝေးများတွင် ပလပ်စတစ်လျော့ချရန်၊ အလေအလွင့်လျော့ပါးရန်အတွက် MCRB  က ညွှန်ကြားချက်များ ပါဝင်သည့် စာရင်းတစ်ခုကို ပြုစုထားသည်။ ရေရှည်တည်တဲ့ခိုင်မြဲရေးပို  မို ဆောင်ရွက်နိုင်ရန် အတွက် ထိုစာရင်းတွင် ထပ်မံဖြည့်စွက်လိုပါက ဖိတ်ခေါ်အပ်ပါသည်။

Guidelines for Sustainable Workshops and Meetings
Document PDF, 774 downloads, ဇွန် 08, 2018
Guidelines for Sustainable Workshops and Meetings (Burmese)
Document PDF, 617 downloads, ဇွန် 11, 2018

MCRB  သည် သန့်မြန်မာ တွင်လည်း ပါဝင်မည် ဖြစ်သည်။ သန့်မြန်မာသည် မြန်မာနိုင်ငံတွင် ပလပ်စတစ် ညစ်ညမ်းမှုလျော့ပါးစေရန်အတွက် ဆောင်ရွက်နေသည့် ခြေခံကျသည့် လှုပ်ရှားဆောင်ရွက်မှုဖြစ်သည်။ ၄င်းကို ဇွန်လ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ဦးတည်ချက်ဖြင့် စတင်နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ 

သန့်မြန်မာက World Environment Day Engagement Kit ကို   ဖန်တီးထားပါသည်။ ထိုလမ်းညွှန်ချက်များ၊ ကိရိယာများကို အသုံးပြုကာ  မိမိ ဝန်ထမ်းများနှင့် ဆွေးနွေးပြီး လုပ်ငန်းခွင်တွင်  ပလပ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရေးကို စတင်ဆောင် ရွက်နိုင်ပါသည်။    

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business