အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များအတွက် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ စည်းရုံးလှူံဆော်မှု စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းပေးခြင်း - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များအတွက် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ စည်းရုံးလှူံဆော်မှု စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းပေးခြင်း

အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များအတွက် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ စည်းရုံးလှူံဆော်မှု စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းပေးခြင်း

၂၀၁၉ ဇွန် အစောပိုင်းနှင့် မေလနောက်ပိုင်းတွင် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင် ၂၀ ဦးတို့သည်  သင်တန်းတက်ရောက်ခဲ့ကြသည်။
၂၀၁၉ ဇွန် အစောပိုင်းနှင့် မေလနောက်ပိုင်းတွင် အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင် ၂၀ ဦးတို့သည် သင်တန်းတက်ရောက်ခဲ့ကြသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနနှင့် ဗားမောက်ဥပဒေကျောင်းတို့ ပူးပေါင်းပြီး အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များအတွက် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ စည်းရုံးလှုံဆော်မှုသင်တန်း တစ်ခုကိုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ၊ ဥပဒေမူဘောင်များကို နားလည်စေပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ခြိမ်းခြောက်မှုရှိနေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ဖြေရှင်းရာတွင် ၎င်းကို မည်ကဲ့သို့ အသုံးပြုနိုင်သည်ဆိုသည်တို့ကို အထောက်အပံ့ဖြစ်စေရန် သင်တန်းပေးခြင်း ဖြစ်ပါသည်။

ပဲခူးမြို့အနီးရှိ ဘူးလယ်အင်းဗီလာ (Bulaeinn Villas Resort) တွင် မေလနောက်ပိုင်းတွင် သင်တန်းတစ်ခုနှင့် ဇွန်လ အစောပိုင်းတို့တွင် သင်တန်းတစ်ခု ပြုလုပ်ခဲ့ပြီး၊ ထိုသင်တန်းတွင် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနဿင်္ာရီတိုင်းဒေသကြီး ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင် ၂၀ ဦး (အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၉ ဦး) တို့ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတက်ရောက်ကြသောသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ စည်းရုံးလှူံဆော်မှု စွမ်းဆောင်ရည်ကို မည်သို့ တည်ဆောက်ရမည်ကို လေ့လာခဲ့ကြပြီး၊ ရေအားလျှပ်စစ်စီမံကိန်းများ၊ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများနှင့် တွင်းထွက်သယံဇာတ စီမံကိန်းများ၏ ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ၏ စိတ်ပူပန်မှုကို ကူညီထောက်ပံ့ပေးသည့် ကိစ္စရပ်များတွင် တက်ကြွစွာပါဝင် ခဲ့ကြသူများလည်းဖြစ်ပါသည်။ တက်ရောက်ခွင့်ရသူများသည် လွတ်လပ်စွာ လျှောက်ထားနိုင်သော လုပ်ငန်းစဉ်မှ တဆင့် ရွေးချယ်ခြင်း ခံထားရသောသူများ ဖြစ်ပါသည်။

၂ ရက်ခွဲသင်တန်းဖြစ်ပြီး၊ သင်တန်းတွင် ၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့သော ပတ်ဝန်းကျင်ထိခိုက်မှု   ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် အများပြည်သူပူးပေါင်းပါဝင်ခြင်းလမ်းညွှန်မူကြမ်းများ ပါဝင်ခဲ့ပြီး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို  လျော့ချရန်နှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းများတွင် ဒေသခံပြည်သူများအနေဖြင့် မည်သို့ပုံစံဖြင့် အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို အသုံးချနိုင်သည်ဆိုသည်တို့လည်း  သင်တန်းတွင် ပါဝင်ခဲ့ပါသည်။ သင်တန်းတွင် မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ သရုပ်ဆောင်ကြသည့် လေ့ကျင့်ခန်းတစ်ခုလည်း ပါဝင်ခဲ့ပြီး၊ ထိုလေ့ကျင့်ခန်းတွင် လုပ်ငန်းစဉ်၏ အဆင့်အမျိုးမျိုးတွင် သင်တန်းသားများအနေဖြင့် အစိုးရဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် အရပ်ဖက်အဖွဲ့အစည်များအဖြစ် သရုပ်ဆောင်ခဲ့ကြပါသည်။ ဗားမောက်ဥပဒေကျောင်းအနေဖြင့် ဤသင်တန်းအစီအစဉ်ကို လုပ်ဆောင်ရန် USA Department of State မှ အထောက်အပံ့ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် ဗားမောက်ဥပဒေကျောင်း (VLS) တို့သည် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ဆက်တိုက်ပူးပေါင်းလုပ်ဆောင်နေကြပြီး ယခင်ကလည်း လုပ်ဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ EIA လုပ်ငန်းစဉ် ပိုမိုအားကောင်းစေရန်အတွက် EIA အတိုင်ပင်ခံများဖြင့်လည်း အလုပ် လုပ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business