မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကူး အပြောင်းကာလတွင် စီးပွားရေးလုပ်ငန်းများက အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းများစွာရှိ - သတင်းမီဒီယာစင်တာ
You are here Home » သတင်းမီဒီယာစင်တာ » မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကူး အပြောင်းကာလတွင် စီးပွားရေးလုပ်ငန်းများက အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းများစွာရှိ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကူး အပြောင်းကာလတွင် စီးပွားရေးလုပ်ငန်းများက အထောက်အကူပြုနိုင်သည့် အခွင့်အလမ်းများစွာရှိ

European Chamber  က မြန်မာ ၊အင်္ဂလိပ် (၂) ဘာသာလုံးနှင့် ရနိုင်သော  ၂၀၁၉ White Book ကွန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အကြုံပြုချက်များ စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။
European Chamber က မြန်မာ ၊အင်္ဂလိပ် (၂) ဘာသာလုံးနှင့် ရနိုင်သော ၂၀၁၉ White Book ကွန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြုံပြုချက်များ စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီဘိုမန်သည် ဇွန် ၅ရက်က နေပြည်တော်တွင် ကျင်းပသည့် Myanmar-EU Economic Forum  အခမ်းအနားတွင် မြန်မာနိုင်ငံ၌ လေးစားမှုရှိသော လုပ်ငန်းခွင်များတွင် ပေါ်ပေါက်လာစေနိုင်သည့် အခွင့်အလမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။  ၎င်းမှာ အောက်ပါအချက်များကို  အလေးပေးဦးတည်ထားသည့် မကြာမီက စတင်ခဲ့သော Euro Cham Myanmar Responsible Business Initiative အတွက်ဖြစ်သည်။

  • Euro Cham အဖွဲ့ဝင်များ၏  တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အသိအမြင်များနှင့် အလေ့အကျင့်ကောင်းများကို ဝေမျှရန်။

  •  မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော လုပ်ဆောင်မှုများကို လုပ်ဆောင်လာမှု မြှင့်တင်ရန်၊

  • နေ့စဉ်လုပ်ဆောင်မှုများတွင်ပင်  တာဝန်ယူမှုနှင့် ရေရှည်တည်တံ့ရေး ပါဝင်စေရန် ပိုမို တိုက်တွန်းရန်။

တင်ပြမှု presentation သည် IFC/Dana Facility       နှင့်     ILO/SIDA/H&M  တို့ဆောင်ရွက်မှုဖြင့်ရရှိလာသော  လုပ်ငန်းခွင်အတွင်းရှိ အကြမ်းဖက်မှုများကို မကြာမီက လေ့လာမှုများမှ ထုတ်နှုတ်ထားခြင်း ဖြစ်သည်။  ထို့အပြင် MCRB နှင့် IFC တို့ လည်း ပါဝင်သည့်  မေ(၇) ရက်က ကျင်းပခဲ့သည့်  ဥရောပကုမ္ပဏီတစ်ခုအပါအဝင် မြန်မာကုမ္ပဏီများ ပါဝင်ခဲ့သော  အစည်းအဝေးမှ ရရှိသည့် အချက်အလက်များလည်း ပါဝင်သည်။  ၎င်းအစည်းအဝေးသည် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ  အစဉ်လိုက်ပြုလုပ်မည့် ဆွေးနွေးပွဲများ ၏ စတုတ္ထအကြိမ်မြောက်လည်း  ဖြစ်သည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများက  လုပ်ငန်းခွင်အတွင်း မတူကွဲပြားမှုများကို လက်ခံခြင်း၊ လေးစားခြင်း၊ နိုင်လိုမင်းထက်ပြုမုခြင်းမှ ကင်းဝေးစေခြင်း၊ အကြမ်းဖက်မှုနှင့် ဝန်ထမ်းများနှင့် စားသုံးသူဖောက်သည်များ အပေါ်ခွဲခြားဆက်ဆံခြင်း ဆိုင်ရာ  အတွေ့အကြုံများနှင့် စိန်ခေါ်မှု များကို ရှင်းလင်းတင်ပြကြသည်။

ဗစ်ကီဘိုမန်က  ဟန်နီကန်ကုမ္ပဏီမှ ဆောင်ရွက်ထားသည့် ‘ ဆိုရှယ်မီဒီယာ ကို ကောင့်သည့်ဘက်မှ အသုံးချမှုမြှင့်တင်ခြင်း” ကို ကမ္ဘာတစ်ဝန်းလုံးတွင် ပြုမူ၊လိုက်နာကျင့်သုံးသော ချဉ်းကပ် ဆောင်ရွက်ပုံကို တင်ပြခဲ့သည်။ ထို့အပြင် တိုတယ်၏ “ လုပ်ငန်းခွင်တွင်းမှ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကိုင်တွယ်ပုံ လမ်းညွှန်ချက်” ကိုလည်း တင်ပြခဲ့သည်။  ထို့အပြင် မသန်စွမ်းသူများအား အလုပ်ခန့်ခြင်း၏ အရေးပါပုံကို လည်း နိုဗိုတယ် ဟိုတယ်ရန်ကုန်၊ ၏ ကတိကဝတ်ကို ကိုးကားပြီး Eurocham  ရိုက်ကူးထားသည့်  ဗီဒီယိုပြကွက်မှ မသန်စွမ်းသူများဆိုင်ရာ ပြကွက်ကိုလည်း ဂရုပြု ပြောကြားခဲ့သည်။  မေ ၁၇ ရက်တွင် ကျရောက်သည့်  
#IDAHOTMyanmar2019     နေ့တွင်  လုပ်ငန်း (ရုံးဌာန အဆောက်အအုံ ) နှင့် ဆိုရှယ်မီဒီယာများတွင် အလံများ လွှင့်တင်ကာ gender equality   အတွက် ထောက်ခံ ဆောင်ရွက်ခဲ့သော မြန်မာနှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းရှင်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၎င်းလုပ်ငန်းများတွင် ANZ  Bank, Awba  နှင့် the 8-Mile Business Centre, Capital Diamond Star Group, DeHeus Myanmar, ERM Myanmar, H&M, Heineken, Magic Event Myanmar, Metro Wholesale, Myanmar Bureau, Nestle, One to Watch, Padamyar FM, Rose Garden Hotel, Shwetaung, Unilever နှင့် Woodside Energy  တို့ ပါဝင်သည်။

 မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စကားဝိုင်း  ဆွေးနွေးပွဲ တွင်  လည်း  ပါဝင်ဆွေးနွေးခဲ့သည်။  ဆွေးနွေးပွဲ တွင်   ဗစ်ကီ က- ပြည်တွင်းမှ ဖြစ်စေ၊ နိုင်ငံတကာမှ ဖြစ်စေ မည့်သည့်ရင်းနှီးမြှုပ်နှံသူ မဆို မြန်မာနိုင်ငံတွင်  လာရောက်လုပ်ကိုင်ပါက  စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် သာမက ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးအတွက်  ထည့်ဝင်ပါဝင်ပေးနိုင်ပုံကို တင်ပြခဲ့သည်။  ထို့အပြင် လေးစားမှုရှိသော လုပ်ငန်းခွင် ဖြစ်ပေါ်စေရန် ဖုန်တီးပေးခြင်းဖြင့် အားလုံးပါဝင်နိုင်မှုနှင့် သည်းခံနားလည်မှု တို့ကို မြှင့်တင်ပေးခြင်း အခန်းကဏ္ဍတွင်ပါဝင်နိုင်သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲသို့ ဦးတည်နေသည့်အချိန်တွင် စီးပွားရေးလုပ်ငန်းများ၏ ဂုဏ်သိက္ခာ နှင့် ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုတို့ အရေးပါပုံကို အလေးအနက်ထားေ ပြာကြားခဲ့သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများသည် (အခြား အလှူအချို့ ကိုမူ လှူဒါန်းနိုင်သော်လည်း) နိုင်ငံရေးတွင် ပါဝင်လှူဒါန်းမှု ပြုလုပ်ခြင်း မပြုရကြောင်း၊ တရားဥပဒေနှင့် မညီညွတ်ကြောင်း ပြောကြားခဲ့သည်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ၎င်းတို့၏ ဝန်ထမ်းများ က ယင်းကိစ္စရပ်ပေါ်တွင် နားလည်သဘောပေါက်စေရေး အတွက် သေချာစွာ ဆောင်ရွက်ထားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။  ကုမ္ပဏီများသည် ရှင်းလင်းသော မူဝါဒများထားရှိရမည်ဖြစ်ပြီး နိုင်ငံရေးတွင် လှူဒါန်းခြင်းအပါအဝင် အဂတိမှုကို ဖြစ်ပေါ်စေသော လှူဒါန်းမှု အမျိုးမျိုးကို ထိန်းချုပ်သင့်သည် ဟု အကြံပြုခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးတွင် ပါဝင်လှူဒါန်းမှုအတွက် ဥပဒေအရ သီးခြားတားမြစ် ချက်မျိုး  မရှိရာ ကုမ္ပဏီများက နိုင်ငံရေးတွင် လှူဒါန်းခြင်းဖြင့်  ကျရောက်ဖြစ်ပေါ်လာနိုင်သော ဂုဏ်သိက္ခာဆိုင်ရာ အကျိုးဆက်အတွက် ကိုယ်တိုင်တွင်သာ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။  ရုံးချုပ်တွင် ယင်းသို့ (နိုင်ငံရေးတွင် ပါဝင်လှူဒါန်းမှုအတွက် ဥပဒေအရ စည်းမျဥ်းများ)  ရှိသည့်  ဥရောပမှ ရင်းနှီးမြှုပ်နှံသူများက လုပ်ဖော်ကိုင်ဖက်  မြန်မာကုမ္ပဏီများကို ယင်းစည်းမျဉ်းများ ကို ဝေမျှရန်လည်း တိုက်တွန်းခဲ့သည်။ ယင်းသို့ဝေမျှခြင်းဖြင့် မြန်မာလုပ်ငန်းများ နိုင်ငံရေးတွင် ပါဝင်လှူဒါန်းမှုအတွက် အတွက်သာမက အလုံးစုံ သော ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတွင် တိုးတက်မှုများရှိလာမည်ဟု ဆိုသည်။

ထို့အပြင် စီးပွားရေးနှင့်  နိုင်ငံ့ စီးပွားရေး ဆိုင်ရာ  သတင်းများကို ရေးသားနိုင်ရန်၊ ပညာပြည့်ဝသော စွမ်း ရည်ရှိသော လွတ်လပ် အမှီအခိုကင်းသော မီဒီယာများ   ပေါ်ပေါက်လာစေရေး အထောက်အပံ့ပြုပေးရန် အတွက်လည်း စီးပွားရေးလုပ်ငန်းများက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ရမည်ဟု ဆိုသည်။  ဂျာနယ်လစ်များသည် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ အတွက် အလွန်အရေးပါသည်ဟု ထောက်ပြခဲ့သည်။ ယင်း ကောင်းမွန်သော စီမံအုပ်ချုပ်မှု ရှိခြင်းသည် ၎င်းတို့ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရာတွင် အောင်မြင်စေရန်အတွက် ရင်းနှီးမြှုပ်နှံသူများက လိုအပ်သောအရာပင်ဖြစ်သည်။  စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ သည် အရပ်ဘက်နှင့်လူ့အခွင့်အရေး စောင့် ရှောက်သူများအတွက် နေရာတစ်ခု ကိုမျှဝေပေးရန် ပူးပေါင်းကာကွယ်ပေးရန်အတွက် တူညီသော စိတ်ဝင်စားမှု ရှိသင့်သည်။ စီးပွားရေးလုပ်ငန်းများကို အောက်ပါအတိုက် တိုက်တွန်းခဲ့သည်။

  • ကုမ္ပဏီများသည် မီဒီယာများကို ဆက်ဆံထိတွေ့ နိုင် သော အရည်အချင်းရှိနေကာ ကုမ္ပဏီ ဝဘ်ဆိုဒ်များနှင့် ဆိုရှယ်မီဒီယာများ သည် သတင်းအချက်အလက်များ  ပေးထားနိုင်ရမည်ဖြစ်ပြီး မေးမြန်မှုများ ရှိလာပါကလည်း ပြန်လည်ဖြေကြားခြင်းဖြင့်  မီဒီယာများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၊

  • လုပ်ငန်းဆိုင်ရာ ကြော်ငြာအတွက် လိုအပ်ပါက ကျင့်ဝတ်စောင့်ထိန်းသော မီဒီယာများတွင်  ကြော်ငြာရန် ၊ တရားဝင် ပရော်ဖက်ရှင်နယ် မီဒီယာများမှ သတင်းများကို ကူးချပြီး ယင်းတို့ကိုယ်တိုင် အားထုတ်ထားသည့် သတင်းပုံစံမျိုးအဖြစ် ပြန်လည်း ကူးချထားသည့် သတင်းများကို ဖော်ပြသည့် ဆိုရှယ်မီဒီယာများတွင် ကြော်ငြာခြင်းမပြုရန် ၊ယင်းတို့သည် တခါတရံတွင်  သတင်းများကို ကူးချရုံမက ထိရှလွယ်သော သတင်းများ၊ အမုန်းတရားအပြည့်ပါသော သတင်းများနှင့် သတင်းတု ၊သတင်းမှားများကို  ဖော်ပြလေ့ရှိသည်။ ယင်းတို့၏ စာရင်းကို မြန်မာ နိုင်ငံ သတင်းမီဒီယာ ကောင်စီက မကြာမီကပင် စာရင်းထုတ်ပြန်ထားသည်။( သတိပြုရန်မှာ ယင်းကို စာနယ်ဇင်း ကောင်စီက ထုတ်ပြန်ခြင်း မဟုတ်ပါ။)

  • သတင်းသမားများ မှားယွင်းစွာ အဖမ်းအဆီးခံရချိန်တွင် ချိန်ဘာက လွတ်လုပ်စွာ ထုတ်ဖော်ပြောဆိုခြင်းဘက်မှ ရပ်တည်ပေးခြင်း အပါအဝင် ဂျာနယ်လစ်များအား အရည်အသွေးမြှင့်သင်တန်းများ အတွက် ထောက်ပံ့ပေးခြင်းနှင့် အကာအကွယ်ပေးရန်။

ယင်းသည် တတိယအကြိမ်မြောက် အီးယူ-မြန်မာ ဖိုရမ်ဖြစ်ပြီး ဝန်ကြီးများ၊အစိုးရဌာများမှ အကြီးတန်းအရာရှိများ၊ မြန်မာနှင့် အပြည်ပြည်ဆိုင်ရာ မှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက် ကြသည်။ 
European Chamber က မြန်မာအင်္ဂလိပ် (၂) ဘာသာလုံးနှင့် ရနိုင်သော ၂၀၁၉ White Book ကွန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အကြုံပြုချက်များ စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။

နောက်ဆုံးရ သတင်း

Recordings of the presentations are available to watch in English or in Thai. Click "See More" below the video for the link to the Thai version.

On 13 July, MCRB and Fair Finance Thailand co-hosted a webinar for Thai companies. Vicky Bowman, Director of MCRB, presented the human rights risks which companies currently need to take into account when doing business in Myanmar...

Launched in November 2022, the Myanmar Sustainable Business Network (MSBN) is a multistakeholder platform bringing together businesses and professionals committed to building a more sustainable economy in Myanmar through responsible business practices.

MSBN, a partnership between MCRB, United Nations Development Programme (UNDP) Myanmar and Yever, has submitted input to the consultations by the UN Global Digital Compact (UNGDC) highlighting digital rights priorities...

© 2024 Myanmar Centre for Responsible Business