၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် uab bank ဦးဆောင် - သတင်းစဉ်
You are here Home » သတင်းစဉ် » ၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် uab bank ဦးဆောင်

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် uab bank ဦးဆောင်

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ အစီရင်ခံစာတွင်  ကုမ္ပဏီ ၂၆၀ ခုကိုအကဲဖြတ်ပြီးရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၊  ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့်   နိုင်ငံပိုင်  စီးပွားရေးလုပ်ငန်းများပါဝင်သည်။
၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ အစီရင်ခံစာတွင် ကုမ္ပဏီ ၂၆၀ ခုကိုအကဲဖြတ်ပြီးရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၊ ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများပါဝင်သည်။

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ/ မြန်မာကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှု ဆဌမအကြိမ်မြောက် အစီရင်ခံစာကို (MCRB) နှင့် Yeverတို့က ယနေ့တွင်ထုတ်ပြန်လိုက်သည်။

2020 Pwint Thit Sa Report (English)
Document PDF, 6914 downloads, ဒီဇင်ဘာ 21, 2020
2020 Pwint Thit Sa Report - Executive Summary (Myanmar)
Document PDF, 1887 downloads, ဒီဇင်ဘာ 21, 2020

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ အစီရင်ခံစာတွင်  ကုမ္ပဏီ ၂၆၀ ခုကိုအကဲဖြတ်ပြီးရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၊ ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့်  နိုင်ငံပိုင်  စီးပွားရေးလုပ်ငန်းများပါဝင်သည်။ အစီရင်ခံစာ တွင် ဘဏ်များအားလုံးပါဝင်ပြီး မြန်မာနိုင်ငံရှိ ဘဏ်များ မှာ အဆင့်တန်းမြင့်မားသည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တစ်ခုရှိရန် လိုကြောင်းကို ထင်ဟပ်စေသည်။ ပွင့်သစ်စအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီစီးပွားရေးလုပ်ငန်းများဆိုင်ရာကော်ပိုရိတ်ဆိုင်ရာ ထုတ်ဖော်ကြေညာခြင်းနှင့် ပတ်သက်၍ ရည်မှန်းချက် အမြင့်ဆုံးသော အများပြည်သူဆိုင်ရာ အစီရင်ခံစာတစ်စောင် ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် အမှတ်အများဆုံးရရှိသည့် မြန်မာကုမ္ပဏီသုံးခုမှာ uab bank City Mart Holdings Group (CMHL) နှင့် Shwe Taung Group တို့ဖြစ်သည်။ ဤကုမ္ပဏီများသည် ယခင် အစီရင်ခံစာ များတွင်လည်း ထိပ်ဆုံး ၁၀ခုစာရင်းတွင် ဖော်ပြခြင်းခံခဲ့သည်။  ထိုကုမ္ပဏီများအားလုံးသည် ၎င်းတို့၏ ထုတ်ဖော်ကြေညာချက်များကို တိုးတက်အောင် ဆက်တိုက်လုပ်ဆောင်နေသည်ကို ၂၀၂၀ပြည့်နှစ် ပွင့်သစ်စမှ တွေ့ရှိခဲ့သည်။ ရမှတ်များသည့်အခြားကုမ္ပဏီများမှာ  Yoma Bank, First Myanmar Investment Public (FMI), Max Myanmar Group, Kanbawza Bank (KBZ), Myanmar Thilawa SEZ Holdings, TMH Telecom Public နှင့် Dagon Group တို့ဖြစ်သည်။

အခြားတဖက်တွင် အကဲဖြတ်သည့်ကုမ္ပဏီ၂၆၀ အနက် ၉၈ခု/ ၃၈ ရာခိုင်နှုန်းမှာ ဝဘ်ဆိုဒ်မရှိပါ။ သို့သော်ယင်းမှာ ယခင်နှစ်(၂၀၁၉) ထက် ၁၂ ရာခိုင်နှုန်းတိုးတက်လာ ခြင်းဖြစ်သလို ၂၀၁၈ (၄၄ ရာခိုင်နှုန်းထက်) တိုးတက် လာခြင်းလဲ ဖြစ်သည်။ 

နိုင်ငံပိုင်လုပ်ငန်းများအနက် Yangon Electricity Supply Corporation (YESC) နှင့်  Myanmar Shipyards တို့သည် ပျမ်းမျှအမှတ် (၂ရာခိုင်နှုန်း)  အထက်သို့ရ ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင်  ပျမ်းမျှရမှတ် များ တိုးမြှင့်လာသော်လည်း နိုင်ငံပိုင် လုပ်ငန်းများမှာ ၂၀၁၉ တွင် ပျမ်းမျှ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀တွင် ၂ ရာခိုင်နှုန်းသာ ရရှိသည်။ သတင်း အချက်အလက်များ တိုးချဲ့တင်ပြမှုမရှိခြင်း နှင့် နောက်ဆုံးသတင်းအချက် အလက်များ တင်ပြမှုမရှိခြင်းတို့ကြောင့် စိန်ခေါ်မှု အရှိဆုံးအမှတ်စာရင်း အမျိုးအစား ဖြစ်ခဲ့ရသည်။ 

MCRB သည် ယခုနှစ်တွင်လည်း မြန်မာစီးပွားရေးအတိုင်ပင်ခံ Yever  နှင့် တွဲဖက်လုပ်ကိုင်ခဲ့ ပြီး Yever က အခကြေးငွေ မယူဘဲ လုပ်ကိုင်ခဲ့သည်။ ၂၀၂၀အစီရင်ခံစာသည်လည်း ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ်များတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာများကဲ့သို့ပင် အာဆီယံကော်ပိုရိတ် အုပ်ချုပ်ပုံစည်းမျဉ်းများ (ACGS )ကို အသုံးပြုပြီး   ကော်ပိုရိတ်အကြာင်းအရာ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံ၊ ရေရှည် တည်တံ့ခိုင်မြဲရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် အစီရင်ခံခြင်း တို့ နယ်ပယ် ၄ မျိုး ကို အကဲဖြတ်ထားသည်။  ထို့အပြင် ယခုနစ်တွင် အမှတ်ပေး စနစ်အား ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အစီခံခြင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်နေမှုနှင့် စွမ်းဆောင်မှုအား ခွဲခြား သိသာရန်အတွက် လိုက်လျောညီထွေမှုရှိအောင် အနည်းငယ် ပြင်ဆင်ခဲ့သည်။

စာရင်းဝင် ကုမ္ပဏီ နှင့် အစုရှယ်ယာရှင် ၁၀၀ကျော်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့ ကို စံသတ်မှတ်ချက် ၁၄၃ ဖြင့် အကဲဖြတ်ခဲ့သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား စံသတ်မှတ်ချက် ၁၁၃ ဖြင့်အကဲဖြတ်ခဲ့ပြီး၊ စာရင်းဝင် ကုမ္ပဏီနှင့် အစုရှယ်ယာရှင် ၁၀၀ကျော်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ လုပ်ဆောင်ရန် လိုအပ်သည့် သတင်းအချက် အလက် ထုတ်ဖော်ကြေညာခြင်းအတွက်  အပိုရမှတ်အဖြစ်  နောက်ထပ် စံသတ်မှတ်ချက် ၃၀ ကို အကဲဖြတ်ခဲ့ သည်။ ယခုနှစ်တွင် ကုမ္ပဏီများ၏ ကတိကဝတ် များသည် ၎င်းတို့၏ စီးပွားရေးတွင် မည်သို့  ထပ်တူနီးပါးကျ အောင် လုပ်ဆောင်နေသည်ကို ထင်ဟပ်စေရန်နှင့် လေးစားလိုက်နာမှု ဦးစားပေး ထုတ်ဖော်ကြေညာခြင်းကို ပိုမိုပြီးပြည့်စုံသော ချဉ်းကပ်မှု နှင့် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားသော ချဉ်းကပ်မှုကို လုပ်ဆောင်သည့်  ကုမ္ပဏီများကိုဆုချရန် အတွက် မူဝါဒ နှင့် ရေရှည်တည့်တံ့ခြင်းဆိုင်ရာ စံသတ်မှတ် ချက်အချို့ကို အကဲဖြတ်ရန်အမှတ် ပေးစနစ်အသစ် (ဝ ၊ ၁ ၊ ၂) ကို အသုံးပြုခဲ့သည်။ ထို့အပြင် ပရဟိတလုပ်ငန်းနှင့် SDGs များအား စီမံအုပ်ချုပ်နှင့် ပတ်သက်၍ နောက်ထပ် စံသတ်မှတ်ချက်များကို ထည့်သွင်းခဲ့သည်။

အစီရင်ခံစာသည် ၂၀၁၈ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဖြစ်သော SDG16 ကို ထောက်ပံ့နိုင်ရန် ရည်ရွယ်သည်။ ၂၀၂၁ ခုနှစ်အတွင်း MCRB နှင့် Yever သည် ကုမ္ပဏီများ၏ ကော်ပိုရိတ် မူဝါဒများ၊ အစီရင်ခံခြင်း၊ ထုတ်ဖော်ကြေငြာခြင်းနှင့် မသန်စွမ်းသူများ အပါအဝင် အားလုံးအသုံးပြုနိုင်သည့် ဝဘ်ဆိုဒ်များ ရှိစေရန် တို့နှင့် ပတ်သက်၍ မြန်မာဒါရိုက်တာများ အင်စတီကျုမှ ပို့ချသော သင်တန်းများနှင့်တွဲဖက်ကာ   အထောက်အပံ့ပြုပို့ချ ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

နောက်ထပ် ပွင့်သစ်စ အစီရင်ခံစာကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ပါမည်။

2020 Pwint Thit Sa Report2020 Pwint Thit Sa Report
2020 Pwint Thit Sa Report2020 Pwint Thit Sa Report

Presentation from Launch Event:

Publication of the 2020 Pwint Thit Sa Report

Video from Launch Event:

{youtube}ZsLETuy6nOE{/youtube}
© 2024 Myanmar Centre for Responsible Business