၂၀၂၂ ခုနှစ် ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ - ပွင့်သစ်စ
You are here Home » ပွင့်သစ်စ » ၂၀၂၂ ခုနှစ် ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ

၂၀၂၂ ခုနှစ် ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာ

၂၀၂၂ ခုနှစ် အစီရင်ခံစာသည် ၂ဝ၁၈ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် အမှတ်ပေးစနစ်အတိုင်းပင် အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း (ASEAN Corporate Governance Scorecard-ACGS) ကိုအခြေခံ ပြီး ၎င်းမှ မြန်မာနိုင်ငံနှင့် ဆက်စပ်မှုအရှိဆုံး စံသတ်မှတ် ချက် (၇၁) ခုကို အသုံးပြုထားပါသည်။
၂၀၂၂ ခုနှစ် အစီရင်ခံစာသည် ၂ဝ၁၈ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် အမှတ်ပေးစနစ်အတိုင်းပင် အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း (ASEAN Corporate Governance Scorecard-ACGS) ကိုအခြေခံ ပြီး ၎င်းမှ မြန်မာနိုင်ငံနှင့် ဆက်စပ်မှုအရှိဆုံး စံသတ်မှတ် ချက် (၇၁) ခုကို အသုံးပြုထားပါသည်။

သတ္တမအကြိမ်မြောက် ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။

ပွင့်သစ်စ/ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်း မြင်သာမှုအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီးများ ၏ ကုမ္ပဏီဝက်ဘ်ဆိုဒ်များတွင် ထုတ်ပြန်ကြေညာထား သော သတင်းအချက်အလက်များကို အကဲဖြတ်သုံးသပ်၍ ဆန်းစစ်ထားခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ မြန်မာ ကုမ္ပဏီများ၏ ထုတ်ဖော်ကြေညာမှုနှင့် ပွင့်လင်းမြင်သာ မှုကိုအသိအမှတ်ပြုပေးခြင်းအားဖြင့် ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုနှင့် အခြားသော သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်မှု ပိုမိုအားကောင်းလာစေရန်ဖြစ်သည်။ ပွင့်သစ်စအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ကုမ္ပဏီစီးပွား ရေးလုပ်ငန်းများဆိုင်ရာ ကော်ပိုရိတ်ဆိုင်ရာ ထုတ်ဖော် ကြေညာခြင်းနှင့်ပတ်သက်ပြီး ပြည့်စုံ၍ကျယ်ပြန့်မှု အရှိဆုံး အများပြည်သူဆိုင်ရာ အစီရင်ခံစာ တစ်စောင် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ပွင့်သစ်စ
Document PDF, 1067 downloads, ဖေဖော်ဝါရီ 20, 2023
2022 Pwint Thit Sa Report (English)
Document PDF, 1657 downloads, ဖေဖော်ဝါရီ 20, 2023

MCRB အနေဖြင့် ပထမဦးဆုံးသော ပွင့်သစ်စ အစီရင်ခံစာ အား ၂ဝ၁၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေခဲ့ပြီး အခြားသော အစီရင်ခံစာများကိုလည်း ၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၈၊ ၂ဝ၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် ထုတ်ဝေခဲ့ပါသည်။ ပေါ်ပေါက် ဖြစ်ထွန်းလာသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်း များနှင့်အညီ ၂ဝ၁၈ ခုနှစ်မှစတင်၍ အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုရမှတ်မှတ်တမ်း (ACGS)ကို အသုံးပြုပြီး ကုမ္ပဏီအရေအတွက် တိုးမြှင့်အကဲဖြတ်ခဲ့သည်။ ၂ဝ၁၈၊ ၂ဝ၁၉နှင့် ၂၀၂၀ တို့ကဲ့သို့ပင် ၂၀၂၂ ခုနှစ် အစီရင် ခံစာကို MCRB နှင့် Yever မှ ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး Yever မှ အခကြေးငွေမယူဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် အစီရင်ခံစာသည် ၂ဝ၁၈ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် အမှတ်ပေးစနစ်အတိုင်းပင် အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း (ASEAN Corporate Governance Scorecard-ACGS) ကိုအခြေခံ ပြီး ၎င်းမှ မြန်မာနိုင်ငံနှင့် ဆက်စပ်မှုအရှိဆုံး စံသတ်မှတ် ချက် (၇၁) ခုကို အသုံးပြုထားပါသည်။ ACGS ကို အာဆီယံ အရင်းအနှီး စျေးကွက်ဖိုရမ် (ASEAN Capital Markets Forum) မှ ပြုလုပ်သတ်မှတ်ခဲ့ပြီး ထိုဖိုရမ်တွင်  မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်သည် အဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။ ထို ရမှတ် မှတ်တမ်းကို ဒေသတွင်းရှိ ကုမ္ပဏီကြီးများ၏ ကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုင်ရာ ထုတ်ဖော်တင်ပြမှုကို အကဲဖြတ်ရန် အတွက် ကျယ်ပြန့်စွာအသုံးပြုပါသည်။ သို့ရာတွင် ပွင့်သစ်စ အစီရင်ခံစာတွင် ACGS စံသတ်မှတ်ချက်များ အားလုံးကို အသုံးပြုထားခြင်းမဟုတ်ဘဲ စစ်တမ်း ဆောင်ရွက်ပုံနည်းလမ်းအတွက် အခြားသောနိုင်ငံတကာ စံသတ်မှတ်ချက်များမှလည်း ကိုးကားအသုံးပြု ထားပါသည်။ ၂၀၁၉ ခုနှစ်မှ စတင်၍ ရေရှည်တည်တံ့ ခိုင်မြဲမှု၊ ကုမ္ပဏီ၏ စီးပွားရေးပုံစံနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ဆက်စပ်ပုံ အစရှိသည့် အခြားသော ထပ်တိုးစံသတ် မှတ်ချက်များအား ဘက်စုံပါဝင်သော အစီရင်ခံခြင်းဆိုင်ရာ မူဘောင် (Integrated Reporting Framework) နှင့်အညီ ထည့်သွင်းထားသည်။

အမှတ်ပေး စစ်တမ်းဆောင်ရွက်ပုံနည်းလမ်း အနေဖြင့် အပိုင်းလေးပိုင်း/နယ်ပယ်လေးခု - ကော်ပိုရိတ် အကြောင်း အရာ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု၊ ရေရှည်တည်တံ့ ခိုင်မြဲမှု ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်းကို စုစုပေါင်း စံသတ်မှတ်ချက် (၁၅၁) ခု (အစီရင်ခံစာ၏ နောက်ဆက်တွဲ ကဏ္ဍတွင် ကြည့်ပါ) ကို အသုံးပြုထားပါသည်။ ၂၀၂၂ ခုနှစ် အတွက် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ် အတည်းနှင့် ဆက်စပ်သည့် စံသတ်မှတ်ချက် အနည်းငယ် ကို ထည့်သွင်းသတ်မှတ်ထားပါသည်။

မြန်မာနိုင်ငံ၏ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ကော်ပိုရိတ် ထုတ်ဖော်ကြေညာခြင်းဆိုင်ရာ စည်းမျဥ်းပြဌာန်းချက်များ ကို ၂၀၂၀ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာတွင် အနှစ်ချုပ် ဖော်ပြထားပြီး ယခုအချိန်တွင် ကြီးမားစွာ ပြောင်းလဲမှု မရှိပါ။ စတော့အိတ်ချိန်း စာရင်းဝင်ထားသော ကုမ္ပဏီများ၊ ဘဏ်များနှင့် ရှယ်ယာရှင်ဦးရေ ၁၀၀ အထက်ရှိသော “အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ” မှလွဲ၍ ယခု အစီရင်ခံစာ၌ အကဲဖြတ်ဆန်းစစ်ထားသည့် ကုမ္ပဏီ အများစုအတွက် ဤအချက်အလက်များ ကို ထုတ်ပြန်ရန်  လိုအပ်သည်ဟု မြန်မာဥပဒေတစ်ရပ်ရပ်ဖြင့် ပြဌာန်း ထားခြင်း မရှိပါ။ သို့ရာတွင် သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းဖြင့် မြန်မာကုမ္ပဏီများအနေနှင့် အခြား စီးပွားရေး မိတ်ဖက်များထက်ယှဥ်လျှင် ပိုမိုများပြားသော အကျိုးကျေးဇူးရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများကကုမ္ပဏီများ အကြောင်းလေ့လာရာတွင်လည်း မိမိ၏ ကုမ္ပဏီ ဝက်ဘ် ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ယခုနှစ် တွင် မည်သည့်ကုမ္ပဏီအမျိုးအစားများက ထုတ်ဖော် ကြေညာမှုအပိုင်းများတွင် လုပ်ဆောင်ရန် လိုအပ်သည်၊ မလိုသည် စသည်တို့ကို သိသာစွာ ခွဲခြား ဖော်ပြထားပြီး မည်သည့်ပုဂ္ဂလိကပိုင်ကုမ္ပဏီက (ဥပဒေအရ မလိုအပ် သော်လည်း) လုပ်ဆောင်သည်ကို ပိုမို၍ ခိုင်လုံစွာ ခွဲခြား ဖော်ပြထားပါသည်။ လိုအပ်သည်ထက် ကျော်လွန် လုပ်ဆောင်ထားသော ကုမ္ပဏီများကို ဥပမာ ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်များကို ဖော်ပြထားခြင်းမျိုးရှိပါက ဂုဏ်ပြုချီးမြှောက်သည့်အနေဖြင့် အပိုဆောင်းအမှတ်များ ပေးထားပါသည်။

၂ဝ၂၂ ခုနှစ် ပွင့်သစ်စ အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၂၇၁ ခု ကို ရွေးချယ်ခဲ့ပြီး၊ ၎င်းတို့အနက်မှ ၃၁ ခုမှာ ဘဏ်များ ဖြစ်သည်။ ၎င်းတို့မှာ -

  • ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထား သော ကုမ္ပဏီ (၇) ခု၊ ထိုထဲမှ ၂ ခု သည် ဘဏ်များ ဖြစ်သည်။

  • မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) မှ အသိ အမှတ် ပြုထားပြီး စည်းကြပ်နေသည့် အစု ရှယ်ယာ ၁ဝဝ နှင့် အထက်ရှိသည့် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (၄၅) ခု ၊ ယင်းအနက် ၈ ခုမှာ ဘဏ်များ ဖြစ်သည်။

  • ပုဂ္ဂလိကပိုင် ကုမ္ပဏီများ (၁၉၁) ခု၊ ထိုထဲမှ ၁၇ ခုမှာ ဘဏ်လုပ်ငန်းဖြစ်သည်။ ၎င်းတို့သည် -

    • ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန် သော ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန် အများဆုံး ပေးဆောင်သော မြန်မာ လုပ်ငန်းရှင်များ (၁ဝဝဝ) စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများ (သို့မဟုတ်)

    • အရှိန်အဝါကြီးမားသောကုမ္ပဏီများ သို့မဟုတ်

    • ဆန္ဒအလျောက် အစီရင်ခံစာတွင်ပါဝင် ရန် တောင်းဆိုသူများ ဖြစ်သည်။

  • နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (၂၈) ခုဖြစ်ပြီး၊ ယင်း အနက် ၄ ခုမှာ ဘဏ်လုပ်ငန်းများဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် MCRB နှင့် Yever မှ အီးမေးလ်နှင့် စာတို့မှ တစ်ဆင့် ဖိတ်ကြားဆက်သွယ်နိုင် ခဲ့သည့် ကုမ္ပဏီများသို့ စစ်တမ်းဆောင်ရွက်ပုံနည်းလမ်း အား မိတ်ဆက်ရှင်းလင်းတင်ပြသော အွန်လိုင်းအစည်း အဝေးပွဲ (webinar) ကိုကျင်းပခဲ့သည်။ ၂၀၂၁ ခုနှစ် စတုတ္ထ မြောက် သုံးလပတ်ကာလတွင် ပထမအကြိမ် ဝက်ဘ်ဆိုဒ် များကို စံသက်မှတ်ချက်များနှင့် အကဲဖြတ်စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပြီး ရရှိသည့် ရမှတ်မူကြမ်းများကို ကုမ္ပဏီများသို့ စာမိတ္ထူနှင့် အီးမေးလ် တို့ဖြင့် ၂၀၂၂ နှစ် ဇန်နဝါရီလတွင် ပေးပို့ခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကနဦး တွေ့ရှိချက်များကို အွန်လိုင်းအစည်းအဝေးပွဲတစ်ခုဖြင့်

မျှဝေတင်ပြခဲ့ပြီး ကုမ္ပဏီများကို ၎င်းတို့၏ ရမှတ်မူကြမ်း များနှင့် ထုတ်ဖော်ကြေညာချက်များနှင့် ပတ်သက်၍ တိုးတက်အောင် မည်သို့လုပ်ဆောင်ရမည်နှင့်ဆိုင်သည့် အကြံပြုချက်များ ရယူနိုင်ရန် သီးသန့်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်ဖိတ်ခေါ်ခဲ့သည်။ ကုမ္ပဏီ ၃၉ခုသည် စီစစ် အကဲဖြတ်မှုဆောင်ရွက်သည့်အဖွဲ့နှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ ပါသည်။ နောက်ဆုံးအနေဖြင့် အမှတ်ပေးအကဲဖြတ်မှု မပြုမီ ဝက်ဘ်ဆိုဒ်များကို မွမ်းမံပြင်ဆင်ခြင်း အတွက် ကနဦး သက်မှတ်ထားသည့် ကာလဖြစ်သည့် မေလ ၂၀၂၂ ခုနှစ်ကို တောင်းဆိုမှုအလိုက် ခြွင်းချက်အနေဖြင့် တိုးမြှင့် ပေးခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Yever မှ အမှတ် များကို အပြီးသတ်စစ်ဆေးခဲ့ပြီး MCRB မှ ထပ်မံအတည်ပြု စစ်ဆေးခဲ့ပါသည်။

ရလဒ်အနေဖြင့် ၂၀၂၂ ခုနှစ်၏ ပျမ်းမျှရလဒ်မှာ (၈) ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၀ တွင် (၇) ရာခိုင်နှုန်းဖြစ်သည်။ ထုတ်ဖော်ကြေညာချက်ဆိုင်ရာတွင် အကြမ်းအားဖြင့် အနည်းငယ်တိုးတက်မှုရှိပြီး ထိပ်တန်း လုပ်ငန်းကြီးများမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်း နှင့် အစီရင်ခံခြင်းဆိုင်ရာ အချက်အလက်များ ထုတ်ဖော် ကြေညာရာတွင် စိန်ခေါ်မှုများ ယခင်ကထက် များလာ သည်ကို တွေ့နိုင်သည်။ စတော့အိတ်ချိန်းတွင် စာရင်းဝင် ထားသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၏ ပျမ်းမျှ ရမှတ်မှာ (၄၀) ရာခိုင်နှုန်းဖြစ်သောကြောင့် ပျမ်းမျှရမှတ် (၆) ရာခိုင်နှုန်း နှင့် (၈)ရာခိုင်နှုန်း အသီးသီး ရရှိထားသော အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီ များထက် စွမ်းဆောင်ရည် သိသိသာသာ ပိုမိုကောင်းမွန် သည်ကို တွေ့ရှိရသည်။ နှစ်အလိုက် ရလဒ်များကို နှိုင်းယှဥ် ကြည့်သည့်အခါတွင် ကုမ္ပဏီအမျိုးအစားအများစု၏ ပျမ်းမျှ ရလဒ်များမှာ တိုးတက်လာပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း များနှင့် အများပိုင် ကုမ္ပဏီများမှာမူ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ သည့် ရလဒ်အတိုင်းသာ ဆက်လက်ရရှိပါသည်။ အမှတ် အမြင့်ဆုံးရရှိသည့် ထိပ်တန်းကုမ္ပဏီ အခု ၃၀ ကို ရလဒ် များ အခန်းတွင် ဖော်ပြထားပါသည်။ ၂၀၁၈ ခုနှစ်မှစ၍ ပွင့်သစ်စတွင် အကဲဖြတ်စစ်ဆေးခဲ့သည့် ကုမ္ပဏီများ အားလုံး၏ နှစ်အလိုက် ရမှတ်ပြောင်းလဲတိုးတက်မှုကို ဖော်ပြနိုင်မည့် အွန်လိုင်းကိရိယာတစ်ခုကို ထုတ်ဝေရန် MCRB နှင့် Yever မှ စီစဥ်နေပါသည်။

ယခင်ကလိုပင် ယခုစစ်တမ်းနှင့် ယင်းမှပေါ်ထွက်လာသည့် အဆင့်သတ်မှတ်ချက်တို့သည် ကုမ္ပဏီမှနေ၍ အများ ပြည်သူ အလွယ်တကူသိရှိနိုင်အောင် ထုတ်ပြန်ပေးသော သတင်းအချက်အလက်များကိုသာ အခြေခံ၍ အမှတ်ပေး ဆန်းစစ်ထားခြင်းသာ ဖြစ်ပါသည်။ လွတ်လပ်၍ အမှီအခို ကင်းသည့် ကျွမ်းကျင်စာရင်းစစ် ပညာရှင်၏ အာမခံချက် ပေးရန် လိုအပ်သော ကုမ္ပဏီ၏ စွမ်းဆောင်ရည် (သို့မ ဟုတ်) အချက်အလက်များ၏ တိကျမှန်ကန်မှု စသည့် အချက်များကို မဆန်းစစ်ထားပါ။ ကုမ္ပဏီများမှ အမှတ်ရရှိ ရန်အတွက်သာရည်ရွယ်သော ထုတ်ဖော်ကြေညာမှုများ (tickbox) သို့မဟုတ် ဖြတ်ညှပ်ကပ် ဆောင်ရွက်မှုများကို ဖြေရှင်းရန်အတွက် မူဝါဒများနှင့် ရေရှည်တည်တံ့ရေး ဆိုင်ရာ စံနှုန်းအချို့တွင် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မူဝါဒဆိုင်ရာကတိကဝတ်များကို စီးပွားရေးလုပ်ငန်းနှင့် မည်မျှအနီးစပ်ဆုံး သင့်တင့်လျောက်ပတ်မှုရှိအောင် ဆောင်ရွက်နေကြောင်းကို ထင်ဟပ်စေရန်အတွက် ပို၍များ သောအမှတ်ပေးခြင်းကို ပြုလုပ်ပါသည်။ ထို့အပြင် MCRB နှင့် Yever မှ ကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှုမှတစ်ဆင့် ကောက်ချက်ချနိုင်သည်မှာ အမှတ်ပိုများနေသော ကုမ္ပဏီများသည် ပို၍ခိုင်မာအား ကောင်းသည့် ကော်ပိုရိတ်စီမံအုပ်ချုပ် ဆောင်ရွက်မှုကို တည်ထောင်နေသူများနှင့် ရေရှည်တည်တံ့မှုကို နားလည် သဘောပေါက်သူများဖြစ်ကြောင်း တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် MCRB နှင့် Yever တို့သည် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ မူဝါဒ၊ အစီရင်ခံတင်ပြမှု၊ ထုတ်ဖော်တင်ပြမှုနှင့် ဝက်ဘ်ဆိုဒ်ကို မသန်စွမ်းသူများ အပါအဝင် ဝင်ရောက်လေ့လာနိုင်မှုရှိရန် ဆောင်ရွက်လို ပါက အားပေးကူညီရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဒါရိုက်တာ များအင်စတီကျုမှ ဆောင်ရွက်နေသည့် သင်တန်းကို အားဖြည့်ပံ့ပိုးပေးရန် ရည်မှန်းပါသည်။ ဆက်လက်၍ ပွင့်သစ်စအစီရင်ခံစာအသစ်ကို ၂ဝ၂၄ ခုနှစ်တွင် ထုတ်ပြန် ရန် ရည်ရွယ်ထားပါသည်။

ဆက်စပ်သတင်းများ

© 2024 Myanmar Centre for Responsible Business