၂၀၂၀ ပြည့်နှစ် ပွင့်သစ်စ စီမံချက် - ပွင့်သစ်စ
You are here Home » ပွင့်သစ်စ » ၂၀၂၀ ပြည့်နှစ် ပွင့်သစ်စ စီမံချက်

၂၀၂၀ ပြည့်နှစ် ပွင့်သစ်စ စီမံချက်

၂၀၂၀ ပြည့်နှစ်အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၂၆၀ ၏ ကော်ပိုရိတ်ဝဘ်ဆိုဒ်များမှ ထုတ်ဖော်ကြေငြာသည့် အချက်များ ကိုအကဲဖြတ်ခဲ့သည်။ယင်းတွင် စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ပြီး ပထမဆုံးအကြိမ်အဖြစ်ဘဏ်များ အားလုံးပါဝင်သည်။
၂၀၂၀ ပြည့်နှစ်အစီရင်ခံစာတွင် ကုမ္ပဏီပေါင်း ၂၆၀ ၏ ကော်ပိုရိတ်ဝဘ်ဆိုဒ်များမှ ထုတ်ဖော်ကြေငြာသည့် အချက်များ ကိုအကဲဖြတ်ခဲ့သည်။ယင်းတွင် စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၊ အများပိုင် ကုမ္ပဏီများ ပါဝင်ပြီး ပထမဆုံးအကြိမ်အဖြစ်ဘဏ်များ အားလုံးပါဝင်သည်။

ဆဌမအကြိမ်မြောက် ပွင့်သစ်စ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

2020 Pwint Thit Sa Report (English)
Document PDF, 6926 downloads, ဒီဇင်ဘာ 21, 2020
2020 Pwint Thit Sa Report - Executive Summary (Myanmar)
Document PDF, 1902 downloads, ဒီဇင်ဘာ 21, 2020

ယခုနှစ်တွင် ကုမ္ပဏီ ၂၆၀ ခုကိုအကဲဖြတ်ခဲ့ကြောင့် ၂၀၁၉ ခုနစ် ပွင့်သစ်စထက် ၁၂ ခုပိုများသည်။ ပွင့်သစ်စ အစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ဘဏ်များအားလုံးကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း အကဲဖြတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မြန်မာနိုင်ငံရှိဘဏ်များမှာ အဆင့်တန်းမြင့်မားသည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု တစ်ခုရှိရန် လိုကြောင်းကို ထင်ဟပ်စေသည်။ ထိုကုမ္ပဏီ (၂၆၀)တွင် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ ၅၂ ခု ( ၎င်းတို့ အနက်မှ ၈ခုမှာဘဏ်များ)၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီ (၁၇၄) ခု (၎င်းတို့အနက်မှ ၁၇ ခုမှာဘဏ်များ) ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ (၂၈) ခု (၎င်းတို့အနက်မှ ၄ ခုမှာ ဘဏ်များ)။ ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ (၆)ခု (၎င်းတို့အနက်မှ ၂ ခုမှာ ဘဏ်များ) တို့ပါဝင်သည်။

၂၀၂၀ ပြည့်နှစ်တွင် အမှတ်အများဆုံးရရှိသည့် မြန်မာကုမ္ပဏီသုံးခုမှာ uab bankCity Mart Holdings Group (CMHL) နှင့် Shwe Taung Group တို့ဖြစ်သည်။ ဤကုမ္ပဏီများသည် ယခင် အစီရင်ခံစာ များတွင်လည်း ထိပ်ဆုံး ၁၀ခုစာရင်းတွင် ဖော်ပြခြင်းခံခဲ့သည်။  ထိုကုမ္ပဏီများအားလုံးသည် ၎င်းတို့၏ ထုတ်ဖော်ကြေညာချက်များကို တိုးတက်အောင် ဆက်တိုက်လုပ်ဆောင်နေသည်ကို ၂၀၂၀ပြည့်နှစ် ပွင့်သစ်စမှ တွေ့ရှိခဲ့သည်။ ရမှတ်များသည့်အခြားကုမ္ပဏီများမှာ  Yoma Bank,First Myanmar Investment Public (FMI), Max Myanmar Group, Kanbawza Bank (KBZ), Myanmar Thilawa SEZ Holdings, TMH Telecom Publicနှင့်Dagon Group တို့ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ပွင့်သစ်စတွင် ဆန္ဒ အလျောက် အကဲဖြတ်မှုခံယူခဲ့သည့် ကုမ္ပဏီများအနက် ထိပ်ဆုံး ၂၀ သို့ပါဝင်လာသည့် ကုမ္ပဏီ၅ ခုမှာ Alpha Power Engineering, Authentic Group, KMD, Maha Agriculture Microfinance နှင့် Smart Technical Services တို့ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာတွင်  ပျမ်းမျှရမှတ်များ တိုးမြှင့်လာသော်လည်း နိုင်ငံပိုင် လုပ်ငန်းများမှာ ၂၀၁၉ တွင် ပျမ်းမျှ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ တွင် ၂ ရာခိုင်နှုန်းသာ ရရှိသည်။ သတင်း အချက်အလက်များ တိုးချဲ့တင်ပြမှုမရှိခြင်း နှင့် နောက်ဆုံးသတင်းအချက်အလက်များ တင်ပြမှုမရှိခြင်းတို့ကြောင့် စိန်ခေါ်မှု အရှိဆုံးအမှတ်စာရင်းအမျိုးအစား ဖြစ်ခဲ့ရသည်။  နိုင်ငံပိုင်လုပ်ငန်းများအနက် Yangon Electricity Supply Corporation (YESC) နှင့်  Myanmar Shipyards တို့သည် ပျမ်းမျှအမှတ် (၂ရာခိုင်နှုန်း)  အထက်သို့ရရှိခဲ့သည်။ ကုမ္ပဏီအများစုမှာ ဝဘ်ဆိုဒ်မရှိသေးပါ။ (အကဲဖြတ်သည့်ကုမ္ပဏီများအနက် ၉၈ခု/ ၃၈ ရာခိုင်နှုန်းမှာ ဝဘ်ဆိုဒ်မရှိပါ။) စာရင်းအပြည့်အစုံကို နောက်ဆက်တွဲ  ၁ တွင် ဖော်ပြထားသည်။

၂၀၂၀အစီရင်ခံစာသည်လည်း ၂၀၁၉ နှင့် ၂၀၁၈ ခုနှစ်များတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာများကဲ့သို့ပင် ဒေသတွင်းတွင် နိုင်ငံများတွင်တွင်ကျယ်စွာ အသုံးပြုနေသော  အာဆီယံကော်ပိုရိတ် အုပ်ချုပ်ပုံစည်းမျဉ်းများ (ACGS )ကို အသုံးပြုပြီး နယ်ပယ် လေးမျိုး အပေါ် အကဲဖြတ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆက်တွဲ ၂ တွင် အသုံးပြုခဲ့သည့် အမှတ်ပေးစည်းမျဉ်းများကို ဖော်ြပထားသည်။ ယခင်နှစ်များကဲ့သို့ပင် ကော်ပိုရိတ်အကြာင်းအရာ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံ၊ ရေရှည် တည်တံ့ခိုင်မြဲရေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် အစီရင်ခံခြင်း တို့ကို အကဲဖြတ်ထားသည်။ သို့သော်လည်း ယခုနစ်တွင် အမှတ်ပေး စနစ်အား ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် စီးပွားရေးလုပ်ငန်း နှင့်ဆက်စပ်သည့် model ကို ဖော်ပြခြင်းစသည်တို့ကို Integrated Reporting Framework နှင့် လိုက်လျောညီထွေမှုရှိအောင် အနည်းငယ် ပြင်ဆင်ခဲ့သည်။

ထို့အပြင် ယခုနစ်တွင် အမှတ်ပေး စနစ်အား ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အစီခံခြင်းဆိုင်ရာ လက်တွေ့လု ပ်ဆောင်နေမှုနှင့် စွမ်းဆောင်မှုအား ခွဲခြား သိသာရန်အတွက် လိုက်လျောညီထွေမှုရှိအောင် အနည်းငယ် ပြင်ဆင်ခဲ့သည်။ ပထမဦးစွာ စာရင်းဝင် ကုမ္ပဏီ နှင့် အစုရှယ်ယာရှင် ၁၀၀ကျော်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့အား  ခွဲခြား သတ်မှတ်မူ့ တစ်ခု ပြုလုပ်ခဲ့သည်။ ၎င်းတို့ကို စံသတ်မှတ်ချက် ၁၄၃ ဖြင့် အကဲဖြတ်ခဲ့သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား စံသတ်မှတ်ချက် ၁၁၃ ဖြင့်အကဲဖြတ်ခဲ့ပြီး၊ စာရင်းဝင် ကုမ္ပဏီနှင့် အစုရှယ်ယာရှင် ၁၀၀ကျော်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ လုပ်ဆောင်ရန် လိုအပ်သည့် သတင်းအချက် အလက် ထုတ်ဖော်ကြေညာခြင်းအတွက်  အပိုရမှတ်အဖြစ်  နောက်ထပ် စံသတ်မှတ်ချက် ၃၀ ကို အကဲဖြတ်ခဲ့ သည်။

  ယခုနှစ်တွင် ကုမ္ပဏီများ၏ ကတိကဝတ် များသည် ၎င်းတို့၏ စီးပွားရေးတွင် မည်သို့  ထပ်တူနီးပါးကျ အောင် လုပ်ဆောင်နေသည်ကို ထင်ဟပ်စေရန်နှင့် လေးစားလိုက်နာမှုဦးစားပေး ထုတ်ဖော်ကြေညာခြင်းကို ပိုမိုပြီးပြည့်စုံသော ချဉ်းကပ်မှု နှင့် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားသော ချဉ်းကပ်မှုကို လုပ်ဆောင်သည့်  ကုမ္ပဏီများကိုဆုချရန်အတွက် မူဝါဒ နှင့် ရေရှည်တည့်တံ့ခြင်းဆိုင်ရာ စံသတ်မှတ်ချက်အချို့ကို အကဲဖြတ်ရန်အမှတ် ပေးစနစ်အသစ် (ဝ ၊ ၁ ၊ ၂) ကို အသုံးပြုခဲ့သည်။ ထို့အပြင် ပရဟိတလုပ်ငန်းနှင့် SDGs များအား စီမံအုပ်ချုပ်နှင့် ပတ်သက်၍ နောက်ထပ် စံသတ်မှတ်ချက်များကို ထည့်သွင်းခဲ့သည်။

ယခုနှစ်ပွင့်သစ်စတွင် မျက်မှောက်ကာတွင် လိုက်နာရန်လိုအပ်နေသော ကော်ပိုရိတ် စီမံအုပ်ချုပ်ပုံနှင့် ထုတ်ဖော်ကြေညာခြင်းဆိုင်ရာ စည်းမျဉ်းများကို မီးမောင်းထိုး ပြထားပြီး  စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လည်းအကျဉ်းချုပ်ဖော်ြပထားသည်။ ယင်းတွင် (ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာသီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေး မစ်ရှင်း (IFFMM) ၏အစီရင်ခံစာအပါအဝင်) အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ရေရှည်တည့်ခိုင်မြဲရေးဆိုင်ရာ သို့မဟုတ် ပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီမံအုပ်ချုပ်မှု (ESG)  အစီရင်ခံခြင်း၊အလှူအတန်းကိစ္စ တို့ကို မီးမောင်းထိုးဖော်ပြထားပြီး ကုမ္ပဏီများ၊ အစိုးရနှင့် အခြား ဆက်နွယ်ပတ်သက်သူများ အတွက် အကြံပြုချက်များလည်း ပါဝင်သည်။

အကဲဖြတ်မှုတွင်ပါဝင်မည့် လုပ်ငန်းများအား သုတေသနနှင့်ပတ်သက်သည့်အကြောင်းအရာများကို  ဖေဖော်ဝါရီလတွင် MCRB တွင်လိပ်စာရှိသမျှ  စာများပေးပို့ခဲ့သည်။ ပထမအကြိမ်ရလဒ်မူကြမ်းများကို မေလတွင်ပေးပို့ခဲ့ပြီး ဩဂုတ်ကလတွင် နောက်ဆုံးရက်သတ်မှတ်ကာ ဝဘ်ဆိုဒ် ပြုပြင်ပြောင်းလဲမှုများ အပြီးသတ်ပြုလုပ်စေခဲ့သည်။ ကုမ္ပဏီ အားလုံးအားလည်း ရက်တိုးမြှင့်ရန်လိုအပ်ပါက ဆက်သွယ်ရန် နှင့် ရက်တိုးပေးခြင်းများကို တန်းတူ ပြုလုပ်ပေးခဲ့သည်။

ရမှတ်မူကြမ်းများအပေါ်အခြေခံကာ ယင်းတို့၏ ရလဒ်များပိုမိုကောင်းမွန်စေရန်နှင့် အကြံပြုချက်များရရှိနိုင်ရန် MCRB/Yever တို့ထံ ကုမ္ပဏီ ၄၀ ကျော်က ဆက်သွယ်ခဲ့ပြီး ယင်းတို့အနက်မှာ ကုမ္ပဏီ ၃၂ ခုက ရလဒ်မူကြမ်းများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ထုတ်ဖော်ကြေငြာမှုဆိုင်ရာတို့တွင် ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် MCRB/Yever ထံမှသီးသန့် အကြံပြုချက်များရယူခဲ့သည်။

နောက်ထပ် ပွင့်သစ်စ အစီရင်ခံစာကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ပါမည်။

ဆက်စပ်သတင်းများ

© 2024 Myanmar Centre for Responsible Business