ပွင့်လင်းမြင်သာမှုနှင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတို့သည် စီးပွား‌ရေး လုပ်ငန်းများအတွက် ကောင်းမွန်သည်ဟူသောသတိပေးမှုနှင့်ပွင့်သစ်စ ၂၀၂၀ပြည့်နှစ် အစီရင်ခံစာ သုတေသနစတင် - သတင်းစဉ်
You are here Home » သတင်းစဉ် » ပွင့်လင်းမြင်သာမှုနှင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတို့သည် စီးပွား‌ရေး လုပ်ငန်းများအတွက် ကောင်းမွန်သည်ဟူသောသတိပေးမှုနှင့်ပွင့်သစ်စ ၂၀၂၀ပြည့်နှစ် အစီရင်ခံစာ သုတေသနစတင်

ပွင့်လင်းမြင်သာမှုနှင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုတို့သည် စီးပွား‌ရေး လုပ်ငန်းများအတွက် ကောင်းမွန်သည်ဟူသောသတိပေးမှုနှင့်ပွင့်သစ်စ ၂၀၂၀ပြည့်နှစ် အစီရင်ခံစာ သုတေသနစတင်

ြိတိန်နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးကိုယ်စားလှယ် ပေါလ်စကာလီ
ြိတိန်နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးကိုယ်စားလှယ် ပေါလ်စကာလီ

ဖေဖော်ဝါရီ ၃ရက်က  MCRB နှင့် Yever တို့သည်  ၂၀၂၀ပြည့်နှစ် ပွင့်သစ်စ အစီရင်ခံစာ အတွက် အသုံးပြုမည့် နည်းနာများနှင့် မေးခွန်းများကို ရှင်းလင်းတင်ပြသည့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အလုပ် ဆွေးနွေးပွဲသည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုန်သွယ်ရေးကိုယ်စားလှယ် ဖြစ်ပြီး  MCRB အဓိကရန်ပုံငွေ၏ ၅၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးသော ယူကေအစိုးရ( အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ) အား ကြီးကြပ်ရသည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရွေးချယ်ဌာန အဖွဲ့ဝင် လည်းဖြစ်သည့်   ပေါလ်စကာလီ ၏ မြန်မာနိုင်ငံခရီးစဥ်နှင့်တိုက်ဆိုင်နေသည်။  ထို့အပြင် ပေါလ်စကာလီသည်ဗြိတိန်လွှတ်တော်တွင် အမတ်ဖြစ်လာသော ပထမဆုံး မြန်မာနွယ်ဖွား လည်းဖြစ်သည်။ အဖွင့်မိန့်ခွန်းတွင် ပေါလ်စကာလီက ယူကေမှရင်းနှီးမြှုပ်နှံသူများသည်  စီးပွားရေးတွဲဖက်လုပ်ဆောင်ရန်အတွက် တွဲဘက်ရှာဖွေရာတွင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ကောင်းရှိသော၊ ပွင့်လင်းမြင်သာသော ၊လူသားချင်းအပေါ်စာနာသော၊ ပတ်ဝန်းကျင်ကို အလေးထာ သော လုပ်ငန်းများကို ရှာဖွေသည်ဟု အလေးအနက်ထားပြောကြားခဲ့သည်။ ထို့အပြင် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး နှင့် စီးပွားရေးရာသီဝန်းကျင်ကောင်းမွန်တိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှမြန်မာနိုင်င်ငံတွင် လုပ်ဆောင် နေသည်များကို လည် ပြောကြားခဲ့သည်။

MCRB မှဗစ်ကီဘိုမန်နှင့် Yeverမှ Nicolas Delange တို့က ၂၀၂၀ နိုဝင်ဘာတွင် ထုတ်ပြန်မည့် ၆ကြိမ်‌‌မြောက် ပွင့်သစ်စ အစီရင်ခံစာနှင့်  ပတ်သက်သည်များကို ရှင်းလင်းရာ ယခင်၂၀၁၉ အစီရင်ခံစာနှင့် မတူကွဲပြားမှုများကို တင်ပြခဲ့သည်။ စည်းမျဉ်းသတ်မှတ်ချက်အရမလိုအပ်သောလည်း ထုတ်ဖော်တင်ပြမှုများ ပြုလုပ်ထားသည့် ပုဂ္ဂလိကပိုင် လုပ်ငန်းများအတွက် ယခုနှစ်တွင် အပိုဆုရမှတ်များပေးမည့် အချက်လည်းပါဝင်သလို  အဓိပ္ပါယ်ရှိပြီး အမှန်တကယ်လုပ်ဆောင်အကောင်ထည်ဖော် ထားသော ကော်ပိုရိတ်ပေါ်လစီများကို တင်ပြထားပါကလည်းရမှတ်များ ပိုမိုများပြားမည် ဖြစ်သည်။ ယခုနှစ် အမှတ်စာရင်းတွင် ကော်ပိုရိတ် ဆိုင်ရာ လှူဒါန်းမှုများနှင့် ပတ်သက်ပြီးလည်း အမှတ်ပေးမှုများ ပါဝင်သည်။

သတင်းစဉ်

Presentations မှတ်တမ်းများကို ဤနေရာတွင် ရယူနိုင်ပါသည်။

ဇူလိုင်လ 13 ရက်နေ့တွင် MCRB နှင့် Fair Finance Thailand တို့သည် ထိုင်းကုမ္ပဏီများနှင့် အခြားစိတ်ဝင်စားသော ပတ်သက်ဆက်နွယ်သူများ အတွက် webinar တစ်ခုကို ပူးတွဲကျင်းပခဲ့ပါသည်။

၂၀၂၂ ိုဝင်ဘာလတွင် စတင်တည်ေထာင်ခဲ့ေသာ ေရရှည်တည်တံ့ခိုင်မဲေသာ ြမန်မာစီးပွားေရးကွန်ရက် (MSBN) သည် တာဝန်ယူမှရှိေသာ စီးပွားေရးအေလ့အကျင့်များမှတစ်ဆင့် ြမန်မာိုင်ငံတွင် ပိုမိုေရရှည်တည်တံ့ေသာ စီးပွားေရးကို တည်ေဆာက်ရန် ကတိြပထားေသာ စီးပွားေရးလုပ်ငန်းများှင့် ကျွမ်းကျင်ပညာရှင်များကို စုစည်းေပးထားသည့် အစုအဖွဲေပါင်းစုံ ပလက်ေဖာင်းတစ်ခု ြဖစ်သည်။ ကျွ်ုပ်တို၏ အသိုက်အဝန်းသည် ပညာရှင်ေပါင်း ၄၄၀ ေကျာ်ကိုစုစည်းထားပီး ြဖစ်သည်။

ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာ နှင့် Yever တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်သည့် MSBN ၏အဖွဲ့ဝင်များနှင့် အခြားသော ပတ်သက်ဆက်နွယ်သူများ အတွက် ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဦးစားပေး မီးမောင်းထိုးပြထားသည့် UN Global Digital Compact (UNGDC) ၏ ဆွေးနွေးညှိနှိုင်းမှုများတွင် အကြံဥာဏ်ပံ့ပိုးပေးမှုများ ရှိခဲ့သည်။

© 2024 Myanmar Centre for Responsible Business